1Süleyman RAB adına bir tapınak, kendisi için de bir saray yaptırmaya karar verdi.
1ရှောလမုန်သည် ထာဝရဘုရား၏ နာမတော် အဘို့ အိမ်ကို၎င်း၊ နန်းတော်ကို၎င်း တည်ဆောက်ခြင်းငှါ အကြံရှိ၍၊
2Yük taşımak için yetmiş bin, dağlarda taş kesmek için seksen bin, bunlara gözcülük etmek için de üç bin altı yüz kişi görevlendirdi.
2ထမ်းရွက်သောသူခုနစ်သောင်း၊ တောင်ရိုးပေါ် မှာ သစ်ခုတ်သော သူရှစ်သောင်း၊ ကြည့်ရှုစီရင်ရသောသူ သုံးထောင်ခြောက်ရာတို့ကို ခွဲခန့်ပြီးမှ၊
3Sur Kralı Hirama da şu haberi gönderdi: ‹‹Babam Davutun oturması için saray yapılırken kendisine gönderdiğin sedir tomruklarından bana da gönder.
3တုရုမင်းကြီးဟိရံထံသို့ စေလွှတ်၍၊ မင်းကြီး သည် ငါ့အဘဒါဝိဒ်၏ နန်းတော်ဆောက်စရာဘို့ အာရဇ် သစ်သားကိုပေးလိုက်သည်နည်းတူ ငါ၌တဖန် ကျေးဇူးပြု ပါလော့။
4Tanrım RABbe adamak üzere, Onun adına bir tapınak yapıyorum. Bu tapınakta hoş kokulu buhur yakıp adak ekmeklerini sürekli olarak masaya dizeceğiz. Sabah akşam, her Şabat Günü, her Yeni Ay ve Tanrımız RABbin belirlediği bayramlarda orada yakmalık sunular sunacağız. İsraile bunları sürekli yapması buyruldu.
4ဣသရေလအမျိုးသည် အစဉ်ကျင့်ရသော တရားအတိုင်း ဘုရားရှေ့မှာ နံ့သာပေါင်းကို မီးရှို့ခြင်းငှါ ၎င်း၊ ရှေ့တော်မုန့်ကို အစဉ်တင်ခြင်းငှါ၎င်း၊ ညဦး၊ နံနက်၊ ဥပုသ်နေ့၊ လဆန်းနေ့၊ ငါတို့ဘုရားသခင် ထာဝရဘုရား ၏ဓမ္မပွဲနေ့တို့၌ မီးရှို့ရာယဇ်ကိုပူဇော်ခြင်းငှါ၎င်း၊ ငါ၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော်အဘို့ အိမ်တော် ကို တည်ဆောက်၍ ပူဇော်ရမည်။
5‹‹Yapacağım tapınak büyük olacak. Çünkü Tanrımız bütün tanrılardan büyüktür.
5ငါတည်ဆောက်ရသော အိမ်တော်သည် ကြီးရ မည်။ ငါတို့ဘုရား သခင်သည် ဘုရားတကာတို့ထက် ကြီးမြတ်တော်မူ၏။
6Ama Ona bir tapınak yapmaya kimin gücü yeter? Çünkü O göklere, göklerin göklerine bile sığmaz. Ben kimim ki Ona bir tapınak yapayım! Ancak önünde buhur yakılabilecek bir yer yapabilirim.
6ကောင်းကင်နှင့် ကောင်းကင်တကာတို့၏ အထွဋ်အမြင့်ဆုံးသော ကောင်းကင်သည် ကိုယ်တော်ကို အဆံ့ မခံနိုင်သည်ဖြစ်၍၊ ကျိန်းဝပ်တော်မူရာ အိမ်ကိုအဘယ် သူတည်ဆောက်နိုင်မည်နည်း။ ရှေ့တော်၌ယဇ်ကို မီးရှို့ရာ အိမ်မှတပါး အခြားသော အိမ်တော်ကို တည်ဆောက်ခြင်း ငှါ ငါသည် အဘယ်သို့သောသူဖြစ်သနည်း။
7‹‹Bana bir adam gönder; Yahuda ve Yeruşalimde babam Davutun yetiştirdiği ustalarımla çalışsın. Altın, gümüş, tunç ve demiri işlemede; mor, kırmızı, lacivert kumaş dokumada, oymacılıkta usta olsun.
7ယခုမှာရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ မောင်းသော အထည်၊ နီသောအထည်၊ ပြာသောအထည်ကို လုပ်တတ် သောအတတ်၊ ငါ့အဘဒါဝိဒ်ပြင်ဆင်၍ ယေရုရှလင်မြို့၊ ယုဒပြည်၌ ငါ့ထံမှာရှိသော ဆရာသမားတို့နှင့် ဝိုင်း၍ ထုလုပ်တတ်သော အတတ်နှင့် ပြည့်စုံသော သူတယောက် ကို ငါ့ထံသို့ စေလွှတ်ပါ။
8‹‹Bana Lübnandan sedir, çam, algumfç tomrukları da gönder. Adamlarının oradaki ağaçları kesmekte usta olduklarını biliyorum. Benim adamlarım da seninkilerle birlikte çalışsın.
8အာရဇ်သစ်သား၊ ထင်းရူးသစ်သား၊ အာလဂုံ သစ်သားများကို လေဗနုန်တောင်မှာ ခုတ်၍ပေးလိုက်ပါ။ မင်းကြီး၏ ကျွန်တို့သည် လေဗနုန်တောင်ပေါ်မှာ သစ်ခုတ်တတ်သည်ကို ငါသိ၏။
9Öyle ki, bana çok sayıda tomruk sağlayabilsinler. Çünkü yapacağım tapınak büyük ve görkemli olacak.
9သစ်သားအများကို ပြင်ဆင်ခြင်းငှါ၊ ငါ့ကျွန်တို့ သည် မင်းကြီးကျွန်တို့နှင့် ဝိုင်း၍လုပ်ကိုင်ကြလိမ့်မည်။ ငါတည်ဆောက်ရသော အိမ်တော်သည် အလွန်ကြီး၍ အံ့ဩဘွယ်သော အိမ်ဖြစ်ရမည်။
10Ağaç kesen adamlarına yirmi bin kor bulgur, yirmi bin kor arpa, yirmi bin bat şarap, yirmi bin bat zeytinyağı vereceğim.›› ağacı olduğu sanılıyor.
10သစ်ခုတ်သော မင်းကြီးကျွန်တို့အား ဂျုံဆန် ကောရနှစ်သောင်း၊ မုယောဆန်နှစ်သောင်း၊ စပျစ်ရည် ဗတ်နှစ်သောင်း၊ ဆီနှစ်သောင်းကို ငါပေးမည်ဟု မှာလိုက် လေ၏။
11Sur Kralı Hiram Süleymana mektupla şu yanıtı gönderdi: ‹‹RAB halkını sevdiği için, seni onların kralı yaptı.››
11တုရုမင်းကြီးဟိရံသည် စာရေး၍ ရှောလမုန် ထံသို့ ပြန်ပေးလိုက်သည်ကား၊ ထာဝရဘုရားသည် မိမိ လူမျိုးကို ချစ်တော်မူသောကြောင့်၊ ကိုယ်တော်ကို သူတို့ ရှင်ဘုရင်အရာ၌ ချီးမြှောက်တော်မူပြီ။
12Hiram mektubunu şöyle sürdürdü: ‹‹Yeri göğü yaratan İsrailin Tanrısı RABbe övgüler olsun! Kral Davuta bilge bir oğul verdi; RAB için bir tapınak, kendisi için de bir saray yapacak akıllı ve anlayışlı bir oğul.
12ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ သော ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား သည် ဗိမာန်တော်ကို၎င်း၊ နန်းတော်ကို၎င်း၊ တည် ဆောက်ခြင်းငှါ တတ်စွမ်းနိုင်အောင် ဥာဏ်ကောင်း၍ ပညာသတိနှင့် ပြည့်စုံသောသားကို ဒါဝိဒ်မင်းကြီးအား ပေးတော်မူသည်ဖြစ်၍၊ ထာဝရဘုရားသည် မင်္ဂလာ ရှိတော်မူစေသတည်း။
13‹‹Sana Huram-Avi adında usta ve akıllı birini gönderiyorum.
13ယခုမှာဥာဏ်ကောင်း၍ လိမ္မာသောသူဟိရံအဘိ ကို ငါစေလွှတ်ပါ၏။
14Annesi Danlı, babası Surludur. Altın, gümüş, tunç, demir, taş ve tahta işlemekte; ince keten, mor, lacivert ve kırmızı kumaş dokumakta ustadır. Her türlü oymacılıkta usta olduğu gibi her tasarımı uygulayabilecek yetenektedir. Ustalarınla ve babanın, efendim Davutun yetiştirdiği ustalarla çalışacak.
14သူ့အမိကားဒန်အမျိုးသမီး၊ အဘကား တုရု အမျိုးသားဖြစ်၏။ သူသည် ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ ကျောက်၊ သစ်သား၊ မောင်းသောအထည်၊ ပြာသော အထည်။ နီသောအထည်၊ ပိတ်ချောကို လုပ်တတ်သော အတတ်၊ အမျိုးမျိုးထုလုပ်တတ်သော အတတ်နှင့်ပြည့်စုံ၍၊ ကိုယ်တော်၏ ဆရာသမားဆရာသမား၊ ခမည်းတော်အရှင်ဒါဝိဒ်၏ ဆရာသမား တို့နှင့် ဝိုင်းလျက်၊ လိုသမျှကို ဥာဏ်ရှာ၍ လုပ်တတ်သော သူဖြစ်၏။
15‹‹Efendim, sözünü ettiğin buğday, arpa, zeytinyağı ve şarabı kullarına gönder.
15သို့ဖြစ်၍ ကိုယ်တော်အမိန့်ရှိသည်အတိုင်း၊ ဂျုံဆန်၊ မုယောဆန်၊ စပျစ်ရည်၊ ဆီကိုကိုယ်တော် ကျွန်တို့ အား ပေးပါတော့။
16Biz de sana gereken bütün tomrukları Lübnanda keser, deniz yoluyla, sallarla Yafaya kadar yüzdürürüz. Sonra sen tomrukları alıp Yeruşalime götürürsün.››
16ငါတို့သည် ကိုယ်တော်လိုချင်သမျှသော သစ် သားကို၊ လေဗနုန်တောင်ပေါ်မှာ ခုတ်ပြီးလျှင် ဘောင် လုပ်၍ ပင်လယ်လမ်းဖြင့်၊ ယုပ္ပေမြို့သို့ ဆောင်ခဲ့ပါမည်။ ကိုယ်တော်သည် ယေရုရှလင်မြို့သို့ သယ်ပို့ရမည်ဟု ပြန်ပြော၏။
17Babası Davutun yaptığı sayımdan sonra, Süleyman da İsrailde yaşayan bütün yabancılar arasında bir sayım yaptı. Yabancıların sayısı 153 600 kişi olarak belirlendi.
17ခမည်းတော်ဒါဝိဒ်သည် ဣသရေလနိုင်ငံ၌ နေသော တပါးအမျိုးသားအပေါင်းတို့ကို စာရင်းယူပြီး သည်နောက်၊ တဖန်ရှောလမုန်သည် စာရင်းယူပြန်၍၊ တသိန်းငါးသောင်းသုံးထောင်ခြောက်ရာတို့ကို တွေ့၏။
18Bunlardan 70 000'ine yük taşıma, 80 000'ine dağlarda taş kesme, 3 600'üne de işçileri çalıştırma görevi verildi.
18ထမ်းသောသူ ခုနစ်သောင်း၊ တောင်ပေါ်မှာ သစ်ခုတ်သောသူရှစ်သောင်း၊ အမှုကိုကြည့်ရှုစီရင်သော သူ သုံးထောင်ခြောက်ရာတို့ကို ခွဲထားတော်မူ၏။