1Davut kendisine Davut Kentinde evler yaptı. Ardından Tanrının Antlaşma Sandığı için bir yer hazırlayıp çadır kurdu.
1ထိုနောက်ဒါဝိဒ်မြို့၌ အိမ်တော်တို့ကို ဆောက် တော်မူ၏။ ဘုရားသခင်၏ သေတ္တာတော်ဌာနကို ပြင်၍ တဲတော်ကိုလည်း တည်တော်မူပြီးမှ၊
2Sonra, ‹‹Tanrının Antlaşma Sandığını yalnız Levililer taşıyacak›› dedi, ‹‹Çünkü sandığı taşımak ve sonsuza dek kendisine hizmet etmek için RAB Levilileri seçti.››
2ဒါဝိဒ်က၊ ဘုရားသခင်၏ သေတ္တာတော်ကို ထမ်း၍ ရှေ့တော်၌ အမှုတော်ကို အစဉ်စောင့်စေခြင်းငှါ ထာဝရဘုရားသည် လေဝိသားတို့ကို ရွေးချယ်တော်မူ သောကြောင့်၊ အခြားတပါးသော သူတို့သည် ဘုရားသခင် ၏ သေတ္တာတော်ကို မထမ်းရကြဟုဆိုလျက်၊
3Davut RABbin Antlaşma Sandığını hazırlamış olduğu yere getirmek için bütün İsraillileri Yeruşalimde topladı.
3ထာဝရဘုရား၏ သေတ္တာတော်အဘို့ ပြင်ဆင် သော အရပ်ဌာနသို့ ဆောင်ခဲ့ခြင်းငှါ ဣသရေလအမျိုး သားအပေါင်းတို့ကို ယေရုရှလင်မြို့၌ စုဝေးစေသောအခါ၊
4Sonra Harunoğullarıyla Levilileri bir araya getirdi:
4အာရုန်သားတို့နှင့် လေဝိသားတို့ကိုလည်း စုဝေး စေတော်မူ၍ ရောက်လာသောသူဟူမူကား၊
5Kehatoğullarından: Önder Urielle 120 yakını,
5ကောဟတ်အမျိုးတွင် အကြီးဖြစ်သော ဥရေလ နှင့် သူ၏ညီအစ်ကိုတရာနှစ်ဆယ်၊
6Merarioğullarından: Önder Asayayla 220 yakını,
6မေရာရိအမျိုးတွင် အကြီးဖြစ်သော အသာယ နှင့်သူ၏ညီအစ်ကိုတရာနှစ်ဆယ်၊
7Gerşonoğullarından: Önder Yoelle 130 yakını,
7ဂေရရှုံအမျိုးတွင် အကြီးဖြစ်သော ယောလနှင့် သူ၏ညီအစ်ကို တရာသုံးဆယ်၊
8Elisafanoğullarından: Önder Şemayayla 200 yakını,
8ဧလိဇဖန်အမျိုးတွင် အကြီးဖြစ်သော ရှေမာယ နှင့်သူ၏ညီအစ်ကိုနှစ်ရာ
9Hevronoğullarından: Önder Elielle 80 yakını,
9ဟေဗြုန်အမျိုးတွင် အကြီးဖြစ်သော ဧလျေလ နှင့် သူ၏ညီအစ်ကိုရှစ်ဆယ်၊
10Uzzieloğullarından: Önder Amminadavla 112 yakını.
10ဩဇေလအမျိုးတွင် အကြီးဖြစ်သော အမိနဒပ် နှင့်သူ၏ညီအစ်ကို တရာတဆယ်နှစ်ယောက်တည်း။
11Bundan sonra Davut Kâhin Sadokla Kâhin Aviyatarı, Levili Urieli, Asayayı, Yoeli, Şemayayı, Elieli, Amminadavı yanına çağırdı.
11ဒါဝိဒ်သည်လည်း ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် အဗျာသာ၊ လေဝိသား ဩရေလ၊ အသာယ၊ ယောလ၊ ရှေမာယ၊ ဧလျေလ၊ အမိနဒပ်တို့ကို ခေါ်၍၊
12Onlara şöyle dedi: ‹‹Siz Levili boyların başlarısınız. Levili kardeşlerinizle birlikte kendinizi kutsayın, sonra İsrailin Tanrısı RABbin Antlaşma Sandığını hazırlamış olduğum yere getirin.
12သင်တို့သည် လေဝိသားအဆွေအမျိုးသူကြီး ဖြစ်ကြ၏။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရား၏ သေတ္တာတော်အဘို့ ငါပြင်ဆင်သော အရပ် ဌာနသို့ ဆောင်ခဲ့ခြင်းငှါ ကိုယ်ကို၎င်း၊ ညီအစ်ကိုတို့ ကို၎င်း၊ သန့်ရှင်းစေကြလော့။
13Çünkü geçen sefer sandığı siz taşımadığınız ve biz de kurala uygun davranmadığımız için Tanrımız RAB bize öfkelendi.››
13အရင်ကမသန့်ရှင်း၊ တရားလမ်းသို့ မလိုက်ဘဲ ငါတို့ဘုရားသခင် ထာဝရဘုရားကို ရှာသောကြောင့် ဒဏ်ခတ်တော်မူသည်ဟု သတိပေး၏။
14Böylece kâhinlerle Levililer İsrailin Tanrısı RABbin Antlaşma Sandığını getirmek için kendilerini kutsadılar.
14ထိုအခါ ယဇ်ပုရောဟိတ်တို့နှင့် လေဝိသား တို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား ၏သေတ္တာတော်ကို ဆောင်ခဲ့ခြင်းငှါ ကိုယ်ကိုသန့်ရှင်းစေ ကြ၏။
15RABbin sözü uyarınca ve Musanın onlara buyurduğu gibi, Tanrının Sandığının sırıklarını omuzları üzerinde taşıdılar.
15ထာဝရဘုရားအမိန့်တော်နှင့်အညီ မောရှေ မှာထားခဲ့သည်အတိုင်း၊ လေဝိသားတို့သည် ဘုရားသခင် ၏ သေတ္တာတော်ကို သေတ္တာတော်ထမ်းဘိုးဖြင့် ထမ်းကြ ၏။
16Davut Levili önderlere, kardeşlerinden çenk, lir ve zil gibi çalgılar eşliğinde yüksek sesle sevinçli ezgiler okuyacak ezgiciler atamalarını söyledi.
16လေဝိသားအကြီးအကဲတို့သည် စောင်း၊ တယော၊ ခွက်ကွင်းအစရှိသော တုရိယာမျိုးနှင့် သီချင်းဆိုတတ် သော ညီအစ်ကိုတို့ကို ဝမ်းမြောက်စွာ အသံပြိုင် ဆိုစေခြင်းငှါ ခန့်ထားရမည်အကြောင်း အမိန့်တော်ရှိ သည်အတိုင်း၊
17Levililer de Yoel oğlu Hemanı, akrabalarından Berekya oğlu Asafı, akrabaları Merarioğullarından Kuşaya oğlu Etanı atadılar.
17ထိုလေဝိသားတို့သည် ယောလသားဟေမန်၊ သူ၏ညီစုထဲက ဗေရခိသားအာသပ်၊ မိမိတို့ညီစု၊ မေရာရိ အမျိုးထဲက ကုရှာယသားဧသန်တို့ကို၎င်း၊
18Onlara yardımcı olarak da kapı nöbetçileri kardeşlerinden Zekeriyayı, Yaazieli, Şemiramotu, Yehieli, Unniyi, Eliavı, Benayayı, Maaseyayı, Mattityayı, Elifelehuyu, Mikneyayı, Ovet-Edomu, Yeieli atadılar.
18မိမိတို့ညီဒုတိယအရာရှိဖြစ်သော ဇာခရိ၊ ဗင်္ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ ဗေနာယ၊ မာသေယ၊ မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ တံခါးစောင့်ဩဗဒေဒုံ၊ ယေလ၊ အာဇဇိတို့ကို၎င်း ခန့်ထားကြ၏။
19Ezgicilerden Heman, Asaf, Etan tunç zil;
19သီချင်းဆရာဟေမန်၊ အာသပ်၊ ဧသန်တို့သည် ကြေးဝါခွက်ကွင်းကို တီးရကြ၏။
20Zekeriya, Aziel, Şemiramot, Yehiel, Unni, Eliav, Maaseya, Benaya tiz perdeli çenk çalmak;
20ဇာခရိ၊ ဗင်္ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ မာသေယ၊ ဗေနာယတို့သည် အာလမုတ် တယောကို ထိုးရကြ၏။
21Mattitya, Elifelehu, Mikneya, Ovet-Edom, Yeiel, Azazya sekiz telli lirle önderlik yapmak üzere seçildiler.
21မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ ဩဗဒေဒုံ၊ ယေလ၊ အာဇဇိတို့သည် အသံစုံလင်စွာ ရှေမိနိတ်စောင်း ကို တီးရကြ၏။
22Levililerin önderi Kenanya ise ezgilerden sorumluydu. Bu konuda yetenekliydi. ‹‹Oktavlı›› anlamına da gelebilir.
22လေဝိသားအကြီးအကဲဖြစ်သော ခေနနိသည် သီချင်းအတတ်၌ လေ့ကျက်သောကြောင့် သီချင်း ဆရာကြီးဖြစ်၏။
23Berekya ile Elkana Antlaşma Sandığının bulunduğu yerin kapı nöbetçileriydi.
23ဗေရခိနှင့် ဧလကာနသည် သေတ္တာတော်တံခါး စောင့်ဖြစ်၏။
24Şevanya, Yoşafat, Netanel, Amasay, Zekeriya, Benaya, Eliezer adındaki kâhinler Tanrının Antlaşma Sandığı önünde borazan çalıyordu. Ovet-Edom ile Yehiya da Antlaşma Sandığının bulunduğu yerin kapı nöbetçileriydi.
24ယဇ်ပုရောဟိတ်ရှေဗနိ၊ ယောရှဖတ်၊ နာသ နေလ၊ အာမသဲ၊ ဇာခရိ၊ ဗေနာယ၊ ဧလျေဇာတို့သည် ဘုရားသခင်၏ သေတ္တာတော်ရှေ့မှာ တံပိုးမှုတ်ရကြ၏။ ဩဗဒေဒုံနှင့် ယေဟိသည်လည်း သေတ္တာတော်တံခါး စောင့်ဖြစ်၏ ။
25Böylece Davut, İsrail ileri gelenleri ve binbaşılar RABbin Antlaşma Sandığını Ovet-Edomun evinden sevinçle getirmeye gittiler.
25ထိုသို့ဒါဝိဒ်မင်းနှင့် ဣသရေလအမျိုးအသက် ကြီးသူ၊ လူတထောင်အုပ်တို့သည် ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို၊ ဩဗဒေဒုံအိမ်မှ ဝမ်းမြောက် သောစိတ်နှင့် ဆောင်ခဲ့ခြင်းငှါ သွားကြ၏။
26Tanrı, RABbin Antlaşma Sandığını taşıyan Levililere yardım ettiği için, yedi boğa ile yedi koç kurban ettiler.
26ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော် ကို ထမ်းသော လေဝိသားတို့ကို ဘုရားသခင် မစတော် မူသည်ဖြစ်၍၊ သူတို့သည် နွားခုနစ်ကောင်နှင့် သိုးခုနစ် ကောင်တို့ကို ယဇ်ပူဇော်ကြ၏။
27Davut, sandığı taşıyan Levililer, ezgiciler ve ezgilerden sorumlu olan Kenanya ince ketenden cüppeler giyinmişlerdi. Davut ince keten efod da kuşanmıştı.
27ဒါဝိဒ်နှင့် သေတ္တာတော်ကို ထမ်းသော လေဝိ သားများ၊ သီချင်းဆရာခေနနိနှင့် သီချင်းဆိုသူများတို့ သည် ပိတ်ချောကိုဝတ်ကြ၏။ ဒါဝိဒ်သည် ပိတ်သင်တိုင်း ကိုလည်း ထပ်၍ဝတ်၏။
28Böylece İsrailliler sevinç naraları atarak, boru, borazan, zil, çenk ve lirler çalarak RABbin Antlaşma Sandığını getiriyorlardı.
28ထိုသို့ ဣသရေလအမျိုးသားအပေါင်းတို့သည် ကြွေးကြော်လျက်၊ နှဲခရာ၊ တံပိုး၊ ခွက်ကွင်း၊ တယော၊ စောင်းတို့ကို တီးမှုတ်လျက်၊ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို ဆောင်ခဲ့ကြ၏။
29RAB'bin Antlaşma Sandığı Davut Kenti'ne varınca, Saul'un kızı Mikal pencereden baktı. Oynayıp zıplayan Kral Davut'u görünce, onu içinden küçümsedi.
29ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည်။ ဒါဝိဒ်မြို့နထဲသို့ဝင်သောအခါ၊ ရှောလု၏ သမီးမိခါလ သည် ပြတင်းပေါက်ကကြည့်၍၊ ဒါဝိဒ်မင်းကြီးသည် ကလျက်တီးမှုတ်လျက်လာသည်ကို မြင်သဖြင့် စိတ်နှလုံး ထဲ၌ မထီမဲ့မြင်ပြု၏။