1 Ay izey, wa maa baaba lordi*. Wa hangan zama araŋ ma fahamay bay.
1ငါ့သားတို့၊ အဘ၏နည်းဥပဒေသကို နားထောင်၍၊ ဥာဏ်သဘောကို နားလည်ခြင်းငှါ စေ့စေ့မှတ် ကြလော့။
2 Zama dondonandiyaŋ hanno no ay g'araŋ no. Araŋ ma si fay d'ay lordey.
2ကောင်းသောဩဝါဒကို ငါပေး၏။ ငါ့ပညတ် တရားကို မပယ်ကြနှင့်။
3 Zama waato ay ya ize no kaŋ ga maa ay baaba se, Ize kwaaso mo ay nya se.
3ငါမူကား၊ အဘ၏ရင်နှစ်၊ အမိရှေ့မှာနူးညံ့၍ အချစ်ဆုံးသော သားဖြစ်၏။
4 Ay baaba n'ay dondonandi mo. A ne ay se: «Ni bina m'ay sanney wo gaay. Ni m'ay lordey gana, ka funa.»
4ငါ့အဘသွန်သင်၍မြွက်ဆိုလေသည်ကား၊ ငါ့စကားကို သင်၏နှလုံး၌ သွင်းမိ၍၊ ငါ့ပညတ်တို့ကို ကျင့်စောင့်သဖြင့် အသက်ရှင်လော့။
5 Ma du laakal. Ma du fahamay. Ma si diny'a. Ma si fay d'ay me sanney ganayaŋ.
5ပညာကိုဆည်းဖူးလော့။ ဥာဏ်ကို ဆည်းဖူး လော့။ သတိမလစ်စေနှင့်။ ငါ၏နှုတ်ထွက်စကားကို မလွှဲမရှောင်နှင့်။
6 Ma s'a furu, nga mo ga ni hallasi. Ni ma ba r'a, nga mo ga ni haggoy.
6ပညာကိုမစွန့်နှင့်။ သူသည်သင့်ကို ထိန်းသိမ်း လိမ့်မည်။ သူ့ကိုချစ်လော့။ သင့်ကို စောင့်မလိမ့်မည်။
7 Laakal, nga no ga bisa hay kulu, Ma du laakal binde. Oho me, A banda da ni jin ka du a, ma du fahamay.
7ပညာသည် အမြတ်ဆုံးသောအရာဖြစ်၏။ ပညာကိုဆည်းဖူးလော့။ ဆည်းဖူးသမျှသောဥစ္စာတို့တွင် ဥာဏ်ကိုဆည်းဖူးလော့။
8 M'a beerandi, a ga ni daŋ jina. A ga ni no darza waato kaŋ ni n'a ganday.
8သူ့ကိုအမြတ်ထားလော့။ သူသည် သင့်ကို ချီးမြှောက်လိမ့်မည်။ သူ့ကိုဘက်ယမ်းလျှင်၊ ဂုဏ်အသရေ ကို ပေးလိမ့်မည်။
9 A ga te ni se gomni taalam ni boŋo gaa. A ga ni no koytaray fuula darzakoy.
9သင်၏ခေါင်းကို တင့်တယ်သောဦးရစ်နှင့် ပတ်ရစ်၍၊ ဘုန်းကြီးသောသရဖူကို အပ်နှံလိမ့်မည်။
10 Ya ay izo, ma maa k'ay sanney ta, Ni fundo mo ga te aloomar.
10ငါ့သား၊ ငါ့စကားကိုနားထောင်နာယူလော့။ သို့ပြုလျှင်၊ သင့်အသက် နှစ်ပေါင်းများလိမ့်မည်။
11 Ay na ni dondonandi laakal fondo ra. Ay na ni daŋ sasabandiyaŋ laawaley ra.
11ပညာလမ်းကိုငါပြသ၍၊ မှန်သောလမ်းခရီးတို့၌ သင့်ကိုငါပို့ဆောင်၏။
12 Da ni ga dira, ni ce daara si kankam, Da ni ga zuru mo, ni si kati.
12ရှောက်သွားလျှင် ကျဉ်းမြောင်းရာသို့မရောက်၊ ပြေးသောအခါ တိုက်မိ၍မလဲရ။
13 Ma gaabandi dondonandiyaŋ gaa hala a ma boori, Ma s'a taŋ, m'a haggoy, zama ni fundi nooya.
13ဥပဒေသကိုကိုင်ဆွဲလော့။ မလွှတ်နှင့်။ စောင့်ထား လော့။ အသက်ရှင်ခြင်း၏အကြောင်းဖြစ်၏။
14 Ma si furo boro yaamey laawalo ra, Ma si dira boro laaley fonda ra.
14အဓမ္မလူတို့ လမ်းထဲသို့မဝင်နှင့်။ ဆိုးယုတ် သောသူတို့နှင့်အတူ မလိုက်နှင့်။
15 Ma hibi ka fun a gaa, ma si gana noodin. Ni ma boŋ bare a gaa ka bisa.
15သူတို့လမ်းကိုကြဉ်ရှောင်လော့။ လိုက်မသွားနှင့်။ လွှဲ၍သွားလော့။
16 Zama i si jirbi kala nd'i na hasaraw te jina. I ga te mo fasiya mo, Kala nd'i naŋ boro fo ma kati jina.
16သူတို့သည်သူတပါး၌ အပြစ်မပြုရလျှင် မအိပ် တတ်။ တစုံတယောက်သော သူကိုမလဲစေလျှင် အိပ်၍ မပျော်တတ်။
17 Zama laala ŋwaari no i ga ŋwa. I goono ga toonye baji haŋ.
17ဒုစရိုက်နှင့်ဆိုင်သောမုန့်ကိုစား၍ ညှဉ်းဆဲခြင်း နှင့်ဆိုင်သော စပျစ်ရည်ကို သောက်တတ်ကြ၏။
18 Amma adilante fonda ga hima mo boyaŋ cine, Kaŋ ga kaari kayna-kayna kala zaaro ma to.
18ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သော အာရုဏ်ကဲ့သို့ဖြစ်၍၊ နေထွက်သည်တိုင်အောင် တိုးပွါး ထွန်းလင်းတတ်၏။
19 Boro laaley fonda ga hima kubay, I si bay haŋ kaŋ gaa no i ga kati.
19မတရားသောသူတို့၏လမ်းမူကား၊ မှောင်မိုက် ကဲ့သို့ဖြစ်၍၊ သူတို့သည် လဲသောအခါ၊ အဘယ်အရာကို တိုက်မိသည်ဟု မသိရကြ။
20 Ay izo, ma hangan ay sanney se, Ma ni hanga jeeri ay deda se.
20ငါ့သား၊ ငါ့စကားကိုနားထောင်လော့။ ငါ ဟောပြောချက်တို့ကို နားသွင်းလော့။
21 I ma si gana ni jine, Ma haggoy d'ey ni bina bindo ra.
21သင့်မျက်မှောက်မှ မကွာစေနှင့်။ နှလုံးတွင်း၌ စောင့်ထားလော့။
22 Zama fundi no borey kaŋ ga du ey se, Baani no mo i gaahamey kulu se.
22အကြောင်းမူကား၊ ထိုတရားစကားကို တွေ့ရ သောသူတို့သည် အသက်ရှင်ခြင်း၊ တကိုယ်လုံးကျန်းမာ ခြင်းအကြောင်းကို တွေ့ရပြီ။
23 Ma ni bina haggoy ka bisa hay kulu kaŋ ni ga haggoy, Zama a ra no fundi fondoyaŋ ga fun.
23နှလုံးသည်အသက်၏အခြေအမြစ် ဖြစ်သော ကြောင့်၊ သင်၏နှလုံးကို အထူးသဖြင့်စောင့်ရှောက်လော့။
24 Ma me-ka-say ganandi ka kaa ni gaa. Meyey kaŋ yaŋ ga sanni yaamo ci ma moor'ey.
24ကောက်သောစကားတို့ကို၎င်း၊ ငြင်းဆန်တတ် သော နှုတ်ခမ်းတို့ကို၎င်း ဝေးစွာ ပယ်ရှောင်လော့။
25 Ni moy ma guna jina, Ni mo-kuurey mo ma jina guna.
25သင်၏မျက်စိသည် ရှေ့ရှုကြည့်၍၊ မျက်ခမ်းတို့ သည် တည့်တည့်အာရုံပြုစေလော့။
26 Ma ni cey laawalo sasabandi, Ni fondey kulu mo ga tabbat.
26သင်သွားရာလမ်းကို စူးစမ်း၍၊ သွားလေ ရာရာ၌ တည်ကြည်ခြင်းရှိစေလော့။
27 Ma si kamba kambe ŋwaari wala kambe wow haray, Ma ni ce ganandi ka fun laala do.
27လက်ျာဘက်၊လက်ဝဲဘက်သို့ မတိမ်းမလွှဲနှင့်။ ဒုစရိုက်ပြုရာ လမ်းကိုရှောင်လော့။