1Hanna şöyle dua etti: ‹‹Yüreğim RABde bulduğum sevinçle coşuyor;Gücümü yükselten RABdir.Düşmanlarımın karşısında övünüyor,Kurtarışınla seviniyorum!
1တဖန် ဟန္နသည် ပဌနာစကားကို မြွက်ဆိုသည်ကား၊ ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို အမှီပြု၍ ရွှင်လန်းလျက်၊ ထာဝရဘုရားကြောင့် ငါ့ဦးချိုမြင့်လျက် ရှိ၏။ ကယ်တင်ခြင်း ကျေးဇူးတော်ကြောင့် ဝမ်းမြောက်၍၊ ရန်သူတို့အား ဝါကြွားသောစကားကို ပြောရ၏။
2Kutsallıkta RABbin benzeri yok,Evet, senin gibisi yok, ya RAB!Tanrımız gibi dayanak yok.
2ထာဝရဘုရား သန့်ရှင်းတော်မူသကဲ့သို့ အဘယ်သူမျှမသန့်ရှင်း။ ကိုယ်တော်မှတပါး အခြားသော ဘုရားမရှိ။
3Artık büyük konuşmayın,Ağzınızdan küstahça sözler çıkmasın.Çünkü RAB her şeyi bilen Tanrıdır;Odur davranışları tartan.
3ငါတို့ ဘုရားသခင်ကဲ့သို့သော ခိုလှုံစရာမရှိ။ ကိုယ့်ကိုကိုယ် မချီးမြှောက်ကြနှင့်။ ဝါကြွားစော်ကားသော စကားကိုမပြောကြနှင့်။ အဓမ္မစကားကို နှုတ်ထဲက မထွက်စေကြနှင့်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သဗ္ဗညုတဘုရား ဖြစ်တော်မူ၏။ အမှုအရာတို့ကို ညှိညွှတ်တော်မူ၏။
4Güçlülerin yayları kırılır;Güçsüzlerse güçle donatılır.
4သူရဲတို့ ကိုင်သောလေးများ ကျိုးလျက်၊ လဲတတ်သော သူတို့သည် ခွန်အားနှင့် ပြည့်စုံလျက် ရှိကြ၏။
5Toklar yiyecek uğruna gündelikçi olur,Açlar doyurulur.Kısır kadın yedi çocuk doğururken,Çok çocuklu kadın kimsesiz kalır.
5ဝစွာစားသောသူတို့သည် စားစရာကို ရခြင်းငှါ၊ သူငှါး လုပ်ကြရပြီ။ ငတ်မွတ်သော သူတို့မူကား၊ တဖန် ဝကြပြီ။ မြုံသောသူသည် ခုနှစ်ကြိမ်တိုင်အောင် ဘွားမြင်ပြီ။ သားများသောသူမူကား၊ တဖန် အားလျော့ပြီ။
6RAB öldürür de diriltir de,Ölüler diyarına indirir ve çıkarır.
6ထာဝရဘုရားသည် သေစေသော အခွင့်၊ အသက်ရှင်စေသောအခွင့်၊ မရဏာနိုင်ငံသို့ နှိမ့်ချသောအခွင့်၊ ထမြောက်စေသောအခွင့် ရှိတော်မူ၏။
7O kimini yoksul, kimini varsıl kılar;Kimini alçaltır, kimini yükseltir.
7ဆင်းရဲစေခြင်းငှါ၎င်း၊ ရတတ်စေခြင်းငှါ၎င်း၊ ထာဝရဘုရားပြု၍၊ နှိမ့်ချသောအခွင့်၊ ချီးမြှောက်သော အခွင့်ရှိတော်မူ၏။
8Düşkünü yerden kaldırır,Yoksulu çöplükten çıkarır;Soylularla oturtsunVe kendilerine onur tahtını miras olarak bağışlasın diye.Çünkü yeryüzünün temelleri RABbindir,O dünyayı onların üzerine kurmuştur.
8ဆင်းရဲသောသူကို မြေမှုန့်ထဲက၎င်း၊ ငတ်မွတ်သောသူကို နောက်ချေးပုံထဲက၎င်း ချီးမြှောက်၍၊ မင်းသားတို့နှင့် ထိုင်ရသောအခွင့်၊ ဘုန်းကြီးသောပလ္လင်ကို အမွေခံရသောအခွင့်ကို ပေးတော်မူ၏။ အကြောင်းမူကား၊ မြေကြီးတိုင်တို့ကို ထာဝရဘုရားပိုင်၍ ထိုတိုင်တို့အပေါ်မှာ လောကဓာတ်ကို တည်တော်မူပြီ။
9RAB sadık kullarının adımlarını korur,Ama kötüler karanlıkta susturulur.Çünkü güçle zafere ulaşamaz insan.
9မိမိသန့်ရှင်းသူတို့ခြေကို စောင့်မတော်မူလိမ့်မည်။ မတရားသောသူတို့သည် မှောင်မိုက်၌ တိတ်ဆိတ် စွာ နေရကြလိမ့်မည်။ ကိုယ်အစွမ်းသတ္တိအားဖြင့် အဘယ်သူမျှ မနိုင်ရာ။
10RABbe karşı gelenler paramparça olacak,RAB onlara karşı gökleri gürletecek,Bütün dünyayı yargılayacak,Kralını güçle donatacak,Meshettiği kralın gücünü yükseltecek.››
10ထာဝရဘုရားသည် ရန်သူတို့ကို ချိုးဖဲ့တော်မူမည်။ သူတို့အပေါ်၌ မိုဃ်းကောင်းကင်မှ မိုဃ်းချုန်း စေတော်မူမည်။ ထာဝရဘုရားသည် မြေကြီးစွန်းတိုင်အောင် တရားစီရင်သဖြင့်၊ ခန့်ထားတော်မူသော ရှင်ဘုရင်ကို ခွန်အားနှင့် ပြည့်စုံစေ၍ အထံတော်၌ ဘိသိက်ခံသောသူကို ချီးမြှောက်တော်မူမည်ဟု မြွက်ဆို၏။
11Sonra Elkana Ramaya, evine döndü. Küçük Samuel ise Kâhin Elinin gözetiminde RABbin hizmetinde kaldı.
11ထိုနောက်မှ၊ ဧလကာနသည် ရာမမြို့၌ရှိသော မိမိအိမ်သို့သွား၍၊ သူငယ်သည် ယဇ်ပုရောဟိတ် ဧလိရှေ့တွင် အမှုတော်ကို ဆောင်ရွက်လေ၏။
12Elinin oğulları değersiz kişilerdi. RABbi ve kâhinlerin halkla ilgili kurallarını önemsemiyorlardı. Biri sunduğu kurbanın etini haşlarken, kâhinin hizmetkârı elinde üç dişli büyük bir çatalla gelir,
12ဧလိ၏သားတို့သည် ထာဝရဘုရားကို မသိ၊ အဓမ္မလူဖြစ်ကြ၏။
14çatalı kap, tencere, tava ya da kazana daldırırdı. Çatalla çıkarılan her şey kâhin için ayırılırdı. Şiloya gelen İsraillilerin hepsine böyle davranırlardı.
13လူများတို့တွင် ယဇ်ပုရောဟိတ်ပြုသော ထုံးစံဟူမူကား၊ ယဇ်ပူဇော်၍ အမဲသားကို ပြုတ်စဉ်အခါ၊ ယဇ်ပုရောဟိတ်၏ အစေအပါတယောက်သည်လာ၍ သုံးချောင်းရှိသော အမဲချိတ်ကို ကိုင်လျက်၊-
15Üstelik kurbanın yağları yakılmadan önce, kâhinin hizmetkârı gelip kurban sunan adama, ‹‹Kâhine kızartmalık et ver. Senden haşlanmış et değil, çiğ et alacak›› derdi.
14အိုးအစရှိသည်တို့၌ ထိုးခပ်၍၊ အမဲချိတ်တွင် ပါသမျှကို ယဇ်ပုရောဟိတ်သည် သိမ်းယူတတ်၏။ ရှီလောမြို့သို့ ရောက်လာသော ဣသရေလလူအပေါင်းတို့အား ထိုသို့ပြုကြ၏။
16Kurban sunan, ‹‹Önce hayvanın yağları yakılmalı, sonra dilediğin kadar al›› diyecek olsa, hizmetkâr, ‹‹Hayır, şimdi vereceksin, yoksa zorla alırım›› diye karşılık verirdi.
15ဆီဥကို မီးမရှို့မှီ၊ ယဇ်ပုရောဟိတ်၏ အစေအပါသည်လာ၍၊ ယဇ်ပုရောဟိတ်ဘို့ ကင်စရာအမဲသား ကို ပေးပါ။ ပြုတ်သော အမဲသားကို မယူ။ စိမ်းသော အမဲသားကိုသာ ယူမည်ဟု ယဇ်ပူဇော်သော သူအား ဆိုတတ်၏။
17Gençlerin RABbe karşı işledikleri günah çok büyüktü; çünkü RABbe sunulan sunuları küçümsüyorlardı.
16ထိုသူက၊ ဆီဥကိုအရင် မီးရှို့ပါရစေ။ နောက်မှ ယူချင်တိုင်းယူပါဟုဆိုလျှင်၊ မဟုတ်ဘူး ယခုပေးရမည်။ သို့မဟုတ် အနိုင်ယူမည်ဟု ပြောဆိုတတ်၏။
18Bu arada genç Samuel, keten efod giymiş, RABbin önünde hizmet ediyordu.
17ထိုယဇ်ပုရောဟိတ် ပျိုတို့သည်၊ ထာဝရဘုရားဝတ်ကို လူများ ရွံစရာပြုသောကြောင့်၊ ရှေ့တော်၌ အလွန်အပြစ်ကြီးသောသူ ဖြစ်ကြ၏။
19Yıllık kurbanı sunmak için annesi her yıl kocasıyla birlikte oraya gider, diktiği cüppeyi oğluna getirirdi.
18သူငယ် ရှမွေလသည် ပိတ်သင်တိုင်းကို ဝတ်စည်းလျက်၊ ထာဝရဘုရားရှေ့၌ အမှုတော်ကို ဆောင်ရွက် လေ၏။ -
20Kâhin Eli de, Elkana ile karısına iyi dilekte bulunarak, ‹‹Dilediği ve RABbe adadığı çocuğun yerine RAB sana bu kadından başka çocuklar versin›› derdi. Bundan sonra evlerine dönerlerdi.
19နှစ်စဉ်ပြုရသော ယဇ်ကို ပူဇော်ခြင်းငှါ၊ သူ၏ မိဘသည် ရောက်လာသောအခါ၊ အမိသည် တနှစ် မပြတ်သားအဘို့ အင်္ကျီငယ်ကို ချုပ်၍ ဆောင်ခဲ့တတ်၏။
21RABbin lütfuna eren Hanna gebe kalıp üç erkek, iki kız daha doğurdu. Küçük Samuel ise RABbin hizmetinde büyüdü.
20တရံရောအခါ၊ ဧလိက၊ သင်သည် ထာဝရဘုရား၌ ငှါးထားသော သားအတွက်၊ ဤမိန်းမတွင် အမျိုး အနွှယ်ကို ပေးတော်မူပါစေသောဟု ဧလကာနလင်မယားကို ကောင်းကြီးပေး၏။ ထိုသူတို့သည် နေရာ အိမ်သို့ ပြန်သွားသောနောက်၊
22Eli artık çok yaşlanmıştı. Oğullarının İsraillilere bütün yaptıklarını, Buluşma Çadırının girişinde görevli kadınlarla düşüp kalktıklarını duymuştu.
21ထာဝရဘုရားသည် ဟန္နကို အကြည့်အရှုကြွတော်မူသဖြင့်၊ သူသည် ပဋိသန္ဓေယူ၍၊ သားသုံးယောက်၊ သမီးနှစ်ယောက်တို့ကို ဘွားမြင်လေ၏။ သူငယ်ရှမွေလသည် ထာဝရဘုရားရှေ့တော်၌ ကြီးပွား သတည်း။
23Onlara, ‹‹Neden böyle şeyler yapıyorsunuz?›› dedi, ‹‹Yaptığınız kötülükleri herkesten işitiyorum.
22ဧလိသည် အသက်အရွယ်လွန်သောအခါ၊ သူ၏သားတို့သည် ဣသရေလလူအပေါင်းတို့၌ ပြုသမျှ ကို၎င်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ စည်းဝေးသောမိန်းမနှင့် မှားယွင်းကြောင်းကို ၎င်း ကြားသိလျှင်၊
24Olmaz bu, oğullarım! RABbin halkı arasında yayıldığını duyduğum haber iyi değil.
23သင်တို့သည် အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ သင်တို့ပြုသော ဒုစရိုက်တို့ကို လူအပေါင်းတို့ သည် ပြော၍ ငါကြားရ၏။
25İnsan insana karşı günah işlerse, Tanrı onun için aracılık yapar. Ama RABbe karşı günah işleyeni kim savunacak?›› Ne var ki, onlar babalarının sözünü dinlemediler. Çünkü RAB onları öldürmek istiyordu.
24မကောင်းဘူးငါ့သားတို့။ ငါကြားသော သိတင်းသည် ကောင်းသော သိတင်းမဟုတ်။ ထာဝရဘုရား ၏ လူတို့သည် ပြစ်မှားရမည်အကြောင်း၊ သင်တို့ပြုကြသည် တကား။
26Bu arada giderek büyüyen genç Samuel RABbin de halkın da beğenisini kazanmaktaydı.
25လူချင်းတယောက်ကို တယောက်ပြစ်မှားလျှင်၊ တရားသူကြီး စစ်ကြောစီရင်ရ၏။ လူသည် ထာဝရ ဘုရားကို ပြစ်မှားလျှင်၊ သူ့အတွက် အဘယ်သူ တောင်းပန်လိမ့်မည်နည်းဟု ဆုံးမသော်လည်း၊ သူ တို့သည် အဘ၏ စကားကို နားမထောင်ကြ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ကွပ်မျက်ခြင်း ငှါ အလိုရှိတော်မူ၏။
27O sıralarda bir Tanrı adamı Eliye gelip şöyle dedi: ‹‹RAB diyor ki, ‹Atan ve soyu Mısırda firavunun halkına kölelik ederken kendimi onlara açıkça göstermedim mi?
26သူငယ်ရှမွေလသည် ကြီးပွား၍၊ ထာဝရဘုရားရှေ့၊ လူတို့ရှေ့၌ မျက်နှာရလေ၏။
28Sunağıma çıkması, buhur yakıp önümde efod giymesi için bütün İsrail oymakları arasından yalnız atanı kendime kâhin seçtim. Üstelik İsraillilerin yakılan bütün sunularını da atanın soyuna verdim.
27ဘုရားသခင်၏ လူတယောက်သည် ဧလိထံသို့လာ၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တု ပြည်၊ ဖာရောဘုရင်ထံ၌နေရသော သင့်အဘ၏ အမျိုးအား ငါ ထင်ရှားသည် မဟုတ်လော။ -
29Öyleyse neden konutum için buyurduğum kurbanı ve sunuyu küçümsüyorsunuz? Halkım İsrailin sunduğu bütün sunuların en iyi kısımlarıyla kendinizi semirterek neden oğullarını benden daha çok sayıyorsun?›
28ငါ၏ ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ခြင်း၊ နံ့သာပေါင်းကို မီးရှို့ခြင်း၊ ငါ့ရှေ့မှာ သင်တိုင်းကို ဝတ်ခြင်း အမှုကို စောင့်ရသော ငါ၏ ယဇ်ပုရောဟိတ် ဖြစ်စေခြင်းငှါ၊ သူ့ကို ဣသရေလအမျိုးအပေါင်းတို့ အထဲက ငါရွေးကောက်သည် မဟုတ်လော။ ဣသရေလအမျိုးသားတို့သည် မီးဖြင့်ပြုသော ပူဇော်သက္ကာ ရှိသမျှတို့ကို၊ သင့်အဘ၏ အမျိုးအား ငါပေးသည်မဟုတ်လော။-
30‹‹Bu nedenle İsrailin Tanrısı RAB şöyle diyor: ‹Gerçekten, ailen ve atanın soyu sonsuza dek bana hizmet edecekler demiştim.› Ama şimdi RAB şöyle buyuruyor: ‹Bu benden uzak olsun! Beni onurlandıranı ben de onurlandırırım. Ama beni saymayan küçük düşürülecek.
29ငါ့အိမ်၌ ငါစီရင်သောယဇ်၊ ငါ့ပူဇော်သက္ကာကို အဘယ်ကြောင့် ခြေနှင့်ကန်သနည်း။ ငါ၏လူ ဣ သရေလအမျိုးသား တင်လှူသော ပူဇော်သက္ကာရှိသမျှတို့တွင်၊ အမြတ်ဆုံးသော အရာကို ဝစွာစား စေ၍၊ သင်၏သားတို့ကို ငါ့အပေါ်မှာ အဘယ်ကြောင့် ချီးမြှောက်သနည်း။
31Soyundan hiç kimsenin yaşlanacak kadar yaşamaması için senin ve atanın soyunun gücünü kıracağım günler yaklaşıyor.
30ထိုသို့ပြုသောကြောင့်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့် အမျိုး၊ သင့်အဘ၏အမျိုးသည် ငါ့ရှေ့မှာအစဉ် သွားလာရလိမ့်မည်ဟု ငါဆိုမိသော်လည်း၊ တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုဂတိသည် ငါနှင့်ဝေးပါစေ။ ငါ့ကို ချီးမြှောက်သော သူတို့ ကို ငါချီးမြှောက်မည်။ ငါ့ကို မထီမဲ့မြင်ပြုသော သူတို့သည် ဂုဏ်သရေ ပျက်ကြလိမ့်မည်။-
32İsraile yapılacak bütün iyiliğe karşın, sen konutumda sıkıntı göreceksin. Artık soyundan hiç kimse yaşlanacak kadar yaşamayacak.
31သင်၏ အမျိုးတွင် အိုသောသူတယောက်မျှ မရှိစေခြင်းငှါ၊ သင်၏ လက်ရုံးနှင့် သင့်အဆွေအမျိုး ၏ လက်ရုံးကို ငါဖြတ်သော အချိန်ကာလရောက်လိမ့်မည်။-
33Sunağımdan bütün soyunu yok edeceğim, yalnız bir kişiyi esirgeyeceğim. Gözleri ağlamaktan kör olacak, yüreği yanacak. Ama soyundan gelenlerin hepsi kılıçla ölecekler.
32ဣသရေလအမျိုးအား ငါပေးသော စည်းစိမ်ရှိရာ အိမ်ပေါ်မှာ ဘေးဥပဒ်ရောက်ကြောင်းကို သင် မြင်ရလိမ့်မည်။ သင်၏ အမျိုးတွင် အိုသောသူတယောက်မျှ အစဉ်မရှိရ။-
34İki oğlun Hofni ile Pinehasın başına gelecek olay senin için bir belirti olacak: İkisi de aynı gün ölecek.
33ငါ၏ယဇ်ပလ္လင်မှ ငါမပယ်မဖြတ်သော သင်၏အမျိုးသားသည်၊ သင့်မျက်စိပျက်၍ စိတ်ကြင်နာဘို့ ရာဖြစ်လိမ့်မည်။ သင်၏ သားစဉ်မြေးဆက်တို့သည် အသက်ပျိုစဉ်ပင် သေရကြလိမ့်မည်။-
35İsteklerimi ve amaçlarımı yerine getirecek güvenilir bir kâhin çıkaracağım kendime. Onun soyunu sürdüreceğim; o da meshettiğim kişinin önünde sürekli hizmet edecek.
34သင်၏သား ဟောဖနိနှင့် ဖိနဟတ်နှစ်ယောက်တို့၌ ဖြစ်စေ၍၊ သင့်အား ငါပေးသော ပုပ္ပနိမိတ် ဟူမူကား၊ ထိုသူနှစ်ယောက်တို့သည် တနေ့ခြင်းတွင် သေလိမ့်မည်။ -
36Ailenden sağ kalan herkes bir parça gümüş ve bir somun ekmek için gelip ona boyun eğecek ve, Ne olur, karın tokluğuna beni herhangi bir kâhinlik görevine ata! diye yalvaracak.› ›› edeceğim, yalnız bir kişiyi esirgeyeceğim. Gözleri ağlamaktan kör olacak, yüreği yanacak››, Masoretik metin ‹‹Gözlerini körleştirmek ve sana sıkıntı vermek için sunağımdan bütün soyunu yok etmeyeceğim, yalnız birini esirgeyeceğim››. olarak››.
35တဖန် ငါ့စိတ်နှလုံးအလိုသို့ လိုက်၍ သစ္စာစောင့်သော ယဇ်ပုရောဟိတ်ကို ငါပေါ်ထွန်းစေမည်။ မြဲသောအိမ်ကို သူ့အဘို့ ငါဆောက်ပေးသဖြင့်၊ သူသည် ငါ့ထံ၌ ဘိသိက်ခံသောသူရှေ့မှာ အစဉ် သွားလာရလိမ့်မည်။
36သင်၏ အမျိုး၌ ကျန်ကြွင်းသော သူတိုင်းသူ့ထံသို့လာ၍၊ ကျွန်တော်သည် မုန့်အနည်းငယ်ကို စားရ မည်အကြောင်း၊ ယဇ်ပုရောဟိတ်အရာနှင့်ဆိုင်သော အမှုတစုံတခု၌ ကျွန်တော်ကို စေခိုင်းပါလော့ ဟု ငွေစ၊ မုန့်စကို ရလိုသောငှါ၊ ရှိခိုးလျက် တောင်းပန်လိမ့်မည်ဟု အမိန့်တော်ကို ပြန်လေ၏။