Shona

Myanmar

Job

19

1Ipapo Jobho akapindura, akati,
1ယောဘပြန်၍ မြွက်ဆိုသည်ကား၊ သင်တို့သည် ငါ့စိတ်ဝိညာဉ်ကို နှောင့်ရှက်၍ အဘယ်မျှကာလပတ်လုံး သင်တို့စကားဖြင့် ငါ့ကိုချိုးဖဲ့ကြလိမ့်မည်နည်း။
2Muchatambudza mweya wangu kusvikira rinhiko, Nokundipwanya namashoko enyu here?
3ဆယ်ကြိမ်မြောက်အောင်ငါ့ကို ကဲ့ရဲ့ကြပြီ။ ငါ့ကိုမိန်းမောတွေ ဝေစေခြင်းငှါ အရှက်မရှိဘဲပြုကြပြီ။
3Makandituka zvino kagumi; Hamunyari zvamakanditsungirira.
4ငါပြစ်မှားပြီ မှန်စေတော့။ ငါ့အပြစ်နှင့်ငါသာဆိုင်၏။
4Kana ndichinge ndatadza hangu, Kutadza kwangu kuchagara neni.
5သင်တို့သည်ငါ့အပေါ်၌ ဝါကြွား၍၊ ငါအရှက် ခံရသောကြောင့်၊ ငါ၌အပြစ်တင်ကြသော်လည်း၊
5Kana imwi muchida kwazvo kuzvikudza pamusoro pangu, Nokundipa mhosva muchiti ndakatukwa;
6ဘုရားသခင်သည်ငါ့ကိုလှဲ၍ မိမိကျော့ကွင်း၌ ကျော့မိတော်မူကြောင်းကို သိမှတ်ကြလော့။
6Zivai zvino kuti ndiye Mwari asina kundiruramisa, Akandikomberedza nomumbure wake;
7ငါသည်ကိုယ်ခံရသော ညှဉ်းဆဲခြင်းကိုအကြောင်းပြု၍ မြည်တမ်းသော်လည်း၊ အဘယ်သူမျှ နားမထောင်။ အော်ဟစ်သော်လည်း တရားသဖြင့် စီရင်သောသူမရှိ။
7Tarirai ndinochema ndichiti, Ndakaitirwa zvakaipa! Asi handinzwiki; Ndinochema kuti ndibatsirwe, asi handiruramisirwi.
8ငါမသွားနိုင်အောင် ငါ့ရှေ့မှာအဆီးအကာပြု၍၊ ငါသွားရာလမ်း၌ မှောင်မိုက်ကိုထားတော်မူပြီ။
8Akadzivira nzira yangu, kuti ndirege kupfuura; Akaisa rima panzira dzangu.
9ငါ့ဂုဏ်အသရေကိုချွတ်၍၊ ငါ့ခေါင်းက ပေါင်းသရဖူကိုချတော်မူပြီ။
9Wakandibvisira kurumbidzwa kwangu, Nokunditorera korona yangu pamusoro wangu.
10ငါ့ကိုဝိုင်း၍ ဖျက်ဆီးတော်မူသဖြင့် ငါပျောက် ကုန်ပြီ။ သစ်ပင်ကို နှုတ်သကဲ့သို့၊ ငါမြော်လင့်ရသော အခွင့်ကို နှုတ်တော်မူပြီ။
10Akandiputsa kumativi ose, ndakaparadzwa; Akadzura tariro yangu somuti.
11ငါ၌အမျက်တော်ကိုနှိုးဆော်၍၊ ငါ့ကိုရန်သူကဲ့သို့ မှတ်တော်မူ၏။
11Akandimutsirawo kutsamwa kwake, Akati ndiri mumwe wavadzivisi vake.
12စစ်ချီလာ၍၊ စစ်သူရဲတော်တို့သည် ငါ့ရှေ့သို့ ရောက်ခြင်းငှါ၊ ကျုံးတူး၍ ငါ့ပတ်လည်၌ တပ်ချကြ၏။
12Hondo dzake dzinondiunganira, dzinozvigadzirira nzira kurwa neni. Dzinokomberedza tende rangu nemisasa yadzo.
13ငါ့ညီအစ်ကိုတို့ကို ငါနှင့် ကွာဝေးစေတော်မူ၏။ ငါ့အသိအကျွမ်းတို့သည် ငါ့ကိုမသိ၊ ရိုင်းသောသူဖြစ် ကြ၏။
13Akaisa hama dzangu kure neni, Vazikamwi vangu vava savatorwa chose kwandiri.
14ငါ့ပေါက်ဘော်တို့သည် ငါ့ကိုစွန့်၍၊ ငါ့သူငယ် ချင်းတို့သည် မေ့လျော့ကြ၏။
14Hama dzangu dzandinyengera, Shamwari dzangu, dzaindiziva, dzakandikangamwa.
15ငါ့ကျွန်မများ၊ ငါ့အိမ်သူအိမ်သားများတို့သည် ငါ့ကိုဧည့်သည်ကဲ့သို့၎င်း၊ တကျွန်းတနိုင်ငံသားကဲ့သို့၎င်း မှတ်ကြ၏။
15Vanogara mumba mangu, navarandakadzi vangu vanoti ndiri mubvakure; Vanondiona vachiti ndiri mweni.
16ငါ့ကျွန်ကိုငါခေါ်သောအခါသူသည် မထူး၊ သူ့ကို နှုတ်ဆက်၍ တောင်းပန်ရ၏။
16Ndinodana muranda wangu, asi haandipinduri, Kunyange ndichimunyengetera nomuromo wangu.
17ငါ့မယားသည် ငါ့အသက်လေကို၎င်း၊ ငါ့သား သမီးတို့သည် ငါမြည်တမ်းခြင်းအသံကို၎င်း ရွံ့ကြ၏။
17Kufema kwangu kunosemesa mukadzi wangu, Ndinonyangadza vana vamai vangu.
18သူငယ်တို့သည်လည်း ငါ့ကိုမထီမဲ့မြင်ပြု၍ ငါထ သောအခါ ကဲ့ရဲ့ကြ၏။
18Kunyange navana vaduku vanondishorawo; Kana ndichisimuka, vanondipopotera.
19ငါ့မိတ်ဆွေတို့သည် ငါ့ကိုရွံ၍၊ ငါချစ်သော သူတို့ သည် ငါ့ရန်သူဖြစ်ကြ၏။
19Shamwari dzangu dzose dzaindiziva, dzinondinzvenga, Vose vandaida vandifuratira.
20ငါ့အရေသားသည်ငါ့အရိုးတို့၌ ကပ်လျက်ရှိ၏။ သွားဖုံးတခုသာပါလျက်ငါပြေးလွတ်ရ၏။
20Pfupa rangu rinonamatira ganda rangu nenyama yangu, Ndasiirwa ganda rameno angu.
21အိုအဆွေခင်ပွန်းတို့၊ ငါ့ကိုသနားကြပါ။ ငါ့ကိုသနားကြပါ။ ဘုရားသခင်၏ လက်တော်သည် ငါ့ကိုထိခိုက်ပါပြီ။
21Ndinzwirei tsitsi, ndinzwirei tsitsi, imwi shamwari dzangu; nekuti ruoko rwaMwari rwandibata.
22ဘုရားသခင်ညှဉ်းဆဲတော်မူသည်နည်းတူ အဘယ်ကြောင့် သင်တို့သည် ညှဉ်းဆဲကြသနည်း။ အဘယ်ကြောင့် ငါ့အသားကို စား၍ မရောင်ရဲ့ဘဲနေကြသနည်း။
22Munonditambudzireiko saMwari, Musingaguti nenyama yangu?
23ငါ့စကားကိုယခုရေးမှတ်ပါစေသော။ စာရင်း၌သွင်းထားပါစေသော။
23Haiwa, dai mashoko angu ainyorwa zvino, Haiwa, dai ainyorwa nokudhindwa pabhuku.
24ခဲပြားပေါ်မှာကညစ်နှင့်အက္ခရာတင်လျက်၊ ကျောက်စာထိုး လျက်မြဲပါစေသော။
24Dai aitemwa nepeni yedare nomutobvu Aitemwa padombo nokusingaperi.
25ငါ့ကို ရွေးနှုတ်သောသခင်သည် အသက်ရှင်၍၊ နောင်ကာလ၌ မြေမှုန့်အပေါ်မှာ ပေါ်လာတော်မူမည် ဟူ၍၎င်း၊
25Asi ndinoziva kuti Mudzikunuri wangu unorarama, Uye kuti pakupedzisira uchasimuka paguruva;
26ငါ့အရေကုန်ပြီးမှ ဤကိုယ်ကိုပင် ဖျက်ဆီးသော်လည်း၊ ငါသည်ကိုယ်ခန္ဓာ၌ ဘုရားသခင်ကိုမြင်မည်ဟူ၍ ၎င်း ငါသိ၏။
26Kana ganda rangu raparadzwa pandiri saizvozvo, uye panyama yangu ndichaona Mwari.
27ငါ့ဘက်၌ နေတော်မူသောဘုရားသခင်ကို ငါမြင်မည်။ သူတပါးမြင်သည်သာမက၊ ငါသည် ကိုယ် မျက်စိနှင့်ဖူးမြင်မည်။ ထိုသို့မြော်လင့်၍ ငါ့ကျောက်ကပ် သည် ပျက်လျက်ရှိ၏။
27Ndichazvionera; uye meso angu achaona iye, kwete mumwe; itsvo dzangu dzapera mukati mangu.
28ယခုမှာသင်တို့က၊ ငါတို့သည် သူ့ကိုအဘယ်သို့ ညှဉ်းဆဲရမည်နည်း။ သူ၌အပြစ်တင်သောအခွင့်ကို အဘယ်သို့ တွေ့ရမည်နည်းဟု ဆိုကြသည်ဖြစ်၍၊
28Kana muchiti, Tichamutambudza sei! Mudzi wemhosva zvauri mukati make!
29ထားဘေးကိုကြောက်ကြလော့။ အကြောင်းမူကား၊ အမျက်တော်သည်ထားဘေးဖြင့် အပြစ်ပေးတတ် ၏။ အပြစ်စီရင်ရသောအချိန်ရှိကြောင်းကို သိမှတ်ကြလော့ဟု မြွက်ဆို၏။
29Ityai munondo, nekuti kutsamwa kucharohwa nomunondo, Kuti muzive kuti kutonga kuripo.