1 Waato kaŋ mo bo, alfaga beerey da arkusey da asariya dondonandikoy da Yahudancey arkusey marga kulu saaware. I na Yesu haw ka kond'a k'a no Bilatos* se.
1နံနက်အချိန်တွင် ယဇ်ပုရောဟိတ်အကြီးတို့သည် မဆိုင်းမလင့်ဘဲ လူအကြီးအကဲ၊ ကျမ်းပြုဆရာ၊ လွှတ်အရာရှိအပေါင်းတို့နှင့် တိုင်ပင်ခြင်းကိုပြု၍၊ ယေရှုကိုချည်နှောင်ပြီးလျှင်၊ ပိလတ်မင်းထံသို့ ဆောင်သွား၍ အပ်လိုက်ကြ၏။
2 Bilatos mo n'a hã ka ne: «Ni ya Yahudancey bonkoono no?» A tu ka ne Bilatos se: «Mate kaŋ ni ci no.»
2ပိလတ်မင်းက၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟု ကိုယ်တော်ကိုမေးလျှင်၊ မင်းကြီးမေးသည် အတိုင်းမှန်သည်ဟု မိန့်တော်မူ၏။
3 Alfaga beerey kand'a kalima nda hari boobo.
3ယဇ်ပုရောဟိတ်မင်းကြီးတို့သည် များစွာသောအပြစ်ကိုတင်ကြ၏။
4 Bilatos ye k'a hã ka ne: «Ni si tu da hay kulu no? Guna hari boobo kaŋ i goono ga ni kalima nd'a.»
4တဖန်ပိလတ်မင်းက၊ သင်သည် တခွန်းကိုမျှပြန်၍ မပြောသလောက်။ သင့်တဘက်၌ အဘယ်မျှ လောက် သက်သေခံကြသည်ကို ကြည့်ပါဟု မေးမြန်းပြောဆိုသော်လည်း၊
5 Amma Yesu mana tonton ka tu da hay kulu, kala Bilatos dambara.
5စကားတခွန်းကိုမျှပြန်တော်မမူသည်ကို ပိလတ်မင်းသည် အံ့ဩလေ၏။
6 Paska* batu kulu gaa Bilatos doona ka kas'ize fo taŋ i se, nga din kaŋ borey ga ŋwaaray a gaa.
6ထိုပွဲ၌ မြို့ဝန်မင်းသည် အကျဉ်းထားသောသူတို့တွင်၊ လူများတောင်းသော သူတယောက်ယောက်ကို လွှတ်တတ်၏။
7 Boro fo go no kaŋ se i ga ne Barabbas, kaŋ i n'a haw borey kaŋ murte banda, murteyaŋo ra mo i na boro fooyaŋ wi.
7ထိုအခါ ပုန်ကန်၍ လူအသက်ကိုသတ်သော အပြစ်သင့်သော ဗာရဗ္ဗအမည်ရှိသော သူတယောက် သည်၊ ပုန်ကန်သောအပေါင်းဘော်တို့နှင့်တကွ အကျဉ်းခံလျက်ရှိ၏။
8 Borey marga koy Bilatos do ka soobay k'a ŋwaaray a ma te mate kaŋ cine a doona ka te i se.
8လူအပေါင်းတို့သည် မိမိတို့အား ပြုမြဲပြုပါမည်အကြောင်း အော်ဟစ်၍ တောင်းပန်သောအခါ၊
9 Bilatos tu i se ka ne: «Araŋ ga ba ay ma Yahudancey bonkoono taŋ araŋ se, wala?»
9ပိလတ်မင်းက၊ သင်တို့သည် ယုဒရှင်ဘုရင်ကို လွှတ်စေချင်သလောဟု ပြန်၍မေး၏။
10 Zama a bay kaŋ canse sabbay se no alfaga beerey na Yesu nooyandi.
10အဘယ်ကြောင့် ဤသို့မေးသနည်းဟူမူကား၊ ယဇ်ပုရောဟိတ်အကြီးတို့သည် မနာလိုသောစိတ်နှင့် ယေရှုကိုအပ်နှံကြောင်းကိုသိ၏။
11 Amma alfaga beerey na borey marga zukku hal i ma ne a ma Barabbas taŋ ngey se.
11ပိလတ်မင်းသည် ယေရှုကိုမလွှတ်၊ ဗာရဗ္ဗကို လွှတ်စေခြင်းငှါ ယဇ်ပုရောဟိတ်အကြီးတို့သည် လူအစု အဝေးကို နှိုးဆော်ကြ၏။
12 Bilatos ye ka tu ka ne i se koyne: «Day, ifo no ay ga te da boro kaŋ se araŋ ga ne Yahudancey bonkoono?»
12တဖန်ပိလတ်မင်းက၊ ယုဒရှင်ဘုရင်ဟု သင်တို့ခေါ်ဝေါ်သောသူကိုအဘယ်သို့ပြုရမည်နည်းဟု မေးမြန်း သော်၊
13 I kuuwa koyne ka ne: «A kanji*!»
13ထိုသူအပေါင်းတို့က၊ သူ့ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု ဟစ်ကြ၏။
14 Bilatos ne i se: «Ifo se? Hari laalo woofo no a te?» Amma i kaati ka tonton ka ne: «A kanji!»
14ပိလတ်မင်းကလည်း၊ အဘယ်ကြောင့်နည်း၊ အဘယ်အပြစ်ကို ပြုဘိသနည်းဟု မေးလျှင်၊ ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု လူများတို့သည် သာ၍ ဟစ်ကြ၏။
15 Za kaŋ Bilatos ga ba nga ma te haŋ kaŋ ga kaanu marga borey se, kal a na Barabbas taŋ i se ka Yesu barzu k'a no i m'a kanji.
15ပိလတ်မင်းသည်လည်း လူများတို့၏စိတ်ကို ပြေစေခြင်းငှါ အလိုရှိ၍၊ ဗာရဗ္ဗကို သူတို့အား လွှတ်လေ ၏။ ယေရှုကိုကား၊ ရိုက်ပြီးလျှင် လက်ဝါးကပ်တိုင်မှာ သတ်စေခြင်းငှါ အပ်လိုက်လေ၏။
16 Romey soojey jama konda Yesu faada ra, nango kaŋ se i ga ne Preytoriyum, _sanda dabarikoono windi nooya_. I na soojey jama ce ka margu.
16ထိုအခါစစ်သူရဲတို့သည် ကိုယ်တော်ကို ပြဲတောရိရုံးတည်းဟူသော အိမ်တော်ဦးအတွင်းသို့ ဆောင် သွား၍၊ စစ်သူရဲတတပ်လုံးကို စုရုံးစေပြီးမှ၊ ကိုယ်တော်အား နီမောင်းသောအဝတ်ကိုဝတ်စေ၍၊
17 I na kwaay ciray daŋ Yesu gaa ka karji boŋtobay handam ka dake a boŋo boŋ.
17ဆူးပင်နှင့်ရက်သော ဦးရစ်ကိုတင်ပြီးလျှင်၊
18 I soobay k'a fo ka ne: «Fofo, Yahudancey bonkoono!»
18ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟု ကောင်းကြီးစကားကို ပြောကြ၏။
19 I n'a kar boŋo ra nda kwaari ka tuf'a gaa. I soobay ka sumbal ka sombu a jine.
19ခေါင်းတော်ကို ကျူးလုံးနှင့် ရိုက်ခြင်း၊ တံထွေးနှင့်ထွေးခြင်း၊ ရှေ့တော်မှာ ဒူးထောက်၍ ပြပ်ဝပ်ခြင်း ကိုလည်း ပြုကြ၏။
20 Waato kaŋ i n'a hahaara ka ban, i na kwaay mono kaa a gaa k'a bankaara daŋ a gaa. I kond'a zama ngey m'a kanji se.
20ထိုသို့ ကိုယ်တော်ကို ပြက်ယယ်ပြုသည်နောက်၊ နီမောင်းသောအဝတ်ကိုချွတ်၍ အဝတ်တော်ကို ဝတ် ပြန်စေပြီးလျှင်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းငှါ ထုတ်သွားကြ၏။
21 Fonda ra i kubanda Kayrawa kwaara boro fo kaŋ maa Siman, Iskandari nda Rufus baaba no. A goono ga fun saajo ra. I n'a tilasandi a ma koy ngey banda ka Yesu kanjiyaŋ bundo jare.
21အာလေဇန္ဒြုနှင့် ရုဖု၏ အဘရှိမုန်အမည်ရှိသော ကုရေနေပြည်သားတယောက်သည်၊ တောရွာမှ လာ၍ လမ်း၌သွားသည်ကို သူတို့သည်တွေ့လျှင်၊ အနိုင်ပြု၍ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ၏။
22 I kande Yesu nangu fo kaŋ se i ga ne Golgota, sanda a feerijo ga ti Boŋ Kurubu Nangu nooya.
22ဦးခေါင်းခွံအရပ်ဟု ဆိုလိုသော ဂေါသဂေါသ အရပ်သို့ ကိုယ်တော်ကို ဆောင်သွားပြီးမှ၊
23 I n'a no duvan* margante nda zawul* safari. Amma Yesu man'a ta.
23မုရန်နှင့်ရောသော စပျစ်ရည်ကို၊ ကိုယ်တော်အား သောက်စိမ့်သောငှါ ပေးလျှင် မခံဘဲ နေတော်မူ၏။
24 I n'a kanji k'a bankaarayey fay-fay kurne catuyaŋ boŋ ka di haŋ kaŋ boro kulu ga du.
24လက်ဝါးကပ်တိုင်မှာ ရိုက်ထားပြီးလျှင်၊ အဝတ်တော်ကို စားရေးတံချ၍ အသီးအသီးတို့အား ဝေဖန် ကြ၏။
25 A to guuru yagga cine kaŋ gaa i n'a kanji.
25ကိုယ်တော်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ကြသောအချိန်ကား၊ နံနက်တချက်တည်းအချိန်ဖြစ်သတည်း။
26 A kalima kaŋ i hantum ka daŋ beene neeya: YAHUDANCEY BONKOONO.
26အပြစ်ဘော်ပြသော ကမ္ဗည်းလိပ်စာချက်ဟူမူကား၊ ယုဒရှင်ဘုရင်ဟု ရေးထားသတည်း။
27 I na komko hinka kanji Yesu banda mo, afa a kambe ŋwaaro gaa, afa mo a kambe wow gaa.
27ကိုယ်တော်နှင့်တကွ ထားပြနှစ်ယောက်တို့ကို လက်ျားတော်ဘက်၌တယောက်၊ လက်ဝဲတော်ဘက်၌ တယောက်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။
28 Yaadin no i na annabitaray toonandi nd'a kaŋ ne: «I n'a lasaabu taali-teerey banda.»
28ထိုသို့ မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်း သို့ရောက်သည်ဟုဆိုသော ကျမ်းစာချက်သည် ပြည့်စုံခြင်းသို့ ရောက်သတည်း။
29 Borey kaŋ yaŋ goono ga bisa n'a kayna, ka ngey boŋey zinji ka ne: «Ahãa, nin kaŋ ga Irikoy fuwo zeeri ka ye k'a cina jirbi hinza nda care game ra!
29လမ်းမှာသွားသောသူတို့ကလည်း၊ ဟဲ့၊ ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်းတွင် တည်ဆောက် ပြန်သောသူ၊
30 Ma ni boŋ faaba me, ka zumbu kanjiyaŋ bundo wo gaa!»
30ကိုယ်ကိုကိုယ်ကယ်တင်လော့။ လက်ဝါးကပ်တိုင်မှ ဆင်းလော့ဟု မိမိတို့ခေါင်းကိုညှိတ်၍ ကဲ့ရဲ့သော စကားနှင့် ပြောဆိုကြ၏။
31 Yaadin mo no alfaga beerey da asariya dondonandikoy goono g'a hahaara ngey game ra ka ne: «A na boro fooyaŋ faaba, amma a si hin ka nga boŋ faaba.
31ထိုနည်းတူ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့က၊ ဤသူသည် သူတပါးတို့ကို ကယ်တင်တတ် ၏။ ကိုယ်ကိုမကယ်တင်နိုင်ပါတကား။
32 Wa naŋ Almasihu, Israyla Bonkoono ma zumbu me kanjiyaŋ bundo gaa sohõ, hal iri ma di ka cimandi.» Borey kaŋ yaŋ i kanji a banda n'a jance mo.
32ငါတို့မြင်၍ ယုံကြည်စေခြင်းငှါ၊ ဣသရေလရှင်ဘုရင် တည်းဟူသော ခရစ်တော်သည် လက်ဝါးကပ် တိုင်မှ ယခုဆင်းပါလော့ဟု အချင်းချင်းပြက်ယယ်ပြု၍ ပြောဆိုကြ၏။ ကိုယ်တော်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောသူတို့သည်လည်း ကဲ့ရဲ့ပြစ်တင်ကြ၏။
33 Waato kaŋ zaari guuru way cindi hinka to, kubay na laabu kulu daabu hala wiciri kambu guuru hinza.
33မွန်းတည့်အချိန်မှစ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတပြင်လုံး၌ မှောင်မိုက်အတိဖြစ်လေ၏။
34 Waato kaŋ guuru hinza to, Yesu ce nda jinde beeri ka ne: «Eli, Eli, lama sabaktani!» (sanda a feerijo ga ti: «Ya ay Irikoyo, ay Irikoyo, ifo se no ni n'ay furu?»)
34သုံးချက်တီးအချိန်၌ ယေရှုက၊ ဧလိ၊ ဧလိ၊ လာမရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော်တော် မူ၏။ အနက်ကား၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကိုစွန့်ပစ်တော်မူသနည်းဟု ဆို လိုသတည်း။
35 I ra boro fooyaŋ kaŋ goono ga kay noodin, waato kaŋ i maa woodin, i ne: «Wa maa, Iliya no a goono ga ce.»
35အနား၌ရပ်နေသော သူအချို့တို့သည်ကြားလျှင်၊ သူသည်ဧလိယကို ခေါ်သည်ဟုဆိုကြ၏။
36 Boro fo mo zuru ka koy ka zaara-zaara fo toonandi nda hari mooro k'a dake kwaari boŋ k'a no Yesu se a ma haŋ. A ne: «Wa naŋ, iri ma di hal Iliya ga kaa k'a zumandi.»
36လူတယောက်သည် ပြေး၍ရေမှိုတထွေးကို ပုံရည်နှင့် ပြည့်စေပြီးလျှင်၊ ကျူးလုံးဖျား၌တပ်၍ ကိုယ် တော်အား သောက်စိမ့်သောငှါ ပေးလျက်၊ ရှိစေတော့။ ဧလိယသည် သူ့ကိုချယူခြင်းငှါ လာမည်မလာမည်ကို ကြည့်ကြကုန်အံ့ဟုဆို၏။
37 Yesu mo na nga jinde sambu nda gaabi koyne, ka nga fundo taŋ.
37ယေရှုသည်ကြီးသောအသံနှင့် ကြွေးကြော်၍ အသက်ချုပ်တော်မူ၏။
38 Irikoy fuwo kosaray* taafa mo kortu ka fay ihinka za beene kala ganda.
38ထိုအခါ ဗိမာန်တော်၏ ကုလားကာသည် အထက်စွန်းမှအောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။
39 Waato kaŋ sooje jine funa kaŋ goono ga kay Yesu jine di mate kaŋ Yesu na nga fundo taŋ d'a, a ne: «Haciika, boro wo Irikoy Ize no.»
39ထိုသို့ကြွေးကြော်၍ အသက်ချုပ်တော်မူကြောင်းကို ရှေ့တော်၌ရပ်နေသော တပ်မှူးသည်မြင်လျှင်၊ စင်စစ် ဤသူသည် ဘုရားသခင်၏သားတော်မှန်ပေ၏ဟုဆို၏။
40 Wayboro fooyaŋ mo goono ga fonnay hala nangu mooro. I ra Maryama Magdaliya bora go no, da Maryama, Yakuba kayne da Yosi nya, da Salome mo.
40မိန်းမအချို့တို့သည်လည် ထိုအရပ်၌ အဝေးကကြည့်ရှု၍ နေကြ၏။
41 Waato kaŋ Yesu go Galili ra, woodin yaŋ n'a gana ka saajaw a se. Wayboro fooyaŋ, ngey boro boobo kaŋ kaa Urusalima a banda, go noodin.
41ထိုမိန်းမတို့တွင် ကိုယ်တော်သည် ဂါလိလဲပြည်မှာ ရှိတော်မူစဉ်၊ နောက်တော်သို့ အလုပ်အကျွေးလိုက် သော မာဂဒလမာရိ၊ ယာကုပ်ငယ်နှင့်ယောသ၏ အမိဖြစ်သော မာရိနှင့်ရှာလုံတို့မှစ၍ နောက်တော်၌ ယေရုရှ လင်မြို့သို့ လိုက်လာသောအခြားမိန်းမများလည်း ပါကြသတည်း။
42 Wiciri kambo to, zama bato soolayaŋ zaaro hane no, a suba mo asibti zaaro no,
42ထိုနေ့ကား အဘိတ်နေ့တည်းဟူသော ပရက္ကဲနေ့ဖြစ်သောကြောင့် ညအချိန်ရောက်မှ၊
43 kala Yusufu, Arimatiya bora kaa. Nga wo boro beeri no saaware marga ra, nga bumbo goono ga Irikoy koytara hangan mo. A koy Bilatos do da bine-gaabi ka Yesu gaahamo ŋwaaray.
43အသရေရှိသော လွှတ်အရာရှိ၊ အရိမသဲမြို့သား ယောသပ်သည်၊ ဘုရားသခင်၏နိုင်ငံတော်ကို မြော် လင့်သောသူဖြစ်သည်နှင့်၊ ပိမလတ်မင်းထံသို့ ရဲရင့်စွာဝင်၍ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။
44 Bilatos mo goono ga dambara hala Yesu bu wala a mana bu jina. A na sooje jine funa ce k'a hã hala a gay da buuyaŋ.
44ယေရှုသည်ယခုပင်သေသည်ကို ပိလတ်မင်းသည် အံ့ဩခြင်းရှိသဖြင့် တပ်မှူးကိုခေါ်၍၊ သေသည် ကား ကြာပြီလောဟုမေး၏။
45 Waato kaŋ a maa baaru sooje jine funa do, a yadda Yusufu se a ma Yesu gaahamo sambu.
45သေကြောင်းကို တပ်မှူးစကားဖြင့်သိလျှင်၊ အလောင်းတော်ကို ယောသပ်အားအပ်ပေး၏။
46 Nga mo na lin* koko fo day ka Yesu zumandi k'a sutura ka daŋ saaray fo ra kaŋ i fansi tondi ra. A na tondi fo mo gunguray ka saara me daabu nd'a.
46ယောသပ်သည် ကိုယ်တော်ကိုချ၍၊ မိမိဝယ်ခဲ့သော ပိတ်ချောနှင့်ပတ်ရစ်ပြီးလျှင်၊ ကျောက်၌ထွင်းသော သင်္ချိုင်းတွင်းထဲမှာထား၍ တွင်း၌ ကျောက်ကိုလှိမ့်ထားလေ၏။
47 Maryama Magdaliya bora, da Maryama Yosi nya di nango kaŋ i n'a Yesu gaahamo jisi.
47မာဂဒလမာရိ၊ ယောသေ၏ အမိဖြစ်သောမာရိတို့သည် အလောင်းတော်ထားရာအရပ်သို့ ကြည့်ရှု ကြ၏။