Turkish

Myanmar

1 Chronicles

2

1İsrailin oğulları şunlardır: Ruben, Şimon, Levi, Yahuda, İssakar, Zevulun,
1ဣသရေလ၏သားများဟူမူကား၊ ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန်၊
2Dan, Yusuf, Benyamin, Naftali, Gad, Aşer.
2ဒန်၊ယောသပ်၊ ဗင်္ယာမန်၊ နဿလိ၊ ဂဒ်၊ အာရှာတည်း။
3Yahudanın oğulları: Er, Onan, Şela. Bu üç oğulu Yahudaya Kenanlı Şuanın kızı doğurdu. Yahudanın ilk oğlu Er, RABbin gözünde kötüydü. Bu yüzden RAB onu öldürdü.
3ယုဒသည် ခါနာန်အမျိုးဖြစ်သော ရှုအာသမီး တွင် မြင်သော သားကား ဧရ၊ ဩနန်၊ ရှေလတည်း။ ယုဒသားကြီးဧရသည် ထာဝရဘုရား ရှေ့တော်၌ ဆိုးသောသူဖြစ်၍ ကွပ်မျက်တော်မူခြင်းကို ခံရ၏။
4Yahudanın gelini Tamar ona Peres ve Zerahı doğurdu. Yahudanın toplam beş oğlu vardı.
4ချွေးမတာမာတွင် မြင်သောသားကား ဖာရက် နှင့် ဇာရတည်း။ ယုဒသားပေါင်းကား ငါးယောက် တည်း။
5Peresin oğulları: Hesron, Hamul.
5ဖာရက်သားကား ဟေဇရုံနှင့် ဟာမုလတည်း။
6Zerahoğulları: Zimri, Etan, Heman, Kalkol, Darda. Toplam beş kişiydi.
6ဇာရသားကား ဇိမရိ၊ ဧသန်၊ ဟေမန်၊ ကာလ ကောလ၊ ဒါရ၊ ပေါင်းငါးယောက်တည်း။
7Karminin oğlu: Yok edilmeye adanmış eşyalar konusunda RABbe ihanet etmekle İsraili yıkıma sürükleyen Akan.
7ဇိမရိသားဖြစ်သော ကာမိ၏သားကား ကျိန်ဆဲ အပ်သောအရာကိုယူ၍ ပြစ်မှားသဖြင့်၊ ဣသရေလအမျိုး ကို နှောင့်ရှက်သော အာခန်တည်း။
8Etamın oğlu: Azarya.
8ဧသန်သားကား အဇရိတည်း။
9Hesronun oğulları: Yerahmeel, Ram, Kalev.
9ဟေဇရုံမြင်သော သားကား ယေရမေလ၊ အာရံ၊ ကာလက်တည်း။
10Amminadav Ramın oğluydu.Yahudalıların önderi Nahşon Amminadavın oğluydu.
10အာရံသားကား အမိနဒပ်၊ အမိနဒပ် သားကား၊ ယုဒအမျိုးသားတို့တွင် ဗိုပ်လုပ်သော နာရှုန်တည်း။
11Salma Nahşonun oğluydu.Boaz Salmanın,
11နာရှုန်သားစာလမုန်၊ စာလမုန်သားဗောဇ၊
12Ovet Boazın,İşay Ovetin oğluydu.
12ဇောဇသား ဩဗက်၊ ဩဗက်သားယေရှဲတည်း။
13İşayın yedi oğlu oldu: Birincisi Eliav, ikincisi Avinadav, üçüncüsü Şima,
13ယေရှဲသားဦးကား ဧလျာဘ၊ ဒုတိယသား အဘိနဒပ်၊ တတိယသားရှိမာ၊
14dördüncüsü Netanel, beşincisi Radday,
14စတုတ္ထသား နာသနေလ၊ ပဥ္စမသား ရဒ္ဒဲ၊
15altıncısı Osem, yedincisi Davut.
15ဆဋ္ဌမသားဩဇင်၊ သတ္ထမသား ဧလိဟု၊ အဋ္ဌမသားဒါဝိဒ် တည်း။
16Kızkardeşleri Seruya ile Avigayildi. Seruyanın üç oğlu vardı: Avişay, Yoav, Asahel.
16သူတို့နှမကား ဇေရုယာနှင့် အဘိဂဲလတည်း။ ဇေရုယာသားကား အဘိရှဲ၊ ယွာဘ၊ အာသဟေလ၊ ပေါင်း သုံးယောက်တည်း။
17İsmaili Yeterle evlenen Avigayil Amasayı doğurdu.
17အဘိဂဲလသားကား အာမသ၊ အာမသအဘ ကား ဣရှမေလအမျိုးယေသာတည်း။
18Hesron oğlu Kalevin, karısı Azuvadan ve Yeriottan oğulları oldu. Karısından doğan oğullar şunlardır: Yeşer, Şovav, Ardon.
18ဟေဇရုံသား ကာလက်သည် မယားအဇုဘနှင့် ယေရုတ်တွင် မြင်သောသားကား ယေရှာ၊ ရှောဗပ်၊ အာဒုန်တည်း။
19Azuva ölünce, Kalev kendisine Huru doğuran Efratla evlendi.
19အဇုဘသေသောနောက် ဧဖရတ်ကို သိမ်း၍ ဟုရကို မြင်ပြန်လေ၏။
20Uri Hurun oğluydu,Besalel Urinin oğluydu.
20ဟုရသားကား ဥရိ၊ ဥရိသားကား ဗေဇလေ လတည်း။
21Daha sonra Hesron, Gilatın babası Makirin kızıyla yattı. Altmış yaşındayken evlendiği bu kadın ona Seguvu doğurdu.
21ထိုနောက်၊ ဟေဇရုံသည် အသက်ခြောက်ဆယ် ရှိသော်၊ ဂိလဒ်အဘမာခိရ၏သမီးနှင့် စုံဘက်၍ စေဂုပ် ကို မြင်လေ၏။
22Yair Seguvun oğluydu; Gilat ülkesinde yirmi üç kenti vardı.
22စေဂုပ်သားကား ယာဣရတည်း။ ထိုသူသည် ဂိလဒ်ပြည်၌ မြို့နှစ်ဆယ်သုံးမြို့ကို ပိုင်၏။
23Ama Geşurla Aram Havvot-Yairi ve Kenat ile çevresindeki köyleri, toplam altmış kenti ele geçirdiler. Buralarda yaşayan bütün halk Gilatın babası Makirin soyundandı.
23ဂေရှုရမြို့၊ အာရံမြို့နှင့်တကွ ယာဣရမြို့စု၊ ကေနတ်မြို့နှင့် ပတ်ဝန်းကျင်သော မြို့စုမြို့ပေါင်း ခြောက်ဆယ်တို့ကို တိုက်ယူ၏။ ထိုမြို့အပေါင်းတို့ကို ဂိလဒ်အဘ မာခိရ၏သားမြေးတို့သည် ပိုင်ကြ၏။
24Hesron Kalev-Efratada öldükten sonra, karısı Aviya Tekoanın kurucusu olan Aşhuru doğurdu. gelir.
24ဟေဇရုံသည်က၏ ကာလက်ဧဖရတ်မြို့၌ သေသောနောက်၊ သူ၏မယား အဘိသည် သူ၏သား အာရှုရကို ဘွားမြင်၏။ အားရှုရသား ကာတေကော တည်း။
25Hesronun ilk oğlu Yerahmeelin oğulları: İlk oğlu Ram, Buna, Oren, Osem, Ahiya.
25ဟေဇရုံ၏ သားဦးယေရမေလ သားကား သားဦးအာရံမှစ၍ ဗုန၊ ဩရင်၊ ဩဇင်၊ အဟိယတည်း။
26Yerahmeelin Atara adında başka bir karısı vardı; O da Onamın annesiydi.
26အာတရအမည်ရှိသော အခြားမယားတွင် ဩနံကိုမြင်၏။
27Yerahmeelin ilk oğlu Ramın oğulları: Maas, Yamin, Eker.
27ယေရမေလ၏ သားဦး အာရံသားကားမာဇ၊ ယာမိန်၊ ဧကာတည်း။
28Onamın oğulları: Şammay, Yada. Şammayın oğulları: Nadav, Avişur.
28ဩနံသားကားရှမ္မဲနှင့် ယာဒတည်း။ ရှမ္မဲသား ကား နာဒပ်နှင့် အဘိရှုရတည်း။
29Avişurun Avihayil adında bir karısı vardı; ona Ahbanı ve Moliti doğurdu.
29အဘိဟဲလ အမည်ရှိသော အဘိရှုရမယားသည် အာဗန်နှင့် မောလိဒ်ကို ဘွားမြင်၏။
30Nadavın oğulları: Selet, Appayim. Selet çocuksuz öldü.
30နာဒပ်သားကား သေလက်နှင့် အပ္ပိမ်တည်း။ သေလက်၌သားမရှိ။
31Appayimin oğlu: Yişi. Yişinin oğlu: Şeşan. Şeşanın oğlu: Ahlay.
31အပ္ပိမ်သားကား ဣရှိ၊ ဣရှိသားရှေရန်၊ ရှေရှန်သား အာလဲတည်း။
32Şammayın kardeşi Yadanın oğulları: Yeter ve Yonatan. Yeter çocuksuz öldü.
32ရှမ္မဲညီယာဒသားကား ယေသာနှင့်ယောနသန် တည်း။ ယေသာ၌ သားမရှိ။
33Yonatanın oğulları: Pelet, Zaza. Bunlar Yerahmeelin soyundan geliyordu.
33ယောနသန်သားကား ပေလက်နှင့် ဇာဇတည်း။ ဤရွေ့ကား ယေရမေလအမျိုးအနွယ်တည်း။
34Şeşanın oğlu olmadıysa da kızları vardı. Şeşanın Yarha adında Mısırlı bir uşağı vardı.
34ရှေရှန်၌သားမရှိ။ သမီးသက်သက်ရှိ၏။ ရှေရှန် ၌ ယာဟအမည်ရှိသော အဲဂုတ္တုအမျိုးသား ကျွန် ယောက်ျားတယောက်ရှိ၍၊
35Şeşan kızını uşağı Yarhayla evlendirdi. Kadın ona Attayı doğurdu.
35ထိုကျွန်နှင့်သမီးတယောက်ကို ပေးစားသဖြင့်။ သမီးသည် အဘတို့သားအတ္တဲကို ဘွားမြင်၏။
36Natan Attayın oğluydu.Zavat Natanın,
36အတ္တဲသားကား နာသန်၊ နာသန်သားဇာဗဒ်။
37Eflal Zavatın,Ovet Eflalın,
37ဇာဗဒ်သားဧဖလလ။ ဧဖလလသားဩဗက်၊
38Yehu Ovetin,Azarya Yehunun,
38ဩဇက်သားယေဟု၊ ယေဟုသား အာဇရိတည်း။
39Heles Azaryanın,Elasa Helesin,
39အာဇရိသားကား ဟေလက်၊ ဟေလက်သား ဧလာသ၊
40Sismay Elasanın,Şallum Sismayın,
40ဧလာသသားသိသမဲ၊ သိသမဲသား ရှလ္လုံ၊
41Yekamya Şallumun,Elişama Yekamyanın oğluydu.
41ရှလ္လုံသား ယေကမိ၊ ယေကမိ သားဧလိရှမာ တည်း။
42Yerahmeelin kardeşi Kalevin oğulları: İlk oğlu Zifin kurucusu Meşa ve Hevronun kurucusu Meraşa.
42ယေရမေလ၏ညီ ကာလက်သားဦးကား မေရှ၊ မေရှသားဇိဖ၊ ဇိဖသားမရေရှ၊ မရေရှသား ဟေဗြုန်၊
43Hevronun oğulları: Korah, Tappuah, Rekem, Şema.
43ဟေဗြုန်သား ကောရ၊ တာပွါ၊ ရေကင်၊ ရှေမ တည်း။
44Raham Şemanın oğluydu.Yorkoam Rahamın,Şammay Rekemin,
44ရှေမသားကားရာဟံ၊ ရာဟံသားယော်ကောင် တည်း။ ရေကင်သားကား ရှမ္မဲ၊
45Maon Şammayın oğluydu. Beytsurun kurucusu Maondu.
45ရှမ္မဲသား မောန၊ မောနသားဗက်ဇုရတည်း။
46Kalevin cariyesi Efa ona Haranı, Mosayı ve Gazezi doğurdu. Gazez Haranın oğluydu.
46ကာလက်မယားငယ်သည် လည်းဟာရန်၊ မောဇ၊ ဂါဇက်တို့ကို ဘွားမြင်၏။ ဟာရန်သားကား ယာဒဲ တည်း။
47Yahdayın oğulları: Regem, Yotam, Geşan, Pelet, Efa, Şaaf.
47ယာဒဲသားကားရေဂင်၊ ယောသံ၊ ဂေရှံ၊ ပေလက်၊ ဧဖာ၊ ရှာဖ တည်း။
48Kalevin öbür cariyesi Maaka ona Şeveri ve Tirhanayı doğurdu.
48ကာလက်မယားငယ်မာခါသည်လည်း၊ ရှေဗာနှင့် တိရဟာနကို၎င်း၊
49Maaka Madmannanın kurucusu Şaafı, Makbena ve Givanın kurucusu Şevayı da doğurdu. Kalevin Aksa adında bir de kızı oldu.
49မာဒမေနအဘရှာဖ၊ မာခဗေနအဘရှေဝ၊ ဂိအာအဘကို၎င်း ဘွားမြင်၏။ ကာလက်သမီးကား အာခသတည်း။
50Kalevin soyundan gelenler: Efratın ilk oğlu Hurun oğulları:Kiryat-Yearimin kurucusu Şoval,
50ဧဖရတ်သားဦး ဟုရ၏သားဖြစ်သော ကာလက် သားကား၊ ကိရယတ်ယာရိမ် အဘရှောဗာလ၊
51Beytlehemin kurucusu Salma,Beytgaderin kurucusu Haref.
51ဗက်လင်အဘစလမ၊ ဗက်ဂါဒါအဘဟာရပ် တည်း။
52Kiryat-Yearimin kurucusu Şoval, Haroelilerin ve Menuhotta yaşayan halkın yarısının atasıydı.
52ကိရယတ်ယာရိမ်အဘ ရှောဗာလသားဟူမူ ကား၊ ဟာရောနှင့်မနဟေသိ အမျိုးတပိုင်း၊
53Kiryat-Yearimin boyları: Yeterliler, Pûtlular, Şumatlılar, Mişralılar. Soralılarla Eştaollular da bu boyların soyundan geldi.
53ကိရယတ်ယာရိမ်အမျိုးမျိုး၊ ဣသရိလူ၊ ဖုဟိလူ၊ ရှုမသိလူ၊ မိရှရိလူတည်း။ ထိုအမျိုးထဲက ဖာရာသိလူနှင့် ဧရှတောလိလူဖြစ်သတည်း။
54Salmanın soyundan gelenler: Beytlehemliler, Netofalılar, Atrot-Beytyoavlılar, Manahatlıların yarısı ve Sorlular.
54စလမသားဟူမူကား၊ ဗက်လင်နှင့် နေတော ဖာသိလူ၊ အတရုတ်၊ ဗက်ယွာဘ၊ မနဟေသိ အမျိုးတပိုင်း၊ ဇောရိလူ၊
55Yabes'te yaşayan yazmanların boyları: Tiratlılar, Şimatlılar, Sukatlılar. Bunlar Rekav halkının atası Hammat'ın soyundan gelen Kenliler'dir.
55ယာဗက်မြို့၌နေသော ရှောဖရိလူ၊ တိရသိလူ၊ ရှိမသိလူ၊ စုခသိလူတည်း။ ထိုသူတို့သည် ရေခပ်အမျိုး၏ အဘဟေမတ်မှ ဆင်းသက်သော ကိနိအမျိုး၏ အဘ ဟေမတ်မှဆင်းသက်သော ကိနိအမျိုးဖြစ်သတည်း။