1İsrail Kralı Remalya oğlu Pekahın krallığının on yedinci yılında Yotam oğlu Ahaz Yahuda Kralı oldu.
1ရေမလိသား ပေကာနန်းစံဆယ်ခုနစ်နှစ်တွင် ယုဒရှင်ဘုရင် ယောသံသားအာခတ်သည် အသက် နှစ်ဆယ်ရှိသော် နန်းထိုင်၍၊
2Ahaz yirmi yaşında kral oldu ve Yeruşalimde on altı yıl krallık yaptı. Tanrısı RABbin gözünde doğru olanı yapan atası Davut gibi davranmadı.
2ယေရုရှလင်မြို့၌ ဆယ်ခြောက်နှစ်စိုးစံလေ၏။ ထိုမင်းသည် အဘဒါဝိဒ်ကဲ့သို့မကျင့်၊ ထာဝရဘုရား ရှေ့တော်၌ တရားသော အမှုကို မပြု၊
3İsrail krallarının yolunu izledi; hatta RABbin İsrail halkının önünden kovmuş olduğu ulusların iğrenç törelerine uyarak oğlunu ateşte kurban etti.
3ဣသရေလရှင်ဘုရင်တို့ လိုက်သောလမ်းသို့ လိုက်၍၊ ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့ ရှေ့မှ၊ နှင်ထုတ်တော်မူသော တပါးအမျိုးသားတို့၏ ရွံရှာဘွယ် ထုံးစံအတိုင်း၊ မိမိသားကို မီးဖြင့်ပူဇော်၏။
4Puta tapılan yerlerde, tepelerde, bol yapraklı her ağacın altında kurban kesip buhur yaktı.
4မြင့်သောအရပ်၊ တောင်ပေါ်၊ သစ်ပင်အောက် တို့၌ပူဇော်၍ နံ့သာပေါင်းကို မီးရှို့တတ်၏။
5Aram Kralı Resinle İsrail Kralı Remalya oğlu Pekah Yeruşalime yürüdüler. Kenti kuşattılarsa da Ahazı yenemediler.
5ထိုအခါ ရှုရိရှင်ဘုရင် ရေဇိန်နှင့် ဣသရေလ ရှင်ဘုရင် ရေမလိသားပေကာသည် ယေရုရှလင်မြို့သို့ စစ်ချီ၍ အာခတ်မင်းကို ဝိုင်းထားသော်လည်း မနိုင်ရ။
6O sırada Aram Kralı Resin Eylatı geri alıp Yahudalıları oradan sürdü. Edomlular Eylata yerleşti. Bugün de orada yaşıyorlar.
6သို့ရာတွင်၊ ရှုရိရှင်ဘုရင် ရေဇိန်သည် ဧလတ်မြို့ ကို ရှုရိနိုင်ငံ သို့သွင်းပြန်၍၊ ယုဒလူတို့ကို နှင်ထုတ်သဖြင့်၊ ရှုရိလူတို့သည်လာ၍ ယနေ့တိုင်အောင် ဧလတ်မြို့၌ နေကြ၏။
7Ahaz, Asur Kralı Tiglat-Pilesere: ‹‹Senin kulun kölenim; gel, bana saldıran Aram ve İsrail krallarının elinden beni kurtar›› diye ulaklar gönderdi.
7ထိုကြောင့်အာခတ်သည် အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာထံသို့ သံတမန်ကို စေလွှတ်၍၊ ကျွန်ုပ်သည် ကိုယ်တော်သား၊ ကိုယ်တော်ကျွန်ဖြစ်ပါ၏။ လာပါ။ ကျွန်ုပ်ကို ရန်ဘက်ပြုသော ရှုရိရှင်ဘုရင်နှင့် ဣသရေလ ရှင်ဘုရင်လက်မှ ကယ်ယူပါဟု တောင်းပန်၏။
8RABbin Tapınağında ve sarayın hazinelerinde bulunan altın ve gümüşü armağan olarak Asur Kralına gönderdi.
8တဖန်ဗိမာန်တော်၌၎င်း၊ နန်းတော်ဘဏ္ဍာတိုက် ၌၎င်း ရှိသော ရွှေငွေကို ယူ၍ အာရှုရိရှင်ဘုရင်ထံသို့ လက်ဆောင်ပေးလိုက်လေ၏။
9Asur Kralı Ahazın isteğini olumlu karşıladı, saldırıp Şamı ele geçirdi. Kent halkını Kîre sürüp Resini öldürdü.
9အာရှုရိရှင်ဘုရင်သည် နားထောင်၍ ဒမာ သက်မြို့သို့ စစ်ချီ၍ တိုက်ယူပြီးလဆင်၊ ပြည်သားတို့ကို ကိရမြို့သို့ သိမ်းသွား၏။ ရေဇိန်မင်းကိုလည်း သတ်၏။
10Kral Ahaz, Asur Kralı Tiglat-Pileseri karşılamak için Şama gittiğinde, oradaki sunağı gördü. Aynısını yaptırmak için sunağın bütün ayrıntılarını gösteren bir planı ve maketi Kâhin Uriyaya gönderdi.
10အာခတ်မင်းကြီးသည် အာရှုရိရှင်ဘုရင်ကို ခရီး ဦးကြိုပြုခြင်းငှါ ဒမာသက်မြို့သို့သွား၏။ ထိုမြို့မှာရှိသော ယဇ်ပလ္လင်ကိုမြင်လျှင်၊ ပလ္လင်ပုံ၊ အတိုင်းအရှည်၊ တန်ဆာ ရှိသမျှကိုရေး၍ ယဇ်ပုရောဟိတ်ဥရိယထံသို့ ပေးလိုက်၏။
11Kâhin Uriya, Kral Ahaz Şamdan dönünceye kadar, onun göndermiş olduğu maketin tıpkısı bir sunak yaptı.
11ထိုသို့ ဒမာသက်မြို့မှ အာခတ်မင်းပေးလိုက် သမျှအတိုင်း၊ ယဇ်ပုရောဟိတ်ဥရိယသည် အာခတ်မင်း မရောက်မှီ လုပ်နှင့်ပြီ။
12Kral Şamdan dönünce sunağı gördü, yaklaşıp üzerinde sunular sundu.
12ရှင်ဘုရင်သည် ဒမာသက်မြို့မှရောက်လာသော အခါ၊ ထိုယဇ်ပလ္လင်ကို မြင်၍ ချဉ်းကပ်သဖြင့်၊
13Yakmalık sunuları ve tahıl sunularını sundu, dökmelik sunuyu boşalttı, esenlik sunusunun kanını sunağın üzerine döktü.
13မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာကို မီးရှို့၏။ သွန်းလောင်းရာ ပူဇော်သက္ကာ ကိုလည်း သွန်းလောင်း၏။ မိဿဟာယယဇ်အသွေးကိုလည်း ယဇ် ပလ္လင်ပေါ်မှာဖြန်းလေ၏။
14RABbin huzurundaki tunç sunağı tapınağın önünden, yeni sunakla tapınağın arasındaki yerinden getirtip yeni sunağın kuzeyine yerleştirdi.
14ထာဝရဘုရားရှေ့တော်၌ရှိသော ကြေးဝါယဇ် ပလ္လင်ကို ဗိမာန်တော်ရှေ့၊ ယဇ်ပလ္လင်ကြီးနှင့် ဗိမာန်တော် စပ်ကြားအရပ်မှ ရွေ့၍ ယဇ်ပလ္လင်ကြီး မြောက်ဘက်၌ ထား၏။
15Kral Ahaz Kâhin Uriyaya şu buyrukları verdi: ‹‹Sabahın yakmalık sunusuyla akşamın tahıl sunusunu, kralın yakmalık ve tahıl sunusunu, ayrıca ülke halkının yakmalık, tahıl ve dökmelik sunularını bu büyük sunağın üzerinde sun; yakmalık sunuların ve kurbanların kanını onun üzerine dök. Ama tunç sunağı geleceği bilmek için kendim kullanacağım.››
15တဖန်ယဇ်ပုရောဟိတ်ဥရိယကို မှာထားသည် ကား၊ နံနက် မီးရှို့ရာယဇ်နှင့် ညဦးယံဘောဇဉ် ပူဇော် သက္ကာ၊ ရှင်ဘုရင်မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ကို ယဇ်ပလ္လင်ကြီးပေါ်မှာ မီးရှို့လော့။ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးအသွေးကို လည်း ထိုပလ္လင်ပေါ်မှာဖြန်းလော့။ ကြေးဝါယဇ်ပလ္လင် သည် ငါမေးမြန်းစရာဘို့ ရှိရမည်ဟု၊
16Kâhin Uriya Kral Ahazın bütün buyruklarını yerine getirdi.
16အာခက်မင်းကြီးမှာထားသမျှအတိုင်း ယဇ် ပုရောဟိတ်ဥရိယ ပြု၏။
17Kral Ahaz tapınaktaki kazanların üzerine oturduğu ayaklıkların yan aynalıklarını söküp kazanları kaldırdı. Havuzu tunç boğaların üzerinden indirip taş bir döşeme üzerine yerleştirdi.
17အာခတ်မင်းကြီးသည် ကြေးဝါခုံတန်ဆာတို့ကို ပယ်၍ အင်တုံကို လည်းရွေ့၏။ ကြေးဝါရေကန်ကိုလည်း ကြေးဝါနွားတို့အပေါ်ကချ၍ ကျောက်ခင်းပေါ်မှာ တင်ထား၏။
18Asur Kralını hoşnut etmek için RABbin Tapınağına konan kral kürsüsünün setini kaldırıp kralın tapınağa girmek için kullandığı özel kapıyı kapattı. seti››, Masoretik metin ‹‹Şabat günleri RABbin Tapınağına gitmek için kullanılan üstü kapalı yol.››
18ဗိမာန်တော်၌ ဥပုသ်စောင့်စရာဘို့ ဆောက် သောမဏ္ဍပ်ကို၎င်း၊ ရှင်ဘုရင်တက်ရာစောင်းတန်းကို၎င်း၊ အာရှုရိရှင်ဘုရင်ကြောင့် ပယ်၏။
19Ahazın krallığı dönemindeki öteki olaylar ve yaptıkları Yahuda krallarının tarihinde yazılıdır.
19အာခတ်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင်၌ရေးထားလျက်ရှိ၏။
20Ahaz ölüp atalarına kavuşunca, Davut Kenti'nde atalarının yanına gömüldü. Yerine oğlu Hizkiya kral oldu.
20အာခတ်သည်ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သူတို့ နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော် ဟေဇကိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။