Turkish

Myanmar

2 Kings

13

1Yahuda Kralı Ahazya oğlu Yoaşın krallığının yirmi üçüncü yılında Yehu oğlu Yehoahaz Samiriyede İsrail Kralı oldu ve on yedi yıl krallık yaptı.
1ယုဒရှင်ဘုရင်အာခဇိသား ယောရှနန်းစံနှစ် ဆယ်သုံးနှစ်တွင်၊ ယေဟုသားယောခတ်သည် ရှမာရိမြို့၌ မင်းပြု၍ ဣသရေလနိုင်ငံကို ဆယ်ခုနစ်နှစ်စိုးစံ၏။
2Yehoahaz RABbin gözünde kötü olanı yaptı ve Nevat oğlu Yarovamın İsraili sürüklediği günahlara katıldı. Bu günahlardan ayrılmadı.
2ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် သား ယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကို မရှောင်၊ လိုက်လေ၏။
3İşte bu yüzden RABbin İsraile karşı öfkesi alevlendi ve RAB onları uzun süre Aram Kralı Hazaelle oğlu Ben-Hadatın egemenliği altına soktu.
3ထိုကြောင့် ထာဝရဘုရားသည် ဣသရေလ အမျိုးကို အမျက်ထွက်၍၊ ယောခတ်မင်း လက်ထက် ကာလပတ်လုံး၊ ရှုရိရှင်ဘုရင် ဟာဇေလနှင့်သူ၏သား ဗင်္ယာဒဒ်လက်သို့ ဣသရေလအမျိုးကို အပ်တော်မူ၏။
4Bunun üzerine Yehoahaz RABbe yakardı. RAB onun yakarışını kabul etti. Çünkü İsrailin çektiği sıkıntıyı, Aram Kralının onlara neler yaptığını görüyordu.
4တဖန်ယောခတ်သည် ထာဝရဘုရားကို တောင်းပန်လေ၏။ ရှုရိရှင်ဘုရင်ညှဉ်းဆဲ၍ ဣသရေလ အမျိုးသည် အလွန်ခံရကြောင်းကို ထာဝရဘုရားသည် မြင်၍ယောခတ်စကားကို နားထောင်တော်မူ၏။
5RAB İsraile bir kurtarıcı gönderdi. Böylece halk Aramlıların egemenliğinden kurtuldu ve önceki gibi evlerinde yaşamaya başladı.
5ရှုရိရှင်ဘုရင်သည် ဣသရေလအမျိုးသားတို့ကို ဖျက်ဆီး၍၊ စပါးနင်းရာတွင် လွင့်သောအမှုန့်ကဲ့သို့ ဖြစ်စသဖြင့်၊ မြင်းစီးသူရဲ၊ ငါးကျိပ်၊ ရထားတဆယ်၊ ခြေသည်သူရဲတသောင်းကို သာယောခတ်၌ကြွင်းစေ၏။
6Ne var ki Yarovam ailesinin İsraili sürüklediği günahları izlediler, bu günahlardan ayrılmadılar. Aşera putu da Samiriyede dikili kaldı.
6ထို့ကြောင့် ထာဝရဘုရားသည် ကယ်တင်သော သခင်ကို ပေးတော်မူသဖြင့်၊ ဣသရေလအမျိုးသားတို့ သည် ရှုရိလူတို့လက်မှထွက်မြောက်၍ အထက်ကနည်းတူ မိမိတို့နေရာ၌ နေရကြ၏။
7Yehoahazın elli atlı, on savaş arabası, on bin de yaya asker dışında gücü kalmamıştı. Çünkü Aram Kralı ötekileri harman tozu gibi ezip yok etmişti.
7သို့ရာတွင် ဣသရေလအမျိုးကို ပြစ်မှားစေသော ယေရောဗောင်မင်းမျိုး၏ ဒုစရိုက်အပြစ်တို့ကို မရှောင် လိုက်ကြ၏။ ရှမာရိမြို့၌လည်း အာရှရပင် ရှိသေး၏။
8Yehoahazın krallığı dönemindeki öteki olaylar, bütün yaptıkları ve başarıları İsrail krallarının tarihinde yazılıdır.
8ယောခတ်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
9Yehoahaz ölüp atalarına kavuşunca, Samiriyede gömüldü ve yerine oğlu Yehoaş kral oldu.
9ယောခတ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော် ယဟောရှသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
10Yahuda Kralı Yoaşın krallığının otuz yedinci yılında Yehoahaz oğlu Yehoaş Samiriyede İsrail Kralı oldu ve on altı yıl krallık yaptı.
10ယုဒရှင်ဘုရင်ယောရှ နန်းစံသုံးဆယ်ခုနစ်နှစ် တွင်၊ ယောခတ်သား ယဟောရှသည် ရှမာရိမြို့၌မင်းပြု၍ ဣသရေလနိုင်ငံကို ဆယ်ခြောက်နှစ်စိုးစံ၏။
11RABbin gözünde kötü olanı yaptı ve Nevat oğlu Yarovamın İsraili sürüklediği günahlardan ayrılmadı; onun yolunu izledi.
11ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကို ပြု၍ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် သားယေရောဗောင်၏ ဒုစရိုက်အပြစ်ကိုမရှောင်၊ အကုန် အစင်လိုက်လေ၏။
12Yehoaşın krallığı dönemindeki öteki olaylar, bütün yaptıkları, Yahuda Kralı Amatsya ile savaşırken gösterdiği başarılar İsrail krallarının tarihinde yazılıdır.
12ယဟောရှပြုမူသော အမှုအရာကြွင်းလေသမျှ၊ ယုဒရှင်ဘုရင်အာမဇိကို စစ်တိုက်ရာတွင်၊ တန်ခိုးကြီးခြင်း အရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
13Yehoaş ölüp atalarına kavuşunca, Samiriyede İsrail krallarının yanına gömüldü ve tahtına Yarovam geçti.
13ယဟောရှသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ဣသရေလ ရှင်ဘုရင်တို့နှင့်အတူ ရှမာရိမြို့၌သင်္ဂြိုဟ်ခြင်း ကို ခံလေ၏။ သားတော်ယေရောဗောင်သည် ခမည်း တော်အရာ၌နန်းထိုင်၏။
14Elişa ölümcül bir hastalığa yakalandı. İsrail Kralı Yehoaş gidip onu ziyaret etti, ‹‹Baba, baba, İsrailin arabası ve atlıları!›› diyerek ağladı.
14ထိုအခါ ဧလိရှဲသည် သေနာစွဲ၍ နာနေစဉ် တွင်၊ ဣသရေလရှင်ဘုရင်ယဟောရှသည်လာ၍ သူ့ရှေ့ မှာ ငိုကြွေးလျက် ငါ့အဘ၊ ငါ့အဘ၊ ဣသရေလရထား၊ ဣသရေလမြင်းပါတကားဟု ဆို၏။
15Elişa ona, ‹‹Bir yayla birkaç ok al›› dedi. Kral yayla okları aldı.
15ဧလိရှဲကလည်း၊ လေးနှင့်မြှားတို့ကို ယူလော့ဟု ဆိုသည်အတိုင်း ရှင်ဘုရင်ယူ၏။
16Elişa, ‹‹Yayı hazırla›› dedi. Kral yayı hazırlayınca, Elişa ellerini kralın elleri üzerine koydu.
16လေးကိုတင်လော့ဟု တဖန်ဆိုသည်အတိုင်း လေးကိုတင်၍၊ ဧလိရှဲသည် မိမိလက်ကို ရှင်ဘုရင် လက်ပေါ်မှာ တင်လျက်၊
17‹‹Doğuya bakan pencereyi aç›› dedi. Kral pencereyi açtı. Elişa, ‹‹Oku at!›› dedi. Kral oku atınca, Elişa, ‹‹Bu ok Aramlılara karşı sizi zafere ulaştıracak RABbin kurtarış okudur›› dedi, ‹‹Afekte onları kesin bozguna uğratacaksınız.››
17အရှေ့ပြတင်းပေါက်ကို ဖွင့်လော့ဟုဆို၍ ဖွင့် လေ၏။ ပစ်လော့ဟုဆိုသည်အတိုင်း ရှင်ဘုရင်သည် ပစ်လေ၏။ ဧလိရှဲကလည်း၊ ထာဝရ ဘုရားကယ်တင် တော်မူရာမြှား၊ ရှုရိမင်းလက်မှ ကယ်နှုတ်ရာမြှားဖြစ်၏။ အာဖက်မြို့၌ရှုရိလူတို့ကို အကုန်အစင်လုပ်ကြံရလိမ့် မည်ဟု ဆို၏။
18Sonra, ‹‹Öbür okları al›› dedi. İsrail Kralı okları alınca, Elişa, ‹‹Onları yere vur›› dedi. Kral okları üç kez yere vurdu ve durdu.
18မြှားတို့ကိုယူဦးလော့ဟု တဖန်ဆိုသည်အတိုင်း၊ ရှင်ဘုရင်သည် ယူ၏။ မြေပေါ်သို့ ရိုက်လော့ဟုဆို၍ သုံးကြိမ်ရိုက်လေ၏။
19Buna öfkelenen Tanrı adamı Elişa, ‹‹Beş altı kez vurmalıydın, o zaman Aramlılara karşı kesin bir zafer kazanırdın›› dedi, ‹‹Ama şimdi Aramlıları ancak üç kez bozguna uğratacaksın.››
19ထိုအခါဘုရားသခင်၏လူသည် အမျက်ထွက်၍၊ အဘယ်ကြောင့် ငါးကြိမ်ခြောက်ကြိမ်မရိုက်သနည်း။ ထိုသို့ရိုက်လျှင်၊ ရှုရိလူတို့ကို အကုန်အစင်လုပ်ကြံရလိမ့် မည်။ ယခုမူကား၊ သုံးကြိမ်သာ လုပ်ကြံရလိမ့်မည်ဟု ဆို၏။
20Elişa öldü ve gömüldü. Her ilkbaharda Moav akıncıları İsrail topraklarına girerlerdi.
20ဧလိရှဲသေ၍ သင်္ဂြိုဟ်ခြင်းကိုခံပြီးမှ၊ နောင်နှစ် တွင် မောဘတပ်သားတို့သည် ဣသရေလပြည်ကို တိုက်လာကြ၏။
21Bir keresinde İsrailliler, ölü gömerken akıncıların geldiğini görünce, ölüyü Elişanın mezarına atıp kaçtılar. Ölü Elişanın kemiklerine dokununca dirilip ayağa kalktı.
21ဣသရေလလူတို့သည် လူတယောကို သင်္ဂြိုဟ် စဉ်တွင်၊ မော်ဘတပ်လာသည်ကို မြင်၍၊ အလောင်းကို ဧလိရှဲသင်္ချိုင်းတွင်း၌ ချထားကြ၏။ သေသောသူသည် အောက်သို့ရောက်၍၊ ဧလိရှဲအရိုးတို့ကို ထိသောအခါ၊ အသက်ရှင်ပြန်သဖြင့် မတ်တတ်ထ၏။
22Aram Kralı Hazael Yehoahazın krallığı boyunca İsraillilere baskı yaptı.
22ရှုရိရှင်ဘုရင်ဟာဇေလသည် ယောခတ် လက်ထက်ကာလပတ်လုံး ဣသရေလအမျိုးကို ညှဉ်းဆဲ ၏။
23Ama RAB, İbrahim, İshak ve Yakupla yaptığı antlaşmadan ötürü, İsraillilere iyilik etti. Onlara acıyıp yardım etti. Yok olmalarına izin vermedi. Onları şimdiye kadar huzurundan atmadı.
23ထာဝရဘုရားသည် သူတို့ကို သနားစုံမက်၍ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့် ဖွဲ့တော်မူခဲ့သော ပဋိညာဉ်ကို အောက်မေ့လျက် သူတို့ကို မဖျက်ဆီး၊ အထံတော်မှမနှင်ထုတ်သေးဘဲ ကြည့်ရှုပြုစုတော်မူ၏။
24Aram Kralı Hazael ölünce yerine oğlu Ben-Hadat kral oldu.
24ရှုရိရှင်ဘုရင် ဟာဇေလသေ၍၊ သားတော် ဗင်္ဟာဒဒ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
25Bunun üzerine İsrail Kralı Yehoaş, babası Yehoahaz'ın krallığı döneminde Hazael oğlu Ben-Hadat'ın savaşta ele geçirmiş olduğu kentleri geri aldı. Onu üç kez bozguna uğratıp İsrail kentlerine yeniden sahip oldu.
25ဟာဇေလသည် စစ်တိုက်၍ ယောခတ်မင်း လက်မှ နှုတ်ယူသော မြို့ရွာတို့ကို ယောခတ်သား ယဟော ရှသည် ဟာဇေလသားဗင်္ဟာဒဒ်လက်မှ နှုတ်ယူ၏။ သုံးကြိမ်တိုင်အောင် ယဟောရှသည်နိုင်၍ ဣသရေလ မြို့ရွာတို့ကို ရပြန်လေ၏။