1Yahuda Kralı Yehoşafat ise Yeruşalimdeki sarayına güvenlik içinde döndü.
1ယုဒရှင်ဘုရင်ယောရှဖတ်သည် ယေရုရှလင်မြို့ နန်းတော်သို့ ငြိမ်ဝပ်စွာ ပြန်လာ၏။
2Hanani oğlu Bilici Yehu, Kral Yehoşafatı karşılamaya giderek ona şöyle dedi: ‹‹Kötülere yardım edip RABden nefret edenleri mi sevmen gerekir? Bunun için RABbin öfkesi senin üstünde olacak.
2ဟာနန်သားပရောဖက်ယေဟုသည်၊ ယောရှ ဖတ်မင်းကြီးကို ခရီးဦးကြိုပြုအံ့သောငှါ ထွက်သွား၍၊ မင်းကြီးသည် မတရားသောသူတို့ကို မစသင်သလော။ ထာဝရဘုရားကို မုန်သောသူတို့ကို ချစ်သင့်သလော။ ယခုပြုသောအမှုကြောင့်၊ ထာဝရဘုရား၏ အချက်တော် သည် မင်းကြီးအပေါ်သို့ သက်ရောက်လေပြီ။
3Ancak, bazı iyi yönlerin de var. Ülkeden Aşera putlarını kaldırıp attın ve yürekten Tanrıya yönelmeye karar verdin.››
3သို့သော်လည်း၊ မင်းကြီးသည် တပြည်လုံးတွင်၊ အားရှရပင်တို့ကို ပယ်ရှား၍၊ ဘုရားသခင်ကိုရှာခြင်းငှါ သဘောချသောကြောင့်၊ ကျင့်သော အကျင့်ကောင်းပါပြီ ဟု ဆို၏။
4Yehoşafat Yeruşalimde yaşadı. Beer-Şevadan Efrayim dağlık bölgesine kadar yine halkın arasında dolaşarak onları atalarının Tanrısı RABbe döndürdü.
4ထိုနောက်၊ ယောရှဖတ်သည် ယေရုရှလင်မြို့၌ နေ၏။ တဖန်ဗေရရှေဘမြို့မှစ၍၊ ဧဖရိမ်တောင် တိုင်အောင် လှည့်လည်သဖြင့်၊ ပြည်သားတို့ကို ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြန်စေတော် မူ၏။
5Ülkeye, Yahudanın bütün surlu kentlerine yargıçlar atadı.
5ယုဒနိုင်ငံတွင်၊ ခိုင်ခံ့သောမြို့ရှိသမျှအသီးအသီး တို့၌ တရားသူကြီးတို့ကို ခန့်ထား၍၊
6Onlara, ‹‹Yaptıklarınıza dikkat edin›› dedi, ‹‹Çünkü insan adına değil, yargı verirken sizinle olan RAB adına yargılayacaksınız.
6သင်တို့ပြုသောအမှုကို သတိပြုကြလော့။ လူ၏ အမှုကိုစောင့်၍ တရားစီရင်သည်မဟုတ်။ သင်တို့စီရင်ရာ တွင်၊ ရှိတော်မူသော ထာဝရဘုရား၏အမှုတော်ကို စောင့်၍ စီရင်ရကြ၏။
7Onun için RABden korkun, dikkatle yargılayın. Çünkü Tanrımız RAB kimsenin haksızlık yapmasına, kimseyi kayırmasına, rüşvet almasına göz yummaz.››
7သို့ဖြစ်၍ ထာဝရဘုရားကို ကြောက်ရွံ့သော စိတ်ရှိ၍ သတိပြုကြလော့။ ငါတို့ဘုရားသခင်သည် မတရားသောအမှုကို လက်ခံခြင်း၊ လူမျက်နှာကို ထောက် ခြင်း၊ တံစိုးစားခြင်း အခွင့်ရှိတော်မမူဟု မှာထားတော် မူ၏။
8RABbin yargılarını uygulamak, davalara bakmak için Yehoşafat Yeruşalime de bazı Levilileri, kâhinleri, İsrail boy başlarını atadı. Bunlar Yeruşalimde yaşadılarfö.
8ယေရုရှလင်မြို့၌လည်း၊ ထာဝရဘုရား၏တရားမှုကို၎င်း၊ ယေရုရှလင်မြို့သားအချင်းချင်း တရား တွေ့မှုတို့ကို၎င်း၊ စီရင်စေခြင်းငှါ လေဝိသား၊ ယဇ်ပုရော ဟိတ်၊ ဣသရေလအဆွေအမျိုး သူကြီးအချို့တို့ကို ခန့်ထား၍၊
9Yehoşafat onlara şu buyrukları verdi: ‹‹Görevinizi RAB korkusuyla, bağlılıkla, bütün yüreğinizle yapmalısınız.
9သင်တို့သည် စုံလင်သောစိတ်နှလုံးနှင့် ထာဝရ ဘုရားကိုကြောက် ရွံ့လျက်၊ သစ္စာစောင့်လျက် စီရင်ကြ လော့။
10Kentlerde yaşayan kardeşlerinizden gelen her davada -kan davası, Kutsal Yasa, buyruklar, kurallar ya da ilkelerle ilgili her konuda- onları RABbe karşı suç işlememeleri için uyarın; öyle ki RAB size de kardeşlerinize de öfkelenmesin. Böyle yaparsanız suç işlememiş olursunuz. döndüler››.
10အမြို့မြို့၌နေသော အမျိုးသားချင်းတို့တွင်၊ လူအသက်သတ်ခြင်းအမှု၊ စီရင်ထုံးဖွဲ့တော်မူချက် ပညတ် တရားကို လွန်ကျူးခြင်းအမှုမည်သည်ကား၊ သင်တို့ ရှေ့သို့ရောက်လျှင်၊ သင်တို့နှင့်အမျိုးသားချင်းတို့အပေါ် သို့ အမျက်တော်သက်ရောက်စေခြင်းငှါ၊ သူတို့သည် ထာဝရဘုရားကို အပြစ်မှားရမည်အကြောင်း သတိပေး ကြလော့။ သို့ပြုလျှင်၊ ကိုယ်တိုင်အပြစ်လွတ်ကြလိမ့်မည်။
11‹‹RAB'be ilişkin her konuda Başkâhin Amarya, krala ilişkin her konuda ise Yahuda oymağının önderi İsmail oğlu Zevadya size başkanlık edecek. Levililer de görevli olarak size yardımcı olacaklar. Yürekli olun, bu buyrukları uygulayın. RAB doğru kişiyle olsun!››
11ထာဝရဘုရား၏ အမှုအရာရာတွင်၊ ယဇ်ပုရော ဟိတ်မင်း အာမရိသည် သင်တို့ကို အုပ်ချုပ်ရ၏။ ရှင်ဘုရင်၏အမှုအရာရာတွင်၊ ယုဒအမျိုးမှာ မင်းဖြစ် သော ဣရှမေလသားဇေဗဒိသည် အုပ်ချုပ်ရ၏။ လေဝိ သားတို့သည်လည်း၊ အမှုထမ်းလုလင်လုပ်ရကြ၏။ ရဲရင့်စွာ စီရင်ကြလော့။ ထာဝရဘုရားသည် ကောင်းသူတို့ ဘက်မှာ နေတော်မူမည်ဟု မှာထာတော်မူ၏။