1Davutun ölümü yaklaşınca, oğlu Süleymana şunları söyledi:
1ဒါဝိဒ်သည်အနိစ္စရောက်ရသော အချိန်နီးသော အခါ၊ သားတော်ရှောလမုန်ကို ပညတ်ထားတော်မူသည် ကား၊
2‹‹Herkes gibi ben de yakında bu dünyadan ayrılacağım. Güçlü ve kararlı ol.
2မြေကြီးသားအပေါင်းတို့၏ သွားရာလမ်းသို့ ငါသွားရမည်။ သို့ဖြစ်၍အားယူလော့။ ယောက်ျား၏ ဂုဏ်သတ္တိရှိလော့။
3Tanrın RABbin verdiği görevleri yerine getir. Onun yollarında yürü ve Musanın yasasında yazıldığı gibi Tanrının kurallarına, buyruklarına, ilkelerine ve öğütlerine uy ki, yaptığın her şeyde ve gittiğin her yerde başarılı olasın.
3ထာဝရဘုရားသည် ငါ့အားဗျာဒိတ်ပေးတော် မူသည်ကား၊
4O zaman RAB bana verdiği şu sözü yerine getirecektir: ‹Eğer soyun nasıl yaşadığına dikkat eder, candan ve yürekten bana bağlı kalarak yollarımda yürürse, İsrail tahtından senin soyunun ardı arkası kesilmeyecektir.›
4သင်၏သားမြေးတို့သည် စိတ်နှလုံးအကြွင်းမဲ့ ငါ့ရှေ့မှာ သမ္မာတရား၌ ကျင်လည်ခြင်းငှါ မိမိတို့သွားရာ လမ်းကို သတိပြုလျှင်၊ ဣသရေ လနိုင်ငံရာဇပလ္လင်ပေါ် မှာ ထိုင်ရသော သင်၏အမျိုးမင်းရိုးမပြတ်ရဟု မိန့်တော် မူသော စကားတော်တည်၍၊ သင်သည်ပြုလေရာရာ၊ သွားလေရာရာ၌ အောင်မြင်မည်အကြောင်းသင်၏ ဘုရားသခင်ထာဝရဘုရား၏ လမ်းတော်သို့ လိုက်၍၊ မောရှေ၏ပညတ္တိကျမ်း၌ပါသော စီရင်ထုံးဖွဲ့ချက်၊ သက်သေခံချက်၊ ပညတ်တရားတော်တို့ကို စောင့်ရှောက် စေခြင်းငှါ မှာထားတော်မူသော စကားကို နားထောင် လော့။
5‹‹Seruya oğlu Yoavın bana ve İsrail ordusunun iki komutanı Ner oğlu Avnerle Yeter oğlu Amasaya neler yaptığını biliyorsun. Sanki savaş varmış gibi onları öldürerek barış döneminde kan döktü. Belindeki kemerle ayağındaki çarıklara kan bulaştırdı.
5ဇေရုယာသားယွာဘသည် ငါ၌ပြုသောအမှု၊ ဣသရေလဗိုလ်ချုပ်နှစ်ပါးနေရ၏သားအာဗနာ၊ ယေသာ ၏ သားအာမသ၌ ပြုသောအမှုတည်းဟူသော သူတို့ကို သတ်၍ စစ်မတိုက်ဘဲ စစ်အသွေးကို သွန်းလောင်း သဖြင့်၊ မိမိဝတ်သောခါးစည်း၊ မိမိနင်းသောခြေနင်းတို့ကို စစ်အသွေးနှင့် လူးသောအမှုကို သင်သိသည်ဖြစ်၍၊
6Sen aklına uyanı yap, ama onun ak saçlı başının esenlik içinde ölüler diyarına gitmesine izin verme.
6သင်၌ပညာရှိသည်အတိုင်း စီရင်လျက်၊ ဆံပင် ဖြူသော ထိုသူ၏ဦးခေါင်းကို မရဏာနိုင်ငံသို့ ငြိမ်ဝပ်စွာ မဆင်းစေနှင့်။
7‹‹Gilatlı Barzillayın oğullarına iyi davran, sofranda yemek yiyenlerin arasında onlara da yer ver. Çünkü ben ağabeyin Avşalomun önünden kaçtığım zaman onlar bana yardım etmişlerdi.
7ဂိလဒ်ပြည်သားဗာဇိလဲ၏သားတို့ကိုကား ကျေးဇူးပြု၍ စားပွဲတော်၌ စားသောလူစုထဲသို့ ဝင်စေ လော့။ သင့်အစ်ကိုအဗရှလုံကြောင့် ငါပြေးရသောအခါ၊ သူတို့သည် ထိုသို့သောကျေးဇူးကိုပြု၍ ငါ့ထံသို့ လာကြ၏။
8‹‹Mahanayime gittiğim gün beni çok ağır biçimde lanetleyen Benyamin oymağından Bahurimli Geranın oğlu Şimi de yanında. Beni Şeria Irmağı kıyısında karşılamaya geldiğinde, ‹Seni kılıçla öldürmeyeceğim› diye RABbin adıyla ona ant içmiştim.
8ငါသည်မဟာနိမ်မြို့သို့သွားသော နေ့၌ ငါ့ကို ကြမ်းတမ်းစွာ ကျိန်ဆဲသောသူ၊ ဗင်္ယာမိန်အမျိုးဗာဟု ရိမ်ရွာသား၊ ဂေရ၏သားရှိမိသည် သင့်လက်၌ရှိ၏။ သူသည်ငါ့ကိုခရီးဦးကြိုပြုအံ့သောငှါ ယော်ဒန်မြစ်နားသို့ လာသောအခါ၊ သင့်ကို ငါမကွပ်မျက်ဟု ထာဝရဘုရားကို တိုင်တည်၍ ငါကျိန်ဆိုသော်လည်း၊
9Ama sen sakın onu cezasız bırakma. Ona ne yapacağını bilecek kadar akıllısın. Onun ak saçlı başını ölüler diyarına kanlar içinde gönder.››
9ထိုသူကို အပြစ်မရှိသော သူကဲ့သို့မမှတ်ရဘဲ၊ သင်သည် လိမ္မာသော သူဖြစ်၍ သူ၌အဘယ်သို့ စီရင် သင့်သည်ကို သိသည်နှင့်အညီ၊ ဆံပင်ဖြူသော ထိုသူ၏ ခေါင်းကို အသေသတ်ခြင်းအားဖြင့် မရဏာနိုင်ငံသို့ ဆင်းစေလော့ဟု မှာထားတော်မူပြီးမှ၊
10Davut ölüp atalarına kavuşunca, kendi adıyla bilinen kentte gömüldü.
10ဒါဝိဒ်သည်ဘိုးတော်ဘေးတော်တို့နှင့် အိပ်ပျော် ၍ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံတော်မူ၏။
11Yedi yıl Hevronda, otuz üç yıl Yeruşalimde olmak üzere toplam kırk yıl İsrailde krallık yaptı.
11ဟေဗြုန်မြို့၌ခုနစ်နှစ်၊ ယေရုရှလင်မြို့၌ သုံး ဆယ်သုံးနှစ် မင်းပြု၍ ဣသရေလနိုင်ငံကို အနှစ် လေးဆယ်စိုးစံတော်မူ၏။
12Babası Davutun tahtına geçen Süleymanın krallığı çok sağlam temellere oturmuştu.
12ရှောလမုန်သည် ခမည်းတော်ဒါဝိဒ်၏ ရာဇ ပလ္လင်ပေါ်မှာ ထိုင်တော်မူ၍၊ အာဏာတော်သည် အမြဲတည်၏။
13Hagit oğlu Adoniya, Süleymanın annesi Bat-Şevanın yanına gitti. Bat-Şeva ona, ‹‹Dostça mı geldin?›› diye sordu. Adoniya, ‹‹Dostça›› diye karşılık verdi.
13ထိုနောက် ဟဂ္ဂိတ်၏သား အဒေါနိယသည် ရှောလမုန်၏ မယ်တော်ဗာသရှေဘထံသို့သွား၍၊ ဗာသရှေဘက သင်သည်မိတ်ဆွေဖွဲ့လျက် လာသလော ဟုမေးလျှင်၊ မိတ်ဆွေဖွဲ့လျက် လာပါ၏။
14Ve ekledi: ‹‹Sana söyleyeceklerim var.›› Bat-Şeva, ‹‹Söyle!›› dedi.
14ပြောစရာတစုံတခုရှိပါသည်ဟု ဆိုသော်၊ မယ်တော်က ပြောပါဟု ပြန်ဆို၏။
15Adoniya, ‹‹Bildiğin gibi, daha önce krallık benim elimdeydi›› dedi, ‹‹Bütün İsrail benim kral olmamı bekliyordu. Ancak her şey değişti ve krallık kardeşimin eline geçti. Çünkü RABbin isteği buydu.
15အဒေါနိယကလည်း၊ နိုင်ငံတော်သည် ကျွန်ုပ် လက်သို့ရောက်သည်ကို၎င်း၊ ဣသရေလအမျိုးသား အပေါင်းတို့သည် ကျွန်ုပ်ကို ရှင်ဘုရင်အဖြစ်၌ ချီးမြှောက် ချင်သည်အကြောင်းကို၎င်း မယ်တော်သိပါ၏။ သို့သော် လည်းနိုင်ငံတော်သည် ကျွန်ုပ်လက်မှလွဲ၍ ညီတော်လက် သို့ ရောက်ပါပြီ။ ထိုသို့ထာဝရဘုရားအလိုတော်ရှိ၏။
16Ama benim senden bir dileğim var. Lütfen geri çevirme.›› Bat-Şeva, ‹‹Söyle!›› dedi.
16ယခုမှာ တစုံတခုသော ဆုကို မယ်တော်၌ တောင်းချင်ပါ၏။ မငြင်းပါနှင့်ဟုဆိုလျှင်၊ မယ်တော်က ပြောပါဟုဆို၏။
17Adoniya, ‹‹Kral Süleyman seni kırmaz›› dedi, ‹‹Lütfen ona söyle, Şunemli Avişakı bana eş olarak versin.››
17သူကလည်းရှောလမုန်မင်းကြီးသည် ရှုနင်မြို့သူ အဘိရှက်ကို ကျွန်ုပ်အား ပေးစားတော်မူမည်အကြောင်း လျှောက်ပါတော့။ မင်းကြီးသည် မယ်တော်ကို ငြင်းတော် မမူနိုင်ဟု ဆိုလေသော်၊
18Bat-Şeva, ‹‹Peki, senin için kralla konuşacağım›› diye karşılık verdi.
18ဗာသရှေဘကကောင်းပြီ။ သင့်အဘို့နားတော် လျှောက်မည်ဟု ဆိုပြီးမှ၊ အဒေါနိယအဘို့ နားတော် လျှောက်မည်ဟုဆိုပြီးမှ၊ အဒေါနိယအဘို့ နားတော် လျှောက်အံ့သောငှါ ရှောလမုန်မင်းကြီးထံတော်သို့သွား၏။
19Bat-Şeva, Adoniyanın dileğini iletmek üzere Kral Süleymanın yanına gitti. Süleyman annesini karşılamak için ayağa kalkıp önünde eğildikten sonra tahtına oturdu. Annesi için de sağ tarafına bir taht koydurdu.
19ရှင်ဘုရင်သည် မယ်တော်ကို ခရီးဦးကြိုပြုအံ့ သောငှါ ထ၍ ဦးချပြီးမှ၊ ပလ္လင်တော်ပေါ်မှ ထိုင်တော် မူ၏။ မယ်တော်ထိုင်စရာဘို့ စီရင်၍ သူသည် လက်ျာ တော်ဘက်မှာ ထိုင်လေ၏။
20Tahtına oturan annesi, ‹‹Senden küçük bir dileğim var, lütfen beni boş çevirme›› dedi. Kral, ‹‹Söyle anne, seni kırmam›› diye karşılık verdi.
20ထိုအခါ မယ်တော်က၊ ငယ်သောဆု တစုံတခုကို တောင်းချင်သည်ဖြစ်၍ မငြင်းပါနှင့်ဟု လျှောက်လျှင်၊ ရှင်ဘုရင်ကမိခင်၊ တောင်းပါ၊ ကျွန်ုပ်မငြင်းပါဟု မိန့်တော် မူ၏။
21Bat-Şeva, ‹‹Şunemli Avişak ağabeyin Adoniyaya eş olarak verilsin›› dedi.
21မယ်တော်ကလည်း၊ ရှုနင်မြို့သူ အဘိရှက်ကို နောင်တော်အဒေါနိယအား ပေးစားတော်မူပါဟု တောင်း လေသော်၊
22Kral Süleyman, ‹‹Neden Şunemli Avişakın Adoniyaya verilmesini istiyorsun?›› dedi, ‹‹Krallığı da ona vermemi iste bari! Ne de olsa o benim büyüğüm. Üstelik Kâhin Aviyatarla Seruya oğlu Yoav da ondan yana.››
22ရှောလမုန်မင်းကြီးက၊ အဒေါနိယအဘို့ ရှုနင် မြို့သူ အဘိရှက်ကိုသာ အဘယ်ကြောင့် တောင်းရ သနည်း။ နိုင်ငံတော်ကိုလည်း သူအဘို့ တောင်းပါလော့။ သူသည်ကျွန်ုပ်နောင်တော်ဖြစ်၏။ သူနှင့်ယဇ်ပုရောဟိတ် အဗျာသာ၊ ဇေရုယာ၏ သားယွာဘအဘို့ တောင်းပါလော့ ဟု မယ်တော်အား ပြန်ပြောပြီးမှ၊
23Bu olay üzerine Kral Süleyman RABbin adıyla ant içti: ‹‹Eğer Adoniya bu dileğini hayatıyla ödemezse, Tanrı bana aynısını, hatta daha kötüsünü yapsın!
23တဖန်အဒေါနိယသည် ထိုသို့တောင်းသော်၊ မိမိ အသက်သေစေခြင်းငှါ မတောင်းမိလျှင်၊ ဘုရားသခင် သည် ငါ့အားထိုမျှမက ပြုတော်မူစေသတည်း။
24Beni güçlendirip babam Davutun tahtına oturtan, verdiği sözü tutup bana bir hanedan kuran, yaşayan RABbin adıyla ant içerim ki, Adoniya bugün öldürülecek!››
24ငါ့ကိုမြဲမြံစေသဖြင့်၊ ငါ့ခမည်းတော် ဒါဝိဒ်၏ ရာဇပလ္လင်တော်ပေါ်မှာ တင်၍ဂတိတော်နှင့်အညီ ငါ့နေရာနန်းတော်ကို ပေးတော်မူသော ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ အဒေါနိယသည် ယနေ့ အသေခံရမည်ဟု ထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆို ပြီးမှ၊
25Böylece Kral Süleyman Yehoyada oğlu Benayayı Adoniyayı öldürmekle görevlendirdi. Benaya da gidip Adoniyayı öldürdü.
25ယောယဒသား ဗေနာယကိုစေလွှတ်၍၊ အဒေါ နိယကို သေအောင်လုပ်ကြံလေ၏။
26Kral, Kâhin Aviyatara, ‹‹Anatottaki tarlana dön›› dedi, ‹‹Aslında ölümü hak ettin. Ama seni şimdi öldürmeyeceğim. Çünkü sen babam Davutun önünde Egemen RABbin Antlaşma Sandığını taşıdın ve babamın çektiği bütün sıkıntıları onunla paylaştın.››
26ယဇ်ပုရောဟိတ် အဗျာသာကိုလည်းရှင်ဘုရင် ခေါ်၍၊ သင်သည် အာနသုတ်မြို့၊ သင်ပိုင်သော မြေသို့ သွားလော့။ သင်သည် အသေခံထိုက်သော်လည်း ယခု ငါမစီရင်။ အကြောင်းမူကား၊ ထာဝရ အရှင်ဘုရားသခင် ၏သေတ္တာတော်ကို ငါ့ခမည်းတော် ဒါဝိဒ်ရှေ့မှာ ထမ်း လေပြီ။ ငါ့ခမည်းတော်ဆင်းရဲခံလေရာရာ၌ သင်သည် ဆင်းရဲခံလေပြီဟု မိန့်တော်မူ၏။
27Elinin ailesi hakkında RABbin Şiloda söylediği sözün gerçekleşmesi için, Süleyman Aviyatarı RABbin kâhinliğinden uzaklaştırdı.
27ထာဝရဘုရားသည် ဧလိအမျိုးကို အကြောင်း ပြု၍၊ ရှိလောမြို့၌ မိန့်တော်မူသော စကားပြည့်စုံမည် အကြောင်း၊ ရှောလမုန်သည် အဗျာသာကို ထာဝရဘုရား ထံတော်၌ ယဇ်ပုရောဟိတ်မဖြစ်စေခြင်းငှါ နှင်ထုတ်တော် မူ၏။
28Haber Yoava ulaştı. Yoav daha önce ayaklanan Avşalomu desteklemediği halde Adoniyayı destekledi. Bu nedenle RABbin Çadırına kaçtı ve sunağın boynuzlarına sarıldı.
28ယွာဘမူကား၊ အဗရှလုံ နောက်သို့မလိုက်သော် လည်း၊ အဒေါနိယနောက်သို့ လိုက်သောသူဖြစ်၍၊ ထို သိတင်းကို ကြားသောအခါ၊ ထာဝရဘုရား၏ တဲတော်သို့ ပြေး၍ ယဇ်ပလ္လင်ဦးချိုတို့ကို ကိုင်လျက်နေ၏။
29Yoavın RABbin Çadırına kaçıp sunağın yanında olduğu Kral Süleymana bildirildi. Süleyman, Yehoyada oğlu Benayaya, ‹‹Git, onu vur!›› diye buyruk verdi.
29ယွာဘသည် ထာဝရဘုရား၏ တဲတော်သို့ ပြေးပါပြီ။ ယဇ်ပလ္လင် အနားမှာရှိပါသည်ဟု ရှောလမုန် မင်းကြီးအား လျှောက်သောအခါ၊ ယွာဘကို လုပ်ကြံ လော့ဟု ယောယဒသား ဗေနာယကို စေလွှတ်တော်မူ၏။
30Benaya RABbin Çadırına gitti ve Yoava, ‹‹Kral dışarı çıkmanı buyuruyor!›› dedi. Yoav, ‹‹Hayır, burada ölmek istiyorum›› karşılığını verdi. Benaya gidip Yoavın kendisini nasıl yanıtladığını krala bildirdi.
30ဗေနာယသည် ထာဝရဘုရား၏ တဲတော်သို့ သွား၍၊ ရှင်ဘုရင်ခေါ်တော်မူသည်ဟုဆိုလျှင်၊ ယွာဘက ငါမသွား၊ ဤအရပ်မှာ အသေခံမည်ဟုဆို၏။ ဗေနာယ ကလည်း၊ ယွာဘသည်ဤသို့ပြန်ပြောပါ၏ဟု နားတော် လျှောက်လေသော်၊
31Kral, ‹‹Onun istediği gibi yap›› dedi, ‹‹Onu orada öldür ve göm. Yoavın boş yere döktüğü kanın sorumluluğunu benim ve babamın soyu üstünden kaldırmış olursun.
31ရှင်ဘုရင်က၊ အပြစ်မရှိသော သူ၏အသက်ကို ယွာဘသတ်သောအပြစ်နှင့် ငါမှစ၍ ငါ့အဆွေအမျိုး ကင်းစင်မည်အကြောင်း သူ့စကားအတိုင်းပြုလော့။ သူ့ကို လုပ်ကြံ၍ သင်္ဂြိုဟ်လော့။
32RAB döktüğü kandan ötürü onu cezalandıracaktır. Çünkü Yoav babam Davutun bilgisi dışında, kendisinden daha iyi ve doğru olan iki kişiyi -İsrail ordusunun komutanı Ner oğlu Avnerle Yahuda ordusunun komutanı Yeter oğlu Amasayı- kılıçla öldürdü.
32သူသည် မိမိထက်သာ၍ ဖြောင့်မတ် ကောင်း မြတ်သောသူ၊ ဣသရေလဗိုလ်ချုပ်နေရ၏သား အာဗနာ နှင့်ယုဒဗိုလ်ချုပ်ယေသာ၏သားအာမသကို ငါ့ခမည်း တော် ဒါဝိဒ်မသိဘဲ တိုက်၍ထားနှင့် သတ်သော အပြစ် ကို ထာဝရဘုရားသည် သူ၏ခေါင်းပေါ်သို့ သက်ရောက် စေတော်မူမည်။
33Böylece dökülen kanlarının sorumluluğu sonsuza dek Yoavın ve soyunun üstünde kalacaktır. Ama RAB, Davuta, soyuna, ailesine ve tahtına sonsuza dek esenlik verecektir.››
33ထိုသူတို့၏ အသွေးသည် ယွာဘခေါင်း၊ သားမြေးတို့၏ ခေါင်းပေါ်မှာ အစဉ်သက်ရောက်ပါစေ။ ဒါဝိဒ်နှင့် သူ၏ဆွေတော်မျိုးတော်၊ နန်းတော်၊ ရာဇပလ္လင် တော်၌ ထာဝရဘုရားပေးတော်မူသော ငြိမ်ဝပ်ခြင်း အမြဲသက်ရောက်ပါစေဟု မိန့်တော်မူသည်အတိုင်း၊
34Yehoyada oğlu Benaya gidip Yoavı öldürdü. Onu ıssız bir bölgede bulunan kendi evine gömdüler.
34ယောယဒသား ဗေနာယသည် သွားပြီးလျှင်၊ ယွာဘကို တိုက်သတ်၍ တောအရပ်၊ ယွာဘနေရာအိမ်၌ သင်္ဂြိုဟ်လေ၏။
35Kral, Yoavın yerine Yehoyada oğlu Benayayı ordu komutanı yaptı. Aviyatarın yerine de Kâhin Sadoku atadı.
35ဗိုလ်ချုပ်ယွာဘအရာ၌ ယောယဒသား ဗေနာယကို၎င်း၊ အဗျာသာအရာ၌ ယဇ်ပုရောဟိတ် ဇာဒုတ်ကို၎င်း ရှင်ဘုရင်ခန့်ထားတော်မူ၏။
36Sonra kral haber gönderip Şimiyi çağırttı. Ona, ‹‹Yeruşalimde kendine bir ev yap ve orada otur›› dedi, ‹‹Hiçbir yere gitme.
36တဖန်ရှင်ဘုရင်သည် ရှိမိကို ခေါ်ပြီးလျှင်၊ သင်သည် ယေရုရှလင်မြို့ထဲမှာ အိမ်ကိုဆောက်၍ နေရ မည်။ မြို့ပြင်သို့ထွက်၍ အဘယ်အရပ်ကို မျှမသွားနှင့်။
37Oradan ayrılıp Kidron Vadisinden öteye geçtiğin gün bil ki öleceksin. Sorumluluk sana ait.››
37မြို့ပြင်သို့ထွက်၍ ကေဒြုန်ချောင်းကို ကူးလျှင်၊ ကူးသောနေ့၌ အသေသတ်ခြင်းကို အမှန်ခံရမည်ဟု သတိနှင့်မှတ်လော့။ သင့်အသွေးသည် သင့်ခေါင်းပေါ်မှာ သက်ရောက်စေဟု မိန့်တော်မူသော်၊
38Şimi krala, ‹‹Efendim kral, peki›› diye karşılık verdi, ‹‹Kulun olarak söylediklerini aynen yapacağım.›› Şimi Yeruşalimde uzun süre yaşadı.
38ရှိမိက၊ အမိန့်တော်ကောင်းပါ၏။ အရှင်မင်းကြီး မိန့်တော်မူသည်အတိုင်း ကိုယ်တော်ကျွန်ပြုပါမည်ဟု ပြန် လျှောက်၍ ယေရုရှလင်မြို့၌ ကြာမြင့်စွာနေလေ၏။
39Aradan üç yıl geçmişti, Şiminin iki kölesi Gat Kralı Maaka oğlu Akişin yanına kaçtı. Kölelerin Gata kaçtığını Şimiye haber verdiler.
39သို့ရာတွင် သုံးနှစ်လွန်သောအခါ၊ ရှိမိ၏ကျွန် နှစ်ယောက်တို့သည် ဂါသမင်းကြီးမာခါသား အာခိတ်ထံ သို့ပြေး၍ ဂါသမြို့၌ရှိကြောင်းကို ရှိမိသည်ကြားလေသော်၊
40Bunun üzerine Şimi kalkıp eşeğine palan vurdu ve kölelerini aramak üzere Gata Akişin yanına gitti. Kölelerini bulup Gattan geri getirdi.
40ထ၍မြည်းကို ကုန်းနှီးတင်ပြီးလျှင်၊ ကျွန်တို့ကို ရှာအံ့သောငှါ ဂါသမြို့၊ အာခိတ်ထံသို့သွား၍ ကျွန်တို့ကို ခေါ်လေ၏။
41Şiminin Yeruşalimden Gata gidip döndüğü Süleymana anlatılınca,
41ထိုသို့ရှိမိသည် ယေရုရှလင်မြို့မှ ဂါသမြို့သို့ သွား၍ ပြန်လာကြောင်းကို ရှောလမုန်မင်းကြီး ကြား လေသော်၊
42Süleyman Şimiyi çağırttı. ‹‹Sana RABbin adıyla ant içirmedim mi?›› dedi, ‹‹ ‹Kalkıp herhangi bir yere gittiğin gün öleceğini bil!› diye seni uyarmadım mı? Sen de bana: ‹Peki, sözünü dinleyeceğim› demedin mi?
42ရှိမိကို ခေါ်ပြီးလျှင်၊ သင်သည် မြို့ပြင်သို့ ထွက် ၍ အခြားတပါးသော အရပ်သို့သွားလျှင်၊ သွားသောနေ့၌ အသေသတ်ခြင်းအမှန်ခံရမည်ကို သတိနှင့်မှတ်လော့ဟု ထာဝရဘုရားကိုတိုင်တည်လျက် သင့်ကို ငါကျိန်ဆိုစေ၍ သတိပေးသည်မဟုတ်လော။ သင်ကလည်း ကျွန်တော် ကြားရသော အမိန့်တော်ကောင်းပါသည်ဟု ဝန်ခံသည် မဟုတ်လော။
43Öyleyse neden RABbin adına içtiğin anda ve buyruğuma uymadın?››
43သို့ဖြစ်၍ ထာဝရဘုရား၏သစ္စာတော်ကို၎င်း၊ ငါမှာထားသော ပညတ်ကို၎င်း၊ ငါမှာထားသော ပညတ် ကို၎င်း အဘယ်ကြောင့် မစောင့်သနည်းဟု မိန့်တော် မူပြီးမှ၊
44Kral, Şimiye karşı sözlerini şöyle sürdürdü: ‹‹Babam Davuta yaptığın bütün kötülükleri çok iyi biliyorsun. Bu yaptıklarından dolayı RAB seni cezalandıracak.
44တဖန်သင်သည် ကိုယ်နှစ်သက်သည်အတိုင်း ငါ့ခမည်းတော်ဒါဝိဒ်၌ ပြုဘူးသော ဒုစရိုက်ရှိသမျှကို သင်သိ၏။ သင်၏ဒုစရိုက်အပြစ်ကို ထာဝရဘုရားသည် သင့်ခေါင်းပေါ်သို့ ရောက်စေတော်မူ၏။
45Ama Kral Süleyman kutsanacak ve Davutun tahtı RABbin önünde sonsuza dek kurulu kalacaktır.››
45ရှောလမုန်မင်းကြီးသည် မင်္ဂလာရှိ၍ ဒါဝိဒ်၏ ရာဇပလ္လင်တော်သည် ထာဝရဘုရားရှေ့တော်၌ အစဉ် အမြဲတည်ပါစေသတည်းဟု မိန့်တော်မူပြီးလျှင်၊
46Kral, Yehoyada oğlu Benaya'ya buyruk verdi. O da gidip Şimi'yi öldürdü.
46ယောယဒသား ဗေနာယသည် အမိန့်တော်ကို ခံ၍ ပြင်သို့ထွက်ပြီးလျှင် ရှိမိကိုသေအောင်လုပ်ကြံ လေ၏။ ထိုသို့နိုင်ငံတော်သည် ရှောလမုန်လက်၌ တည်၏။