Turkish

Myanmar

1 Samuel

31

1Filistliler İsraillilerle savaşa tutuştu. İsrailliler Filistlilerin önünden kaçtı. Birçoğu Gilboa Dağında ölüp yere serildi.
1ဖိလိတ္တိလူတို့သည် ဣသရေလလူတို့ကို စစ်တိုက်၍၊ ဣသရေလလူတို့သည် ရန်သူရှေ့မှာ ပြေးသဖြင့်၊ ဂိလဗောတောင်ပေါ်မှာ အထိအခိုက်နှင့် လဲ၍သေကြ၏။
2Filistliler Saulla oğullarının ardına düştüler. Saulun oğulları Yonatanı, Avinadavı ve Malkişuayı yakalayıp öldürdüler.
2ဖိလိတ္တိလူတို့သည် ရှောလုမင်းနှင့် သူ၏သားတို့ကို ပြင်းထန်စွာ လိုက်၍၊ ရှောလု၏သား ယုနသန်၊ အဘိနဒပ်၊ မေလခိရွှ တို့ကို သတ်ကြ၏။
3Saulun çevresinde savaş kızıştı. Derken Saul Filistli okçular tarafından vuruldu ve ağır yaralandı.
3စစ်တိုက်ရာတွင် ရှောလုသည် အလွန်ခံရ၏။ လေးသမားတို့ ပစ်သော မြှားမှန်၍ အလွန်နာသောကြောင့်၊
4Saul, silahını taşıyan adama, ‹‹Kılıcını çek de bana sapla›› dedi, ‹‹Yoksa bu sünnetsizler gelip bana kılıç saplayacak ve benimle alay edecekler.›› Ama silah taşıyıcısı büyük bir korkuya kapılarak bunu yapmak istemedi. Bunun üzerine Saul kılıcını çekip kendini üzerine attı.
4လက်နက်ဆောင်လုလင်ကို ခေါ်ပြီးလျှင် သင့်ထားကို ထုတ်၍ ငါ့ကို ထိုးလော့။ သို့မဟုတ် အရေဖျားလှီးခြင်းကို မခံသောလူတို့သည်လာ၍ ငါ့ကိုထိုးပြီးမှ မရိုမသေ ညှဉ်းဆဲကြလိမ့်မည်ဟု ဆိုသော်လည်း၊ လက်နက်ဆောင်လုလင်သည် အလွန်ကြောက်၍ မပြုဘဲနေသောကြောင့်၊ ရှောလုသည် ထိုထားကို ယူ၍ ထောင်ပြီးလျှင်၊ ထားဖျားပေါ်မှာ လှဲ၍ သေလေ၏။
5Saulun öldüğünü görünce, silah taşıyıcısı da kendini kılıcının üzerine attı ve Saulla birlikte öldü.
5ရှောလု သေသည်ကို လက်နက်ဆောင်လုလင် မြင်လျှင်၊ သူသည်လည်း ထိုထားကိုထောင်၍ ရှောလုနှင့်အတူ ထားဖျားပေါ်မှာ လှဲ၍ သေ၏။
6Böylece Saul, üç oğlu, silah taşıyıcısı ve bütün adamları aynı gün öldüler.
6ထိုသို့ရှောလုမှစ၍ သူ၏ သားသုံးယောက်၊ သူ၏ လက်နက်ဆောင်လုလင်၊ သူ၏ လူအပေါင်းတို့သည် ထိုနေ့ခြင်းတွင် အတူသေကြ၏။
7Vadinin öbür tarafında ve Şeria Irmağının karşı yakasında oturan İsrailliler, İsrail ordusunun kaçtığını, Saulla oğullarının öldüğünü anlayınca, kentlerini terk edip kaçmaya başladılar. Filistliler gelip bu kentlere yerleştiler.
7ဣသရေလလူ ပြေးကြောင်း၊ ရှောလုနှင့် သူ၏သားသေကြောင်းကို ချိုင့်တဘက်၊ ယော်ဒန်မြစ်တဘက်၌ နေသော ဣသရေလလူတို့သည် သိမြင်လျှင်၊ မြို့ရွာတို့ကို စွန့်ပြေးသဖြင့်၊ ဖိလိတ္တိလူတို့သည် လာ၍ နေကြ၏။
8Ertesi gün Filistliler, öldürülenleri soymak için geldiklerinde, Saulla üç oğlunun Gilboa Dağında öldüğünü gördüler.
8နက်ဖြန်နေ့၌ ဖိလိတ္တိလူတို့သည် အသေကောင်တို့၌ အဝတ်တန်ဆာကို ချွတ်ခြင်းငှါလာသောအခါ၊ ဂိလဗောတောင်ပေါ်မှာ၊ ရှောလုနှင့် သူ၏သားသုံးယောက်တို့သည် လဲသေလျက် ရှိသည်ကို တွေ့မြင်ကြ၏။
9Saulun başını kesip silahlarını aldılar. Sonra bu iyi haberin putlarının tapınağında ve halk arasında duyurulması için Filist ülkesinin her yanına ulaklar gönderdiler.
9ရှောလု၏ ခေါင်းကို ဖြတ်၍ လက်နက်တော်ကို ချွတ်ပြီးမှ သူတို့ ရုပ်တုကျောင်းများ၌၎င်း၊ လူများတို့၌၎င်း၊ သိတင်းကျော်စောစေခြင်းငှါ ဖိလိတ္တိပြည် အရပ်ရပ်သို့ ပေးလိုက်ကြ၏။
10Saulun silahlarını Aştoretin tapınağına koyup cesedini Beytşean Kentinin suruna çaktılar.
10လက်နက်တော်ကိုလည်း အာရှတရက်ကျောင်း၌ ထား၍ အလောင်းတော်ကို ဗက်ရှန်မြို့ရိုး၌ ဆွဲထားကြ၏။
11Yaveş-Gilat halkı Filistlilerin Saula yaptıklarını duydu.
11ရှောလု၌ ဖိလိတ္တိလူတို့ ပြုသောအမှုကို ဂိလဒ်ပြည် ယာဗက်မြို့သားများကြားလျှင်၊
12Bütün yiğitler geceleyin yola koyularak Beytşeana gittiler. Saulla oğullarının cesetlerini Beytşean surundan indirip Yaveşe götürdüler, orada yaktılar.
12သူရဲအပေါင်းတို့သည် ညဉ့်အခါ ထသွား၍၊ ရှောလု၏အလောင်းနှင့် သူ၏သားအလောင်းတို့ကို ဗက်ရှန်မြို့ရိုးမှ ချပြီး လျှင်၊ ယာဗက်မြို့သို့ဆောင်ခဲ့၍ မီးရှို့ကြ၏။
13Sonra kemiklerini toplayıp Yaveş'teki ılgın ağacının altına gömdüler ve yedi gün oruç tuttular.
13အရိုးတို့ကို လည်းယူ၍ ယာဗက်မြို့မှာ သစ်ပင်အောက်၌ သင်္ဂြိုဟ်ပြီးမှ ခုနစ်ရက်ပတ်လုံး အစာရှောင်ကြသည်