1Mwanakomana wangu, kana uchinge wakazviitira wokwako rubatso, Wazvisunga nokuda komutorwa noruoko rwako,
1ငါ့သား၊ သင်သည် အဆွေခင်ပွန်းအတွက် အာမခံမိသော်၎င်း၊ သူတပါးနှင့်လက်ဝါးချင်း ရိုက်မိ သော်၎င်း၊
2Wazviteya namashoko omuromo wako, Wabatwa namashoko omuromo wako,
2ကိုယ်နှုတ်ထွက်စကားဖြင့် ကျော်မိပြီ။ ကိုယ် ပြောသောစကားကြောင့် အမှုရောက်လေပြီ။
3Zvino ita kudai, mwanakomana wangu, uzvirwire, Zvawabatwa noruoko rwowokwako, Enda, undozvininipisa, ukumbire zvikuru kunowokwako.
3ငါ့သား၊ သင်သည် အဆွေခင်ပွန်းလက်သို့ ရောက်မိလျှင်၊ ကိုယ်ကို နှုတ်အံ့သောငှါ အဘယ်သို့ ပြုရမည်နည်းဟူမူကား၊ အဆွေခင်ပွန်းထံသို့ သွား၍၊ ကိုယ်ကိုနှိမ့်ချလျက်သူ့ကို နှိုးဆော်လော့။
4Usatendera meso ako hope, Kana mafungiro ameso ako kutsumwaira;
4အိပ်မပျော်နှင့်။ မျက်စိမှိတ်၍ မငိုက်နှင့်။
5Uzvirwire semhara paruoko rwomuvhimi, Seshiri paruoko rwomuteyi.
5မုဆိုးလက်မှ သမင်ဒရယ်ကို၎င်း၊ ငှက်ကို၎င်း နှုတ်ရသကဲ့သို့ ကိုယ်ကိုနှုတ်လော့။
6Enda kumujuru, iwe simbe; Cherekedza nzira dzawo ugova wakachenjera!
6အချင်းလူပျင်း၊ ပရွက်ဆိတ်ထံသို့သွား၍၊ သူ၏ အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။
7Kunyange iwo usina mutongi, Kana mutariri kana mubati,
7ပရွတ်ဆိတ်သည်ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိဘဲလျက်၊
8Unogadzira zvokudya zvawo muzhizha, Nokuunganidza zvokudya zvawo mukukohwa.
8နွေကာလနှင့် စပါးရိတ်ရာကာလ၌ မိမိ စားစရာအစာကို ရှာဖွေသိုထားတတ်၏။
9Iwe simbe, uchavata pasi kusvikira rinhiko? Uchamuka rinhiko pahope dzako?
9အိုလူပျင်း၊ သင်သည် အဘယ်မျှကာလပတ်လုံး အိပ်လျက်နေလိမ့်မည်နည်း။ အဘယ်သော အခါနိုးလိမ့်မည် နည်း။
10Kumbovata zvishomanene, kumbotsumwaira zvishomanene, Kumbofungatira maoko zvishomanene, ndizorore;
10ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော် အံ့သောငှါ ခဏလက်ချင်းပိုက်လျက် နေစဉ်တွင်၊
11Saizvozvo urombo hwako huchasvika segororo, Nokushaiwa kwako somunhu wakashonga nhumbi dzokurwa.
11ဆင်းရဲခြင်းသည် ခရီးသွားသော သူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း ရောက်လာ လိမ့်မည်။
12Munhu asina maturo, munhu anoita zvakaipa, Ndiye anofamba nomuromo une nhema;
12ဆိုးယုတ်သော သူနှင့်မတရားသောသူသည် ကောက်လိမ်သော စကား၌ ကျင်လည်တတ်၏။
13Anobwaira nameso ake, anotendekera netsoka dzake, Anodudzira nemimwe yake;
13မျက်တောင်ခတ်လျက်၊ ခြေဖြင့် အမှတ်ပေး လျက်၊ လက်ချောင်းတို့ဖြင့် သွန်သင်လျက် ပြုတတ်၏။
14Ane zvisakarurama pamoyo pake, Anosifungira vamwe zvakaipa, Anokusha kupesana.
14ကောက်သော စိတ်သဘောနှင့် ပြည့်စုံ၍၊ မကောင်းသော အကြံကို အစဉ်ကြံစည်တတ်၏။ သူတပါးချင်းရန်တွေ့စေခြင်းငှါ ပြုတတ်၏။
15Saka njodzi yake ichamuwira kamwe-kamwe; Achavhuniwa pakarepo, kusina chingamubatsira.
15ထိုကြောင့်သူသည် အမှတ်တမဲ့အမှုရောက်၍၊ ကိုးကွယ်စရာဘဲ ချက်ခြင်းကျိုးပဲ့ပျက်စီးရလိမ့်မည်။
16Zvinhu zvitanhatu zviriko zvinovengwa naJehovha; Zvirokwazvo, tingati kune zvinomwe, zvinomunyangadza, zvinoti:
16ထာဝရဘုရား မုန်းတော်မူသော အရာ ခြောက် ပါးမက၊ စက်ဆုပ်ရွံ့ရှာတော်မူသောအရာ ခုနစ်ပါး ဟူမူကား၊
17Meso ounozvikudza, rurimi runoreva nhema, Maoko anodurura ropa risina mhaka;
17ထောင်လွှားသော မျက်နှာတပါး၊ မုသာ၌ ကျင် လည်သော လျှာတပါး၊ အပြစ်မရှိသောသူ၏ အသက်ကို သတ်သော လက်တပါး၊
18moyo unofunga mano akaipa, Tsoka dzinokurumidza kuvangira zvakashata;
18မကောင်းသော အကြံကို ကြံစည်သော နှလုံး တပါး၊ အပြစ်ပြုရာသို့ အလျင်အမြန် ပြေးတတ်သော ခြေတပါး၊
19Chapupu chinonyengera chinoreva nhema, Uye anokusha kupesana pakati pehama.
19မုသာစကားကိုပြော၍ မမှန်သောသက်သေ တပါး၊ အပေါင်းအဘော်ချင်း ရန်တွေ့စေခြင်းငှါ ပြုတတ် သော သူတပါးတည်း။
20Mwanakomana wangu, chengeta murayiro wababa vako; Usarasha kudzidzisa kwamai vako.
20ငါ့သား၊ အဘ၏ပညတ်စကားကို နားထောင် လော့။ အမိပေးသော တရားကို မပယ်နှင့်။
21Uzvisungire nguva dzose pamoyo wako; Uzvishonge pamutsipa wako.
21နှလုံးပေါ်မှာ အမြဲချည်၍ လည်ပင်း၌ ဆွဲထား လော့။
22Kana uchifamba, zvichakutungamirira; Kana uchivata pasi, zvichakurinda; Kana womuka, zvichataurirana newe.
22သင်သည် အခြားသို့ သွားသောအခါ၊ ထိုပညတ် တရားသည် လမ်းပြလိမ့်မည်။ အိပ်သောအခါ သင့်ကို စောင့်လိမ့်မည်။ နိုးသောအခါ သင်နှင့် နှုတ်ဆက် လိမ့်မည်။
23nekuti murayiro ndiwo mwenje; murau ndicho chiedza; Kuraira kokurairirwa inzira youpenyu;
23အကြောင်းမူကား၊ ပညတ်တော်သည် မီးခွက် ဖြစ်၏။ တရားတော်သည် အလင်းဖြစ်၏။ အပြစ်ကို ပြတတ်သော ဩဝါဒစကားသည် အသက်လမ်းဖြစ်၏။
24Kuti uchengetwe pamukadzi wakaipa, Pakubata kumeso korurimi rwomutorwa.
24ဆိုးသောမိန်းမနှင့်၎င်း၊ အမျိုးပျက်သော မိန်းမ ချော့မော့တတ်သော နှုတ်နှင့်၎င်းလွတ်စေခြင်းငှါ၊ သင့်ကို စောင့်ဘို့ရာဖြစ်သတည်း။
25Usachiva kunaka kwake mumoyo mako; Arege kukubata namafungiro ameso ake.
25ထိုသို့သောမိန်းမသည် အဆင်းလှသော်လည်း၊ တပ်မက်သော စိတ်မရှိနှင့်။ သူသည် မျက်ခမ်းတို့ဖြင့် သင့်ကိုမကျော့မိစေနှင့်။
26nekuti nokuda kwechifeve munhu angasvikira pakudya chimeduchetechechingwa; Mukadzi womumwe munhu anovhima upenyu hunokosha.
26အကြောင်းမူကား၊ ပြည်တန်ဆာမကို မှီဝဲသော ယောက်ျားသည် ဆင်းရဲ၍၊ မုန့်တလုံးကိုသာ ရတတ်၏။ မျောက်မထားသော မိန်းမသည်လည်း မြတ်သောအသက် ကို ဘမ်းတတ်၏။
27Ko munhu ungaisa moto muchipfuva chake, nguvo dzake dzikasatsva here?
27လူသည်အဝတ်မလောင်ဘဲ မီးကို ပိုက်ဘက်နိုင် သလော။
28Kana munhu angatsika mazimbe anopisa, Tsoka dzake dzikasapiswa here?
28ခြေမလောင်ဘဲမီးခဲပေါ်မှာ နင်းနိုင်သလော။
29Ndizvo zvakaita munhu anopinda kumukadzi wowokwake; Ani naani anomubata iye mukadzi haangaregwi kurohwa.
29သူ့မယားထံသို့ဝင်သောသူသည် ထိုနည်းတူ ဖြစ်၏။ သူ့မယားကို ပြစ်မှားသော သူမည်သည်ကား၊ အပြစ် နှင့် မကင်းမလွတ်နိုင်ရာ၊
30Vanhu havangazvidzi mubi kana achiba Kuti agute kana achinge ane nzara.
30မွတ်သိပ်သော စိတ်ပြေစေခြင်းငှါ၊ ခိုးသောသူ ပင် အပြစ်မလွတ်ရ။
31Asi kana akabatwa anofanira kudzosera zvava zvinomwe; Anofanira kuripa nefuma yose yeimba yake.
31တွေ့မိလျှင် ခုနစ်ဆပြန်ပေးရမည်။ ကိုယ်အိမ်၌ ရှိသမျှသော ဥစ္စာတို့ကို လျော်ရမည်။
32Anoita upombwe nomukadzi, anoshaiwa njere; Anoda kuparadza upenyu hwake ndiye anoita izvozvo.
32သူ့မယားကိုပြစ်မှားသော သူသည် ဥာဏ်မရှိ။ ထိုသို့ပြုသော သူသည် မိမိအသက်ကို ဖျက်ဆီးတတ်၏။
33Uchangozviwanira mavanga nokusakudzwa; Kunyadziswa kwake hakungatongopusikwi.
33နာကျင်စွာ ထိခိုက်ခြင်းနှင့် အသရေရှုတ်ချခြင်း ကို ခံရလိမ့်မည်။ သူ၏အရှက်ကွဲခြင်းသည် မပြေနိုင်။
34nekuti godo rinomutsa hasha dzomurume; Haanganzwiri tsitsi pazuva rokutsiva.
34အကြောင်းမူကား၊ ယောက်ျားသည် မယားကို မယုံသောစိတ်ရှိလျှင်၊ ပြင်းထန်စွာ အမျက်ထွက်တတ်၏။ အပြစ်ပေးချိန်ရောက်သောအခါ သနားခြင်းမရှိတတ်။
35Haangavi nehanya nomuripo; Haangatendi, kunyange ukamuvigira zvipo zvizhinji.
35လျော်ပြစ်ငွေမည်မျှကို ပမာဏမပြုတတ်။ များစွာသော လက်ဆောင်တို့ကိုပေးသော်လည်း စိတ် မပြေတတ်။