Turkish

Myanmar

2 Samuel

20

1O sırada Benyamin oymağından Bikri oğlu Şeva adında kötü bir adam bir rastlantı sonucu Gilgaldaydı. Şeva boru çalıp, ‹‹İşay oğlu Davutla ne ilgimizNe de payımız var›› dedi,‹‹Ey İsrailliler, herkes kendi evine dönsün!››
1ထိုအခါ ဗင်္ယာမိန်အမျိုးဗိခရိ၏သားရှေဘ အမည်ရှိသော အဓမ္မလူတယောက်ရှိ၏။ ထိုသူသည် တံပိုးမှုတ်၍၊ အိုဣသရေလအမျိုး၊ ငါတို့သည် ဒါဝိဒ်၌ တဘို့ကိုမျှ မဆိုင်။ ယေရှဲ၏သားကို အမွေမခံထိုက်။ လူအပေါင်းတို့၊ ကိုယ်နေရာသို့ သွားကြဟုဆိုသဖြင့်၊
2Bunun üzerine bütün İsrailliler Davutu bırakıp Bikri oğlu Şevanın ardından gitti. Yahudalılar ise krallarına bağlı kalıp Şeria Irmağından Yeruşalime dek ona eşlik ettiler.
2ဣသရေလ အမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ထံတော်မှ ထွက်၍ဗိခရိသား ရှေဘနောက်သို့ လိုက်ကြ ၏။ ယုဒအမျိုးသားတို့မူကား၊ ယော်ဒန်မြစ်မှသည် ယေရုရှလင်မြို့တိုင်အောင် ရှင်ဘုရင်၌ ဆည်းကပ်ကြ၏။
3Kral Davut Yeruşalimdeki sarayına varınca, saraya bakmak için bıraktığı on cariyeyi gözetim altına aldı, onların geçimini sağladı. Ancak yataklarına girmedi. Onlar da ölünceye dek göz altında dul kadınlar gibi yaşadılar.
3ဒါဝိဒ်မင်းကြီးသည် ယေရုရှလင်မြို့ နန်းတော်သို့ ရောက်သောအခါ၊ နန်းတော်ကို စောင့်စေခြင်းငှါ ထားခဲ့ သော ကိုယ်လုပ်တော်တကျိပ်တို့ကိုယူ၍ လှောင်အိမ်၌ ထား၏။ ထိုသူတို့ကို ကျွေးမွေးသော်လည်း မပေါင်းဘော်။ သူတို့သည် သေသည်တိုင်အောင် အချုပ်ခံ၍ မုတ်ဆိုးမ ကဲ့သို့ နေရကြ၏။
4Davut Amasaya, ‹‹Üç gün içinde Yahudalıları yanıma çağır. Sen de burada ol›› dedi.
4ရှင်ဘုရင်ကလည်း၊ သုံးရက်အတွင်းတွင် ယုဒလူတို့ကို စုဝေးစေပြီးလျှင်၊ ထိုသူတို့နှင့်အတူ ကိုယ်တိုင် လာရမည်ဟု အာမသအား မိန့်တော်မူ၏။
5Amasa Yahudalıları çağırmaya gitti. Ama belirlenen zamanda dönmedi.
5အာမသသည်သွား၍ ယုဒလူတို့ကို နှိုးဆော်သဖြင့်၊ ချိန်းချက်သောအချိန်ကို လွန်စေ၏။
6Bunun üzerine Davut Avişaya, ‹‹Şimdi Bikri oğlu Şeva bize Avşalomdan daha büyük kötülük yapacak›› dedi, ‹‹Efendinin adamlarını al ve onu kovala. Yoksa kendine surlu kentler bulup bizden kaçar.››
6ဒါဝိဒ်ကလည်း၊ အဗရှလုံပြုသည်ထက် ဗိခရိသားရှေဘသည်သာ၍ အပြစ်ပြုလိမ့်မည်။ သင့်သခင်၏ ကျွန်တို့ကိုခေါ်၍ ထိုသူကိုလိုက်လော့။ သို့မဟုတ်သူသည် ခိုင်ခံ့သောမြို့တစုံတမြို့ထဲသို့ ဝင်၍ ငါတို့ လက်မှ လွတ်လိမ့်မည်ဟု အဘိရှဲအား မိန့်တော်မူသည်အတိုင်း၊
7Böylece Yoavın adamları, Keretlilerle Peletliler ve bütün koruyucular Bikri oğlu Şevayı kovalamak için Avişayın komutasında Yeruşalimden çıktılar.
7အဘိရှဲနောက်မှာ ယွာဘ၏လူများနှင့်ခေရသိ လူ၊ ပေလသိလူများမှစ၍ ခွန်အားကြီးသောသူအပေါင်း တို့သည် ဗိခရိသားရှေဘကို လိုက်အံ့သောငှါ ယေရုရှလင် မြို့မှထွက်သွားကြ၏။
8Givondaki büyük kayanın yanına varınca, Amasa onları karşılamaya geldi. Yoav savaş giysisini giymişti. Giysinin üzerine bir kemer kuşanmış, kemere kınında duran bir kılıç bağlamıştı. Yoav ilerlerken kılıç kınından çıktı.
8ဂိဗောင်မြို့၌ရှိသော ကျောက်ကြီးသို့ ရောက်ကြသောအခါ၊ အာမသသည်သူတို့ ရှေ့သို့ချီသွားလေ၏။ ယွာဘသည် မိမိဝတ်သော အဝတ်ကို ခါး၌စည်းလျက်၊ ထိုခါးစည်းပေါ်မှာလည်း ထားကိုအိမ်နှင့်တကွ ဆွဲလျက် ထား၏။ သွားစဉ်တွင်ထားသည် လျှော၍ကျ၏။
9Yoav Amasaya, ‹‹İyi misin, kardeşim?›› diye sordu. Onu öpmek için sağ eliyle Amasanın sakalından tuttu.
9ယွာဘကလည်း၊ မာ၏လားငါ့ညီဟု အာမသကို မေး၍ နမ်းဟန်ဆောင်လျက် လက်ျာလက်နှင့် အာမသ ၏မုတ်ဆိတ်ကို ကိုင်၏။
10Amasa Yoavın elindeki kılıcı farketmedi. Yoav kılıcı karnına saplayınca, Amasanın bağırsakları yere döküldü. İkinci vuruşa gerek kalmadan Amasa öldü. Bundan sonra Yoavla kardeşi Avişay, Bikri oğlu Şevayı kovalamayı sürdürdüler.
10လက်ဝဲလက်၌ကိုင်သောထားကို အာမသသည်သတိမပြုသောကြောင့်၊ ဝမ်းကိုထိုး၍ အအူကိုမြေပေါ်မှာ ချ၏။ ထပ်၍ မထိုးသော်လည်း အာမသသေလေ၏။ ယွာဘနှင့်ညီအဘိရှဲသည် ဗိခရိသား ရှေဘကို လိုက် ကြ၏။
11Yoavın adamlarından biri, Amasanın ölüsü yanında durup, ‹‹Yoavı tutan ve Davuttan yana olan herkes Yoavın ardından gitsin›› dedi.
11သူအနားမှာ ယွာဘ၏ လူတယောက်သည် ရပ်၍ ယွာဘနှင့် ဒါဝိဒ်ဘက်၌နေသောသူဖြစ်လျှင် ယွာဘနောက်သို့ လိုက်တော့ဟုဆို၏။
12Amasanın ölüsü yolun ortasında kanlar içinde duruyordu. Yoavın adamı, ölüye yaklaşan herkesin orada durduğunu görünce, Amasayı yoldan sürükleyip tarlaya götürdü ve üzerine bir örtü attı.
12အာမသသည် လမ်းမအလယ်တွင် မိမိအသွေး ၌ လူးလျက်ရှိ၏။ လမ်း၌ သွားလာသောသူအပေါင်းတို့ သည် ရပ်၍ နေကြသည်ကို ယွာဘ၏ လူမြင်သောအခါ၊ အာမသကို လမ်းမကယူ၍ လယ်ပြင်သို့ ရွှေ့ပြီးလျှင် အဝတ်နှင့်ဖုံးလေ၏။
13Ölü yoldan kaldırıldıktan sonra herkes Bikri oğlu Şevayı kovalamak için Yoavın ardından gitti.
13ထိုသို့လမ်းမကရွေ့ပြီးမှ၊ လူအပေါင်းတို့သည် ယွာလနှင့်အတူ ဗိခရိသားရှေဘကို လိုက်သွားကြ၏။
14Şeva bütün İsrail oymaklarından ve Berlilerin bölgesinden geçip Avel-Beytmaakaya geldi. Berliler de toplanıp onu izleyerek kente girdiler.
14ယွာဘသည် ဗက်မာခပြည်၊ အာဗေလမြို့ တိုင်အောင် ဣသရေလတိုင်းခရိုင်ရှိသမျှကို ရှောက်သွား ၏။ ဗေရိလူအပေါင်းတို့သည်လည်း စုဝေး၍ ယွာဘ နောက်သို့ လိုက်ကြ၏။
15Yoavla bütün adamları varıp Avel-Beytmaaka Kentinde Şevayı kuşattılar. Topraktan kentin suruna bitişik bir yığın yaptılar ve suru devirmek için yıkmaya başladılar.
15ရှေဘတည်းခိုသောဗက်မာခပြည်၊ အာဗေလမြို့ ကို ဝိုင်းထား၍၊ ပြင်မြို့ရိုးတဘက်တချက်၌ မြေရိုးကို ဖို့ကြ၏။ ယွာဘနှင့်သူ၏ လူအပေါင်းတို့သည် မြို့ရိုးကို ဖြိုခြင်းငှါ ထိုးဖေါက်ကြ၏။
16O sırada bilge bir kadın kentin içinden seslendi: ‹‹Dinleyin! Dinleyin! Yoava buraya gelmesini söyleyin, onunla konuşacağım.››
16ထိုအခါပညာရှိသော မိန်းမတယောက်သည် မြို့ထဲကဟစ်၍ ဆိုသည်ကား၊ နားထောင်ကြ၊ နားထောင်ကြ၊ ငါသည်ယွာဘနှင့် စကားပြောနိုင်မည်အကြောင်း ချဉ်းလာပါဟု ယွာဘအားလျှောက်ကြလော့ ဟုဆိုသည်အတိုင်း၊
17Yoav kadına yaklaştı. Kadın, ‹‹Yoav sen misin?›› diye sordu. Yoav, ‹‹Benim›› diye yanıtladı. Kadın, ‹‹Kölenin sözlerini dinle›› dedi. Yoav, ‹‹Dinliyorum›› dedi.
17ယွာဘသည် ချဉ်းလာသောအခါ မိန်းမက၊ သင်သည်ယွာဘဟုတ်သလောဟုမေးလျှင်၊ ငါဟုတ်သည် ဟုဆိုသော်၊ မိန်းမက၊ ကိုယ်တော်ကျွန်မ၏ စကားကို နားထောင်တော်မူပါဟုဆို၏။ ယွာဘကလည်း၊ ငါနား ထောင်လျက် နေသည်ဟု ဆိုသော်၊
18Kadın konuşmasını şöyle sürdürdü: ‹‹Eskiden, ‹Avel Kentine danışın› derlerdi ve sorunları böyle çözerlerdi.
18မိန်းမက၊ အကယ်စငင်စစ် အာဗေလမြို့မှာ တိုင်ပင်၍ အမှုကို ဆုံးဖြတ်ပါလေစေဟု ရှေးကာလ၌ ဆိုတတ်ကြ၏။
19Biz İsrailin esenliğini isteyen güvenilir kişileriz. Sense İsraile ana gibi kucak açan kentlerden birini yıkmaya çalışıyorsun. Neden RABbin halkını yok etmek istiyorsun?››
19ကျွန်မသည် ဣသရေလအမျိုး၌ အမှုမလုပ်ပါ။ သစ္စာစောင့်သောသူဖြစ်ပါ၏။ကိုယ်တော်သည် မြို့တမြို့ တည်းဟူသော ဣသရေလအမျိုးတွင် အမိတယောက်ကို ဖျက်ဆီးခြင်းငှါ ရှာတော်မူ၏။ ထာဝရဘုရား၏ အမွေ တော်ကို မျိုခြင်းငှါ အဘယ်ကြောင့် အလိုရှိတော်မူ သနည်းဟု လျှောက်လျှင်၊
20Yoav, ‹‹Asla!›› diye yanıtladı, ‹‹Ne yıkmak, ne de yok etmek istiyorum.
20ယွာဘက၊ မျိုခြင်းအမှု၊ ဖျက်ဆီးခြင်းအမှုသည် ငါနှင့် ဝေးပါစေသော။ ဝေးပါစေသော။
21Durum öyle değil. Efrayim dağlık bölgesinden Bikri oğlu Şeva adındaki adam Kral Davuta başkaldırdı. Yalnız onu verin, ben de kentten geri çekileyim.›› Kadın, ‹‹Onun başı surun üzerinden sana atılacak›› dedi.
21ထိုသို့မဟုတ်ပါ။ ဧဖရိမ်တောင်သားဖြစ်သော ဗိခရိ၏သား ရှေဘအမည်ရှိသော သူသည် ရှင်ဘုရင် ဒါဝိဒ်ကို ပုန်ကန်ပြီ။ ထိုသူကို အပ်လော့။ အပ်လျှင် ဤမြို့ မှ ငါထွက်သွားမည်ဟု ပြောဆိုသော်၊ မိန်းမက၊ သူ၏ ဦးခေါင်းကိုကိုယ်တော်ရှေ့သို့ ပစ်ချပါမည်ဟု ဆိုပြီးမှ၊
22Sonra kadın bilgece öğüdüyle bütün halka gitti. Halk Bikri oğlu Şevanın başını kesip Yoava attı. Bunun üzerine Yoav boru çaldı. Adamları kenti bırakıp evlerine gittiler. Yoav da Yeruşalime, kralın yanına döndü.
22ထိုမိန်းမသည် ပညာရှိသည်အတိုင်း မြို့သားတို့ရှိရာသို့ သွားပြီးလျှင်၊ သူတို့သည် ဗိခရိသားရှေဘ၏ ဦးခေါင်းကို ဖြတ်၍ ယွာဘရှေ့သို့ ပစ်ချကြ၏။ ယွာဘသည်လည်း တံပိုးမှုတ်သဖြင့်၊ လူများတို့သည် ထိုမြို့မှ မိမိတို့ နေရာသို့ ပြန်သွားကြ၏။ ယွာဘသည်လည်း ယေရုရှလင်မြို့၊ ရှင်ဘုရင်ထံတော်သို့ ပြန်သွား၏။
23Yoav İsrail ordusunun komutanıydı. Yehoyada oğlu Benaya ise Keretlilerle Peletlilerin komutanıydı.
23ယွာဘသည် ဣသရေလတပ်သားအပေါင်းတို့ကိုအုပ်သော ဗိုလ်ချုပ်မင်းဖြစ်၏။ ယောယဒသား ဗေနာယသည် ခေရသိလူနှင့် ပေလသိလူတို့ကို အုပ်ရ၏။
24Adoram angaryasına çalışanlardan sorumluydu. Ahilut oğlu Yehoşafat devlet tarihçisiydi.
24အဒေါနိရံသည် အခွန်တော်ဝန်ဖြစ်၏။ အဟိ လုပ်သားယော ရှဖတ်သည် အတွင်းဝန်ဖြစ်၏။
25Şeva yazman, Sadokla Aviyatar kâhindi.
25ရှေဝသည် စာရေးတော်ကြီးဖြစ်၏။ ဇာဒုတ်နှင့် အဗျာသာသည် ယဇ်ပုရောဟိတ်ဖြစ်၏။
26Yairli İra ise Davut'un kâhiniydi.
26ယဣရမြို့သား ဣရသည်နန်းတော်အုပ်ဖြစ်၏။