1Davut kendini destekleyen askerleri bir araya topladı. Onlara binbaşılar ve yüzbaşılar atadı.
1ဒါဝိဒ်သည် မိမိ၌ပါသော လူတို့ကိုရေတွက်၍ တထောင်အုပ်၊ တရာအုပ်တို့ကို ခန့်ထား၏။
2Sonra orduyu Seruya oğlu Yoavın, kardeşi Avişayın ve Gatlı İttayın denetiminde üç kol halinde gönderdi. Kral askerlere, ‹‹Ben de sizinle birlikte gideceğim›› dedi.
2လူသုံးစုတစုကို ယွာဘ၌၎င်း၊ တစုကို ဇေရုယာ သား ယွာဘညီ အဘိရှဲ၌၎င်း၊ တစုကိုဂိတ္တိလူ အိတ္တဲ၌၎င်း အပ်၍၊ ငါ့ကိုယ်တိုင်ချီသွားမည်ဟု လူများတို့အား မိန့်တော် မူ၏။
3Ancak askerler, ‹‹Bizimle gelmemelisin›› diye karşılık verdiler, ‹‹Çünkü kaçmak zorunda kalırsak düşmanlarımız bizi umursamaz; yarımız ölse bile umursamazlar. Sen bizim gibi on bin adama değersin. Sen kentten bize yardım et, daha iyi.››
3လူများတို့ကလည်း၊ ကိုယ်တိုင်ကြွတော်မမူပါနှင့်။ ကျွန်တော်တို့ပြေးသော်လည်း သူတို့သည်အမှုမထား ကြပါ။ ကျွန်တော်တို့ တဝက်သေသော်လည်း သူတို့သည်အမှုမထားကြပါ။ ကိုယ်တော်မူကား၊ ကျွန်တော်တို့ တသောင်းထက် မြတ်တော်မူ၏။ သို့ဖြစ်၍ ကျွန်တော် တို့ကို မြို့ထဲက မစတော်မူလျှင်သာ၍ ကောင်းပါလိမ့်မည် ဟု လျှောက်ကြ၏။
4Kral, ‹‹Gözünüzde iyi olanı yapacağım›› dedi. Adamları yüzer ve biner kişilik birlikler halinde kentten çıkarken kral kapının yanında duruyordu.
4ရှင်ဘုရင်ကလည်း၊ ငါသည်သင်တို့အလိုသို့ လိုက်မည်ဟု မိန့်တော်မူ၍ တံခါးဝနားမှာ ရပ်တော်မူ လျှင်၊ လူအပေါင်းတို့သည် တရာတပ်၊ တထောင်တပ်အား ဖြင့် ချီသွားကြ၏။
5Kral, Yoava, Avişaya ve İttaya, ‹‹Benim hatırım için genç Avşaloma sert davranmayın›› diye buyurdu. Bütün askerler kralın komutanlara Avşaloma ilişkin buyruk verdiğini duydular.
5ရှင်ဘုရင်ကလည်း၊ ငါ့မျက်နှာကို ထောက်၍ ငါ့သားအဗရှလုံကို ဖြည်းညှင်းစွာ ပြုကြလော့ဟု ယွာဘ၊ အဘိရှဲ၊ အိတ္တဲတို့ကို မှာထားတော်မူ၏။ ထိုသို့ ရှင်ဘုရင် သည် အဗရှလုံအတွက် ဗိုလ်မင်းအပေါင်းတို့ကို မှာထား တော်မူသောအခါ၊ လူအပေါင်းတို့သည် ကြားကြ၏။
6Davutun ordusu İsraillilerle savaşmak üzere tarlalara çıktı. Savaş Efrayim Ormanında başladı.
6ထိုသို့ လူများတို့သည် ဣသရေလလူတို့ကို စစ်တိုက်အံ့သောငှါ မြို့ပြင်သို့ထွက်၍ ဧဖရိမ်တော၌ စစ်ပြိုင်ကြ၏။
7İsrail ordusu Davutun adamları önünde yenilgiye uğradı. Büyük bir kırım oldu. O gün yirmi bin kişi öldü.
7ဣသရေလလူတို့သည် ဒါဝိဒ်၏ကျွန်တို့ ရှေ့မှာ ရှုံး၍ ထိုနေ့ခြင်းတွင် ကြီးစွာသောလုပ်ကြံခြင်းအားဖြင့် လူနှစ်သောင်းသေကြ၏။
8Savaş her yana yayıldı. O gün ormanda yok olanların sayısı kılıçtan geçirilenlerin sayısından daha çoktu.
8မြေတပြင်လုံးအနှံ့အပြား တိုက်ကြသဖြင့် ထိုနေ့ ၌ လူချင်းသတ်၍ သေသည်ထက် တော၌ ဆုံးရှုံးသော သူသာ၍ များကြ၏။
9Avşalom ansızın Davutun adamlarıyla karşılaştı. Avşalom katıra binmişti. Katır büyük bir yabanıl fıstık ağacının sık dalları altından geçerken, Avşalomun başı dallara takıldı. Katır yoluna devam edince, Avşalom havada asılı kaldı.
9ဒါဝိဒ်၏ ကျွန်တို့သည် အဗရှလုံကိုတွေ့ကြ၏။ သူသည်မြည်းကို စီးလျက်ပင် မြည်းသည် ကြီးသော သပိတ်ပင်အကိုင်းအခက်အောက်သို့ဝင်၍၊ အဗရှလုံ၏ ခေါင်းသည်သပိတ်ပင်၌ ငြိသဖြင့်၊ မိုဃ်းနှင့်မြေကြီး စပ်ကြားမှာ တွဲလွဲဆွဲလျက်နေ၍၊ မြည်းသည် အလို အလျောက် သွားလေ၏။
10Adamlardan biri bunu gördü. Yoava, ‹‹Avşalomu bir yabanıl fıstık ağacına asılı gördüm›› diye bildirdi.
10မြင်သော သူတယောက်သည် ယွာဘထံသို့ သွား၍၊ သပိတ်ပင်၌ အဗရှလုံဆွဲနေသည်ကို ကျွန်တော် မြင်ခဲ့သည်ဟု ကြားပြောလျှင်၊
11Yoav, haberi verene, ‹‹Onu gördün mü? Neden onu orada öldürmedin? Sana on parça gümüşle bir kemer verirdim›› dedi.
11ယွာဘက၊ သင်သည် မြင်ခဲ့သည်မှန်လျှင် အဘယ်ကြောင့် သူ့ကို ထိုး၍ မြေကြီးပေါ်သို့ မချခဲ့ သနည်း။ ထိုသို့ပြုလျှင် ငွေကျပ်တဆယ်နှင့်ခါးစည်းကို ငါပေးပြီဟု ပြောဆိုသော်၊
12Ama adam, ‹‹Elime bin parça gümüş saysan bile, kralın oğluna elimi kaldırmam›› diye yanıtladı, ‹‹Çünkü kralın sana, Avişaya ve İttaya, ‹Benim hatırım için genç Avşalomu koruyun› diye buyruk verdiğini duyduk.
12ထိုသူက ကျွန်တော်သည် ကိုယ်လက်၌ ငွေ အခွက်တဆယ်ကို ပင်ခံရသော်လည်း ရှင်ဘုရင်၏သားကို မပြုနိုင်ပါ။ အကြောင်းမူကား၊ ကျွန်တော်တို့ကြားသည့် အတိုင်း ရှင်ဘုရင်က၊ ငါ့မျက်နှာကိုထောက်၍ ငါ့သား အဗရှလုံကို စောင့်မကြလော့ဟု ကိုယ်တော်နှင့်အဘိရှဲ၊ အိတ္တဲတို့ကို မှာထားတော်မူပြီ။
13Oysa Avşalomu öldürseydim -hiçbir şey kraldan gizli kalmaz- o zaman sen de beni savunmazdın.››
13ကျွန်တော်ပြုမိလျှင် ကိုယ်ကိုလှည့်စား၍ ကိုယ် အသက်ရှုံးပါပြီ။ ရှင်ဘုရင်မသိသော အမှုတစုံတခုမျှမရှိ။ ကိုယ်တော်သည်လည်း ကျွန်တော်တဘက်၌ နေပါလိမ့် မည်ဟု ပြောဆိုသော်၊
14Yoav, ‹‹Seninle böyle vakit kaybedemem›› dedi. Üç kargı aldı, yabanıl fıstık ağacında asılı duran ve hâlâ sağ olan Avşalomun yüreğine sapladı.
14ယွာဘက၊ သင်နှင့်အတူ ငါမနေအားဟု ဆိုလျက်လှံယဉ်သုံးစင်း ကိုကိုင်ယူ၍ သပိတ်ပင်အလယ်၌ အသက်ရှင်လျက်ရှိသော အဗရှလုံ၏ နှလုံးကို ထုတ်ချင်း ခပ်ထိုးလေ၏။
15Bunun üzerine Yoavın silahlarını taşıyan on genç Avşalomun çevresini sarıp onu öldürdüler.
15လက်နက်ဆောင်လုလင် တကျိပ်တို့သည်လည်း ဝိုင်း၍ အဗရှလုံကို အသေသတ်ကြ၏။
16Yoav boru çaldırınca, askerler İsraillileri kovalamayı bırakıp geri döndüler. Yoav onların savaşı sürdürmelerine engel oldu.
16ယွာဘသည်လည်း တံပိုးမှုတ်၍ လူတို့ကို ဆီး တားသဖြင့် ဣသရေလလူတို့ကို လိုက်ရာမှပြန်လာကြ၏။
17Yoavın askerleri Avşalomu alıp ormanda derin bir çukura attılar; üzerine büyük bir taş yığını yaptılar. Bütün İsrailliler evlerine kaçtılar.
17အဗရှလုံကိုလည်း ယူ၍ တော၌နက်သော မြေတွင်းထဲသို့ ချပြီးမှ ကျောက်ပုံကြီးကို ပုံထားကြ၏။ ဣသရေလလူအပေါင်းတို့သည် အသီးအသီး မိမိတို့ အိမ်သို့ပြေးကြ၏။
18Avşalom daha sağken bir direk alıp kendisi için Kral Vadisine dikmişti. Çünkü, ‹‹Adımı anımsatacak bir oğlum yok›› diye düşünmüştü. Direğe kendi adını vermişti. Bu direk bugün de Avşalom Anıtı diye bilinir.
18အဗရှလုံသည် အသက်ရှင်စဉ်အခါ၊ ငါ၏နာမ သည် မပျောက်အမြဲတည်မည်အကြောင်း၊ သားမရှိဟု ဆိုလျက် ရှင်ဘုရင်ချိုင့်တွင် ကိုယ်အဘို့ ကျောက်တိုင်ကို စိုက်၍ မိမိနာမဖြင့်သမုတ်သောကြောင့်၊ ယနေ့တိုင် အောင် အဗရှလုံအောင်တိုင်ဟူ၍ တွင်သတည်း၊
19Sadok oğlu Ahimaas Yoava, ‹‹İzin ver de koşup krala RABbin onu düşmanlarının elinden kurtardığını haber vereyim›› dedi.
19ထိုအခါ ဇာဒုတ်၏သား အဟိမတ်က၊ ထာဝရ ဘုရားသည် ရှင်ဘုရင်၏ ရန်သူတို့ကို အပြစ်အလျောက် စီရင်တော်မူကြောင်းကို ကျွန်တော်ပြေး၍ သိတင်း ကြားလျှောက်ပါရစေဟု အခွင့်တောင်းလျှင်၊
20Yoav, ‹‹Olmaz, bugün haberi götüren sen olmayacaksın›› dedi, ‹‹Başka bir zaman haber götürürsün, ama bugün değil. Çünkü kralın oğlu öldü.››
20ယွာဘက၊ ယနေ့သင်သည် သိတင်းမကြား မလျှောက်ရ။ အခြားသောနေ့၌ ကြားလျှောက်ရမည်။ ရှင်ဘုရင်၏ သားတော်သေသောကြောင့် ယနေ့သင်သည် သိတင်းမကြားမလျှောက်ရဟု ဆိုပြီးမှ၊
21Sonra bir Kûşluya, ‹‹Sen git, gördüklerini krala bildir›› dedi. Kûşlu Yoavın önünde yere kapandı, sonra koşmaya başladı.
21ကုရှိအား သင်မြင်သမျှကိုသွား၍ ရှင်ဘုရင် အား ကြားလျှောက်လော့ဟုဆိုသည်အတိုင်း၊ ကုရှိသည် ယွာဘအား ဦးညွှတ်၍ ပြေးလေ၏။
22Ama Sadok oğlu Ahimaas yine, ‹‹Ne olursa olsun, izin ver, ben de Kûşlunun ardısıra koşayım›› dedi. Yoav, ‹‹Oğlum, neden koşmak istiyorsun?›› dedi, ‹‹Sana ödül kazandıracak bir haberin yok ki!››
22တဖန် ဇာဒုတ်သားအဟိမတ်က၊ သို့သော်လည်း ကျွန်တော်သည် ကုရှိနောက်မှာ ပြေးပါရစေဟု ခွင်း တောင်းပြန်လျှင်၊ ယွာဘက ငါ့သား ဝမ်းမြောက်စရာ သိတင်းမဟုတ်သည်ဖြစ်၍ အဘယ်ကြောင့်ပြေးသွားချင် သနည်းဟု ဆိုသော်လည်း၊
23Ahimaas, ‹‹Ne olursa olsun koşacağım›› diye karşılık verdi. Yoav, ‹‹Koş öyleyse›› dedi. Böylece Ahimaas Şeria Ovası yolundan koşarak Kûşluyu geçti.
23ပြေးပါရစေဟု တဖန် အခွင့်တောင်းသောကြောင့် ပြေးလော့ဟုအခွင့်ပေး၏။ ထိုအခါ အဟိမတ်သည် လွင်ပြင်လမ်း၌ပြေး၍ ကုရှိကိုလွန်လေ၏။
24Davut kentin iç ve dış kapıları arasında oturuyordu. Nöbetçi surun yanındaki kapının tepesine çıktı. Çevreye göz gezdirince, tek başına koşan birini gördü.
24ဒါဝိဒ်သည် မြို့တံခါးနှစ်ထပ်ကြား မှာထိုင်၍နေ၏။ ကင်းစောင့်တယောက်သည် မြို့ရိုးတံခါးအပေါ် ပြအိုးမိုးအောက်သို့ တက်၍ မြော်ကြည့်သဖြင့် လူ တယောက်တည်းပြေးလာသည်ကို မြင်သောအခါ၊
25Krala seslenerek gördüğünü bildirdi. Kral, ‹‹Tek başına geliyorsa, iyi haber getiriyor demektir›› dedi. Adam gitgide yaklaşıyordu.
25ရှင်ဘုရင်အား ဟစ်၍ လျှောက်လေ၏။ ရှင်ဘုရင်ကလည်း၊ တယောက်တည်းဖြစ်လျှင် သိတင်း ပါလိမ့်မည်ဟု အမိန့်ရှိ၏။ ထိုသူသည် ပြေးလာ၍ အနီးသို့ ရောက်သောအခါ၊
26Nöbetçi koşan başka birini görünce, kapıcıya, ‹‹İşte tek başına koşan bir adam daha!›› diye seslendi. Kral, ‹‹O da iyi haber getiriyor›› dedi.
26ကင်းစောင့်သည်လည်း အခြားသော သူပြေးလာသည်ကိုမြင်၍၊ အခြားသောသူတယောက်တည်း ပြေးလာပါသည်ဟု တံခါးသို့လှည့်၍ ဟစ်လျှင်၊ ရှင်ဘုရင်က ထိုသူ၌လည်း သိတင်းပါလိမ့်မည်ဟု အမိန့်ရှိ၏။
27Nöbetçi, ‹‹Sanırım birinci adamın koşuşu Sadok oğlu Ahimaasın koşuşuna benziyor›› dedi. Kral, ‹‹Ahimaas iyi adamdır›› diye karşılık verdi, ‹‹İyi haberle gelir.››
27ကင်စောင့်ကလည်း၊ ရှေ့လာသော သူ၏ပြေးခြင်းသည် ဇာဒုတ်သား အဟိမတ်ပြေးခြင်းနှင့် တူသည် ကို ကျွန်တော်ထင်ပါသည်ဟု လျှောက်သော်၊ ရှင်ဘုရင်က သူသည် လူကောင်းဖြစ်၏။ ကောင်းသော သိတင်းပါလိမ့် မည်ဟု အမိန့်ရှိပြန်၏။
28Ahimaas krala, ‹‹Her şey yolunda!›› diye seslendi. Kralın önünde yüzüstü yere kapanarak, ‹‹Efendimiz krala el kaldıranları teslim eden Tanrın RABbe övgüler olsun!›› dedi.
28အဟိမတ်ကလည်း၊ ချမ်းသာရပါ၏ဟုဟစ်လျက် ရှင်ဘုရင်ရှေ့မြေပေါ်မှာ ပြပ်ဝပ်လျက်၊ အရှင်မင်းကြီး ကို ပုန်ကန်သောလူတို့ကို အပ်တော်မူသောကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာ ရှိတော်မူစေသတည်းဟု လျှောက်လေ၏။
29Kral, ‹‹Genç Avşalom güvenlikte mi?›› diye sordu. Ahimaas şöyle yanıtladı: ‹‹Yoav kralın hizmetkârı Kûşluyla beni gönderdiği sırada büyük bir karışıklık gördüm, ama ne olduğunu anlamadım.››
29ရှင်ဘုရင်ကလည်း၊ ငါ့သား အဗရှလုံသည် ဘေးလွတ်၏လောဟု မေးတော်မူလျှင် အဟိမတ်က၊ အရှင်မင်းကြီး၏ ကျွန်ယွာဘသည် ကိုယ်တော်ကျွန် ကိုစေလွှတ်သောအခါ ရုန်းရင်းခတ်ခြင်းအမှုကို ကျွန် တော်မြင်သော်လည်း သေချာစွာမသိရပါဟု လျှောက် သော်၊
30Kral, ‹‹Bir yana çekilip burada bekle›› dedi. Ahimaas da çekilip beklemeye başladı.
30ရှင်ဘုရင်က၊ ဤအနားမှာ ရွှေ့၍နေလော့ဟု မိန့်တော်မူသည်အတိုင်း သူသည်ရွှေ့၍ နေလေ၏။
31Tam o sırada Kûşlu geldi. ‹‹Efendimiz krala müjde!›› dedi, ‹‹Bugün RAB sana karşı bütün ayaklananların elinden seni kurtardı.››
31တဖန် ကုရှိရောက်လာ၍ အရှင်မင်းကြီး၊ သိတင်းပါပါ၏။ ကိုယ်တော်ကို ပုန်ကန်သော သူအပေါင်း တို့ကို ထာဝရဘုရားသည် ထိုသူ၏ အပြစ်အလျောက် ယနေ့စီရင်တော်မူပြီဟု လျှောက်လျှင်၊
32Kral Kûşluya, ‹‹Genç Avşalom güvenlikte mi?›› diye sordu. Kûşlu, ‹‹Efendimiz kral!›› diye yanıtladı, ‹‹Düşmanlarının ve kötü amaçla sana karşı ayaklananların hepsinin sonu bu gencin sonu gibi olsun.››
32ရှင်ဘုရင်က၊ ငါ့သားအဗရှလုံသည် ဘေးလွတ် ၏လောဟု မေးတော်မူသော်၊ ကုရှိက အရှင်မင်းကြီး၏ ရန်သူများ၊ ကိုယ်တော်ကို ညှဉ်းဆဲခြင်းငှါ ပုန်ကန်သောသူများအပေါင်းတို့သည် ထိုလုလင်ကဲ့သို့ဖြစ်ကြပါ စေသောဟု ပြန်လျှောက်လေ၏။
33Kral sarsıldı. Giriş kapısının üstündeki odaya çıkıp ağladı. Giderken, ‹‹Ah oğlum Avşalom! Ah oğlum, oğlum Avşalom!›› diye inliyordu, ‹‹Keşke senin yerine ben ölseydim, oğlum! Ah oğlum Avşalom!››
33ရှင်ဘုရင်သည် အလွန်ကြင်နာသောစိတ် ရှိသဖြင့် မြို့တံခါးအပေါ်၌ရှိသော တဲသို့တက်၍ တက်စဉ် တွင်၊ အိုငါ့သားအဗရှလုံ၊ ငါ့သား၊ ငါ့သားအဗရှလုံ၊ သင့်ကိုယ်စား ငါမသေပါလေတကား။ အိုအဗရှလုံ၊ ငါ့သား၊ ငါ့သားဟု ငိုကြွေးလေ၏။