Turkish

Myanmar

1 Kings

5

1Sur Kralı Hiram, Süleymanın babası Davutun yerine kral olarak meshedildiğini duyunca, elçilerini Süleymana gönderdi. Çünkü Davutla hep dostça geçinmişti.
1ရှောလမုန်ကို ခမည်းတော်အရာ၌ ဘိသိက်ပေး ကြောင်းကို တုရုမင်းကြီးဟိရံသည် ကြားလျှင်၊ ဒါဝိဒ်နှင့် အစဉ်မိတ်ဆွေဖွဲ့သော သူဖြစ်၍၊ မိမိကျွန်တို့ကို စေလွှတ် လေ၏။
2Süleyman Hirama şu haberi gönderdi:
2တဖန်ရှောလမုန်သည်လည်း၊ ဟိရံထံသို့ စေ လွှတ်လျက်၊
3‹‹Bildiğin gibi, babam Davut çevresindeki savaşlar yüzünden Tanrısı RABbin adına bir tapınak yapamadı. Bu savaşlarda RAB, Davutun düşmanlarını onun ayakları altına serdi.
3ငါ့အဘဒါဝိဒ်သည် အရပ်ရပ်၌ စစ်တိုက်ရ သောကြောင့်၊ ထာဝရဘုရားသည် ရန်သူတို့ကို အဘခြေ ဘဝါးတော်အောက်သို့ နှိမ့်ချတော်မမူမှီတိုင်အောင်၊ မိမိဘုရားသခင်ထာဝရဘုရား၏ နာမတော်အဘို့ အိမ်တော်ကို မတည်မဆောက်ရဟု မင်းကြီးသိ၏။
4Oysa şimdi Tanrım RAB her yönden bana rahatlık verdi. Ne bir düşmanım var, ne de kötü bir olay.
4ယခုမူကား၊ ငါ၏ဘုရားသခင်ထာဝရဘုရား သည် အရပ်ရပ်၌ ငြိမ်ဝပ်မည်အကြောင်း စီရင်တော်မူ သဖြင့်၊ ရန်ဘက်ပြုသောသူ၊ ဆီးတားသောသူ မရှိသည် ဖြစ်၍၊
5RAB, babam Davuta, ‹Tahtına oturtacağım oğlun benim adıma bir tapınak yapacak› diye söz verdi. Ben de Tanrım RABbin adına bir tapınak yapmaya karar verdim.
5ထာဝရဘုရားက၊ ငါ့အဘဒါဝိဒ်အား သင့် ကိုယ်စား သင်၏ရာဇပလ္လင်ပေါ်မှာ ငါတင်သော သင်၏ သားသည် ငါ့နာမအဘို့ အိမ်ကို တည်ဆောက်ရမည်ဟု မိန့်တော်မူသည်အတိုင်း၊ ငါ၏ဘုရားသခင် ထာဝရဘုရား ၏ နာမတော်အဘို့ အိမ်တော်ကို တည်ဆောက်မည်ဟု ငါအကြံရှိ၏။
6‹‹Şimdi bana Lübnandan sedir ağaçları kesmeleri için adamlarına buyruk ver. Benim adamlarım da seninkilerle birlikte çalışsın. Adamların için istediğin ücreti vereceğim. Aramızda Saydalılar kadar ağaç kesmede usta adamlar olmadığını biliyorsun.››
6မင်းကြီး၏ ကျွန်တို့သည် ငါ့အဘို့ လေဗနုန် တောင်ပေါ်မှာ အာရဇ်ပင်တို့ကို ခုတ်လှဲစေခြင်းငှါ စီရင် ပါ။ ငါ့ကျွန်တို့သည် မင်းကြီးကျွန်တို့နှင့်ဝိုင်း၍ လုပ်ကိုင် ကြလိမ့်မည်။ မင်းကြီးစီရင်သည်အတိုင်း၊ မင်းကြီး၏ ကျွန်တို့အား အခကိုပေးပါမည်။ ဇိဒုန်အမျိုးသားတို့သည် သစ်ခုတ်တတ်သကဲ့သို့ ငါ့တို့တွင် အဘယ်သူမျှ ခုတ်တတ် သည်ကို မင်းကြီးသိသည်ဟု မှာလိုက်လေ၏။
7Hiram, Süleymandan bu haberi alınca çok sevindi ve, ‹‹Bugün, o büyük ulusu yönetmek üzere Davuta bilge bir oğul veren RABbe övgüler olsun!›› dedi.
7ရှောလမုန်မင်း၏စကားကို ဟိရံမင်းသည် ကြား လျှင် အလွန်ဝမ်းမြောက်၍၊ ထိုလူမျိုးကြီးကို အစိုးရသော သားကို ဒါဝိဒ်အားပေးတော်မူသော ထာဝရဘုရားသည် ယနေ့မင်္ဂလာရှိတော်မူစေသတည်းဟု ဆိုလျက်၊
8Sonra Hiram Süleymana şu haberi gönderdi: ‹‹Gönderdiğin haberi aldım. Sedir ve çam ağaçlarıyla ilgili bütün dileklerini yerine getireceğim.
8မင်းကြီးမှာလိုက်သော အမှုကို ငါဆင်ခြင်ပြီ။ အာရဇ်သစ်သား၊ ထင်ရူးသစ်သားလိုသမျှကို ပေးပါမည်။
9Adamlarım tomrukları Lübnandan denize indirecekler, ben de onları sallar halinde bağlatıp belirteceğin yere kadar yüzdüreceğim. Orada adamlarım onları çözer, sen de alıp götürürsün. Sarayımın yiyecek gereksinimini karşılamakla, sen de benim dileğimi yerine getirmiş olursun.››
9ငါ့ကျွန်တို့သည် လေဗနုန်တောင်မှ ပင်လယ်သို့ ချပြီးလျှင်၊ ဘောင်လုပ်၍ မင်းကြီးစီရင်သောအရပ်သို့ ပင်လယ်လမ်းဖြင့် ဆောင်ခဲ့၍၊ ထိုအရပ်၌အပ်သဖြင့် မင်းကြီးခံယူရမည်။ မင်းကြီးသည်လည်း၊ ငါ၏နန်းတော် သားစားစရာရိက္ခာကိုပေး၍ ငါ့အလိုကိုလည်း ပြည့်စုံ စေရမည်ဟု ရှောလမုန်ထံသို့ လူကိုစေလွှတ်၍ ပြန်ပြော ၏။
10Hiram Süleymana istediği kadar sedir ve çam tomruğu sağladı.
10ထိုသို့ဟိရံသည် ရှောလမုန် အလိုရှိသမျှသော အာရဇ်သစ်သား၊ ထင်းရူးသစ်သားကို ပေး၏။
11Süleyman her yıl Hirama sarayının yiyecek gereksinimi olarak yirmi bin kor buğday, yirmi kor saf zeytinyağı verirdi.
11ရှောလမုန်သည်လည်း၊ ဟိရံ၏နန်းတော်သား များ စားစရာဘို့ တနှစ်တနှစ်လျှင် ဂျုံဆန်ကောရ နှစ်သောင်း၊ စစ်ပြီးသော ဆီကောရနှစ်ဆယ်ကို ပေး၏။
12RAB, verdiği söz uyarınca, Süleymana bilgelik verdi. Süleymanla Hiram arasında barış vardı. Aralarında bir antlaşma yaptılar.
12ထာဝရဘုရားသည်လည်း၊ ဂတိတော်ရှိသည် အတိုင်း၊ ရှောလမုန်အား ပညာကိုပေးတော်မူ၏။ ဟိရံမင်းနှင့်ရှောလမုန်မင်းနှစ်ပါးတို့သည် စစ်တိုက်ခြင်း မရှိ။ မိဿဟာယဖွဲ့ကြ၏။
13Kral Süleyman angaryasına çalıştırmak üzere bütün İsrailden otuz bin adam topladı.
13ရှောလမုန်မင်းကြီးသည်လည်း၊ ဣသရေလလူ အပေါင်းတို့တွင် လူသုံးသောင်းတို့ကို ခွဲခန့်၍၊
14Sırayla her ay on binini Lübnana gönderiyordu. Bir ay Lübnanda, iki ay evlerinde kalıyorlardı. Angaryasına çalışan adamların başında Adoniram vardı.
14အလှည့်အလှည့်တလလျှင်တသောင်းစီ၊ လေဗနုန် တောင်သို့ စေလွှတ်သဖြင့်၊ ထိုလူတို့သည် လေဗနုန်တောင် ပေါ်မှာတလ၊ ကိုယ်နေရာအရပ်၌ နှစ်လနေရကြ၏။ ထိုလူ တို့ကို အဒေါနိရံအုပ်ရ၏။
15Süleymanın yük taşıyan 70 000, dağlarda taş kesen 80 000 adamı vardı.
15ထမ်းရွက်သောသူခုနစ်သောင်း၊ တောင်ရိုးပေါ် မှာ သစ်ခုတ်သောသူရှစ်သောင်းတို့ကိုလည်း စေခိုင်းတော် မူ၍၊
16Ayrıca, işin yürümesini sağlayan ve işçileri yöneten 3 300 görevlisi vardı.
16အုပ်ချုပ်သောမင်းအရာရှိမှတပါး လုပ်ဆောင်သော သူတို့ကို စီရင်သောသူ သုံးထောင်သုံးရာရှိ၏။
17İşçiler, kralın buyruğu uyarınca, tapınağın temelini yontma taşlarla atmak üzere ocaktan büyük ve kaliteli taşlar kesip çıkardılar.
17ရှင်ဘုရင်၏ အမိန့်တော်အတိုင်း အိမ်တော် တိုက်မြစ်အဘို့ ကြီးသောကျောက်၊ အဘိုးထိုက်သော ကျောက်၊ ဆစ်ပြီးသောကျောက်တို့ကို ဆောင်ခဲ့ကြ၏။
18Süleyman'ın ve Hiram'ın yapıcılarıyla Gevallılar, tapınağın yapımı için taşlarla keresteleri kesip hazırladılar.
18ထိုသို့ရှောလမုန်မင်း၏ လက်သမားတို့နှင့် ဟိရံမင်း၏လက်သမားတို့သည် ဂေဗာလအမျိုးသားတို့ နှင့်တကွ၊ အိမ်တော်ကို တည်ဆောက်စရာဘို့ သစ်သား များ၊ ကျောက်များတို့ကို ပြင်ဆင်ကြ၏။