1Ndichakukudzai kwazvo, Mwari wangu, imwi Mambo; Ndicharumbidza zita renyu nokusingaperi-peri.
1အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်ချီးမြှောက်ပါမည်။ ကမ္ဘာအဆက်ဆက် နာမတော်ကို ကောင်းကြီးပေးပါမည်။
2Ndichakurumbidzai zuva rimwe nerimwe; Ndichakudza zita renyu nokusingaperi-peri.
2ကိုယ်တော်ကို နေ့တိုင်းအစဉ်ကောင်းကြီး ပေးပါမည်။ နာမတော်ကို ကမ္ဘာအဆက်ဆက် ချီးမွမ်း ပါမည်။
3Jehovha mukuru, anofanira kurumbidzwa kwazvo; Ukuru hwake haunganzverwi.
3ထာဝရဘုရားသည် ကြီးမြတ်၍ အလွန်ချီးမွမ်း ဘွယ်ဖြစ်တော်မူ၏။ ကြီးမြတ်တော်မူခြင်းကို စစ်၍ မကုန်နိုင်။
4Rudzi rumwe rucharumbidza mabasa enyu kuno rumwe, Vachadudzira zvamakaita zvine simba.
4အမှုတော်တို့ကို လူမျိုးအဆက်ဆက်တို့သည် ချီးမွမ်း၍၊ တန်ခိုးတော်များကိုဟောပြောကြပါလိမ့်မည်။
5Ndichafungisisa kubwinya koumambo bwenyu hunokudzwa, Namabasa enyu anoshamisa.
5အကျွန်ုပ်သည်လည်း ဘုန်းတန်ခိုးအာနုဘော် တော်ကို၎င်း၊ အံ့ဘွယ်သော အမှုတော်တို့ကို၎င်း မြွက်ဆို ပါမည်။
6Vanhu vachataura vachireva simba ramabasa enyu anotyisa; Neni ndichadudzira ukuru bwenyu.
6သူတို့သည် ကြောက်မတ်ဘွယ်သော အမှုတော် တို့၌ပါသော တန်ခိုးကို မြွက်ဆို၍၊ အကျွန်ုပ်သည်လည်း၊ ကြီးမြတ်တော်မူခြင်းအကြောင်းကို ကြားပြောပါမည်။
7Vachareva vachiyeudzira kunaka kwenyu kukuru, Nokuimbira kururama kwenyu.
7သူတို့သည် အလွန်ကောင်းမြတ်တော်မူခြင်းကို အောက်မေ့ဘို့ရာ မြွက်ဆို၍၊ ဖြောင့်မတ်တော်မူခြင်း အရာကို ရွှင်လန်းစွာ သီချင်းဆိုကြပါလိမ့်မည်။
8Jehovha anenyasha, azere netsitsi, Haachimbidziki kutsamwa, anetsitsi zhinji.
8ထာဝရဘုရားသည် ကျေးဇူးပြုတတ်သော သဘော၊ သနားစုံမက် တတ်သောသဘောနှင့်ပြည့်စုံ၍၊ ခန္တီတော်နှင့်ကရုဏာတော်သည် အလွန်ကြွယ်ဝပါ၏။
9Jehovha anomoyo wakanaka kuna vose. Tsitsi dzake dziri pamabasa ake ose.
9ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုချင်သော သဘောရှိ၍၊ ဖန်ဆင်းတော်မူသမျှ တို့ကို သနားစုံမက်တော်မူ၏။
10Mabasa enyu ose achakuvongai Jehovha; Navatsvene venyu vachakurumbidzai.
10အိုထာဝရဘုရား၊ ဖန်ဆင်းတော်မူသမျှတို့သည် ဂုဏ်တော်တို့ကို ပြ၍၊ ကိုယ်တော်၏ သန့်ရှင်း သူတို့သည် ကောင်းကြီးပေးကြ ပါ၏။
11Vachataura vachireva kubwinya koushe bwenyu, Nokuparidza simba renyu;
11နိုင်ငံတော်၏ဘုန်းကို၎င်း၊ တန်ခိုးတော်ကို၎င်း ဟောပြောမြွက်ဆိုသဖြင့်၊
12Kuti vazivise vanakomana vavanhu mabasa ake anesimba, Nokubwinya koumambo hwoushe hwake.
12တန်ခိုးပါသောအမှုတော်များနှင့် နိုင်ငံတော်၏ ဘုန်းအသရေများကို လူသားတို့အား ဘော်ပြကြပါ၏။
13Ushe bwenyu ndihwo ushe husingaperi, Noumambo bwenyu huchagara nokusingaperi.
13ကိုယ်တော်၏နိုင်ငံသည် နိစ္စထာဝရနိုင်ငံဖြစ်၍၊ အာဏာတော် သည်ကာလအစဉ်အဆက် တည်ရပါ၏။ ထာဝရဘုရားသည် လဲသောသူရှိသမျှတို့ကို ထောက်မ တော်မူ၏။
14Jehovha anotsigira vose vanowa, Anosimudza vose vakakotamiswa pasi.
14နှိမ့်ချသောသူအပေါင်းတို့ကို ကြွပင့်တော်မူ၏။
15Meso avose anotarira kwamuri; Munovapa zvokudya zvavo panguva yakafanira.
15ခပ်သိမ်းသော သတ္တဝါတို့သည် ကိုယ်တော်ကို မျှော်ကြည့်ကြ၍၊ အချိန်တန်မှသူတို့ကို ကျွေးမွေးတော် မူ၏။
16Munotadzanura ruoko rwenyu, Ndokugutisa zvipenyu zvose.
16လက်တော်ကိုဖွင့်၍၊ အသက်ရှင်သောသတ္တဝါ အပေါင်းတို့ကို ရောင့်ရဲစေတော်မူ၏။
17Jehovha akarurama panzira dzake dzose, Anenyasha pazvose zvaanoita.
17ထာဝရဘုရား၏ လမ်းခရီးတော်ရှိသမျှတို့သည် ဖြောင့်မတ်၍၊ ခပ်သိမ်းသော အမှုတော်တို့သည် သန့်ရှင်း ကြပါ၏။
18Jehovha ari pedo navose vanodana kwaari, Vose vanodana kwaari nezvokwadi.
18ထာဝရဘုရားသည် ပဌနာပြုသောသူအပေါင်း၊ သစ္စာနှင့်တကွ ပဌနာပြုသော သူအပေါင်း တို့၏ အနီးအပါးရှိတော်မူ၏။
19Achaitira vanomutya sezvavanoda; Achanzwawo kudanidzira kwavo; ndokuvaponesa.
19ကြောက်ရွံ့သောသူတို့၏ အလိုကို ပြည့်စုံစေ တော်မူ၏။ ထိုသူတို့၏အော်ဟစ်ခြင်းကို ကြား၍ ကယ်တင်တော်မူ၏။
20Jehovha anochengeta vose vanomuda Asi vakaipa achavaparadza vose.
20ထာဝရဘုရားသည် ကြည်ညိုသည် သူအပေါင်း တို့ကို စောင့်မတော်မူ၏။ မတရားသော သူအပေါင်းတို့ကို ကား၊ ဖျက်ဆီးတော်မူမည်။
21Muromo wangu uchataura kurumbidzwa kwaJehovha, Vanhu vose ngavarumbidze zita rake dzvene nokusingaperi-peri.
21ထာဝရဘုရားကို ချီးမွမ်းလျက်ငါမြွက်ဆိုမည်။ ခပ်သိမ်းသော လူတို့သည် သန့်ရှင်းသော နာမတော်ကို ကမ္ဘာအဆက်ဆက်ကောင်းကြီးပေးကြစေ။