Shona

Myanmar

Psalms

35

1Jehovha, kakavadzanai navanokakavadzana neni; Irwai navanorwa neni.
1အိုထာဝရဘုရား၊ အကျွန်ုပ်၌ဆန့်ကျင်ဘက်ပြု သောသူတို့ကို ဆန့်ကျင်ဘက်ပြုတော်မူပါ။ အကျွန်ုပ်ကို စစ်တိုက်သောသူတို့ကို တိုက်တော်မူပါ။
2Torai nhovo huru neduku, Musimuke kundibatsira.
2ဒိုင်းလွှားကိုကိုင်၍ အကျွန်ုပ်ကို ကူညီခြင်းငှါ ထတော်မူပါ။
3Vhomoraiwo pfumo, mudzivire nzira yavanonditeverera, Itiyi kumweya wangu, Ndini muponesi wako.
3အကျွန်ုပ်ကို လိုက်သောသူတို့ရှေ့၌ လှံတော်ကို ရွယ်၍ ဆီးတားတော်မူပါ။ ငါသည် သင်၌ချမ်းသာပေး သော သူပေတည်းဟု အကျွန်ုပ်၏ ဝိညာဉ်အား မိန့်တော် မူပါ။
4Vanotsvaka mweya wangu ngavanyadziswe, vazvidzwe; Vanofunga kundiitira zvakaipa ngavadzoserwe shure vakanganiswe.
4အကျွန်ုပ်အသက်ကို ရှာသောသူတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေသော။ အကျွန်ုပ်ကို အန္တရာယ်ပြုမည်ဟု ကြံစည်သောသူတို့သည် လှန်ခြင်းကို ခံရ၍ ရှက်ကြောက်ခြင်းသို့ ရောက်ကြပါစေသော။
5Ngavafanane nehundi inopupuruswa nemhepo, Mutumwa waJehovha achivasundira.
5ထိုသူတို့သည် လေတိုက်သောဖွဲကဲ့သို့ ဖြစ်ကြပါ စေသော။ ထာဝရဘုရား၏ တမန်သည်လည်း သူတို့ကို လှဲပါစေသော။
6Nzira yavo ngaive nerima, itedze, Mutumwa waJehovha achivateverera.
6သူတို့သွားသောလမ်းသည် မိုက်သောလမ်း၊ ချောသောလမ်းဖြစ်ပါစေသော။ထာဝရ ဘုရား၏ တမန်သည်လည်း သူတို့ကို လိုက်ပါစေသော။
7nekuti ndisina mhosva vakandivanzira mimbure yavo muhunza, Ndisina mhosva vakacherera mweya wangu hunza.
7အကြောင်းမရှိဘဲ အကျွန်ုပ်အဘို့ ကျော့ကွင်းကို ဝှက်ထားကြပါပြီ။ အကြောင်းမရှိဘဲ အကျွန်ုပ်အသက်ကို သတ်စရာဘို့တွင်းကို တူးကြပါပြီ။
8Kuparadzwa ngakumuwire akangofara; Uye mumbure wake waakavanza ngaumubate amene; Ngaawiremo aparadzwe.
8ထိုသို့သောသူသည် အမှတ်တမဲ့ပျစ်စီးခြင်းသို့ ရောက်ပါစေသော။ မိမိဝှက်ထားသောကျော့ကွင်းသည် မိမိကိုကျော့မိပါစေသော။ မိမိတွင်းထဲသို့ မိမိကျပါ စေသော။
9Mweya wangu uchafarira Jehovha Uchafarira kuponesa kwake.
9သို့ဖြစ်လျှင်၊ ငါ၏ဝိညာဉ်သည် ထာဝရဘုရားကို အမှီပြု၍ ဝမ်းမြောက်ခြင်းရှိလိမ့်မည်။ ကယ်တင်တော်မူ ခြင်းအကြောင်းကိုလည်း အမှီပြု၍ စိတ်ရွှင်လန်းမြူးထူး ခြင်းရှိလိမ့်မည်။
10mafupa angu ose achati, Jehovha ndianiko akafanana nemi, imwi munorwira murombo panaiye akamukurira nesimba, Iye murombo nomushaiwi panowanomupamba?
10အကျွန်ုပ်အရိုးရှိသမျှတို့ကလည်း၊ အိုထာဝရဘုရား၊ အစိုးတရပြုသောသူ၏ လက်မှဆင်းရဲသားကို နှုတ်တော်မူ၍၊ လုယူဖျက်ဆီးတတ်သော သူ၏လက်၌ ဆင်းရဲငတ်မွတ်လျက် ခံနေရသောသူကို ချမ်းသာပေး တော်မူတတ်သော ကိုယ်တော်နှင့် အဘယ်သူတူပါ သနည်းဟု လျှောက်ဆိုကြမည်။
11Zvapupu zvisina kururama zvinosimuka; Zvinondibvunza zvinhu zvandisingazivi
11မမှန်သောသက်သေတို့သည်ပေါ်လာ၍၊ ငါမသိသောမှုပြစ်တို့ကို ငါ့အပေါ်မှာတင်ကြ၏။
12Zvakanaka zvangu vanozvitsiva nezvakaipa, Vachibira mweya wangu.
12ငါပြုသောကျေးဇူးအတွက် သူတို့သည် ငါ့ အသက်ကိုလူယူခြင်းတည်းဟူသော မကောင်းသောအရာ ကို ဆပ်ပေးကြ၏။
13Asi kana ndirini, pakurwara kwavo ndakafuka masaga; Ndakatambudza mweya wangu ndichitsanya; Munyengetero wangu ukadzokera kuchipfuva changu.
13ငါမူကား၊ သူတို့၌ အနာရောဂါစွဲသောအခါ၊ လျှော်တေအဝတ်ကိုဝတ်ဆင်လျက် အစာကိုရှောင်၍ ခြိုးခြံစွာ ကျင့်လေ၏။ ကိုယ်ရင်ခွင်ကို မျက်နှာပြုလျက် ဆုတောင်း လေ၏။
14Ndakaita seyaiva shamwari yangu kana hama yangu; Ndakakotama ndichichema, somunhu anochema mai vake.
14သူတို့ကို ငါ၏မိတ်ဆွေ၊ ငါ၏ညီအစ်ကိုကဲ့သို့ သဘောထား၍ ငါပြု၏။ ကိုယ်အမိကိုအောက်မေ့၍၊ စိတ်မသာညည်းတွားသောသူကဲ့သို့ ကြမ်းတမ်းသော အဝတ်ကိုဝတ်လျက် တမှိုင်မှိုင်နေလေ၏။
15Asi pakugumburwa kwangu vakafara, vakaungana pamwechete; Vanhu vakarashwa kwazvo vakaungana kuzorwa neni, navandakanga ndisingazivi; Vakandibvambura, vasingaregi;
15ငါလဲသောအခါမူကား၊ သူတို့သည် ဝမ်းမြောက် ၍ စည်းဝေးကြ၏။ ရိုက်ပုတ်သောသူတို့သည် ငါ့တဘက် ၌စည်းဝေးကြ၏။ သူတို့ကိုလည်း ငါမသိရ။ မရပ်မနားဘဲ ငါ့ကို ဆွဲဖြတ်ကြ၏။
16Savadadiri vakaipa pamitambo Vakandirumanyira meno avo.
16ပွဲ၌ကစားတတ်သော လူဆိုးတို့နှင့်အတူ ငါ့ကို အံသွားခဲကြိတ်ကြ၏။
17Jehovha, muchatarira izvozvo kusvikira rinhiko? Rwirai mweya wangu pakuparadza kwavo, Mudikamwa wangu pashumba.
17အိုထာဝရဘုရား၊ အဘယ်မျှကာလပတ်လုံး ကြည့်ရှု၍ နေတော်မူမည်နည်း။ အကျွန်ုပ်အသက်ကို သူတို့ပြုသော ဘေးဥပဒ်မှ၎င်း၊ အကျွန်ုပ်အချစ်ဆုံးကို ခြင်္သေ့တို့မှ၎င်း ကယ်လွှတ်တော်မူပါ။
18Ndichakuvongai paungano huru; Ndichakurumbidzai pakati pavanhu vazhinji.
18ကျေးဇူးတော်ကြီးလှပါ၏ဟု မဟာပရိသတ် အလယ်မှာ အကျွန်ုပ်ဝန်ခံပါမည်။ များစွာသောလူစုတွင် ကိုယ်တော်ကိုချီးမွမ်းပါမည်။
19Vanondivenga ndisina mhosva ngavarege kufara pamusoro pangu; Uye vanondivenga ndisina mhosva ngavarege kubwaira neziso.
19မဟုတ်မမှန်ဘဲ အကျွန်ုပ်ကို ရန်ဘက်ပြုသော သူတို့သည် အောင်ပွဲကို မခံကြပါစေနှင့်။ အကြောင်း မရှိဘဲ အကျွန်ုပ်ကို မုန်းသော သူတို့လည်း မျက်စိစွေပြ ခြင်းကို မပြုကြပါစေနှင့်။
20Nekuti havatauri rugare; Asi vanofungira avo vanyerere panyika mashoko okunyengera.
20အကြောင်းမူကား၊ သူတို့သည် အမှုငြိမ်းစေ သော စကားကို မပြောကြပါ။ ငြိမ်ဝပ်စွာနေသော ပြည် သားတို့တဘက်၌ လျှို့ဝှက်သောအမှုများကို ကြံစည်ကြ ပါ၏။
21Zvirokwazvo, vakandishamisira miromo yavo; Vakati, Hekani, hekani! Meso edu akazviona.
21အကျွန်ုပ်ကိုပစပ်ဟ၍ အေ့ဟေ၊ အေ့ဟေ၊ ငါတို့သည် ကိုယ်မျက်စိနှင့်မြင်ရပြီဟု ဆိုကြပါ၏။
22Makazviona, Jehovha; regai kunyarara; Ishe, regai kugara kure neni.
22အိုထာဝရဘုရား၊ ကိုယ်တော်သည် သိမြင်တော် မူ၏။ အိုဘုရားရှင်၊ တိတ်ဆိတ်စွာ နေတော်မမူပါနှင့်။ အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်။
23Zvimutsei, mukai mundiruramisire; Mutambe mhaka yangu, Mwari wangu naShe wangu.
23အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၌ရောက်သောအမှုကို စီရင်တော်မူမည် အကြောင်း ကိုယ်ကို နှိုးဆော်၍ ထတော်မူပါ။
24Nditongerei, Jehovha Mwari wangu, nokururama kwenyu; Ngavarege kufara pamusoro pangu.
24အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ် တော်သည် ဖြောင့်မတ်တော်မူခြင်းနှင့်အညီ၊ အကျွန်ုပ် အမှုကို ဆုံးဖြတ်တော်မူပါ။ သူတို့သည် အကျွန်ုပ်ကို နိုင်၍ ဝမ်းမမြောက်ကြပါစေနှင့်။
25Ngavarege kuti mumoyo mavo, Hekani, ndizvo zvatanga tichida; Ngavarege kuti, Tamumedza.
25အဲ၊ ငါတို့အလိုပြည့်စုံပြီဟု မအောက်မေ့ကြပါစေ နှင့်။ ငါတို့သည် သူ့ကို မျိုပြီဟု၊ မပြောကြပါစေနှင့်။
26Ngavanyadziswe, vazvidzwe pamwechete, ivo vanofarira kutambudzika kwangu; Ngavafukidzwe nokunyara nokuzvidzwa, ivo vanozvikudza pamusoro pangu.
26အကျွန်ုပ်၌ဘေးရောက်သည်အကြောင်းကို ဝမ်း မြောက်သောသူအပေါင်းတို့သည် အရှက်ကွဲ၍ မျက်နှာ ပျက်ကြပါစေသော။ အကျွန်ုပ်တဘက်၌ ကိုယ်ကို ချီးမြှောက်တတ်သော သူတို့အပေါ်မှာ အသရေပျက်ခြင်းနှင့် ရှက်ကြောက်ခြင်း သက်ရောက်ပါစေသော။
27Ngavadanidzire nomufaro, vafare, ivo vanoda kururamiswa kwemhaka yangu; Ngavarambe vachiti, Jehovha ngaakudzwe, Iye, anofarira kufara komuranda wake.
27အကျွန်ုပ်၏ ဟုတ်မှန်ခြင်းဘက်၌ နေသောသူတို့ သည် ရွှင်လန်းစွာ သီချင်းဆို၍ ဝမ်းမြောက်ကြပါစေ သော။ မိမိကျွန်၌ ချမ်းသာတိုးပွားခြင်းအကြောင်းကို နှစ်သက်တော်မူသော ထာဝရဘုရားသည် ဘုန်းကြီးတော် မူစေသတည်းဟု၊ သူတို့သည် အစဉ်မပြတ် မြွတ်ဆိုကြပါ စေသော။
28Ipapo rurimi rwangu ruchataura zvokururama kwenyu, Nezvokurumbidzwa kwenyu zuva rose.
28အကျွန်ုပ်သည်လည်း၊ ကိုယ်တော်၏ ဖြောင့်မတ် တော်မူခြင်း အကြောင်းအရာကို မြွတ်ဆို၍အစဉ်မပြတ် ကိုယ်တော်ကို ချီးမွမ်းပါမည်။