1Bütün bunlar sona erince, oradaki İsrailliler Yahuda kentlerine giderek dikili taşları parçalayıp Aşera putlarını devirdiler. Yahuda, Benyamin, Efrayim ve Manaşşe bölgelerindeki puta tapılan yerlerin ve sunakların hepsini yıktılar. Sonra herkes kendi kentine, toprağına döndü.
1ထိုအမှုလက်စသတ်သောအခါ၊ စည်းဝေးသော ဣသရေလလူအပေါင်းတို့သည်၊ ယုဒမြို့များသို့ ထွက်သွား ၍ ယုဒပြည်၊ ဗင်္သာမိန်ပြည်၊ ဧဖရိမ်ပြည်၊ မနာရှေပြည် အရပ်ရပ်၌ရှိသော ရုပ်တုဆင်းတု၊ အာရှရပင်၊ မြင့်သော အရပ်၊ ယဇ်ပလ္လင်ရှိသမျှတို့ကို ရှင်းရှင်းမဖျက်ဆီးမှီ တိုင်အောင် ချိုးဖဲ့၊ ခုတ်လှဲဖြိုချကြ၏။ ထိုနောက်မှ၊ ဣသရေလအမျိုးသားအပေါင်းတို့သည်၊ အသီးသီးပိုင် ထိုက်သောနေရာ မြို့ရွာတို့သို့ ပြန်သွားကြ၏။
2Hizkiya kâhinlerle Levilileri görevlerine göre bölüklere ayırdı. Kimine yakmalık sunuları ve esenlik sunularını sunma, kimine hizmet etme, kimine de RABbin Konutunun kapılarında şükredip övgüler söyleme görevini verdi.
2ယဇ်ပုရောဟိတ်လေဝိသားတို့သည်၊ အသီး အသီးစောင့်ရသောအမှုကို အလှည်သင့်သည်အတိုင်း စောင့်လျက်၊ ထာဝရဘုရား၏ကျိန်းဝပ်တော်မူသော ဌာနတော်တံခါးအတွင်း၌၊ မီးရှို့ရာယဇ်နှင့် မိဿဟာယ ယဇ်ကိုပူဇော်ခြင်း၊ အမှုတော်မျိုးကိုစောင့်ခြင်း၊ ကျေးဇူး တော်ကို ဝန်ခံခြင်း၊ ထောမနာသီချင်း ဆိုခြင်းအမှုကို ပြုစေခြင်းငှါ၊ ဟေဇကိ ခန့်ထားတော်မူ၏။
3Kral da RABbin Yasası uyarınca sabah akşam sunulmak üzere yakmalık sunular, Şabat günleri, Yeni Ay ve bayramlarda sunulacak yakmalık sunular için sürüsünden hayvanlar verdi.
3ထာဝရဘုရား၏ ပညတ္တိကျမ်း၌ ရေးထားသည် အတိုင်း၊ နေ့ရက်အစဉ် နံနက်အချိန်၊ ညဦးချိန်၊ ဥပုသ်နေ့၊ လဆန်းနေ့၊ ဓမ္မပွဲနေ့တွင် မီးရှို့ရာယဇ်ပူဇော်စရာဘို့၊ ဘဏ္ဍာတော်ထဲက ဥစ္စာတဘို့ကို ထုတ်၍လှူတော်မူ၏။
4Yeruşalimde yaşayan halka da kâhinlerle Levililerin paylarına düşeni vermelerini buyurdu; öyle ki, RABbin Yasasına kendilerini adayabilsinler.
4ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် ထာဝရ ဘုရား၏ တရားကိုကြိုးစား၍ သွန်သင်စေခြင်းငှါ၊ ယေရု ရှလင်မြို့၌နေသော သူတို့သည် ဥစ္စာတဘို့ကို လှူရမည် အကြောင်း မိန့်တော်မူ၏။
5Kralın bu buyruğunu duyar duymaz İsrailliler ilk yetişen tahıl, yeni şarap, zeytinyağı, bal ve bütün tarla ürünlerinden bol bol verdiler. Bunun yanısıra her şeyin ondalığını da bol bol getirdiler.
5ထိုအမိန့်တော်ကို ဣသရေလအမျိုးသားတို့ သည် အနှံ့အပြား ကြားသိကြသောအခါ၊ အဦးသီးသော စပါး၊ စပျစ်ရည်၊ ဆီ၊ ပျားရည်အစရှိ သော မြေအသီးအနှံ ကို၎င်း၊ အခြားသောဥစ္စာရှိသမျှ ဆယ်ဘို့တဘို့ကို၎င်း၊ များစွာဆောင်ခဲ့ကြ၏။
6Yahuda kentlerinde yaşayan İsraillilerle Yahudalılar da sığırlarının, davarlarının, Tanrıları RABbe adamış oldukları kutsal armağanların ondalığını getirip bir araya yığdılar.
6ယုဒမြို့တို့၌နေသောဣသရေလအမျိုးနှင့် ယုဒ အမျိုးသားတို့သည်လည်း၊ သိုးနွားဆယ်ဘို့တဘို့ကို၎င်း၊ သူတို့၏ဘုရားသခင် ထာဝရဘုရားအား ပူဇော်၍ သန့်ရှင်းသော ဥစ္စာဆယ်ဘို့တဘို့ကို၎င်း ဆောင်ခဲ့၍ အသီးအသီးပုံထားကြ၏။
7Ondalıkların toplanması üçüncü aydan yedinci aya kadar sürdü.
7တတိယလတွင် ပုံထားစပြု၍၊ သတ္တမလတွင် လက်စသတ်ကြ၏။
8Hizkiya ile önderler gelip yığınları görünce, RABbe övgüler sunup halkı İsraili kutsadılar.
8ပုံထားသောဥစ္စာကို၊ ဟေဇကိနှင့် မှူးမတ်တို့ သည် လာ၍မြင်သောအခါ၊ ထာဝရဘုရားနှင့် ဘုရား သခင်၏ လူဣသရေလအမျိုးကို ကောင်းကြီးပေးကြ၏။
9Hizkiya kâhinlerle Levililere yığınları sorunca,
9ထိုပုံထားသော ဥစ္စာအကြောင်းကို ဟေဇကိ သည် ယဇ်ပုရောဟိတ်၊ လေဝိသားတို့၌ မေးမြန်းလျှင်၊
10Sadok soyundan Başkâhin Azarya şu yanıtı verdi: ‹‹Halk RABbin Tapınağına bağış getirmeye başladıktan bu yana yiyip doyduk; üstelik artırdık da. Çünkü RAB halkını kutsadı. Bu büyük yığın da artakalandır.››
10ဇာဒုတ်အမျိုး၊ ယဇ်ပုရောဟိတ်အကြီး အာဇရိ က၊ ပူဇော်သက္ကာတို့ကို၊ ဗိမာန်တော်သို့ဆောင်ခဲ့စပြုသော နောက်၊ အကျွန်ုပ်တို့ စားလောက်အောင်ရှိသည်သာမက များစွာ ကျန်ကြွင်းတတ်ပါ၏။ ထာဝရဘုရားသည် မိမိလူတို့ကို ကောင်းကြီးပေးတော်မူသောကြောင့်၊ ပုံထား သောဤဥစ္စာများသည် ကျန်ကြွင်းလျက်ရှိပါသည်ဟု လျှောက်ကြ၏။
11Hizkiya RABbin Tapınağındaki depoların hazırlanması için buyruk verdi. Depolar hazırlandı.
11ထိုအခါ ဗိမာန်တော်၌ ဘဏ္ဍာတိုက်တို့ကို ပြင်ဆင်စေမည်အကြောင်း၊ ဟေဇကိမိန့်တော်မူသည် အတိုင်း ပြင်ဆင်၍၊
12Bağışlar, ondalıklar, adanan armağanlar sadakatle içeri getirildi. Bütün bu işlerin sorumlusu olarak Levili Konanya atandı; kardeşi Şimi de yardımcısı oldu.
12လှူသောဥစ္စာ၊ ဆယ်ဘို့တဘို့ဥစ္စာ၊ ပူဇော်သော ဥစ္စာများကို တရားနှင့်အညီ သွင်းထားကြ၏။ လေဝိသားကောနနိသည်တိုက်အုပ်၊ သူ၏ညီရှိမိသည် တိုက်စာရေးဖြစ်၏။
13Kral Hizkiya ile Tanrının Tapınağının sorumlusu Azarya, Konanya ile kardeşi Şiminin yönetimindeki şu denetçileri atadılar: Yehiel, Azazya, Nahat, Asahel, Yerimot, Yozavat, Eliel, Yismakya, Mahat, Benaya.
13ယေဟေလ၊ အာဇဇိ၊ နာဟတ်၊ အာသဟေလ၊ ယေရိမုတ်၊ ယောဇဗတ်၊ ဧလျေလ၊ ဣသမခိ၊ မာဟတ်၊ ဗေနာယတို့သည်လည်း ဟေဇကိမင်းကြီးနှင့် ဗိမာန်တော် အုပ်အာဇရိစီရင်သည်အတိုင်း၊ ကောနနိနှင့် သူ၏ညီရှိမိ တို့သည် အစေခံ၍ ကြည့်ရှုပြုစုရကြ၏။
14Tapınağın Doğu Kapısının nöbetçisi Yimnanın oğlu Levili Kore, Tanrıya gönülden verilen sunuların sorumlusuydu. RABbe adanan bağışları ve kutsal yiyecekleri dağıtmak için bu göreve getirilmişti.
14အရှေ့တံခါးမှူး၊ လေဝိသားဣမနသားကောရ သည်၊ ထာဝရအရှင်ဘုရားသခင်အား လှူဒါန်း ပူဇော်သောဥစ္စာ၊ အလွန်သန့်ရှင်းသောဥစ္စာ များကို ဝေဖန်ရသောအမှုအုပ်ဖြစ်၏။
15Eden, Minyamin, Yeşua, Şemaya, Amarya ve Şekanya kâhinlerin yaşadıkları kentlerde bölükleri uyarınca büyük küçük bütün kardeşlerine bağışları dağıtma işinde Koreye sadakatle yardım ettiler.
15ကောရလက်ထောက်၊ ဧဒင်၊ ဗင်္ယာမိန်၊ ယောရှု၊ ရှေမာယ၊ အာမရိ၊ ရှေကနိတို့သည်လည်း ယဇ်ပုရောဟိတ် နေရာမြို့တို့၌ အရာခံသည်အတိုင်း၊ သင်းဖွဲ့သော ညီအစ်ကို အကြီးအငယ်တို့အား ပေးဝေရကြ၏။
16Ayrıca soyağacında adı kayıtlı üç ve daha yukarı yaştaki erkeklere, bölüklerine ve sorumluluklarına göre RABbin Tapınağına girip günün gerektirdiği değişik görevleri yapanların tümüne; bağlı oldukları boylara göre kütüğe kayıtlı kâhinlere, bölüklerine ve sorumluluklarına göre yirmi ve daha yukarı yaştaki Levililere; kâhinlerle Levililerin soyağacında kayıtlı küçük çocuklara, kadınlara, oğullarla kızlara, yani topluluğa yiyecek dağıtıyorlardı. Çünkü kendilerini sadakatle Tanrıya adamışlardı.
16သင်းဖွဲ့သည်အတိုင်း၊ ဗိမာန်တော်သို့ဝင်၍ အမှု တော်ကိုစောင့်သောသူ၊ စာရင်းဝင်သည်အတိုင်း၊ အသက် သုံးနှစ်လွန်သော ယောက်ျားအ ပေါင်းတို့အား၎င်း၊
19Kentlerinin çevresindeki kırlarda ya da herhangi bir kentte yaşayan Harun soyundan kâhinlere gelince, onlardan olan bütün erkeklere ve Levililerin soyağacında kayıtlı herkese yiyecek dağıtmak için belirli kişiler atanmıştı.
17အဆွေအမျိုးအလိုက် စာရင်းဝင်၍၊ အသက် နှစ်ဆယ်လွန်သဖြင့်၊ သင်းဖွဲ့သည်အတိုင်း၊ အမှုတော် စောင့်သော ယဇ်ပုရောဟိတ်လေဝိသားတို့ အား၎င်း၊
20Hizkiya bütün Yahudada böyle davrandı; Tanrısı RABbin önünde iyi, doğru ve hakça olanı yaptı.
18သစ္စာစောင့်၍ ကိုယ်ကိုသန့်ရှင်းစေသော ထိုသူတို့၏သားမယားသူငယ်မှစ၍၊ ပရိသတ်အနှံ့အပြား စာရင်းဝင်သမျှသော သူတို့အား၎င်း၊ နေ့ရက်အစဉ် အတိုင်းပေးဝေရကြ၏။
21Tanrı'nın Tapınağı'nda üstlendiği görevi bütün yüreğiyle yerine getirdi; Kutsal Yasa'ya, buyruklara uydu; Tanrısı'na yöneldi. Bu sayede başarılı oldu.
19ထိုအတူ၊ အထက်ဆိုခဲ့ပြီးသော သူတို့သည် ယဇ်ပုရောဟိတ်၊ လေဝိသားနေစရာဘို့ ခွဲထားသော မြို့နယ်တို့၌ နေသောအာရုန်သား ယဇ်ပုရောဟိတ် ယောက်ျား၊ စာရင်းဝင်သော လေဝိသားအပေါင်းတို့အား လည်း ပေးဝေရကြ၏။
20ထိုသို့ဟေဇကိသည် ယုဒပြည်တရှောက်လုံးတွင် စီရင်၍၊ မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ကောင်းသောအမှု၊ ဖြောင့်မတ်သောအမှု၊ သမ္မာတရား အမှုတို့ကို ပြုတော်မူ၏။
21မိမိဘုရားသခင်ကို ဆည်းကပ်လျက်၊ ဗိမာန် တော်၊ တရားတော်၊ ပညတ်တော်တို့အဘို့ အမှုစောင့်စ ပြုလေရာရာ၌ စိတ်နှလုံးအကြွင်းမဲ့ပြု၍ အကြံထမြှောက် တတ်၏။