1Davut çok yaşlanınca, oğlu Süleymanı İsrail Kralı yaptı.
1ဒါဝိဒ်မင်းသည် အသက်ကြီး၍ ကာလပြည့်စုံရာ အချိန်ရောက်သောအခါ၊ သားတော်ရှောလမုန်ကို ဣသ ရေလရှင်ဘုရင်အရာ၌ ခန့်ထား၍၊
2Davut İsrailin bütün önderlerini, kâhinleri, Levilileri bir araya topladı.
2ဣသရေလမင်း ယဇ်ပုရောဟိတ်၊ လေဝိသား အပေါင်းတို့ကို စုဝေးစေတော်မူ၏။
3Otuz ve daha yukarı yaştaki Levililer sayıldı. Toplamı otuz sekiz bin erkekti.
3လေဝိသားတို့တွင် အသက်သုံးဆယ် လွန်၍ စာရင်းဝင်သော ယောက်ျားပေါင်းကား၊ သုံးသောင်း ရှစ်ထောင်တည်း။
4Bunlardan yirmi dört bini RABbin Tapınağının işlerini gözetecek, altı bini memur ve yargıç olacaktı;
4ထိုသူတို့တွင် နှစ်သောင်းလေးထောင်တို့သည် ထာဝရဘုရား၏ အိမ်တော်အမှုကို ဆောင်ရွက်ရကြ၏။ ခြောက်ထောင်တို့သည် အရာရှိ၊ တရားသူကြီး လုပ်ရ ကြ၏။
5dört bini kapı nöbetçisi olacak, dört bini de Davutun RABbi övmek için sağladığı çalgıları çalacaktı.
5လေးထောင်တို့သည် တံခါးကိုစောင့်ရကြ၏။ လေးထောင်တို့သည် ဂုဏ်တော်ကို ချီးမွမ်းစရာတုရိယာ တို့နှင့် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းရကြ၏။
6Davut Levilileri Levinin oğullarına göre bölümlere ayırdı: Gerşon, Kehat, Merari.
6လေဝိသားဂေရရှုံ၊ ကောဟတ်၊ မေရာရိအမျိုး အသီးအသီးတို့ကို ဒါဝိဒ်ခွဲထား၍ တမျိုးတခြားစီ သင်းဖွဲ့ စေ၏။
7Gerşonlular: Ladan, Şimi.
7ဂေရရှုံအမျိုးသားကား၊ လာဒန်နှင့်ရှိမိတည်း။
8Ladanın oğulları: İlk oğlu Yehiel, Zetam, Yoel. Toplam üç kişiydi.
8လာဒန်သားအကြီးကား၊ ယေဟေလ၊ သူ၏ညီ ဇေသံနှင့် ယောလ၊ ပေါင်းသုံးယောက်တည်း။
9Bunlar Ladan boyunun boy başlarıydı. Şiminin oğulları: Şelomit, Haziel, Haran. Toplam üç kişiydi.
9ရှိမိသားကား ရှေလောမိတ်၊ ဟာဇေလ၊ ဟာရန်၊ ပေါင်းသုံးယောက်တည်း။ ဤသူတို့သည်လာဒန်အဆွေ အမျိုးသူကြီးဖြစ်ကြ၏။
10Şiminin öbür oğulları: Yahat, Ziza, Yeuş, Beria. Bu dördü Şiminin oğullarıydı.
10ရှိမိသားကား ယာဟတ်၊ ဇိဇ၊ ယုရှ၊ ဗေရိ၊ ပေါင်း လေးယောက်တည်း။
11Yahat ilk, Ziza ikinci oğuldu. Ancak Yeuşla Berianın çok sayıda oğulları olmadığı için bir boy sayıldılar.
11ယာဟတ်ကားအကြီးဖြစ်၏။ ဇိဇကား ဒုတိယ အရာကို ရ၏။ ယုရှနှင့်ဗေရိ၌ကားသားများစွာမရှိ။ သို့ဖြစ်၍ အဆွေအမျိုးအလိုက် စာရင်းတခုတည်း၌ ပေါင်းကြ၏။
12Kehatın oğulları: Amram, Yishar, Hevron, Uzziel. Toplam dört kişi.
12ကောဟတ်သားကားအာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလ၊ ပေါင်းလေးယောက်တည်း။
13Amramın oğulları: Harun, Musa. Harunla oğulları en kutsal eşyaları korumak, RABbin önünde buhur yakmak, Ona hizmet etmek ve sonsuza dek Onun adına halkı kutsamak için atandılar.
13အာမရံသားကား အာရုန်နှင့်မောရှေတည်း။ အာရုန်နှင့်သားစဉ်မြေးဆက်တို့သည် ထာဝရဘုရား ရှေ့တော်၌ နံ့သာပေါင်းကိုမီးရှို့ခြင်း၊ အမှုတော်ကို ဆောင်ရွက်ခြင်း၊ နာမတော်ကိုမြွက်၍ အစဉ်ကောင်းကြီး ပေးခြင်းအမှုကို ပြုရမည်အကြောင်း၊ အလွန်သန့်ရှင်း သောအရာတို့ကို သန့်ရှင်းစေခြင်းငှါ အခြားသူတို့နှင့် ခွဲထားသောသူဖြစ်ကြ၏။
14Tanrı adamı Musanın oğulları da Levi oymağından sayıldı.
14ဘုရားသခင့်လူမောရှေ၏သားကိုကား၊ လေဝိ အမျိုးသားတို့၏ စာရင်း၌သွင်းရ၏။
15Musanın oğulları: Gerşom, Eliezer.
15မောရှေသားကားဂေရရှုံနှင့် ဧလျေဇာတည်း။
16Gerşomun oğulları: Önder Şevuel.
16ဂေရရှုံသားတို့တွင်၊ ရှေဗွေလသည် အကြီး ဖြစ်၏။
17Eliezerin oğlu: Önder Rehavya. Eliezerin başka oğlu yoktu. Rehavyanınsa birçok oğlu vardı.
17ဧလျေဇာသားအကြီးရေဟဘိ တယောက်တည်း ရှိ၏။ ရေဟဘိ၌ကား သားအလွန်များ၏။
18Yisharın oğulları: Önder Şelomit.
18ဣဇဟာသားအကြီးကားရှေလောမိတ်၊
19Hevronun oğulları: İlk oğlu Yeriya, ikincisi Amarya, üçüncüsü Yahaziel, dördüncüsü Yekamam.
19ဟေဗြုန်သားအကြီးကားယေရိ၊ ဒုတိယသား အာမရိ၊ တတိယ သားယဟာဇေလ၊ စတုတ္ထသားယေကမံ၊
20Uzzielin oğulları: İlk oğlu Mika, ikincisi Yişşiya.
20ဩဇေလသားအကြီးကားမိက္ခာ၊ ဒုတိယသား ယေရှိတည်း။
21Merarinin oğulları: Mahli, Muşi. Mahlinin oğulları: Elazar, Kiş.
21မေရာရိသားကားမဟာလိနှင့် မုရှိတည်း။ မဟာလိသားကား ဧလာဇာနှင့် ကိရှတည်း။
22Elazar oğul sahibi olmadan öldü. Ama kızları vardı. Amcaları Kişin oğulları onlarla evlendi.
22ဧလာဇာသည်သားမရှိ။ သမီးသက်သက်ရှိ၍ သေ၏။ သူ့သမီးတို့နှင့်သူ့ညီကိရှသားတို့သည် စုံဘက် ကြ၏။
23Muşinin oğulları: Mahli, Eder, Yeremot. Toplam üç kişi.
23မုရှိသားကား မဟာလိ၊ ဧဒါ၊ ယေရိမုတ်၊ ပေါင်း သုံးယောက်တည်း။
24Boylarına göre Levioğulları bunlardı. Boy başlarının her biri kendi adıyla sayıldı. Yirmi ve daha yukarı yaştaki Levililer, RABbin Tapınağının işlerinde görev aldılar.
24ဤရွေ့ကားအသက်နှစ်ဆယ်လွန်၍ ထာဝရ ဘုရား၏ အိမ်တော်အမှုကို ဆောင်ရွက်ရသော လေဝိ အမျိုးသား အဆွေအမျိုးအလိုက် စာရင်းဝင်သော အဆွေ အမျိုးသူကြီးဖြစ်သတည်း။
25Çünkü Davut, ‹‹İsrailin Tanrısı RAB halkını rahata kavuşturdu›› demişti, ‹‹Yeruşalimi de sonsuza dek kendine konut seçti.
25ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရ ဘုရားသည် မိမိလူမျိုးအား ငြိမ်ဝပ်သောအခွင့်ကိုပေး၍ ကိုယ်တော်တိုင် ယေရုရှလင်မြို့၌ အစဉ်နေတော်မူသော ကြောင့်၊
26Onun için Levililerin RABbin Çadırını ve tapınma hizmetinde kullanılan eşyaları taşımalarına artık gerek yok.››
26လေဝိသားတို့သည် တဲတော်နှင့်တဲတော်အမှု ဆောင်ရွက်ရာ တန်ဆာများကို နောက်တဖန်မထမ်းရဟု ဒါဝိဒ်မိန့်တော်မူ၏။
27Davutun son buyruğu uyarınca, yirmi ve daha yukarı yaştaki Levililer sayıldı.
27နောက်ဆုံးအမိန့်တော်အတိုင်း၊ အသက် နှစ်ဆယ်လွန်သော လေဝိသားတို့ကို စာရင်းယူရ၏။
28Levililerin görevi RABbin Tapınağının hizmetinde Harunoğullarına yardım etmekti: Avlulardan, odalardan, kutsal eşyaların arınmasından ve Tanrının Tapınağındaki öbür hizmetlerden sorumluydular.
28အကြောင်းမူကား၊ လေဝိသားတို့သည် အာရုန် သားတို့၏လက်ထောက်ဖြစ်သည်နှင့်အညီ၊ သန့်ရှင်းသော အရာရှိသမျှတို့ကို စင်ကြယ်စေ၍၊ ထာဝရဘုရား၏ အိမ်တော်နှင့်တန်တိုင်းများ၊ အခန်းများ၌အမှုကို ဆောင် ရွက်ရကြမည်။
29Adak ekmeklerinden, tahıl sunusu için kullanılan ince undan, mayasız ince ekmekten, sacda pişirilen yiyeceklerden ve zeytinyağıyla karıştırılan sunulardan, her tür hacim ve uzunluk ölçülerinden onlar sorumluydu.
29ရှေ့တော်မုန့်ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာ မုန့်ညက်ကို၎င်း၊ တဆေးမဲ့မုန့်ပြား၊ သံပြားနှင့်ဖုတ်သော မုန့်၊ မုန့်ဆီကြော်ကို၎င်းလုပ်၍ ဘုရားသခင်၏ အိမ်တော် အမှုကိုလည်း ဆောင်ရွက်ရကြမည်။ တိုင်းတွာ၊ ချိန်တွယ်၊ ခြင်တွက်ခြင်းအမှုအမျိုးမျိုးကိုလည်း စီရင်ရကြမည်။
30RABbe şükretmek, övgüler sunmak üzere her sabah ve akşam tapınakta hazır bulunacaklardı.
30နံနက်တိုင်း၊ ညဦးတိုင်းရပ်လျက်၊ ကျေးဇူးတော် ကြီးလှပါ၏ဟု ဝန်ခံ၍ထာဝရဘုရား၏ ဂုဏ်တော်ကို လည်း ချီးမွမ်းရကြမည်။
31Şabat Günü, Yeni Ay Töreni ve öbür bayramlarda RABbe yakmalık sunular sunulduğunda da hazır bulunacaklardı. RABbin önünde, kendileri için belirlenen ilkeler uyarınca uygun sayıda sürekli hizmet edeceklerdi.
31ပညတ်တရားတော်အတိုင်းဥပုသ်နေ့၊ လဆန်း နေ့၊ ဓမ္မပွဲနေ့၊ အစဉ်မပြတ်ထာဝရဘုရားရှေ့တော်၌ မီးရှို့ရာ ယဇ်မျိုးတို့ကို ပူဇော်ရကြမည်။
32Böylece Levililer Buluşma Çadırı'na ve kutsal yere bakma, RAB'bin Tapınağı'nın hizmetinde kardeşleri Harunoğulları'na yardım etme görevini üstlendiler.
32ပရိသတ်စည်းဝေရာတဲတော်ကို၎င်း၊ သန့်ရှင်း ရာဌာနတော်ကို၎င်း၊ ထာဝရဘုရားအိမ်တော်၌ အမှု တော်ကို ဆောင်ရွက်သော ညီအစ်ကိုအာရုန်သားတို့ကို ၎င်း စောင့်ရကြမည်။