1RAB Hanani oğlu Yehu aracılığıyla İsrail Kralı Baaşaya şunları bildirdi:
1ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဗာရှာကို အကြောင်းပြု၍၊ ဟာနန်၏သားယေဟုသို့ ရောက်လာ သည်ကား၊
2‹‹Sen önemsiz biriyken, ben seni halkım İsraile önder yaptım. Ama sen Yarovamın yolunu izleyip halkım İsraili günaha sürükledin. Günahlarınız beni öfkelendirdi.
2သင့်ကို မြေမှုန့်ထဲကငါကြွ၍၊ ငါ၏လူဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှါ ချီးမြှောက်သော်လည်း၊ သင်သည် ယေရောဗောင်၏လမ်းသို့လိုက်လျက်၊ ဣသရေလအမျိုးသည် ပြစ်မှား၍၊ ငါ့အမျက်ကို နှိုးဆော်စေခြင်းငှါ ပြုသောကြောင့်၊
3Onun için Nevat oğlu Yarovama yaptığım gibi, senin ve ailenin kökünü kurutacağım.
3သင်၏အမျိုးအနွယ်သားစဉ် မြေးဆက်တို့ကို ငါပယ်ရှား၍၊ သင်၏အမျိုးကို နေဗတ်၏သား ယေရော ဗောင်၏ အမျိုးကဲ့သို့ ငါဖြစ်စေမည်။
4Baaşanın ailesinden kentte ölenleri köpekler, kırda ölenleri yırtıcı kuşlar yiyecek.››
4ဗာရှာ၏အမျိုးသားသည် မြို့ထဲမှာသေလျှင်၊ အသေကောင်ကို ခွေးစားလိမ့်မည်။ မြို့ပြင်မှာသေလျှင် မိုဃ်းကောင်းကင်ငှက် စားလိမ့်မည် ဟုမိန့်တော်မူ၏။
5Baaşanın krallığı dönemindeki öteki olaylar, yaptıkları ve başarıları İsrail krallarının tarihinde yazılıdır.
5ဗာရှာပြုမူသော အမှုအရာကြွင်းသမျှတို့နှင့် သူ၏တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
6Baaşa ölüp atalarına kavuşunca, Tirsada gömüldü ve yerine oğlu Ela kral oldu.
6ဗာရှာသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍ တိရဇမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ဧလာသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
7Baaşanın RABbin gözünde yaptığı her kötülükten ötürü RAB, Hanani oğlu Peygamber Yehu aracılığıyla ona ve ailesine karşı yargısını bildirdi. Baaşa yaptığı kötülüklerle RABbi öfkelendirmiş, Yarovamın ailesine benzemiş ve bu aileyi ortadan kaldırmıştı.
7ဗာရှာသည် ယေရောဗောင်အမျိုးနှင့်တူ၍ ထိုအမျိုးကို လုပ်ကြံသောအပြစ်၊ မိမိပြုမူသောအားဖြင့်၊ ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်၍၊ ရှေ့တော်၌ ပြစ်မှားသမျှသော အပြစ်ကြောင့် ထာဝရဘုရား၏ နှုတ် ကပတ်တော်သည် ဗာရှာကိုအကြောင်းပြု၍၊ ဟာနန်၏ သားယေဟုအားဖြင့် ရောက်လာသည်နှင့်အညီ၊
8Yahuda Kralı Asanın krallığının yirmi altıncı yılında Baaşa oğlu Ela Tirsada İsrail Kralı oldu ve iki yıl krallık yaptı.
8ယုဒရှင်ဘုရင်အာသ နန်းစံနှစ်ဆယ်ခြောက်နှစ်တွင်၊ ဗာရှာသားဧလာသည် တိရဇမြို့၌နေ၍ ဣသရေလ နိုင်ငံကို နှစ်နှစ်စိုးစံသည်ရှိသော်၊
9Savaş arabalarının yarısına komuta eden Zimri adındaki bir görevlisi ona düzen kurdu. Ela o sırada Tirsada sarayının sorumlusu Arsanın evinde içip sarhoş olmuştu.
9ရထားစီးသူရဲတဝက်ကိုအုပ်သောသူ၊ မိမိကျွန် ဇိမရိသည်သင်းဖွဲ့၍၊ ဧလာသည် တိရဇမြို့တွင် နန်းတော် အုပ်အာဇ၏ အိမ်၌ယစ်မူးအောင် သောက်လျက်နေစဉ် အခါ၊
10Zimri içeri girip Elayı öldürdü ve onun yerine kral oldu. Yahuda Kralı Asanın krallığının yirmi yedinci yılıydı.
10ဇိမရိသည်ဝင်၍ ယုဒရှင်ဘုရင် အာသနန်းစံ နှစ်ဆယ်ခုနစ်နှစ်တွင်၊ ဧလာကို သေစေခြင်းငှါလုပ်ကြံ၍ နန်းထိုင်လေ၏။
11Zimri İsrail Kralı olup tahta geçince, Baaşanın bütün ailesini yok etti. Dost ve akrabalarından hiçbir erkeği sağ bırakmadı.
11နန်းထိုင်စက၊ ဗာရှာအမျိုးသားအပေါင်းတို့ကိုသတ်၏။ ဗာရှာနှင့် ပေါက်ဘော်တော်သော ယောက်ျား၊ အဆွေဖွဲ့သော ယောက်ျားတယောက်ကိုမျှမချန်မထား။
12Baaşayla oğlu Ela, değersiz putlara taptıkları için İsrailin Tanrısı RABbi öfkelendirmişlerdi. Onların işlediği ve İsraili sürükledikleri günahlardan dolayı RABbin Peygamber Yehu aracılığıyla Baaşaya karşı söylediği söz uyarınca, Zimri Baaşanın bütün ailesini ortadan kaldırdı.
12ထာဝရဘုရားသည် ဗာရှာကို အကြောင်းပြု၍ ပရောဖက်ယေဟုအားဖြင့် မိန့်တော်မူသော စကားတော် နှင့်အညီ၊ ဇိမရိသည် ဗာရှာအမျိုးသားအပေါင်းတို့ကို ဖျက်ဆီး၏။
14Elanın krallığı dönemindeki öteki olaylar ve bütün yaptıkları İsrail krallarının tarihinde yazılıdır.
13အကြောင်းမူကား၊ ဗာရှာနှင့်သား ဧလာတို့သည် ကိုယ်တိုင်ပြစ်မှားသော အပြစ်နှင့် ဣသရေလ အမျိုးကိုလည်း ပြစ်မှားစေသော အပြစ်အားဖြင့်၎င်း၊ မိစ္ဆာဒိဌိအားဖြင့်၎င်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်သော အကြောင်းတည်း။
15Yahuda Kralı Asanın krallığının yirmi yedinci yılında Zimri Tirsada yedi gün krallık yaptı. İsrail ordusu Filistlilerin Gibbeton Kenti yakınlarında ordugah kurmuştu.
14ဧလာပြုမူသော အမှုအရာကြွင်းသမျှတို့သည် ဣသရေလရာဇဝင်၌ရေးထားလျက် ရှိ၏။
16Ordugahta bulunan İsrailliler, Zimrinin düzen kurup kralı öldürdüğünü duyunca, ordu komutanı Omriyi o gün orada İsrail Kralı yaptılar.
15ယုဒရှင်ဘုရင်အာသနန်းစံနှစ်ဆယ် ခုနစ်နှစ် တွင်၊ ဇိမရိသည် တိရဇမြို့၌ ခုနစ်ရက်စိုးစံ၏။
17Omri ve yanındaki bütün İsrailliler Gibbetondan çıkıp Tirsayı kuşattılar.
16ထိုသို့ ဇိမရိသည် သင်းဖွဲ့၍ ရှင်ဘုရင်ကို သတ်သည်ဟု ဖိလိတ္တိပြည်ဂိဗေသုန်မြို့ရှေ့မှာ တပ်ချသော သူအပေါင်းတို့သည် သိတင်းကြားလျှင်၊ ထိုနေ့ခြင်းတွင် ဗိုလ်ချုပ်မင်းဩမရိကို ဣသရေလရှင်ဘုရင်အရာ၌ တပ်ထဲမှာ ချီးမြှောက်ကြ၏။
18Zimri kentin alındığını görünce, sarayın kalesine girip sarayı ateşe verdi ve orada öldü.
17ဩမရိသည် ဣသရေလအမျိုးသားအပေါင်းတို့ နှင့်တကွ ဂိဗေသုန်မြို့မှထွက်၍၊ တိရဇမြို့ကို ဝိုင်းထား ကြ၏။
19Çünkü o RABbin gözünde kötü olanı yapmış, Yarovamın yolunu izlemiş, onun işlediği ve İsraili sürüklediği günahlara katılmıştı.
18မြို့ကိုတိုက်၍ ရမည်ဟုဇိမရိသည် သိသောအခါ၊ နန်းတော်ထဲသို့ဝင်၍ မိမိအပေါ်မှာ နန်းတော်ကို မီးရှို့ သဖြင့် ကိုယ်တိုင်သေလေ၏။
20Zimrinin krallığı dönemindeki öteki olaylar ve krala kurduğu düzen İsrail krallarının tarihinde yazılıdır.
19အကြောင်းမူကား၊ ယေရောဗောင်လိုက်သောလမ်း၊ ဣသရေလအမျိုးကို ပြစ်မှားစေသော လမ်းသို့ လိုက်၍ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုသော အကြောင်းတည်း။
21İsrail halkı ikiye bölündü. Halkın yarısı Ginatın oğlu Tivniyi kral yapmak isterken, öbür yarısı Omriyi destekliyordu.
20ဇိမရိပြုမူသောအမှုအရာ ကြွင်းသမျှတို့နှင့် ပုန်ကန်ခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထား လျက် ရှိ၏။
22Sonunda Omriyi destekleyenler Ginat oğlu Tivniyi destekleyenlerden daha güçlü çıktı. Tivni öldü, Omri kral oldu.
21ထိုအခါ ပြည်သားတို့သည် ကွဲပြား၍၊ အချို့တို့သည် ဂိနတ်၏သားတိဗနိကို ရှင်ဘုရင်အရာ၌ ချီးမြှောက် ခြင်းငှါ သူ့နောက်သို့ လိုက်ကြ၏။ အချို့တို့သည် ဩမရိ နောက်သို့လိုက်ကြ၏။
23Yahuda Kralı Asanın krallığının otuz birinci yılında Omri İsrail Kralı oldu ve altı yılı Tirsada olmak üzere toplam on iki yıl krallık yaptı.
22ဩမရိနောက်သို့လိုက်သော သူတို့သည် ဂိနတ်၏ သားတိဗနိနောက်သို့ လိုက်သောသူတို့ကို နိုင်သဖြင့်၊ တိဗနိသေ၍ ဩမရိသည် နန်းထိုင်လေ၏။
24Omri, Şemer adlı birinden Samiriye Tepesini iki talant gümüşe satın alıp üstüne bir kent yaptırdı. Tepenin eski sahibi Şemerin adından dolayı kente Samiriye adını verdi.
23ယုဒရှင်ဘုရင် အာသနန်းစံသုံးဆယ်တနှစ်တွင်၊ ဩမရိသည် နန်းထိုင်၍ ဣသရေလနိုင်ငံကို တဆယ်နှစ် နှစ်စိုးစံ၏။ တိရဇမြို့၌ ခြောက်နှစ်စိုးစံပြီးမှ၊
25RABbin gözünde kötü olanı yapan Omri, kendisinden önceki bütün krallardan daha çok kötülük yaptı.
24ရှမာရိတောင်ကို တောင်ရှင်ရှမေရ၌ ငွေအခွက် နှစ်ဆယ်နှင့် ဝယ်၍ တောင်ပေါ်မှာ မြို့ကိုတည်၏။ ထိုမြို့ ကို တောင်ရှင်ရှမေရအမည်ကို အစွဲပြုသဖြင့်၊ ရှမာရိမြို့ ဟူ၍ သမုတ်လေ၏။
26Nevat oğlu Yarovamın bütün yollarını izledi ve onun İsraili sürüklediği günahlara katılıp değersiz putlara taparak İsrailin Tanrısı RABbi öfkelendirdi.
25ဩမရိသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုသဖြင့်၊ မိမိရှေ့မှာ ဖြစ်ဘူးသောသူအပေါင်း ထက်သာ၍ ဆိုးညစ်၏။
27Omrinin krallığı dönemindeki öteki olaylar, yaptıkları ve başarıları İsrail krallarının tarihinde yazılıdır.
26နေဗတ်၏သား ယေရောဗောင်လိုက်သောလမ်း၊ ဣသရေလအမျိုးသည် မိစ္ဆာဒိဌိအားဖြင့် မိမိတို့ဘုရား သခင် ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်၍၊ ပြစ်မှားစေသော ဒုစရိုက်အပြစ်လမ်းသို့ လိုက်လေ၏။
28Omri ölüp atalarına kavuşunca, Samiriyede gömüldü ve yerine oğlu Ahav kral oldu.
27ဩမရိပြုမူသော အမှုအရာကြွင်းသမျှတို့နှင့် တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက် ရှိ၏။
29Yahuda Kralı Asanın krallığının otuz sekizinci yılında Omri oğlu Ahav İsrail Kralı oldu ve Samiriyede yirmi iki yıl krallık yaptı.
28ဩမရိသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာဟပ်သည် ခမည်းတော်အရာ၌နန်းထိုင်၏။
30RABbin gözünde kötü olanı yapan Omri oğlu Ahav, kendisinden önceki bütün krallardan daha çok kötülük yaptı.
29ယုဒရှင်ဘုရင်အာသနန်းစံ သုံးဆယ်ရှစ်နှစ်တွင်၊ ဩမရိသားအာဟပ်သည် ရှမာရိမြို့၌ ဣသရေလမင်း ပြု၍၊ ဣသရေလနိုင်ငံကို နှစ်ဆယ်နှစ်နှစ် စိုးစံ၏။
31Nevat oğlu Yarovamın günahlarını izlemek yetmezmiş gibi, bir de Sayda Kralı Etbaalın kızı İzebelle evlendi. Gidip Baala hizmet ederek ona taptı.
30ဩမရိသားအာဟပ်သည် မိမိရှေ့မှာ ဖြစ်ဘူးသောသူအပေါင်းတို့ထက် ထာဝရဘုရားရှေ့တော်၌သာ၍ ဒုစရိုက်ကိုပြု၏။
32Baal için Samiriyede yaptırdığı tapınağın içine bir sunak kurdu.
31နေဗတ်၏သားယေရောဗောင်ပြုသော ဒုစရိုက် အပြစ်လမ်းသို့သာလိုက်လျှင်၊ သာမညအပြစ်ရောက်မည် ဟု ထင်မှတ်လျက်၊ ဇိဒုန်မင်းကြီး ဧသဗာလသမီး ယေဇဗေလနှင့်စုံဘက်၍၊ ဗာလဘုရားကို ဝတ်ပြုကိုးကွယ်၏။
33Ayrıca bir Aşera putu yaptırdı. Ahav İsrailin Tanrısı RABbi kendisinden önceki bütün İsrail krallarından daha çok öfkelendirdi.
32ရှမာရိမြို့တွင် ဗာလဘုရား၏ ဗိမာန်၌ ဗာလဘုရားအဘို့ ယဇ်ပလ္လင်ကိုတည်၏။
34Ahav'ın krallığı döneminde, Beytelli Hiel Eriha Kenti'ni yeniden inşa etti. RAB'bin Nun oğlu Yeşu aracılığıyla söylediği söz uyarınca, Hiel ilk oğlu Aviram'ı kaybetme pahasına kentin temelini attı; en küçük oğlu Seguv'u kaybetme pahasına da kentin kapılarını taktı.
33အာရှရပင်ကိုလည်းပြုစု၍၊ မိမိရှေ့မှာ ဖြစ်ဘူးသော ဣသရေလ ရှင်ဘုရင်အပေါင်းတို့ထက် ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်ခြင်းငှါ သာ၍ပြု၏။
34အာဟပ်လက်ထပ်၌ ဗေသလမြို့သားဟိဧလသည် ယေရိခေါမြို့ကို တည်၏။ ထာဝရဘုရားသည် နုန်၏သားယောရှုအားဖြင့် မိန့်တော်မူသော စကားနှင့် အညီ၊ သားဦးအဘိရံလက်ထက်၌ မြို့ရိုးအမြစ်ကိုတည်၍၊ သားထွေး စေရပ်လက်ထက်၌ မြို့တံခါးတို့ကို ထောင်၏။