1Zvino wakandiratidza Joshua mupristi mukuru, amire pamberi pomutumwa waJehovha, Satani amire paruoko rwake rworudyi, kuti ave mudzivisi wake.
1ယဇ်ပုရောဟိတ်မင်း ယောရှုသည် ထာဝရ ဘုရား၏ ကောင်းကင်တမန်ရှေ့၌ ရပ်နေသည်ကို၎င်း၊ စာတန်သည် ရန်ဘက်ပြု၍ သူ၏လက်ျာဘက်၌ ရပ်နေ သည်ကို၎င်း ငါ့အားပြတော်မူ၏။
2Jehovha akati kuna Satani, Jehovha ngaakutuke, iwe Satani; zvirokwazvo, Jehovha, wakazvisanangurira Jerusaremu, ngaakutuke; ko ichi hachizi chitsiga chakabvutwa pamoto here?
2ထာဝရဘုရား၏ ကောင်းကင်တမန်ကလည်း၊ အိုစာတန်၊ ထာဝရဘုရားသည် သင့်ကို ဆုံးမတော်မူပါ စေသော။ ယေရုရှလင်မြို့ကို ရွေးချယ်ပြီးသော ထာဝရ ဘုရားသည် သင့်ကိုဆုံးမတော်မူပါစေသော။ ဤသူသည် မီးထဲက နှုတ်သော ထင်းစဖြစ်သည်မဟုတ်လောဟု စာ တန်အား ဆို၏။
3Zvino Joshua akanga akafuka nguvo dzine tsvina, amire pamberi pomutumwa.
3ယောရှုသည် ညစ်ညူးသော အဝတ်ကို ဝတ်လျက်၊ ကောင်းကင်တမန်ရှေ့မှာ ရပ်နေသည်ဖြစ်၍၊
4Akapindura, akataura navakanga vamire pamberi pake, achiti, Bvisai nguvo dzake dzine tsvina. Akati kwaari, Tarira, ndakabvisa zvakaipa zvako, ndichakupfekedza nguvo dzomutambo.
4ကောင်းကင်တမန်က၊ ညစ်ညူးသော အဝတ်ကို ချွတ်ပယ်ကြလော့ဟု မိမိရှေ့မှာ ရပ်နေသော အခြားသူတို့ အား ဆို၏။ ယောရှုအားလည်း၊ သင့်အပြစ်ကို ငါဖြေရှင်း ပြီ။ တင့်တယ်သော အဝတ်ကို ဝတ်စေမည်ဟု ဆို၏။
5Ini ndikati, Ngavamudzike ngowani yakachena pamusoro wake. Ipapo vakamudzika ngowani yakachena pamusoro wake, vakamupfekedza nguvo; zvino mutumwa waJehovha akanga amirepo.
5ငါကလည်း၊ စင်ကြယ်သော ပေါင်းကို သူ၏ ခေါင်းပေါ်မှာ တင်ကြစေဟု ဆိုသည်အတိုင်း၊ စင်ကြယ် သောပေါင်းကို သူ၏ခေါင်းပေါ်မှာ တင်၍ အဝတ်ကို ဝတ်စေကြ၏။ ထာဝရဘုရား၏ ကောင်းကင်တမန်သည် လည်း အနားမှာ ရပ်နေ၏။
6Mutumwa waJehovha akapupura kuna Joshua, achiti,
6တဖန် ထာဝရဘုရား၏ ကောင်းကင်တမန် သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အမိန့် တော်ကို ဆင့်ဆို၍ ယောရှုအား ပညတ်ထားသည်ကား၊
7Zvanzi naJehovha wehondo, Kana ukafamba nenzira dzangu, kana ukachengeta zvandakakuraira, ipapo uchatonga imba yangu, uye uchachengetawo mavazhe angu, ini ndichakupa mapindire pakati pavamire pano.
7သင်သည် ငါ့လမ်းသို့လိုက်၍ ငါ့ပညတ်တရားကို စောင့်ရှောက်လျှင်၊ ငါ့အိမ်ကို စီရင်ရသော အခွင့်၊ ငါ့ တန်တိုင်းတို့ကို စောင့်ရသောအခွင့်ရှိလိမ့်မည်။ ရှေ့တော် ၌ ရပ်နေသော သူအချို့တို့ကို၊ သင့်အား လမ်းပြရသော သူဖြစ်မည်အကြောင်း ငါခန့်ထားမည်။
8Zvino chinzwa iwe Joshua, mupristi mukuru, iwe neshamwari dzako dzigere pamberi pako; nekuti varume ava chiratidzo; nekuti tarirai, ndichauyisa muranda wangu, davi.
8အို ယဇ်ပုရောဟိတ်မင်းယောရှု၊ သင့်ရှေ့မှာနေ သော သင့်အပေါင်းအဘော်တို့နှင့်တကွ နားထောင် လော့။ သူတို့သည် နိမိတ်လက္ခဏာနှင့်ယှဉ်သော သူဖြစ် ကြ၏။ ငါ၏ကျွန်တည်းဟူသော အညွန့်ကို ငါပေါ်ထွန်း စေမည်။
9nekuti tarira ibwe randakaisa pamberi paJoshua; pabwe rimwe pana meso manomwe; tarirai, ndichatema runyoro rwaro ndizvo zvinotaura Jehovha wehondo ndichabvisa zvakaipa zvenyika iyo nezuva rimwe.
9ယောရှုရှေ့မှာ ငါထားသော ကျောက်ကို ကြည့် ရှုလော့။ ထိုကျောက်တခုကို မျက်စိခုနစ်လုံး ကြည့်ရှုလျက် ရှိလိမ့်မည်။ ထိုကျောက်ကိုလည်း ငါထုလုပ်မည်။ တနေ့ ခြင်းတွင် ဤပြည်၏အပြစ်ကို ငါပယ်ရှင်းမည်ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
10Nezuva iro ndizvo zvinotaura Jehovha wehondo muchadana, mumwe nomumwe wenyu shamwari yake agare pasi pomuzambiringa napasi pomuonde.
10ထိုနေ့၌ သင်တို့သည် မိမိတို့ အိမ်နီးချင်း တယောက်ကိုတယောက် စပျစ်ပင်အောက်၊ သင်္ဘော သဖန်းပင်အောက်သို့ ခေါ်ဘိတ်ကြလိမ့်မည်ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။