Zarma

Myanmar

Psalms

118

1 Wa saabu Rabbi se, zama nga wo booriyankoy no. Zama a baakasinay suujo ga tondo hal abada.
1ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲ တည်သောကြောင့်၊ ဂုဏ်ကျေးဇူး တော်ကို ချီးမွမ်းကြလော့။
2 Israyla ma ne: «A baakasinay suujo ga tondo hal abada.»
2ကရုဏာတော် အစဉ်အမြဲတည်သည်ဟု ဣသ ရေလအမျိုး ဝန်ခံစေ။
3 Haruna kunda ma ne: «A baakasinay suujo ga tondo hal abada.»
3ကရုဏာတော် အစဉ်အမြဲတည်သည်ဟု အာရုန် အနွှယ် ဝန်ခံစေ။
4 Borey kaŋ yaŋ ga humburu Rabbi ma ne: «A baakasinay suujo ga tondo hal abada.»
4ကရုဏာတော် အစဉ်အမြဲတည်သည်ဟု ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့သည် ဝန်ခံကြ စေ။
5 Ay taabo ra ay na Rabbi ce. Rabbi tu ay se k'ay jisi nangu yulwante ra.
5ငါသည် ကျဉ်းမြောင်းရာထဲက ထာဝရဘုရားကို ခေါ်၍၊ ထာဝရဘုရားသည် ကျယ်ဝန်းသော အရပ်ထဲသို့ သွင်းတော်မူ၏။
6 Rabbi go ay do haray, ay si humburu. Ifo no Adam-ize ga hin ka te ay se?
6ထာဝရဘုရားသည် ငါ့ဘက်မှာ ရှိတော်မူသည် ဖြစ်၍ ကြောက်စရာမရှိ။ လူသည် ငါ၌ အဘယ်သို့ ပြုနိုင်သနည်း။
7 Rabbi go ay do haray, A go borey kaŋ yaŋ g'ay gaakasinay ra. Woodin se no ay ga di ay muraadey feeri ay konnakoy boŋ.
7ထာဝရဘုရားသည် ငါ့ဘက်၌ မစတော်မူသည် ဖြစ်၍၊ ငါ့ကို မုန်းသောသူတို့၌ ငါ့အလိုပြည့်စုံလိမ့်မည်။
8 Ni ma koru Rabbi do bisa ni ma naanay boro gaa.
8ထာဝရဘုရား၌ ခိုလှုံခြင်းသည်၊ လူကို ကိုးစား ခြင်းထက် သာ၍ ကောင်း၏။
9 Ni ma koru Rabbi do bisa ni ma naanay bonkooney gaa.
9ထာဝရဘုရား၌ ခိုလှုံခြင်းသည် မင်းကို ကိုးစား ခြင်းထက် သာ၍ကောင်း၏။
10 Ndunnya dumey kulu n'ay windi. Daahir no Rabbi maa ra no ay g'i pati-pati.
10လူမျိုးအပေါင်းတို့သည် ငါ့ကိုဝိုင်းကြသော်လည်း၊ ထာဝရဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ် ရ၏။
11 I n'ay windi, oho, i n'ay windi. Daahir no Rabbi maa ra no ay g'i pati-pati.
11ငါ့ကိုဝိုင်းကြ၏။ ဝိုင်းကြသော်လည်း၊ ထာဝရ ဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏။
12 I n'ay windi sanda yu beeri hamni cine, I danjo ga tara ka bu sanda karji gaa danji. Daahir Rabbi maa ra no ay g'i pati-pati.
12ပျားများကဲ့သို့ ငါ့ကိုဝိုင်း၍ အုံကြသော်လည်း၊ ဆူးပင်ကို လောင်သော မီးကဲ့သို့ ငြိမ်းကြ၏။ ထာဝရ ဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏။
13 Araŋ n'ay kar da gaabi hal ay ma kaŋ, Amma Rabbi n'ay gaa.
13သင်သည် ငါ့ကိုလှဲခြင်းငှါ ပြင်းထန်စွာ တွန်း သော်လည်း၊ ထာဝရဘုရားသည် ငါ့ကိုမစတော်မူ၏။
14 Rabbi no ga ti ay gaabo d'ay bayto. Nga mo no ka ciya ay faaba.
14ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိ၊ ငါသီချင်း ဆိုရာအကြောင်း၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း ဖြစ်တော်မူ၏။
15 Farhã da faaba jinde go adilantey bukkey ra. Rabbi kambe ŋwaari ga yaarutaray te.
15ဖြောင့်မတ်သော သူတို့၏ နေရာ၌ ဝမ်းမြောက် ခြင်းအသံနှင့် ကယ်တင်ခြင်းအသံရှိ၏။ ထာဝရဘုရား၏ လက်ျာလက်တော်သည် ကြီးသောအမှုကိုပြု၏။
16 Rabbi kambe ŋwaari ga beeri. Rabbi kambe ŋwaaro ga yaarutaray te.
16ထာဝရဘုရား၏ လက်ျာလက်တော်သည် ချီးမြှင့်လျက်ရှိ၏။ ထာဝရဘုရား၏ လက်ျာလက်တော် သည် ကြီးသောအမှုကိုပြု၏။
17 Ay si bu bo. Fundi n'ay ga te ka Rabbi goyey dede.
17ငါမသေရသေး။ အသက်ရှင်၍ ထာဝရဘုရား ၏ အမှုတော်တို့ကို ကြားပြောရဦးမည်။
18 Rabbi n'ay gooji nda dungay, Amma a man'ay nooyandi buuyaŋ se.
18ထာဝရဘုရားသည် ငါ့ကိုကျပ်တည်းစွာ ဆုံးမ သော်လည်း၊ သေခြင်း၌ အပ်တော်မမူသေး။
19 Ma adilitaray windi meyey fiti ay se. Ay ga furo i do, ay ga saabu Rabbi se mo.
19ဖြောင့်မတ်ခြင်းတံခါးတို့ကို ငါ့အားဖွင့်ကြ။ ငါဝင်၍ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းရမည်။
20 Woone no ga ti Rabbi windi meyo, Adilantey no ga furo a gaa.
20ဤတံခါးသည် ထာဝရဘုရား၏ တံခါးဖြစ်၏။ ဖြောင့်မတ်သော သူတို့သည် ဝင်ရကြ၏။
21 Ay ga saabu ni se, zama ni tu ay se, Ni ciya ay faaba mo.
21ကိုယ်တော်ကို အကျွန်ုပ် ချီးမွမ်းပါမည်။အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်၏ စကား ကို နားထောင်၍၊ အကျွန်ုပ်ကို ကယ်တင်တော်မူ၏။
22 Tondo kaŋ cinakoy wangu, Nga no ciya cinaro boŋo.
22တိုက်ကို တည်လုပ်သော သူများပယ်ထားသော ကျောက်သည် နောက်တဖန် တိုက်ထောင့်အထွဋ်ဖျားသို့ ရောက်ပြန်၏။
23 Woodin ya Rabbi te-goy no, Dambara hari mo no iri diyaŋ gaa.
23ထိုအမှုသည် ထာဝရဘုရားပြုတော်မူသော အမှုဖြစ်၏။ ငါတို့ မျက်မှောက်၌လည်း အံ့ဩဘွယ်ဖြစ်၏။
24 Zaaro neeya kaŋ Rabbi te. Iri ma farhã, iri ma te bine kaani a ra.
24ဤနေ့ရက်သည် ထာဝရဘုရားစီရင်တော်မူ သော နေ့ရက်ဖြစ်၍၊ ယနေ့ဝမ်းမြောက် ရွှင်လန်းကြ ကုန်အံ့။
25 Ya Rabbi, ay goono ga ni ŋwaaray no, ma faaba! Ya Rabbi, ay goono ga ni ŋwaaray no, Ma albarka daŋ!
25အို ထာဝရဘုရား၊ ကယ်တင်တော်မူပါဟု တောင်းပန်ပါ၏။ အို ထာဝရဘုရား၊ ကောင်းကြီးမင်္ဂာကို ပေးတော်မူပါဟု တောင်းပန်ပါ၏။
26 Albarkante no nga kaŋ goono ga kaa Rabbi maa ra, Rabbi fuwo ra no iri na albarka gaara araŋ se.
26ထာဝရဘုရား၏အခွင့်နှင့် ကြွလာသောသူ သည် မင်္ဂလာရှိစေသတည်း။ ထာဝရဘုရား၏ အိမ်တော် ထဲက အကျွန်ုပ်တို့သည် ကိုယ်တော်ကို ကောင်းကြီး ပေးကြပါ၏။
27 Rabbi no ga ti Irikoy, a na iri no annura mo. Wa sarga haw feema hilley gaa da korfoyaŋ.
27ထာဝရဘုရားသည် ဘုရားသခင်ဖြစ်၍၊ ငါတို့၌ ရောင်ခြည်တော်ကို လွှတ်တော်မူ၏။ ယဇ်တင်ရန် အကောင်ကို ယဇ်ပလ္လင်ဦးချို၌ ကြိုးနှင့် ချည်ကြလော့။
28 Nin no ga ti ay Irikoyo, ay ga saabu ni se mo. Nin no ga ti ay Irikoyo, ay ga ni beerandi.
28ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားဖြစ်တော်မူ ၍၊ ကိုယ်တော်ကို ချီးမွမ်းပါမည်။ အကျွန်ုပ်၏ဘုရား ဖြစ်တော်မူ၍၊ ကိုယ်တော်ကို ချီးမြှောက်ပါမည်။
29 Wa saabu Rabbi se, zama nga wo booriyankoy no, Zama a baakasinay suujo ga tondo hal abada.
29ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။