1İsrail Kralı Ela oğlu Hoşeanın krallığının üçüncü yılında Ahaz oğlu Hizkiya Yahuda Kralı oldu.
1ဣသရေလရှင်ဘုရင်ဧလာသား ဟောရှေနန်းစံသုံးနှစ်တွင်၊
2Hizkiya yirmi beş yaşında kral oldu ve Yeruşalimde yirmi dokuz yıl krallık yaptı. Annesi Zekeriyanın kızı Aviyaydı.
2ယုဒရှင်ဘုရင် အာခတ်သား ဟေဇကိသည် အသက်နှစ် ဆယ်ငါးနှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌နှစ်ဆယ်ကိုးနှစ်စိုးစံလေ၏။ မယ်တော်ကား၊ ဇာခရိသမီးအာဘိအမည်ရှိ၏။
3Atası Davut gibi, o da RABbin gözünde doğru olanı yaptı.
3ထိုမင်းသည်အဘဒါဝိဒ်ကျင့်သမျှအတိုင်း၊ ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြု၏။
4Alışılagelen tapınma yerlerini kaldırdı, dikili taşları, Aşera putlarını parçaladı. Musanın yapmış olduğu Nehuştan adındaki tunç yılanı da parçaladı. Çünkü İsrailliler o güne kadar ona buhur yakıyorlardı.
4မြင့်သောအရပ်တို့ကိုပယ်၏။ ရုပ်တုဆင်းတုတို့ကိုချိုးဖဲ့၏။ အာရှရပင်တို့ကို ခုတ်လှဲ၏။ မောရှေလုပ်သော ကြေးဝါမြွေကို အပိုင်းပိုင်း ဖြတ်၏။ အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့သည် ထိုကာလတိုင်အောင်၊ ထိုမြွေရှေ့မှာ နံ့သာပေါင်းကို မီးရှို့တတ်ကြ၏။ ထိုမြွေကိုနဟုတ္တန်အမည်ဖြင့် မှည့်သတည်း။
5Hizkiya İsrailin Tanrısı RABbe güvendi. Kendisinden önceki ve sonraki Yahuda kralları arasında onun gibisi yoktu.
5ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရားကို ထိုမင်းခိုလှုံသကဲ့သို့၊ သူ့နောက်မှာခိုလှုံသော ယုဒရှင်ဘုရင် တယောက်မျှမရှိ။ ရှေ့ကာလ၌လည်းမရှိ။
6RABbe çok bağlıydı, Onun yolundan ayrılmadı, RABbin Musaya vermiş olduğu buyrukları yerine getirdi.
6ထာဝရဘုရား၌ဆည်းကပ်၍နောက်တော်သို့အစဉ်အမြဲလိုက်သဖြင့် မောရှေ၌ထာဝရဘုရားထားတော်မူ သောပညတ်တော်တို့ကို စောင့်ရှောက်လေ၏။
7RAB onunla birlikteydi. Yaptığı her işte başarılı oldu. Asur Kralına karşı ayaklandı ve ona kulluk etmedi.
7ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူသဖြင့်သူသည် ပြုလေရာရာ၌အောင်လေ၏။ အာရှုရိရှင်ဘုရင်၏ကျွင်မခံ။ ပုန်ကန်လေ၏။
8Gazze ve çevresine, gözcü kulelerinden surlu kentlere kadar her yerde Filistlileri bozguna uğrattı.
8ဖိလိတ္တိလူတို့ကိုတိုက်၍ ဂါဇမြို့နယ်တိုင်အောင် ခိုင်ခံ့သောမြို့များနှင့် ကင်းစောင့်သောမျှော်စင်များကို လုပ်ကြံလေ၏။
9Hizkiyanın krallığının dördüncü yılında -İsrail Kralı Ela oğlu Hoşeanın krallığının yedinci yılı- Asur Kralı Şalmaneser Samiriyeye yürüyerek kenti kuşattı.
9ဟေဇကိမင်းကြီးနန်းစံလေးနှစ်၊ ဣသရေလရှင်ဘုရင်ဧလာသားဟောရှေနန်းစံခုနစ်နှစ်တွင်၊ အာရှုရိရှင်ဘုရင် ရှာလမနေဇာသည် ရှမာရိမြို့သို့ စစ်ချီ၍ဝိုင်းထား၏။
10Kuşatma üç yıl sürdü. Sonunda Samiriyeyi ele geçirdiler. Hizkiyanın krallığının altıncı yılı, İsrail Kralı Hoşeanın krallığının dokuzuncu yılında Samiriye alındı.
10သုံးနှစ်စေ့သောအခါ၊ ဟေဇကိနန်းစံခြောက်နှစ်၊ ဣသရေလရှင်ဘုရင်ဟောရှေနန်းစံကိုးနှစ်တွင် ရှမာရိမြို့ကိုတိုက်၍ရကြ၏။
11Asur Kralı İsraillileri Asura sürerek Halaha, Habur Irmağı kıyısındaki Gozana ve Med kentlerine yerleştirdi.
11အာရှုရိရှင်ဘုရင်သည် ဣသရေလအမျိုးကို အာရှုရိပြည်သို့သိမ်းသွား၍ ဂေါဇန်မြစ်နား၊ ဟာလမြို့၊ ဟာဗော်မြို့အစရှိသောမေဒိနိုင်ငံ မြို့ရွာတို့၌ထား၏။
12Çünkü Tanrıları RABbin sözünü dinlememişler, Onun antlaşmasını ve RABbin kulu Musanın buyruklarını çiğnemişlerdi. Ne kulak asmışlar, ne de buyrukları yerine getirmişlerdi.
12အကြောင်းမူကား၊ သူတို့သည်မိမိတို့ဘုရား သခင်ထာဝရဘုရား၏ စကားတော်ကို နားမထောင်၊ ဖွဲ့တော်မူသောပဋိညဉ်ကို၎င်း၊ ထာဝရဘုရား၏ကျွန်မောရှေမှာထားသမျှကို၎င်း၊ အမှုမထားလွန်ကျူးကြ၏။
13Hizkiyanın krallığının on dördüncü yılında Asur Kralı Sanherib, Yahudanın surlu kentlerine saldırıp hepsini ele geçirdi.
13ဟေဇကိမင်းကြီးနန်းစံ ဆယ်လေးနှစ်တွင်၊ အာရှုရိရှင်ဘုရင်သနာခရိပ်သည်ယုဒပြည်၌ ခိုင်ခံ့သောမြို့ ရှိသမျှတို့ကို စစ်ချီ၍ လုပ်ကြံလေ၏။
14Yahuda Kralı Hizkiya, Lakiş Kentindeki Asur Kralına şu haberi gönderdi: ‹‹Suçluyum, üzerimden kuvvetlerini çek, ne istersen ödeyeceğim.›› Asur Kralı Yahuda Kralı Hizkiyayı üç yüz talantfç gümüş ve otuz talant altın ödemekle yükümlü kıldı.
14ယုဒရှင်ဘုရင်ဟေဇကိသည်အာရှုရိရှင်ဘုရင်ရှိရာလာခိရှမြို့သို့စေလွှတ်၍၊ အကျွန်ုပ်မှားပါပြီ။ ပြန်သွားတော်မူပါ။ ကိုယ်တော်တင်သမျှကိုထမ်းပါမည်ဟု လျှောက်စေသော်၊ အာရှုရိရှင်ဘုရင်သည်ယုဒရှင်ဘုရင် ဟေဇကိ၌ ငွေအခွက်သုံးထောင်၊ ရွှေအခွက်သုံးရာကိုတောင်း၏။
15Hizkiya RABbin Tapınağında ve kral sarayının hazinelerinde bulunan bütün gümüşü ona verdi.
15ဟေဇကိသည်ဗိမာန်တော်၌၎င်း၊ နန်းတော် ဘဏ္ဍာတိုက်၌၎င်း၊ တွေ့သမျှသောငွေကိုပေး၏။
16Daha önce yaptırmış olduğu RABbin Tapınağının kapılarıyla kapı pervazlarının üzerindeki altın kaplamaları da çıkarıp Asur Kralına verdi.
16ဗိမာန်တော်တံခါး၊ တန်ဆာများ၊ ကိုယ်တိုင်အရင်မွမ်းမံသော တိုင်တန်ဆာများကိုလည်းချွတ်၍ အာရှုရိရှင်ဘုရင်အားပေး၏။
17Asur Kralı başkomutan, askeri danışman ve komutanını büyük bir orduyla Lakişten Yeruşalime, Kral Hizkiyaya gönderdi. Yeruşalime varan ordu Çırpıcı Tarlası yolunda, Yukarı Havuzun su yolunun yanında durdu.
17နောက်တဖန် အာရှုရိရှင်ဘုရင်သည် တာတန်၊ ရာဗသာရိတ်၊ ရာဗရှာခတို့ကို များစွာသော ဗိုလ်ခြေနှင့်တကွ၊ လာခိရှမြို့မှ ယေရုရှလင်မြို့၊ ဟေဇကိမင်းကြီးထံသို့စေလွှတ်သဖြင့်၊ သူတို့သည်ရောက်သောအခါ၊ ခဝါသည်၏ လယ်နားမှာရှောက်သောလမ်း၊ အထက်ရေကန်ပြွန်ဝ၌ရပ်နေကြ၏။
18Haber gönderip Kral Hizkiyayı çağırdılar. Saray sorumlusu Hilkiya oğlu Elyakim, Yazman Şevna ve devlet tarihçisi Asaf oğlu Yoah Asurluları karşılamaya çıktı.
18ရှင်ဘုရင်ကို ခေါ်သောအခါ၊ ဟိလခိသားဖြစ်သော နန်းတော်အုပ် ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်သား အတွင်းဝန်ယောအာတို့သည် သူတို့ထံသို့ ထွက်ပြီးလျှင်၊
19Komutan onlara şöyle dedi: ‹‹Hizkiyaya söyleyin. ‹Büyük kral, Asur Kralı diyor ki: Güvendiğin şey ne, neye güveniyorsun?
19ရာဗရှာခက၊ မဟာအရှင်မင်းကြီး၊ အာရှုရိရှင်ဘုရင်သည် ဟေဇကိ ကို မိန့်တော်မူသည်ကား၊ သင်ခိုလှုံသဖြင့်ခိုလှုံရာကား အဘယ်သို့နည်း။
20Savaş tasarıların ve gücün olduğunu söylüyorsun, ama bunlar boş sözler. Kime güveniyorsun da bana karşı ayaklanıyorsun?
20စစ်တိုက်လောက်အောင် ဥာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ငါပြည့်စုံသည်ဟု အချည်းနှီးသော စကားကို သင်ဆိုပါသည်တကား။ ငါ့ကိုပုန်ကန်ခြင်းငှါအဘယ်သူကိုကိုးစားသနည်း။
21İşte sen şu kırık kamış değneğe, Mısıra güveniyorsun. Bu değnek kendisine yaslanan herkesin eline batar, deler. Firavun da kendisine güvenenler için böyledir.
21ကျိုးသောကျူလုံးတောင်ဝေးတည်းဟူသော အဲဂုတ္တုပြည်ကို ကိုးစားပါသည်တကား။ ထိုကျူလုံးသည် မှီသောသူ၏လက်ကိုဖောက်၍ လျှိုသွားလိမ့်မည်။ ထိုသို့အဲဂုတ္တုမင်းကြီး ဖာရောဘုရင်သည် မိမိ၌မှီသော သူအပေါင်းတို့ကိုပြုလိမ့်မည်။
22Yoksa bana, Tanrımız RABbe güveniyoruz mu diyeceksiniz? Hizkiyanın Yahuda ve Yeruşalim halkına, yalnız Yeruşalimde, bu sunağın önünde tapınacaksınız diyerek tapınma yerlerini, sunaklarını ortadan kaldırdığı Tanrı değil mi bu?›
22သင်တို့က၊ ငါတို့သည် ငါတို့၏ဘုရားသခင် ထာဝရဘုရားကိုကိုးစားသည်ဟု ဆိုပြန်လျှင်၊ ဟေဇကိသည် မြင့်သောအရပ်ဌာနနှင့် ယဇ်ပလ္လင်တို့ကို ပယ်၍၊ ယေရုရှလင်မြို့မှာ ဤမည်သောယဇ်ပလ္လင်ရှေ့၌သာ ကိုးကွယ်ရမည်ဟုယုဒပြည်သူ ယေရုရှလင်မြို့သားတို့ကိုမှာထားသဖြင့်၊ သင်တို့ပြစ်မှားသောဘုရားဖြစ်သည် မဟုတ်လော။
23‹‹Haydi, efendim Asur Kralıyla bahse giriş. Binicileri sağlayabilirsen sana iki bin at veririm.
23သို့ဖြစ်၍ယခုတွင် ငါ့သခင် အာရှုရိရှင်ဘုရင်၌ အာမခံတို့ကိုအပ်ပါလော့။ သင်၌မြင်းစီးသူရဲ လုံလောက်အောင်ရှိလျှင်မြင်းနှစ်ထောင်တို့ကိုငါပေးမည်။
24Mısırın savaş arabalarıyla atlıları sağlayacağına güvensen bile, efendimin en küçük rütbeli komutanlarından birini yenemezsin!
24သင်သည် ငါ့သခင်၏ကျွန်တို့တွင် အငယ်ဆုံးသောဗိုလ်ကိုအဘယ်သို့လှန်နိုင်မည်နည်း။ အဲဂုတ္တုပြည်မှ ရထားများ၊ မြင်းစီးသူရဲများကို ရမည်ဟုယုံပါသည်တကား။
25Dahası var: RABbin buyruğu olmadan mı saldırıp burayı yıkmak için yola çıktığımı sanıyorsun? RAB, ‹Git, o ülkeyi yık› dedi.››
25ထာဝရဘုရား၏အခွင့်မရှိဘဲ ဤပြည်ကိုဖျက်ဆီးခြင်းငှါ ငါလာသလော။ ထိုပြည်ကို သွား၍ ဖျက်ဆီးလော့ဟု ထာဝရဘုရားသည် ငါ့အားမိန့်တော်မူပြီ။ ဤအကြောင်းအရာများကိုပြန်ပြောကြလော့ဟု ပြောဆို၏။
26Hilkiya oğlu Elyakim, Şevna ve Yoah, ‹‹Lütfen biz kullarınla Aramice konuş›› diye karşılık verdiler, ‹‹Çünkü biz bu dili anlarız. Yahudi dilinde konuşma. Surların üzerindeki halk bizi dinliyor.››
26ထိုအခါ ဟိလခိသား ဧလျာကိမ်၊ ရှေဗန၊ ယောအာတို့က၊ ရှုရိဘာသာစကားအားဖြင့် ကျွန်တော်တို့အား အမိန့်ရှိပါလော့။ ထိုစကားကို ကျွန်တော်တို့သည်နားလည်ပါ၏။ မြို့ရိုးပေါ်မှာ ရှိသောသူတို့သည် ကြားရအောင် ယုဒ ဘာသာစကားအားဖြင့် အမိန့်မရှိ ပါနှင့်ဟု ရာဗရှာခ ကိုဆိုကြလျှင်၊
27Komutan, ‹‹Efendim bu sözleri yalnız size ve efendinize söyleyeyim diye mi gönderdi beni?›› dedi, ‹‹Surların üzerinde oturan bu halka, sizin gibi dışkısını yemek, idrarını içmek zorunda kalacak olan herkese gönderdi.››
27ရာဗရှာခက၊ ငါ့သခင်သည် သင်၏သခင်နှင့်သင့်အား သာဤစကားကိုပြောစေခြင်းငှါ ငါ့ကို စေလွှတ်တော်မူသလော။ မြို့ရိုးပေါ်မှာ ထိုင်လျက် သင်တို့နှင့်အတူ မိမိတို့မစင်ကိုစား၍၊ မိမိတို့ရေဟောင်းကို သောက်ရသောသူတို့ရှိရာသို့စေလွှတ်တော်မူသည် မဟုတ်လောဟုဆိုပြီးလျှင်၊
28Sonra ayağa kalkıp Yahudi dilinde bağırdı: ‹‹Büyük kralın, Asur Kralının söylediklerini dinleyin!
28ရာဗရှာခသည်ထ၍ ယုဒဘာသာ စကားအားဖြင့်ကျယ်သောအသံနှင့်ကြွေးကြော်လျက်၊ မဟာအရှင်မင်းကြီးအာရှုရိရှင်ဘုရင်၏ အမိန့်တော်ကိုနားထောင်ကြလော့။
29Kral diyor ki, ‹Hizkiya sizi aldatmasın, o sizi benim elimden kurtaramaz.
29ရှင်ဘုရင်မိန့်တော်မူသည်ကား၊ ဟေဇကိသည် သင်တို့ကိုမလှည့်စားစေနှင့်။ သူသည်သင်တို့ကိုငါ့လက်မှ ကယ်ယူခြင်းငှါမတတ်နိုင်။
30RAB bizi mutlaka kurtaracak, bu kent Asur Kralının eline geçmeyecek diyen Hizkiyaya kanmayın, RABbe güvenmeyin.
30ဟေဇကိက၊ ထာဝရဘုရားသည် ငါတို့ကိုဧကန်အမှန်ကယ်ယူတော်မူမည်။ ဤမြို့သည် အာရှုရိရှင်ဘုရင် လက်သို့မရောက်ရဟု ဆိုသဖြင့်၊ ထာဝရဘုရားကို မကိုးစားစေနှင့်။
31Hizkiyayı dinlemeyin.› Çünkü Asur Kralı diyor ki, ‹Teslim olun, bana gelin. Böylece ben gelip sizi zeytinyağı ve bal ülkesi olan kendi ülkeniz gibi bir ülkeye -tahıl ve yeni şarap, ekmek ve üzüm dolu bir ülkeye- götürene kadar herkes kendi asmasından, kendi incir ağacından yiyecek, kendi sarnıcından içecek. Yaşamı seçin, ölümü değil. RAB bizi kurtaracak diyerek sizi aldatmaya çalışan Hizkiyayı dinlemeyin.
31ဟေဇကိစကားကို နားမထောင်ကြနှင့်။
33Ulusların ilahları ülkelerini Asur Kralının elinden kurtarabildi mi?
32အာရှုရိရှင်ဘုရင်မိန့်တော်မူသည်ကား၊ ငါနှင့်မိဿဟာယဖွဲ့ကြ။ ငါ့ထံသို့ထွက်လာကြ။ သင်တို့သည်မသေ အသက်ရှင်မည်အကြောင်း၊ သင်တို့ပြည်နှင့်တူသော ပြည်တည်းဟူသော၊ ဆန်စပါး စပျစ်ရည်နှင့် ပြည့်စုံသောပြည်၊ မုန့်နှင့်စပျစ်ဥယျဉ်၊ သံလွင်ဆီ၊ ပျားရည်များသောပြည်သို့ ပို့ခြင်းငှါ ငါမလာမှီတိုင်အောင် သင်တို့သည် ကိုယ်စပျစ်ပင်၏အသီး၊ ကိုယ်သင်္ဘောသဖန်းပင်၏အသီးကိုစား၍၊ ကိုယ်ရေကန်ကရေကို သောက်လျက် နေကြဦးလော့။
34Hani nerede Hamanın, Arpatın ilahları? Sefarvayimin, Hena ve İvvanın ilahları nerede? Samiriyeyi elimden kurtarabildiler mi?
33ဟေဇကိက၊ ထာဝရဘုရားသည် ငါတို့ကိုကယ်ယူတော်မူမည်ဟု မဖြားယောင်းစေနှင့်။ အပြည်ပြည်သော ဘုရားတို့သည် မိမိတို့ပြည်များကို အာရှုရိရှင်ဘုရင်လက်မှ ကယ်လွှတ်ကြပြီလော။
35Bütün ülkelerin ilahlarından hangisi ülkesini elimden kurtardı ki, RAB Yeruşalimi elimden kurtarabilsin?› ›› halk (bkz. 2Kr.17:24,31).
34ဟာမတ်ပြည်၏ဘုရား၊ အာပဒ်ပြည်၏ ဘုရားတို့သည် အဘယ်မှာ ရှိကြသနည်း။ သေဖရဝိမ်ပြည်၊ ဟေနပြည်၊ ဣဝါပြည်၏ ဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ သူတို့သည် ရှမာရိပြည်ကို ငါ့လက်မှ ကယ်လွှတ်ကြပြီလော။
36Halk sustu, komutana tek sözle bile karşılık veren olmadı. Çünkü Kral Hizkiya, ‹‹Karşılık vermeyin›› diye buyurmuştu.
35ထိုအပြည်ပြည်သောဘုရားတို့တွင် အဘယ်မည်သော ဘုရားသည် မိမိပြည်ကိုငါ့လက်မှ ကယ်လွှတ်ဘူးသနည်း။ ထာဝရဘုရားသည် ယေရုရှလင်မြို့ကို ငါ့လက်မှ အဘယ်သို့ကယ်လွှတ်နိုင်မည်နည်းဟု ဆိုလေ၏။
37Sonra saray sorumlusu Hilkiya oğlu Elyakim, Yazman Şevna ve devlet tarihçisi Asaf oğlu Yoah giysilerini yırttılar ve gidip komutanın söylediklerini Hizkiya'ya bildirdiler.
36ယုဒသူတို့လည်းစကားတခွန်းကိုမျှမပြန်ဘဲ တိတ်ဆိတ်စွာနေကြ၏။ အကြောင်းမူကား၊ ပြန်မပြောနှင့်ဟု ရှင်ဘုရင်မိန့်တော်ရှိသတည်း။
37ထိုအခါ ဟိလခိသားဖြစ်သော နန်းတော်အုပ် ဧလျာကိမ်၊ စာရေးတော်ကြီး ရှေဗန၊ အာသပ်သားအတွင်းဝန်ယောအာတို့သည် မိမိတို့အဝတ်ကို ဆုတ်လျက်၊ ဟေဇကိမင်းထံသို့လာ၍ ရာဗရှခ စကားကိုကြားလျှောက်ကြ၏။