1Savaşmak üzere ordularını bir araya getiren Filistliler, Yahudanın Soko Kentinde toplandılar. Soko ile Azeka Kenti arasındaki Efes-Dammimde ordugah kurdular.
1ဖိလိတ္တိ လူတို့သည် ဗိုလ်ခြေများကို နှိုးဆော်၍ ယုဒခရိုင် ရှောခေါမြို့၌ စုဝေးသဖြင့်၊ ရှောခေါမြို့နှင့် အဇေကာမြို့စပ်ကြား ဒမိမ်အရပ်မှာ တပ်ချကြ၏။
2Saul ile İsrailliler de toplandılar. Ela Vadisinde ordugah kurup Filistlilere karşı savaş düzeni aldılar.
2ရှောလုနှင့်ဣသရေလ လူတို့သည် စုဝေး၍ ဧလာချိုင့်နားမှာ တပ်ချ၍ ဖိလိတ္တိလူတို့ကို တိုက်မည်ဟု စစ်ခင်းကျင်းကြ၏။
3Filistliler tepenin bir yanında, İsrailliler de karşı tepede yerlerini aldı. Aralarında vadi vardı.
3ဖိလိတ္တိလူအချို့တို့သည် ချိုင့်တဘက်၌ တောင်ပေါ်မှာရပ်လျက်၊ ဣသရေလလူအချို့တို့သည် ချိုင့်တဘက်၌ တောင်ပေါ်မှာ ရပ်လျက်ရှိကြ၏။
4Filist ordugahından Gatlı Golyat adında usta bir dövüşçü ortaya çıktı. Boyu altı arşın bir karıştı.
4ခြောက်တောင်နှင့်တထွာ အရပ်မြင့်သော ဂါသမြို့သားဂေါလျတ် အမည်ရှိသော သူရဲသည် ဖိလိတ္တိ တပ်ထဲက ထွက်လာ၏။
5Başına tunç miğfer takmış, pullu bir zırh kuşanmıştı. Tunç zırhın ağırlığı beş bin şekeldi.
5သူသည် ခေါင်းပေါ်မှာ ကြေးဝါခမောက်လုံးကို ဆောင်း၍ အခွက်ငါးဆယ် အချိန်ရှိသော ကြေးဝါ ချပ်အင်္ကျီကို ဝတ်၏။
6Baldırları zırhlarla korunmuştu. Omuzları arasında tunç bir pala asılıydı.
6ကြေးဝါခြေစွပ်ကို စွပ်လျက် ပခုံးကြားမှာ ကြေးဝါကိဒုန် လက်နက်ကို ဆွဲလျက်ရှိ၏။
7Mızrağının sapı dokumacı tezgahının sırığı gibiydi. Mızrağın demir başının ağırlığı altı yüz şekeldi. Golyatın önüsıra kalkanını taşıyan bir adam yürüyordu.
7လှံရိုးကား ရက်ကန်းလက်လိပ်နှင့် အမျှကြီး၏။ လှံကိုယ်ကား သံခြောက်ပိဿာ အချိန်ရှိ၏။ သူ့ရှေ့ မှာ ဒိုင်းလွှားကို ဆောင်သောသူတယောက်သည် သွားရ၏။
8Golyat durup İsrail ordusuna, ‹‹Neden savaş düzeni aldınız?›› diye haykırdı, ‹‹Ben Filistliyim, sizse Saulun kölelerisiniz. Aranızdan karşıma çıkacak birini seçin.
8ထိုသူရဲသည် ရပ်လျက် သင်တို့သည် စစ်ပြိုင်ခြင်းငှါ အဘယ်ကြောင့် ထွက်လာကြသနည်း။ ငါသည် ဖိလိတ္တိလူ၊ သင်တို့သည် ရှောလု၏ ကျွန်ဖြစ်ကြသည် မဟုတ်လော။ လူတယောက်ကို ရွေးကောက် ၍ ငါနှင့်တိုက်ခြင်းငှါ လာပါစေ။
9Dövüşte beni yenip öldürebilirse, biz sizin köleniz oluruz. Ama ben üstün gelip onu yok edebilirsem, siz bizim kölemiz olur, bize kulluk edersiniz.››
9သူသည် ငါ့ကို တိုက်၍ သတ်နိုင်လျှင် ငါတို့သည် သင်တို့၏ ကျွန်ခံမည်။ သို့မဟုတ် ထိုသူကို ငါနိုင် ၍ သတ်လျှင်၊ သင်တို့သည် ငါတို့၏ ကျွန်ခံ၍ ငါတို့အမှုကို ဆောင်ရွက်ရကြမည်ဟု ဣသရေလ ဗိုလ်ခြေတို့ကို ဟစ်၍ ပြောဆို၏။
10Filistli Golyat konuşmasını şöyle sürdürdü: ‹‹Bugün İsrail ordusuna meydan okuyorum! Benimle dövüşecek birini çıkarın karşıma!››
10တဖန် ထိုဖိလိတ္တိလူက၊ ဣသရေလဗိုလ်ခြေတို့ကို ယနေ့ ငါကြိမ်းပ၏။ လူချင်းတိုက်စေခြင်းငှါ လူတယောက်ကို ပေးကြလော့ဟု ဆို၏။
11Filistlinin bu sözlerini duyunca, Saul da İsrailliler de çok korkup dehşet içinde kaldılar.
11ဖိလိတ္တိလူပြောသော ထိုစကားကို ရှောလုနှင့် ဣသရေလလူအပေါင်းတို့သည် ကြားလျှင် စိတ်ပျက်၍ အလွန်ကြောက်ရွံ့ကြ၏။
12Davut Yahudanın Beytlehem Kentinden Efratlı İşay adında bir adamın oğluydu. İşayın sekiz oğlu vardı. Saulun krallığı döneminde İşayın yaşı oldukça ilerlemişti.
12ယုဒပြည်၊ ဗက်လင်မြို့၊ ဧဖရတ်အရပ်သားဖြစ်သော ဒါဝိဒ်၏ အဘယေရှဲသည် သားရှစ်ယောက် ရှိ၏။ ရှောလုလက်ထက်၌ ထိုသူသည် အသက်ကြီးသော သူ၏ အရာရှိ၏။
13İşayın üç büyük oğlu Saulla birlikte savaşa katılmıştı. Savaşa giden en büyük oğlunun adı Eliav, ikincisinin adı Avinadav, üçüncüsünün adıysa Şammaydı.
13ယေရှဲ၏သားတို့တွင် အသက် အကြီးဆုံးသောသူ သုံးယောက်တို့သည် စစ်မှုကို ထမ်း၍ ရှောလုနောက် သို့ လိုက်ကြ၏။ သူတို့အမည်ကား သားဦးဧလျာဘ၊ ဒုတိယသားအဘိနဒပ်၊ တတိယသားရှိမာတည်း။
14Davut en küçükleriydi. Üç büyük oğul Saulun yanındaydı.
14ဒါဝိဒ်သည် အငယ်ဆုံးသော သားဖြစ်၏။ သားကြီးသုံးယောက်တို့သည် ရှောလုနောက်တော်သို့ လိုက်ကြသော်လည်း၊ -
15Davut ise babasının sürüsüne bakmak için Saulun yanından ayrılıp Beytleheme gider gelirdi.
15ဒါဝိဒ်သည် မလိုက်၊ ဗက်လင်မြို့မှာ မိမိအဘ၏ သိုးတို့ကို ထိန်းကျောင်းခြင်းငှါ ပြန်သွားလေ၏။
16Filistli Golyat kırk gün boyunca sabah akşam ortaya çıkıp meydan okudu.
16ဖိလိတ္တိလူသည် အရက်လေးဆယ်ပတ်လုံး၊ နံနက်တခါ၊ ညဦးတခါ ချဉ်းကပ်၍ ကိုယ်ကို ပြ၏။
17Bir gün İşay, oğlu Davuta şöyle dedi: ‹‹Kardeşlerin için şu kavrulmuş bir efa buğdayla on somun ekmeği al, çabucak ordugaha, kardeşlerinin yanına git.
17ထိုအခါ ယေရှဲသည် မိမိသား ဒါဝိဒ်ကို ခေါ်၍၊ သင့်အစ်ကိုတို့အဘို့ ဤပေါက်ပေါက် တဧဖာနှင့် ဤမုန့်ဆယ်လုံးတို့ကို ယူ၍ အစ်ကိုတို့ရှိရာ တပ်တော်သို့ ပြေးသွားလော့။
18Şu on parça peyniri de birlik komutanına götür. Kardeşlerinin ne durumda olduğunu öğren ve iyi olduklarına ilişkin bir belirti getir.
18ဤဒိန်ခဲဆယ်လုံးကိုလည်း ယူ၍ သူတို့တပ်မှူးအား ဆက်လော့။ သင့်အစ်ကိုတို့သည် ကျန်းမာခြင်း ရှိသည် မရှိသည်ကို ကြည့်ရှုပြီးမှ၊ သူတို့ထံမှာ သက်သေတစုံတခုကို ခံယူလော့ဟုမှာလိုက်လေ၏။
19Kardeşlerin Saul ve öbür İsraillilerle birlikte Ela Vadisinde Filistlilere karşı savaşıyorlar.››
19ထိုကာလ၌ ရှောလုမှစ၍ ဒါဝိဒ်အစ်ကိုတို့နှင့် ဣသရေလလူအပေါင်းတို့သည် ဧလာချိုင့်မှာ ဖိလိတ္တိ လူတို့ကို စစ်တိုက်လျက် ရှိကြ၏။
20Ertesi sabah Davut erkenden kalktı. Sürüyü bir çobana bıraktı. İşayın buyurduğu gibi erzağı alıp yola koyuldu. Ordugaha vardığı sırada askerler savaş naraları atarak savaş düzenine giriyorlardı.
20ဒါဝိဒ်သည် နံနက်စောစောထ၍ သိုးတို့ကို သိုးထိန်း၌ အပ်ပြီးလျှင်၊ အဘမှာလိုက်သည် အတိုင်း စားစရာကို ယူသွား၍၊ ရိက္ခာလှည်းထားရာသို့ ရောက်သောအခါ၊ -
21İsraillilerle Filistliler karşı karşıya savaş düzeni almışlardı.
21ဣသရေလ တပ်သားတို့နှင့် ဖိလိတ္တိတပ်သားတို့သည် စစ်ခင်းကျင်း၍ စစ်တလင်းသို့ ချီလျက်၊ စစ် တိုက်မည်အသံနှင့် ကြွေးကြော်ကြ၏။
22Davut getirdiklerini levazım görevlisine bırakıp cepheye koştu; kardeşlerinin yanına varıp onları selamladı.
22ဒါဝိဒ်သည် မိမိ၌ပါသောအရာတို့ကို ရိက္ခာစောင့်လက်၌ အပ်ထားပြီးလျှင်၊ တပ်သားစုထဲသို့ ပြေး၍ မိမိအစ်ကိုတို့ကို နှုတ်ဆက်၏။
23Davut onlarla konuşurken, Gatlı Filistli, Golyat adındaki dövüşçü Filist cephesinden ileri çıkarak daha önce yaptığı gibi meydan okudu. Davut bunu duydu.
23သူတို့နှင့် ပြောစဉ်တွင်၊ ဖိလိတ္တိလူ၊ ဂါသမြို့သား ဂေါလျတ်အမည်ရှိသော သူရဲသည် ဖိလိတ္တိတပ်ထဲ က ထွက်လာ၍ ယမန်ကဲ့သို့ ပြောဆိုသည်ကို ဒါဝိဒ်သည် ကြားလေ၏။
24İsrailliler Golyatı görünce büyük korkuyla önünden kaçıştılar.
24ဣသရေလလူအပေါင်းတို့သည် ထိုသူကို မြင်သောအခါ အလွန်ကြောက်ရွံ့၍ ပြေးကြ၏။
25Birbirlerine, ‹‹İsraile meydan okumak için ortaya çıkan şu adamı görüyorsunuz ya!›› diyorlardı, ‹‹Kral onu öldürene büyük bir armağanın yanısıra kızını da verecek. Babasının ailesini de İsraile vergi ödemekten muaf tutacak.››
25အချို့တို့ကလည်း၊ ထိုလူထွက်လာသည်ကို မြင်သလော။ ဣသရေလအမျိုးကို ကြိမ်းပလျက်ထွက်လာ ပါသည်တကား။ သူ့ကို သတ်သောသူအား ရှင်ဘုရင်သည် ကြီးသော စည်းစိမ်နှင့် ချီးမြှောက်၍ သမီးတော်ကိုလည်း ပေးစားတော်မူမည်။ ထိုသူ၏ အဆွေအမျိုးကိုလည်း ဣသရေလနိုင်ငံတွင် မင်းမှု လွှတ်တော်မူမည်ဟု ပြောဆိုကြ၏။
26Davut yanındakilere, ‹‹Bu Filistliyi öldürüp İsrailden bu utancı kaldıracak kişiye ne verilecek?›› diye sordu, ‹‹Bu sünnetsiz Filistli kim oluyor da yaşayan Tanrının ordusuna meydan okuyor?››
26ဒါဝိဒ်ကလည်း၊ ထိုဖိလိတ္တိလူကို သတ်၍ ဣသရေလအမျိုးခံသော အရှက်ကွဲခြင်းကို ပယ်ရှင်းသော သူသည် အဘယ်အကျိုးကို ရလိမ့်မည်နည်း။ အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိုလ်ခြေ တို့ကို ကြိမ်းပရမည်အကြောင်း၊ အရေဖျားလှီးခြင်းကို မခံသော ထိုဖိလိတ္တိလူသည် အဘယ်သို့သော သူဖြစ်သနည်းဟု မိမိအနားမှာရှိသော သူတို့အား မေးမြန်းလျှင်၊-
27Adamlar daha önce verilmiş olan söze göre Golyatı öldürecek kişiye neler verileceğini anlattılar.
27သူတို့က၊ ထိုလူကို သတ်သောသူသည် ဤမည်သော အကျိုးကို ရလိမ့်မည်ဟု ယမန်ကဲ့သို့ ပြန်ပြောကြ၏။
28Ağabeyi Eliav Davutun adamlarla konuştuğunu duyunca öfkelendi. ‹‹Ne işin var burada?›› dedi, ‹‹Çöldeki üç beş koyunu kime bıraktın? Ne kadar kendini beğenmiş ve ne kadar kötü yürekli olduğunu biliyorum. Sadece savaşı görmeye geldin.››
28ထိုသူတို့နှင့် ဒါဝိဒ်ပြောသည်ကို အစ်ကိုအကြီး ဧလျာဘကြားလျှင် ဒါဝိဒ်ကို အမျက်ထွက်၍၊ သင်သည် အဘယ်ကြောင့် ဤအရပ်သို့ လာသနည်း။ ထိုနည်းသော သိုးတို့ကို တောတွင် အဘယ်သူလက်၌ အပ်ခဲ့သနည်း။ သင့်မာနကြီးခြင်း၊ သင့်စိတ်နှလုံးဆိုးညစ်ခြင်းကို ငါသိ၏။ စစ်ပွဲကို ကြည့်ရှုခြင်းငှါ သာလာပြီဟု ဆို၏။
29Davut, ‹‹Ne yaptım ki?›› dedi, ‹‹Bir soru sordum, o kadar.››
29ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် အဘယ်အမှုကို ပြုမိသနည်း။ ယခုပြောစရာ အကြောင်းမရှိလောဟု ဆိုသောနောက်၊
30Sonra başka birine dönüp aynı soruyu sordu. Adamlar öncekine benzer bir yanıt verdiler.
30အခြားသောသူတို့ထံသို့ လှည့်၍ ယမန်ကဲ့သို့ မေးမြန်းလျှင်၊ သူတို့သည် ရှေ့အတူ ပြန်ပြောကြ၏။
31Davutun söylediklerini duyanlar Saula ilettiler. Saul onu çağırttı.
31ထိုသို့ ဒါဝိဒ်ပြောသော စကားကို ကြားသော သူတို့သည် ရှောလုထံတော်၌ ကြားလျှောက်သော်၊ ဒါဝိဒ်ကို ခေါ်တော်မူ၏။
32Davut Saula, ‹‹Bu Filistli yüzünden kimse yılmasın! Ben kulun gidip onunla dövüşeceğim!›› dedi.
32ဒါဝိဒ်ကလည်း ထိုလူကြောင့် အဘယ်သူမျှ စိတ်မပျက်ပါစေနှင့်။ ကိုယ်တော်ကျွန်သွား၍ ထိုဖိလိတ္တိ လူကို တိုက်ပါမည်ဟု ရှောလုအား လျှောက်လျှင်၊-
33Saul, ‹‹Sen bu Filistliyle dövüşemezsin›› dedi, ‹‹Çünkü daha gençsin, o ise gençliğinden beri savaşçıdır.››
33ရှောလုက၊ သင်သည် ထိုဖိလိတ္တိလူကို သွား၍ မတိုက်နိုင်။ သင်သည် နုပျိုသောသူဖြစ်၏။ ထိုသူသည် ပျိုသောအရွယ်မှစ၍ စစ်သူရဲဖြစ်ခဲ့ပြီဟု ဒါဝိဒ်အား ဆိုသော်၊-
34Ama Davut, ‹‹Kulun babasının sürüsünü güder›› diye karşılık verdi, ‹‹Bir aslan ya da ayı gelip sürüden bir kuzu kaçırınca,
34ဒါဝိဒ်က၊ ကိုယ်တော်ကျွန်သည် အဘ၏ သိုးတို့ကို ထိန်းကျောင်းစဉ်အခါ၊ ခြင်္သေ့နှင့်ဝံသည်လာ၍ သိုးသငယ်ကို သိုးစုထဲက ကိုက်ချီပါ၏။
35peşinden gidip ona saldırır, kuzuyu ağzından kurtarırım. Eğer aslan ya da ayı üzerime gelirse, boğazından tuttuğum gibi vurur öldürürüm.
35ကျွန်တော်လိုက်၍ သတ်သဖြင့် သိုးသငယ်ကို သူ့ပစပ်ထဲက နှုတ်ပါ၏။ ဝံသည် ကျွန်တော်ကို ပြန်၍ ကိုက်သောအခါ၊ ဝံ၏မုတ်ဆိတ်ကို ကိုင်၍ ရိုက်သတ်ပါ၏။
36Kulun, aslan da ayı da öldürmüştür. Bu sünnetsiz Filistli de onlar gibi olacak. Çünkü yaşayan Tanrının ordusuna meydan okudu.
36ကိုယ်တော် ကျွန်သည် ခြင်္သေ့နှင့်ဝံနှစ်ကောင်လုံးကို သတ်ပါ၏။ အရေဖျားလှီးခြင်းကို မခံသော ထိုဖိလိတ္တိလူသည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိုလ်ခြေတို့ကို ကြိမ်းပသောကြောင့်၊ ထိုအကောင် တကောင်ကဲ့သို့ ဖြစ်ပါလိမ့်မည်။
37Beni aslanın, ayının pençesinden kurtaran RAB, bu Filistlinin elinden de kurtaracaktır.›› Saul, ‹‹Öyleyse git, RAB seninle birlikte olsun›› dedi.
37ခြင်္သေ့လက်၊ ဝံလက်မှ ကျွန်တော်ကို ကယ်နှုတ်တော်မူသော ထာဝရဘုရားသည်၊ ထိုဖိလိတ္တိလူလက်မှ ကယ်နှုတ်တော်မူလိမ့်မည်ဟု ရှောလုအား လျှောက်လေသော်၊ ရှောလုကသွားလော့။ ထာဝရဘုရား သည် သင်နှင့်အတူ ရှိတော်မူပါစေသောဟု ဒါဝိဒ်အား ဆိုလေ၏။
38Sonra kendi giysilerini Davuta verdi; başına tunç miğfer taktı, ona bir zırh giydirdi.
38ရှောလုသည်လည်း ဒါဝိဒ်ကို မိမိအဝတ်နှင့်ဝတ်စေသဖြင့်၊ သူ၏ခေါင်းပေါ်မှာ ကြေးဝါခလောက်လုံး ကိုတင်၍၊ သံချပ်အင်္ကျီကိုလည်း ဝတ်စေ၏။
39Davut giysilerinin üzerine kılıcını kuşanıp yürümeye çalıştı. Çünkü bu giysilere alışık değildi. Saula, ‹‹Bunlarla yürüyemiyorum›› dedi, ‹‹Çünkü alışık değilim.›› Sonra giysileri üzerinden çıkardı.
39ဒါဝိဒ်သည် ထားတော်ကို အဝတ်ပေါ်မှာ စည်း၍ သွားမည်ဟု အားထုတ်သော်လည်း၊ ထိုလက်နက် များကို မစုံစမ်းသေး။ သို့ဖြစ်၍ ဒါဝိဒ်က ဤလက်နက်တို့နှင့် ကျွန်တော် မသွားနိုင်ပါ၊ မစုံစမ်းပါသေး ဟု ရှောလုအား လျှောက်၍ ချွတ်ပြန်လေ၏။
40Değneğini alıp dereden beş çakıl taşı seçti. Bunları çoban dağarcığının cebine koyduktan sonra sapanını alıp Filistli Golyata doğru ilerledi.
40တဖန် မိမိတောင်ဝေးကို ကိုင်လျက်၊ ချောသောကျောက်ငါးလုံးကို ချောင်းထဲက ရွေး၍၊ သိုးထိန်း တန်ဆာတည်းဟူသော လွယ်အိတ်၌ ထည့်ပြီးမှ၊ လောက်လွှဲကိုလည်းကိုင်၍ ဖိလိတ္တိလူရှိရာသို့ ချဉ်းလေ၏။
41Filistli de, önünde kalkan taşıyıcısı, Davuta doğru ilerliyordu.
41ဖိလိတ္တိလူသည်လည်း ဒါဝိဒ်ရှိရာသို့ ချဉ်း၍ သူ့ရှေ့မှာ ဒိုင်းလွှားကို ဆောင်သောသူလည်း သွား၏။
42Davutu tepeden tırnağa süzdü. Kızıl saçlı, yakışıklı bir genç olduğu için onu küçümsedi.
42ဖိလိတ္တိလူသည် ကြည့်၍ ဒါဝိဒ်ကို မြင်သောအခါ မထီမဲ့မြင်ပြု၏။ အကြောင်းမူကား၊ သူသည် နုပျိုသောသူ၊ ဆံပင်နီ၍ မျက်နှာလှသောသူ ဖြစ်၏။
43‹‹Ben köpek miyim ki, üzerime değnekle geliyorsun?›› diyerek kendi ilahlarının adıyla Davutu lanetledi.
43ဖိလိတ္တိလူက၊ သင်သည် တောင်ဝေးနှင့် ငါ့ထံသို့ လာရမည်အကြောင်း၊ ငါသည် ခွေးဖြစ်သလောဟု မေးလျက်၊ မိမိဘုရားတို့ကို တိုင်တည်၍ ဒါဝိဒ်ကို ကျိန်ဆဲလေ၏။
44‹‹Bana gelsene! Bedenini gökteki kuşlara ve kırdaki hayvanlara yem edeceğim!›› dedi.
44တဖန် ဖိလိတ္တိလူက လာခဲ့။ သင့်အသားကို မိုဃ်းကောင်းကင် ငှက်နှင့်တောသားရဲတို့အား ငါပေးမည်ဟု ဒါဝိဒ်ကိုဆို၏။
45Davut, ‹‹Sen kılıçla, mızrakla, palayla üzerime geliyorsun›› diye karşılık verdi, ‹‹Bense meydan okuduğun İsrail ordusunun Tanrısı, Her Şeye Egemen RABbin adıyla senin üzerine geliyorum.
45ဒါဝိဒ်ကသင်သည် ထား၊ လှံ၊ ကိဒုန်ပါလျက် ငါ့ထံသို့ လာ၏။ ငါသည် သင် ကြိမ်းပသော ဣသရေလ ဗိုလ်ခြေတို့၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ နာမတော်ပါလျက် သင်ရှိ ရာသို့လာ၏။
46Bugün RAB seni elime teslim edecek. Seni vurup başını gövdenden ayıracağım. Bugün Filistli askerlerin leşlerini gökteki kuşlarla yerdeki hayvanlara yem edeceğim. Böylece bütün dünya İsrailde Tanrının var olduğunu anlayacak.
46ထာဝရဘုရားသည် သင့်ကို ငါ့လက်၌ ယနေ့ အပ်တော်မူသဖြင့်၊ သင့်ကို ငါသတ်၍ လည်ပင်းကို ဖြတ်မည်။ ဖိလိတ္တိဗိုလ်ခြေ အသေကောင်များကို မိုဃ်းကောင်းကင်ငှက်နှင့် တောသားရဲတို့အား ယနေ့ ငါပေးမည်။ ဣသရေလအမျိုး၌ ဘုရားသခင် ရှိတော်မူသည်ကို မြေကြီးသားအပေါင်းတို့ သည်သိရကြလိမ့်မည်။
47Bütün bu topluluk RABbin kılıçla, mızrakla kurtarmadığını anlayacak. Çünkü savaş zaten RABbindir! O sizi elimize teslim edecek.››
47ထာဝရဘုရားသည် ထားလှံအားဖြင့် ကယ်တင်တော်မမူကြောင်းကို၊ ဤပရိသတ်အပေါင်းတို့သည် သိရကြလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် စစ်မှုကို ပိုင်၍၊ ငါတို့လက်သို့ အပ်နှံတော် မူမည်ဟု ဖိလိတ္တိလူအား ဆို၏။
48Golyat saldırmak amacıyla Davuta doğru ilerledi. Davut da onunla dövüşmek üzere hemen Filist cephesine doğru koştu.
48ဖိလိတ္တိလူသည် ထ၍ ဒါဝိဒ်နှင့်တွေ့ခြင်းငှါ ချဉ်းလာသောအခါ၊ ဒါဝိဒ်သည်လည်း ဖိလိတ္တိလူနှင့် တွေ့ခြင်းငှါ ဗိုလ်ခြေရှိရာသို့ အလျင်အမြန် ပြေးပြီးမှ၊-
49Elini dağarcığına sokup bir taş çıkardı, sapanla fırlattı. Taş Filistlinin alnına çarpıp saplandı. Filistli yüzükoyun yere düştü.
49လွယ်အိတ်ထဲက ကျောက်တလုံးကို နှိုက်ယူ၍ လွှဲပစ်၏။ ဖိလိတ္တိလူ၏ နဖူးကို မှန်၍ နဖူးပေါက် သဖြင့် သူသည် မြေပေါ်မှာ ငိုက်စိုက်လဲလေ၏။
50Böylece Davut Filistli Golyatı sapan ve taşla yendi. Elinde kılıç olmaksızın onu yere serdi.
50ထိုသို့ ဒါဝိဒ်သည် လောက်လွှဲနှင့် ကျောက်တလုံးအားဖြင့် နိုင်လျက် ထိခိုက်၍ သတ်လေ၏။
51Sonra koşup üzerine çıktı. Golyatın kılıcını tutup kınından çektiği gibi onu öldürdü ve başını kesti. Kahraman Golyatın öldüğünü gören Filistliler kaçtılar.
51ထိုအခါ ဒါဝိဒ်သည် ထားမပါသောကြောင့် ပြေး၍ ဖိလိတ္တိလူကို နင်းလျက်၊ သူ၏ ထားကို ထားအိမ်မှ နှုတ်ဆွဲပြီးလျှင် လည်ပင်းကို ဖြတ်၍ အပြီးသတ်လေ၏။ ဖိလိတ္တိလူတို့သည် သူတို့၏ သူရဲသေကြောင်းကို မြင်သောအခါ ပြေးကြ၏။
52İsraillilerle Yahudalılar kalkıp Gatınfı girişine ve Ekron kapılarına kadar nara atarak onları kovaladılar. Filistlilerin ölüleri Gata, Ekrona kadar Şaarayim yolunda yerlere serildi.
52ထိုအခါ ဣသရေလအမျိုး၊ ယုဒအမျိုးသားတို့သည် ထ၍ ကြွေးကြော်လျက် ချိုင့်တိုင်အောင်၎င်း၊ ဧကြုန်မြို့ တံခါးတိုင်အောင်၎င်း၊ ဖိလိတ္တိလူတို့ကို လိုက်ကြ၏။ ထိခိုက်သော ဖိလိတ္တိလူတို့သည် ရှာရိမ်မြို့ လမ်းနားမှစ၍ ဂါသမြို့၊ ဧကြုန်မြို့တိုင်အောင် လဲကြ၏။
53Filistlileri kovaladıktan sonra geri dönen İsrailliler Filist ordugahını yağmaladılar.
53ဣသရေလ အမျိုးသားတို့သည် ဖိလိတ္တိလူတို့ကို လိုက်ရာမှ ပြန်လာ၍ သူတို့တဲများကို လုယူကြ၏။
54Davut Filistli Golyatın başını alıp Yeruşalime götürdü, silahlarını da kendi çadırına koydu.
54ဒါဝိဒ်သည် ဖိလိတ္တိလူ၏ ဦးခေါင်းကို ယူ၍ ယေရုရှလင်မြို့သို့ ဆောင်သွား၏။ သူ၏လက်နက်များ ကို မိမိတဲ၌ ထား၏။
55Saul, Davutun Golyatla dövüşmeye çıktığını görünce, ordu komutanı Avnere, ‹‹Ey Avner, kimin oğlu bu genç?›› diye sormuştu. Avner de, ‹‹Yaşamın hakkı için, ey kral, bilmiyorum›› diye yanıtlamıştı.
55ဒါဝိဒ်သည် ဖိလိတ္တိလူကို တိုက်ခြင်းငှါ ထွက်သွားသည်ကို ရှောလုသည်မြင်လျှင်၊ ထိုလုလင်ကား အဘယ်သူ၏ သာဖြစ်သနည်းဟု ဗိုလ်ချုပ်မင်းအာဗနာကို မေး၏။ အာဗနာကလည်း၊ အရှင်မင်းကြီး အသက်တော် ရှင်သည်အတိုင်း ကျွန်တော် မသိပါဟု လျှောက်လျှင်၊-
56Kral Saul, ‹‹Bu gencin kimin oğlu olduğunu öğren›› diye buyurmuştu.
56ရှင်ဘုရင်က၊ ထိုလုလင်သည် အဘယ်သူ၏ သားဖြစ်လိမ့်မည်ကို မေးစစ်လော့ဟု မိန့်တော်မူ၏။
57Davut Golyatı öldürüp ordugaha döner dönmez, Avner onu alıp Saula götürdü. Golyatın kesik başı Davutun elindeydi.
57ဒါဝိဒ်သည် ဖိလိတ္တိလူကို သတ်ပြီးမှ၊ သူ၏ ဦးခေါင်းကို ကိုင်လျက် ပြန်လာသောအခါ၊ အာဗနာသည် ခေါ်၍ ရှောလုထံသို့ ဆောင်သွားပြီးလျှင်၊-
58Saul, ‹‹Kimin oğlusun, delikanlı?›› diye sordu. Davut, ‹‹Kulun Beytlehemli İşay'ın oğluyum›› diye karşılık verdi.
58ရှောလုက၊ အချင်း လုလင်၊ သင်သည် အဘယ်သူ၏ သားဖြစ်သနည်းဟု မေးတော်မူ၏။ ဒါဝိဒ်ကလည်း ကျွန်တော်သည် ကိုယ်တော်ကျွန်၊ ဗက်လင်မြို့သား ယေရှဲ၏သား ဖြစ်ပါသည်ဟု လျှောက်လေ၏။