1Zvino shoko raJehovha rakasvika rwechipiri kuna Jona, richiti,
1နောက်တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ယောနသို့ရောက်လာသည်ကား၊
2Simuka, uende Ninivhe, riya guta guru, undoriparidzira zvandichakuraira kuti uparidze.
2သင်ထ၍ နိနေဝေမြို့ကြီးသို့ သွားလော့။ ငါမှာ ထားသည်အတိုင်း ကြွေးကြော်လော့ဟု မိန့်တော်မူ၏။
3Ipapo Jona akasimuka, akaenda Ninivhe, sezvaakarairwa neshoko raJehovha. Zvino Ninivhe raiva guta guru-guru, rwendo rwamazuva matatu kupfuura nomo.
3ထိုအခါ ထာဝရဘုရား၏ အမိန့်တော်အတိုင်း ယောနသည် ထ၍ နိနေဝေမြို့သို့ သွား၏။ နိနေဝေမြို့ သည် အလွန်ကြီးသောမြို့၊ သုံးရက်ခရီးကျယ်ဝန်းသော မြို့ဖြစ်သတည်း။
4Jona akatanga kupinda muguta, achifamba rwendo rwezuva rimwe, akadana, achiti, Kwasara mazuva makumi mana, ipapo Ninivhe richaparadzwa.
4ယောနသည် မြို့ထဲသို့ဝင်၍ တနေ့ခရီးသွား လျက်၊ အရက်လေးဆယ်လွန်သော်၊ နိနေဝေမြို့သည် ပျက် စီးခြင်းသို့ရောက်လိမ့်မည်ဟု ကြွေးကြော်လေ၏။
5Vanhu veNinivhe vakatenda Mwari, vakatara nguva yokutsanya, vakafuka masaga, kubva kuvakuru pakati pavo kusvikira kuvaduku pakati pavo.
5နိနေဝေမြို့သားတို့သည် ဘုရားသခင်၏ အမိန့် တော်ကို ယုံ၍၊ လူကြီးလူငယ်အပေါင်းတို့သည် အစာ ရှောင်ရာအချိန်ကို ကြော်ငြာ၍ လျှော်တေအဝတ်ကို ဝတ် ကြ၏။
6Shoko rikasvika kuna mambo weNinivhe, akasimuka pachigaro chake choushe, akabvisa nguvo yake, akafuka saga, nokugara mumadota.
6နိနေဝေမင်းကြီးသည် ထိုသိတင်းကို ကြားသော အခါ နန်းတော်မှဆင်း၍ မင်းမြောက်တန်ဆာကို ချွတ်ပြီး မှ၊ လျှော်တေအဝတ်ကို ဝတ်၍ ပြာထဲ၌ ထိုင်တော်မူ၏။
7Akaraira, akaparidza muNinivhe rose chirevo chamambo nechavakuru vake achiti, Vanhu kana zvipfuwo, kana mombe kana makwai, ngazvirege kutongoravira chinhu, ngazvirege kufura kana kumwa mvura;
7လူသတ္တဝါ တိရစ္ဆာန်သိုးနွားတို့သည် အလျှင်းမ မြည်စေနှင့်။ အစာကို မစား၊ ရေကို မသောက်စေနှင့်။
8asi vanhu nezvipfuwo ngazvifukidzwe masaga, ngavadane kuna Mwari nesimba; ngavatendeuke mumwe nomumwe panzira yake yakaipa napakuita nesimba namaoko ake.
8လူသတ္တဝါတိရစ္ဆာန်တို့သည် လျှော်တေအဝတ် ကို ဝတ်ကြစေ။ ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းကြ စေ။ အသီးအသီးတို့သည် မိမိတို့လိုက်သော အဓမ္မလမ်း၊ မိမိတို့ပြုသော အဓမ္မအမှုကို ရှောင်ကြစေ။
9Ndianiko angaziva, zvimwe Mwari ungadzoka akazvidemba, akadzoka pakutsamwa kwake kukuru, tikarega kuparadzwa?
9ငါတို့သည် ပျက်စီးခြင်းနှင့် ကင်းလွတ်မည်အ ကြောင်း၊ ဘုရားသခင်သည် ပြောင်းလဲ၍ နောင်တရ သဖြင့်၊ ပြင်းစွာသောအမျက်တော်ကို ငြိမ်းစေတော်မူမည် မမူမည်ကို အဘယ်သူပြောနိုင်သနည်းဟု မင်းကြီးအာဏာ၊ မှူးမတ်အာဏာနှင့် နိနေဝေတမြို့လုံးတွင် သိတင်းကြား ပြော၍ ကြော်ငြာစေတော်မူ၏။
10Mwari akaona zvavakaita, kuti vakatendeuka panzira yavo yakaipa, Mwari akazvidemba pamusoro pezvakaipa zvaakati ndichavaitira; akasazviita.
10မြို့သားတို့သည် မိမိတို့လိုက်သော အဓမ္မလမ်း ကို လွှဲရှောင်၍၊ ကျင့်သောအကျင့်များကို ဘုရားသခင် သည် မြင်လျှင်၊ အရင်ခြိမ်းသောဘေးဒဏ်ကို မပေးဘဲနေ တော်မူ၏။