1Amatsya yirmi beş yaşında kral oldu ve Yeruşalimde yirmi dokuz yıl krallık yaptı. Annesi Yeruşalimli Yehoaddandı.
1အာမဇိသည် သက်နှစ်ဆယ်ငါးနှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်ဆယ်ကိုးနှစ်စိုးစံ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့သူ ယုဒ္ဒန်အမည်ရှိ၏။
2Amatsya RABbin gözünde doğru olanı yaptıysa da bütün yüreğiyle yapmadı.
2ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ တရား သောအမှုကို ပြုသော်လည်း၊ စိတ်နှလုံးမစုံလင်။
3Krallığını güçlendirdikten sonra, babasını öldüren görevlileri öldürttü.
3အာမဇိသည် မင်းအာဏာတည်သောအခါ၊ ခမည်းတော်မင်းကြီးကို သတ်သောကျွန်တို့ကို သတ်လေ ၏။
4Ancak Musanın kitabındaki yasaya uyarak çocuklarını öldürtmedi. Çünkü RAB, ‹‹Ne babalar çocuklarının günahından ötürü öldürülecek, ne de çocuklar babalarının. Herkes kendi günahı için öldürülecek›› diye buyurmuştu.
4သားအတွက်အဘသည် အသေမခံရ။ အဘ အတွက် သားသည် အသေမခံရ။ လူတိုင်း မိမိအပြစ် ကြောင့် အသေခံရ၏ဟု မောရှေပညတ္တိကျမ်းစာ၌ ရေး ထားလျက်ရှိသော ထာဝရဘုရား၏ ပညတ်တော်ကို စောင့်ရှောက်၍၊ ထိုကျွန်တို့၏သားများကို မသတ်ဘဲ နေ၏။
5Amatsya Yahudalıları topladı. Bütün Yahudalılarla Benyaminlileri boylarına göre binbaşıların ve yüzbaşıların denetimine verdi. Yaşları yirmi ve yirminin üstünde olanların sayımını yaptı. Savaşa hazır, mızrak ve kalkan kullanabilen üç yüz bin seçme asker olduğunu saptadı.
5အာမဇိမင်းသည် ယုဒလူတို့ကို စုဝေးစေ၍ ယုဒ လူနှင့် ဗင်္ယာမိန်လူတို့တွင်၊ အဆွေအမျိုးအလိုက် လူ တထောင်အုပ်၊ တရာအုပ်တို့ကို ခန့်ထား၏။ အသက် နှစ်ဆယ်လွန်၍၊ လှံနှင့်ဒိုင်းကို ကိုင်တတ်သောစစ်သူရဲ ကောင်းတို့သည်၊ စာရင်းဝင်သည်အတိုင်း သုံးသိန်းရှိကြ ၏။
6Ayrıca İsrailden yüz talant gümüş karşılığında, yüz bin yiğit savaşçı tuttu.
6ခွန်အားကြီးသော ဣသရေလသူရဲတသိန်းကို လည်း ငွေအခွက်တထောင်နှင့်ငှါး၏။
7Bu sırada bir Tanrı adamı gelip krala şöyle dedi: ‹‹Ey kral, İsrailden gelen askerler seninle savaşa gitmesin. Çünkü RAB İsraillilerle, yani Efrayimlilerle birlikte değil.
7သို့ရာတွင် ဘုရားသခင်၏လူတယောက်သည် လာ၍ အိုမင်းကြီး၊ ဣသရေလတပ်ကိုမလိုက်စေနှင့်။ ထာဝရဘုရားသည် ဣသရေလလူတည်း ဟူသောဧဖရိမ် အမျိုးသား အပေါင်းတို့နှင့်အတူ ရှိတော်မမူ။
8Gidersen, yiğitçe savaşsan bile Tanrı seni düşmanın önünde bozguna uğratacak. Tanrının yardım etmeye de, bozguna uğratmaya da gücü vardır.››
8မင်းကြီးသွားလိုလျှင်သွား၍ စစ်တိုက်ခြင်းငှါ ခိုင်ခံ့သော်လည်း၊ ရန်သူရှေ့မှာ ဘုရားသခင်ရှုံးစေတော် မူမည်။ ဘုရားသခင်သည် မစခြင်းငှါ၎င်း၊ နှိမ့်ချခြင်းငှါ ၎င်း တတ်နိုင်တော်မူ၏ဟု ပြောဆိုလျှင်၊
9Amatsya, ‹‹Ya İsrail askerleri için ödediğim yüz talant ne olacak?›› diye sordu. Tanrı adamı, ‹‹RAB sana bundan çok daha fazlasını verebilir›› diye karşılık verdi.
9အာမဇိက၊ ဣသရေလတပ်ကိုငှါး၍ ငွေအခွက် တထောင်ကို ပေးမိသောကြောင့်၊ အဘယ်သို့ပြုရမည် နည်းဟု ဘုရားသခင်၏လူကို မေးမြန်းသော်၊ ဘုရား သခင်၏လူက၊ ထိုမျှမက ထာဝရဘုရားသည် သာ၍ ပေးနိုင်တော်မူသည်ဟု ပြန်ပြော၏။
10Bunun üzerine Amatsya Efrayimden gelen askerlerin evlerine dönmelerini buyurdu. Yahudalılara çok kızan askerler büyük bir öfke içinde evlerine döndüler.
10ထိုအခါ အာမဇိသည် ဧဖရိမ်ပြည်မှရောက်လာ သော စစ်သူရဲတို့ ကိုခွဲထား၍၊ မိမိတို့နေရာသို့ ပြန်သွား စေခြင်းငှါ လွှတ်လိုက်သဖြင့်၊ သူတို့သည် အလွန် အမျက်တွက်၍ ယုဒ ပြည်သားတို့၌ အငြိုးထားလျက်၊မိမိတို့ နေရာ သို့ပြန်သွားကြ၏။
11Amatsya cesaretini toplayarak ordusunu Tuz Vadisine götürdü. Yahudalılar orada on bin Seirliyi öldürdü.
11အာမဇိသည်လည်း ကိုယ်ကိုခိုင်ခံ့စေ၍ ဆားချိုင့် ကို တပ်ချီသဖြင့်၊ စိရတောင်သားတသောင်းကို လုပ်ကြံ လေ၏။
12Sağ olarak ele geçirdikleri on bin kişiyi de uçurumun kenarına götürüp oradan aşağıya attılar. Hepsi paramparça oldu.
12ယုဒအမျိုးသားတို့သည် လူတသောင်းကို အရှင် ဘမ်းပြီးလျှင်၊ ကျောက်တောင်ထိပ်သို့ ဆောင်သွား၍၊ ကျိုးပဲ့စေခြင်းငှါ အောက်သို့ တွန်းချကြ၏။
13Bu arada Amatsyanın kendisiyle birlikte savaşa katılmamaları için geri gönderdiği askerler, Samiriye ile Beythoron arasındaki Yahuda kentlerine saldırdılar. Üç bin kişi öldürüp çok miktarda mal yağmaladılar.
13ဝိုင်း၍တိုက်ရသောအခွင့်ကို အာမဇိမပေး၊ လွှတ်လိုက်သော စစ်သူရဲတို့မူကား၊ ရှမာရိမြို့မှစ၍ ဗေသောရုန်မြို့တိုင်အောင်၊ ယုဒမြို့တို့ကို တိုက်သဖြင့်၊ လူသုံးထောင်ကိုသတ်၍၊ လက်ရဥစ္စာအများကို သိမ်းသွား ကြ၏။
14Amatsya, Edomluları bozguna uğrattıktan sonra, dönüşte Seir halkının putlarını yanında getirdi. Kendisine ilah olarak diktiği putlara taptı ve buhur yaktı.
14အာမဇိသည် ဧဒုံအမျိုးသားတို့ကို လုပ်ကြံရာမှ ပြန်လာသောအခါ၊ စိရတောင်သားကိုးကွယ်သော ဘုရား တို့ကိုဆောင်ခဲ့၍၊ ကိုယ်တိုင်ကိုးကွယ်ရာ ဘုရားဖြစ်စေ ခြင်းငှါ၊ တည်ထောင်လျက်သူတို့ရှေ့မှာ ဦးညွှတ်ချ၍ နံ့သာ ပေါင်းကို မီးရှို့လေ၏။
15RAB Amatsyaya öfkelendi. Ona bir peygamber göndererek, ‹‹Halkını senin elinden kurtaramayan bu halkın ilahlarına neden tapıyorsun?›› diye sordu.
15ထာဝရဘုရားသည် အာမဇိကို အမျက်ထွက်၍၊ ပရောဖက်ကို စေလွှတ်တော်မူသည်ကား၊ မိမိလူတို့ကို ရန်သူလက်မှ မကယ်နိုင်သော တပါးအမျိုးသား ဘုရား တို့ကို အဘယ်ကြောင့်ဆည်းကပ်သနည်းဟုပြောဆိုလျှင်၊
16Peygamber konuşmasını sürdürmekteyken Amatsya ona, ‹‹Seni krala danışman mı atadık? Sus! Yoksa öldürüleceksin›› dedi. Peygamber, ‹‹Tanrının seni yok etmeye karar verdiğini biliyorum. Çünkü sen bu kötülüğü yaptın, öğüdüme de aldırış etmedin!›› dedikten sonra sustu.
16ရှင်ဘုရင်က၊ သင်သည်တိုင်ပင် မှုးမတ်ဖြစ် သလော။ တိတ်ဆိတ်စွာနေလော့။ အဘယ်ကြောင့် ရာဇဝတ်ခံချင်သနည်းဟုဆိုသော်၊ ပရောဖက်က၊ မင်းကြီး သည် ငါပေးသောသတိစကားကို နားမထောင်၊ ဤအမှု ကို ပြုမိသောကြောင့်၊ ဘုရားသခင်သည် မင်းကြီးကို ဖျက်ဆီးမည် ကြံတော်မူသည်ကို ငါသိမြင်သည်ဟု ပြောဆိုပြီးလျှင် တိတ်ဆိတ်စွာ နေလေ၏။
17Yahuda Kralı Amatsya, danışmanlarıyla konuştuktan sonra Yehu oğlu Yehoahaz oğlu İsrail Kralı Yehoaşa, ‹‹Gel, yüz yüze görüşelim›› diye haber gönderdi.
17ထိုနောက်၊ အာမဇိသည်တိုင်ပင်ပြီးမှ၊ ဣသ ရေလရှင်ဘုရင်ယေဟု သားဖြစ်သော ယောခတ်၏သား ယဟောရှထံသို့ သံတမန်ကို စေလွှတ်၍၊ ငါတို့သည် မျက်နှာချင်းဆိုင်မိကြကုန်အံ့ဟု မှာလိုက်လျှင်၊
18İsrail Kralı Yehoaş da karşılık olarak Yahuda Kralı Amatsyaya şu haberi gönderdi: ‹‹Lübnanda dikenli bir çalı, sedir ağacına, ‹Kızını oğluma eş olarak ver› diye haber yollar. O sırada oradan geçen yabanıl bir hayvan basıp çalıyı çiğner.
18ဣသရေလရှင်ဘုရင်ယဟောရှက၊ လေဗနုန် ဆူးပင်သည် လေဗနုန်အာရဇ်ပင်ထံသို့ စေလွှတ်၍၊ သင့်သမီးကို ငါ့သားနှင့်ပေးစားပါဟု ဆိုစဉ်တွင်၊ လေဗ နုန်သားရဲတကောင်သည် ရှောက်သွား၍ ဆူးပင်ကို နင်းမိ၏။
19İşte Edomluları bozguna uğrattın diye böbürleniyorsun. Otur evinde! Niçin bela arıyorsun? Kendi başını da, Yahuda halkının başını da derde sokacaksın.››
19သင်ကငါသည် ဧဒုံလူတို့ကို လုပ်ကြံပြီဟု ဆိုလျက်၊ ဝါကြွားချင်သော စိတ်မြင့်လှ၏။ သို့ရာတွင် ကိုယ်နေရာ၌နေလော့။ သင့်ကိုယ်တိုင်နှင့် ယုဒပြည်သည် ဘေးရောက်၍ ဆုံးရှုံးစေခြင်းငှါ၊ အဘယ်ကြောင့် အမှု ရှာသနည်းဟု ယုဒရှင်ဘုရင်အာမဇိကို ပြန်၍မှာလိုက် လေ၏။
20Ne var ki, Amatsya dinlemek istemedi. Bunun böyle olması Tanrının isteğiydi. Edomun ilahlarına taptıkları için Tanrı onları düşmanın eline teslim etmeye karar vermişti.
20ထိုစကားကို အာမဇိသည် နားမထောင်။ အကြောင်းမူကား၊ ဧဒုံပြည်ဘုရားတို့ကို ဆည်းကပ်သော ကြောင့်၊ ရန်သူလက်သို့ အပ်ခြင်းငှါ၊ ဘုရားသခင် စီရင်တော်မူ၏။
21Derken İsrail Kralı Yehoaş Yahuda Kralı Amatsyanın üzerine yürüdü. İki ordu Yahudanın Beytşemeş Kentinde karşılaştı.
21ဣသရေလရှင်ဘုရင်သည် စစ်ချီ၍၊ ရှင်ဘုရင် နှစ်ပါးတို့သည် ယုဒပြည်ဗက်ရှေမက်မြို့၌ မျက်နှာချင်း ဆိုင်မိကြသဖြင့်၊
22İsraillilerin önünde bozguna uğrayan Yahudalılar evlerine kaçtı.
22ဣသရေလအမျိုးသားရှေ့မှာ ယုဒအမျိုးသား ရှုံး၍၊ အသီးအသီးတို့သည် မိမိတို့နေရာသို့ ပြေးကြ၏။
23İsrail Kralı Yehoaş, Yehoahaz oğlu Yoaş oğlu Yahuda Kralı Amatsyayı Beytşemeşte yakalayıp Yeruşalime götürdü. Efrayim Kapısından Köşe Kapısına kadar Yeruşalim surlarının dört yüz arşınlık bölümünü yıktırdı.
23ဣသရေလရှင်ဘုရင် ယဟောရှသည် ယုဒ ရှင်ဘုရင်အာခဇိသားဖြစ်သော ယောရှ၏သားအာမဇိ ကို ဗက်ရှေမက်မြို့မှာ ဘမ်းမိ၍၊ ယေရုရှလင်မြို့သို့ သွားပြီး လျှင်၊ ယေရုရှလင်မြို့ရိုးအတောင်လေးရာကို၊ ဧဖရိမ်တံ ခါးမှသည် ထောင့်တံခါးတိုင်အောင် ဖြိုဖျက်လေ၏။
24Tanrının Tapınağında Ovet-Edom soyunun gözetimi altındaki altını, gümüşü, eşyaları, sarayın hazinelerini ve bazı adamları da rehine olarak yanına alıp Samiriyeye döndü.
24ဩဗဒေဒုံလက်တွင်၊ ဗိမာန်တော်၌ ရှိသမျှသော ရွှေငွေမှစ၍၊ တန်ဆာအလုံးစုံနှင့် နန်းတော်ဘဏ္ဍာ အလုံးစုံကို၎င်း၊ အာမခံသော သူအချို့တို့ကို၎င်း၊ ယူ၍ ရှမာရိမြို့သို့ပြန်သွား၏။
25Yahuda Kralı Yoaş oğlu Amatsya, İsrail Kralı Yehoahaz oğlu Yehoaşın ölümünden sonra on beş yıl daha yaşadı.
25ဣသရေလရှင်ဘုရင် ယောခတ်သားယဟောရှ သေသောနောက်၊ ယုဒရှင်ဘုရင်ယောရှသားအာ မဇိ သည် တဆယ်ငါးနှစ် အသက်ရှင်သေး၏။
26Amatsyanın yaptığı öbür işler, başından sonuna dek, Yahuda ve İsrail krallarının tarihinde yazılıdır.
26အာမဇိပြုမူသော အမှုအရာကြွင်းသမျှ အစ အဆုံးတို့သည်၊ ယုဒရာဇဝင်နှင့် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
27RABbin ardınca yürümekten vazgeçtiği andan başlayarak Yeruşalimde Amatsyaya bir düzen kurulmuştu. Amatsya Lakişe kaçtı. Ardından adam göndererek onu öldürttüler.
27အာမဇိသည် ထာဝရဘုရားနောက်တော်သို့ လိုက်ရာမှလွှဲသွားသောနောက်၊ သူ၏တဘက်၊ ယေရု ရှလင်မြို့၌ သင်းဖွဲ့ကြ၍၊ သူသည် လာခိရှမြို့သို့ ပြေးသည်တွင်၊ ထိုမြို့သို့စေလွှတ်၍ သတ်စေပြီးမှ၊
28Ölüsü at sırtında getirildi, Yahuda Kenti'ndefç atalarının yanına gömüldü.
28မြင်းပေါ်၌ တင်လျက်၊ ယေရုရှလင်မြို့သို့ ဆောင်ခဲ့၍၊ ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ် ကြ၏။