Turkish

Myanmar

1 Samuel

4

1Samuelin sözü bütün İsrailde yayıldı. yayıldı››, Septuaginta ‹‹O günlerde Filistliler İsraillilerle savaşmak üzere toplandılar››. İsrailliler Filistlilerle savaşmak üzere yola çıktılar. İsrailliler Even-Ezerde, Filistliler de Afekte ordugah kurdu.
1တဖန် ဣသရေလ အမျိုးသားတို့သည် ဖိလိတ္တိလူတို့ကို တိုက်ခြင်းငှါ ချီသွား၍၊ ဧဗနေဇာမြို့နားမှာ တပ်ချလျက်၊ ဖိလိတ္တိလူတို့သည် အာဖက်မြို့၌ တပ်ချလျက်နေကြ၏။
2Filistliler İsraile karşı savaş düzenine girdiler. Savaş her yere yayılınca, Filistliler İsraillileri bozguna uğrattı. Savaş alanında dört bine yakın İsrailliyi öldürdüler.
2ဖိလိတ္တိလူတို့သည် ဣသရေလအမျိုးကို စစ်ခင်းကျင်း၍ တိုက်ကြသောအခါ၊ ဣသရေလအမျိုးသည် စစ်ရှုံး၍ ရန်သူလက်တွင် သူရဲလေးထောင်ခန့်မျှ သေကြ၏။
3Askerler ordugaha dönünce, İsrailin ileri gelenleri, ‹‹Neden bugün RAB bizi Filistlilerin önünde bozguna uğrattı?›› diye sordular, ‹‹RABbin Antlaşma Sandığını Şilodan buraya getirelim ki, aramıza geldiğinde bizi düşmanlarımızın elinden kurtarsın.››
3လူများတို့သည် တပ်ထဲသို့ ရောက်သောအခါ၊ ဣသရေလအမျိုး အသက်ကြီးသူတို့က၊ ယနေ့ ထာဝရ ဘုရားသည် ငါတို့ကို ဖိလိတ္တိလူတို့ရှေ့မှာ အဘယ်ကြောင့် ရှုံးစေတော်မူသနည်း။ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည် လာ၍၊ ငါတို့ကို ရန်သူလက်မှ ကယ်တင်စေခြင်းငှါ၊ ရှိလောမြို့မှ ဆောင်ခဲ့ ကြကုန်အံ့ဟု ဆိုကြသည်အတိုင်း၊
4Halk Şiloya adamlar gönderdi. Keruvlar arasında taht kurmuş, Her Şeye Egemen RABbin Antlaşma Sandığını oradan getirdiler. Elinin iki oğlu, Hofni ile Pinehas da Tanrının Antlaşma Sandığının yanındaydılar.
4လူများတို့သည် ရှိလောမြို့သို့ လူကို စေလွှတ်၍၊ ခေရုဗိမ်စပ်ကြားမှာနေသော ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို ဆောင်ခဲ့သဖြင့်၊ ဘုရားသခင်၏ ပဋိညာဉ်သေတ္တာ တော်နှင့်အတူ ဧလိ၏ သားဟောဖနိနှင့်ဖိနဟတ်နှစ်ယောက်တို့သည် ပါကြ၏။
5RABbin Antlaşma Sandığı ordugaha varınca, bütün İsrailliler öyle yüksek sesle bağırdılar ki, yer yerinden oynadı.
5ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည် တပ်ထဲသို့ ရောက်သောအခါ၊ မြေကြီး အသံမြည် သည်တိုင်အောင် တပ်သားအပေါင်းတို့သည် ကြွေးကြော်ကြ၏။
6Filistliler bağrışmaları duyunca, ‹‹İbranilerin ordugahındaki bu yüksek bağrışmaların anlamı ne?›› diye sordular. RABbin Sandığının ordugaha getirildiğini öğrenince,
6ကြွေးကြော်သံကို ဖိလိတ္တိလူတို့သည် ကြားလျှင်၊ ဟေဗြဲတပ်၌ ပြုသော ကြွေးကြော်သံကြီးကား အဘယ်သို့နည်းဟု မေးလျက်၊ ထာဝရဘုရား၏ သေတ္တာတော်သည် ထိုတပ်ထဲသို့ ရောက်ကြောင်း ကို သိကြ၏။
7korkarak, ‹‹Tanrılar ordugaha gelmiş›› dediler, ‹‹Vay başımıza! Daha önce buna benzer bir olay olmamıştı.
7ဖိလိတ္တိလူတို့သည် ကြောက်၍၊ ဘုရားသခင်သည် ဟေဗြဲတပ်ထဲသို့ ရောက်လေပြီ တကား။ ငါတို့ သည် အမင်္ဂလာရှိကြ၏။ တခါမျှ ဤသို့ မဖြစ်စဖူး။
8Vay başımıza! Bu güçlü tanrıların elinden bizi kim kurtarabilir? Çölde Mısırlıları her tür belaya çarptıran tanrılar bunlar.
8ငါတို့သည် အမင်္ဂလာရှိကြ၏။ တန်ခိုးကြီးသော ဤဘုရားသခင်၏လက်မှ ငါတို့ကို အဘယ်သူ ကယ် တင်လိမ့်မည်နည်း။ တော၌ အဲဂုတ္တုလူတို့ကို ဘေးအပေါင်းနှင့် ဒဏ်ခတ်သော ဘုရားကား၊ အခြား မဟုတ် ဤဘုရားပေတည်း။
9Güçlü olun, ey Filistliler! Yiğitçe davranın! Yoksa, İbraniler size nasıl boyun eğdiyse, siz de onlara öyle boyun eğeceksiniz. Bu yüzden yiğitçe davranın ve savaşın!››
9အို ဖိလိတ္တိလူတို့၊ ဣသရေလလူတို့သည် သင်တို့ထံ၌ ကျွန်ခံရသကဲ့သို့၊ သူတို့ထံ၌ ငါတို့သည် ကျွန် မခံရမည်အကြောင်း၊ အားယူ၍ ယောက်ျားပြုကြလော့။ ယောက်ျားပြု၍ တိုက်ကြလော့ဟု ပြောဆို ကြ၏။
10Böylece Filistliler savaşıp İsraillileri bozguna uğrattılar. İsraillilerin hepsi evlerine kaçtı. Yenilgi öyle büyüktü ki, İsrailliler otuz bin yaya asker yitirdi,
10ဖိလိတ္တိလူတို့သည် စစ်တိုက်သဖြင့်၊ ဣသရေလအမျိုး ရှုံးပြန်၍၊ လူတိုင်း မိမိနေရာသို့ ပြေးလေ၏။ ကြီးစွာသော လုပ်ကြံခြင်းဖြစ်၍၊ ဣသရေလခြေသည် သူရဲ သုံးသောင်းတို့သည် သေကြ၏။
11Tanrının Sandığı alındı, Elinin iki oğlu, Hofni ile Pinehas öldü.
11ဘုရားသခင်၏ သေတ္တာတော်သည် ရန်သူလက်သို့ ရောက်၍၊ ဧလိ၏သား ဟောဖနိနှင့် ဖိနဟတ် နှစ်ယောက်တို့သည် အသက်ဆုံးလေ၏။
12Benyaminli bir adam savaş alanından koşarak aynı gün Şiloya ulaştı. Giysileri yırtılmış, başı toz toprak içindeydi.
12ဗင်္ယာမိန် အမျိုးသားတယောက်သည်၊ စစ်တိုက်ရာထဲက ပြေးလာ၍၊ မိမိအဝတ်ကို ဆုတ်လျက်၊ မိမိခေါင်းပေါ်မှာ မြေမှုန့်ကိုတင်လျက်၊ ထိုနေ့ခြင်းတွင် ရှိလောမြို့သို့ ရောက်လေ၏။
13Adam Şiloya vardığında, Tanrının Sandığı için yüreği titreyen Eli, yol kenarında bir sandalyeye oturmuş, kaygıyla bekliyordu. Adam kente girip olup bitenleri anlatınca, kenttekilerin tümü haykırdı.
13ရောက်သောအခါ၊ ဧလိသည် လမ်းနား၌ ခုံပေါ်မှာထိုင်၍၊ ဘုရားသခင်၏ သေတ္တာတော်အတွက် စိတ်နှလုံးတုန်လှုပ်လျက် စောင့်နေ၏။ ပြေးသောသူသည် မြို့ထဲသို့ရောက်၍ သိတင်းပြောသဖြင့်၊ တမြို့လုံး အော်ဟစ်ကြ၏။
14Eli haykırışları duyunca, ‹‹Bu gürültünün anlamı ne?›› diye sordu. Adam olanları Eliye bildirmek için hemen onun yanına geldi.
14အော်ဟစ်သံကို ဧလိကြားသော်၊ အုတ်အုတ်ကျက်ကျက်သော အသံကား၊ အဘယ်သို့နည်းဟုမေးလျှင်၊ ထိုသူသည် အလျင်အမြန်လာ၍ ဧလိအား လျှောက်လေ၏။
15O sırada Eli doksan sekiz yaşındaydı. Gözleri zayıflamış, göremiyordu.
15ထိုအခါ ဧလိသည် အသက် ကိုးဆယ်ရှစ်နှစ်ရှိ၍ မျက်စိမမြင်နိုင်အောင် မျက်ကြောသေနှင့်ပြီ။
16Adam Eliye, ‹‹Ben savaş alanından geliyorum›› dedi, ‹‹Savaş alanından bugün kaçtım.›› Eli, ‹‹Ne oldu, oğlum?›› diye sordu.
16ပြေးသောသူက၊ အကျွန်ုပ်သည် စစ်တိုက်ရာမှ ရောက်လာသောသူ ဖြစ်ပါ၏။ စစ်တိုက်ရာထဲက ယနေ့ အကျွန်ုပ်ပြေး၍ လာပါ၏ဟု လျှောက်လျှင်၊ ဧလိက၊ ငါ့သား၊ အမှုကားအဘယ်သို့နည်းဟု မေးလေသော်၊
17Haber getiren adam şöyle yanıtladı: ‹‹İsrailliler Filistlilerin önünden kaçtı. Askerler büyük bir yenilgiye uğradı. İki oğlun, Hofniyle Pinehas öldü. Tanrının Sandığı da ele geçirildi.››
17တမန်က၊ ဣသရေလအမျိုးသည် ဖိလိတ္တိလူတို့ရှေ့မှာပြေး၍ ကြီးစွာသော လုပ်ကြံခြင်းကို ခံရကြပါပြီ။ ကိုယ်တော်၏သား၊ ဟောဖနိနှင့် ဖိနဟတ်နှစ်ယောက်တို့သည် သေပါပြီ။ ဘုရားသခင်၏ သေတ္တာတော် သည်လည်း ရန်သူလက်သို့ ရောက်ပါပြီဟု ပြန်လျှောက်လေ၏။
18Adam Tanrının Sandığından söz edince, Eli sandalyeden geriye, kapının yanına düştü. Yaşlı ve şişman olduğundan boynu kırılıp öldü. İsrail halkını kırk yıl süreyle yönetmişti.
18ဘုရားသခင်၏ သေတ္တာတော် သိတင်းကိုကြားသောအခါ၊ ဧလိသည် တံခါးနားမှာ ထိုင်သောခုံပေါ်က နောက်သို့လန်ကျသဖြင့်၊ လည်ပင်းကျိုး၍သေလေ၏။ အသက်ကြီး၍ ကိုယ်လေးသောသူ ဖြစ်၏။ ထိုသူသည် ဣသရေလအမျိုးကို အနှစ်လေးဆယ် အုပ်စိုးသတည်း။
19Elinin gelini -Pinehasın karısı- gebeydi, doğurmak üzereydi. Tanrının Sandığının ele geçirildiğini, kayınbabasıyla kocasının öldüğünü duyunca birden sancıları tuttu, yere çömelip doğurdu.
19သူ၏ ချွေးမဖိနဟတ်၏ မယားသည် ပဋိသန္ဓေအရင့်အမာရှိ၍ အချိန်နီးလျက်၊ ဘုရားသခင်၏ သေတ္တာတော်သည် ရန်သူလက်သို့ ရောက်ကြောင်း၊ ယောက္ခမနှင့် လင်သေကြောင်းကို ကြားသောအခါ၊ ကျောကုန်း၍ သားဘွားခြင်း ဝေဒနာကို ချက်ခြင်းခံရ၏။
20Ölmek üzereyken ona yardım eden kadınlar, ‹‹Korkma, bir oğlun oldu›› dediler. Ama o aldırmadı, karşılık da vermedi.
20သေလုသောအခါ အနားမှာရှိသော မိန်းမတို့က၊ မစိုးရိမ်နှင့်။ သားယောက်ျားကို ဘွားမြင်ပြီဟု ဆိုသော်လည်း ပြန်မပြော၊ အမှုမထားဘဲနေ၏။
21Tanrının Sandığı ele geçirilmiş, kayınbabasıyla kocası ölmüştü. Bu yüzden, ‹‹Yücelik İsrailden ayrıldı!›› diyerek çocuğa İkavotfı adını verdi.
21တဖန် ဘုရားသခင်၏ သေတ္တာတော်သည် ရန်သူလက်သို့ ရောက်သောကြောင့်၎င်း၊ မိမိယောက္ခမ နှင့် လင်အမှုကြောင့်၎င်း၊ ဣသရေလဘုန်းအသရေ ပျောက်ခဲ့ပြီဟုဆိုလျက်၊ ထိုသူငယ်ကို ဣခဗုဒ် အမည်ဖြင့် မှည့်၍၊-
22‹‹Yücelik İsrail'den ayrıldı!›› dedi, ‹‹Çünkü Tanrı'nın Sandığı ele geçirildi.››
22ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်သည် ရန်သူလက်သို့ ရောက်သောကြောင့်၊ ဣသရေလ ဘုန်းအသရေ ပျောက်ခဲ့ပြီဟု ဆိုလေ၏။