1Davutun son sözleri şunlardır:‹‹İşay oğlu Davut,Tanrının yükselttiği adam,Yakupun Tanrısının meshettiği,İsrailin sevilen ezgi okuyucusu şöyle diyor:
1ဒါဝိဒ်မြွက်ဆိုသော နောက်ဆုံးစကားတည်းဟူသော၊ ယာကုပ်အမျိုး၏ဘုရားသခင့်အခွင့်နှင့် ဘိသိက် ခံရ၍ ဘုန်းကြီးသောသူ၊ ဣသရေလအမျိုး၌ချိုမြိန်စွာ သီချင်းဆိုသော ယေရှဲ၏သား ဒါဝိဒ်မြွက်ဆိုသော ပရော ဖက်စကားဟူမူကား၊
2RABbin Ruhu benim aracılığımla konuşuyor,Sözü dilimin ucundadır.
2ထာဝရဘုရား၏ ဝိညာဉ်တော်သည်ငါ့အားဖြင့် မိန့်တော်မူ၏။ နှုတ်ကပတ်တော်သည် ငါ့လျှာ၌ တည်၏။
3İsrailin Tanrısı konuştu,İsrailin kayası bana dedi ki,‹İnsanları doğruluklaVe Tanrı korkusuyla yöneten kişi,
3ဣသရေလအမျိုး၏ ဘုရားသခင်၊ ဣသရေလ အမျိုး၏ကျောက်သည် ငါ့အားဖြင့် မိန့်မြွက်တော်မူသည် ကား၊ လူတို့ကို အုပ်စိုးသော သူသည်တရားသဖြင့် စီရင်၍ ဘုရားသခင်ကို ကြောက်ရွံ့လျက် အုပ်စိုးရမည်။
4Bulutsuz bir sabah,Şafakta görünen gün ışığı gibidir,Parlaklığı yağmurdan sonra topraktan ot bitirir.›
4မိုဃ်းမအုံ့၊ နေထွက်သော နံနက်အလင်းကဲ့သို့၎င်း၊ မိုဃ်းရွာပြီးမှ နေပေါ်ထွန်းသဖြင့် မြေ၌ပေါက်သော မြက်နုကဲ့သို့၎င်း ဖြစ်ရလိမ့်မည်။
5Soyum da Tanrıyla böyle değil mi?O benimle sonsuza dek kalıcı,Her yönüyle düzenli ve güvenilir bir antlaşma yaptı.Kesin kurtuluşa ve her dileğime kavuşmamı O sağlamayacak mı?
5ငါ့အမျိုးအနွယ်သည် ဘုရားသခင်ရှေ့တော်၌ မြဲမြံသည်မဟုတ်လော။ သေချာစွာ စီရင်၍ မပျက် နိုင်သော နိစ္စထာဝရပဋိညာဉ်ကို ငါနှင့် ဖွဲ့တော်မူပြီ။ ထိုပဋိညာဉ်သည် ချက်ခြင်းမပြည့်စုံသော်လည်း၊ ငါ့ကို ကယ်တင်ရာအကြောင်း၊ ငါအားရနှစ်သက်ရာအကြောင်း ဖြစ်၏။
6Kötülere gelince,Elle tutulamayan dikenler gibiTümü bir yana atılacak.
6အဓမ္မလူအပေါင်းတို့မူကားလက်နှင့် မကိုင်သာ၊ ပယ်ရှားရသော ဆူးပင်ကဲ့သို့ဖြစ်ရကြလိမ့်မည်။
7Dikenlere dokunan kişi,Demir bir araçlaYa da mızrağın sapıyla dokunur.Dikenler oldukları yerde bütünüyle yakılacak.››
7ပယ်ရှားရသော သူသည်သံချပ်အင်္ကျီနှင့် လှံတံကို သုံးဆောင်သဖြင့်၊ ဆူးပင်ပေါက်သောအရပ်၌ပင် ရှင်းရှင်းမီးရှို့ရသတည်း။
8Davutun yiğit askerlerinin adları şunlardır: Esnili Adino diye de bilinen üç kişinin önderi Tahkemonlu Yoşeb-Başşevet bir saldırıda sekiz yüz kişiyi öldürdü.
8ဒါဝိဒ်၏အမှုတော်ထမ်းသူရဲကြီးတို့၏ အမည်များဟူမူကား၊ ဟပ္ပေါနိအမျိုးယာဧရှာဘံသည် ဗိုလ်ချုပ် ဖြစ်၏။ ထိုသူသည် လှံကိုကိုင်လျက် လူသုံးရာကို တခါ တည်းတိုက်၍ လုပ်ကြံလေ၏။
9İkincisi, Ahohlu Dodo oğlu Elazar. Pas-Dammimde savaşmak için toplanan Filistlilere meydan okuyan Davutun yanındaki üç yiğitten biriydi. İsrailliler o sırada geri çekilmişlerdi.
9သူနောက်မှာ အဟောဟိအမျိုးဒေါဒေါသား ဧလာဇာသည် ဒါဝိဒ်နှင့်အတူလိုက်သော သူရဲသုံး ယောက်အဝင်ဖြစ်၏။ စစ်တိုက်ခြင်းငှါ စုဝေးသော ဖိလိတ္တိလူတို့ကို ကြိမ်းပ၍ ဣသရေလလူတို့သည် ဆုတ် သွားသောအခါ၊
10Ama Elazar yerinde durdu; eli yorulup kılıca yapışıncaya dek Filistlileri öldürdü. O gün RAB büyük bir zafer sağladı. İsrailliler yalnız yere serilenleri yağmalamak üzere Elazara döndüler. 1Ta.11:13).
10ထိုသူသည် လက်ညောင်း၍ထား၌မှီလျက်နေရ သည်တိုင်အောင် ထ၍ဖိလိတ္တိလူတို့ကို လုပ်ကြံသဖြင့်၊ ထာဝရဘုရားသည် ထိုနေ့၌ကြီးစွာသော အောင်မြင်ခြင်း ကို ပြုတော်မူ၍၊ သူတို့သည် ရန်သူတို့၏ ဥစ္စာကို လုယူခြင်းငှါသာ ပြန်လာကြ၏။
11Üçüncüsü, Hararlı Age oğlu Şammaydı. Filistliler Lahaydaki bir mercimek tarlasının yanında toplandıklarında, İsrailli askerler onların önünden kaçmıştı.
11သူ့နောက်မှာ ဟရရိအမျိုးအာဂိ၏သားရှမ္မ သည်ရှိ၏။ ဖိလိတ္တိလူတို့သည် ပြောင်းစပါးစိုက်သော လယ်ကွက်၌ စုဝေး၍၊ ဣသရေလလူတို့သည် ပြေးကြ သောအခါ၊
12Ama Şamma tarlanın ortasında durup orayı savunmuş, Filistlileri öldürmüştü. RAB büyük bir zafer sağlamıştı.
12ထိုသူသည် လယ်ကွက်အလယ်၌ရပ်၍ စောင့်မ လျက် ဖိလိတ္တိလူတို့ကို လုပ်ကြံသဖြင့်၊ ထာဝရဘုရားသည် ကြီးစွာသော အောင်ခြင်းကို ပြုတော်မူ၏။
13Biçme zamanı Otuzlardan üçü Davutun yanına, Adullam Mağarasına gittiler. Bir Filist birliği Refaim Vadisinde ordugah kurmuştu.
13ဗိုလ်စုအဝင်သုံးယောက်တို့သည် စပါးရိတ်ရာ ကာလ၌၊ ဒါဝိဒ်ရှိရာ အဒုလံဥမင်သို့ ဆင်းသွား၍၊ ဖိလိတ္တိ လူတို့သည် ရေဖိမ်ချိုင်၌တပ်ချလျက် ရှိကြ၏။
14Bu sırada Davut hisarda, ikinci Filist birliğiyse Beytlehemdeydi.
14ထိုအခါဒါဝိဒ်သည် ရဲတိုက်တွင်နေ၍၊ ဖိလိတ္တိ လူတို့သည် ဗက်လင်မြို့၌ တပ်ချကြ၏။
15Davut özlemle, ‹‹Keşke biri Beytlehemde kapının yanındaki kuyudan bana su getirse!›› dedi.
15ဒါဝိဒ်ကလည်း၊ တစုံတယောက်သော သူသည် ဗက်လင်မြို့တံခါးနားမှာရှိသော ရေတွင်းထဲက ရေကို ခပ်၍ ငါ့အားပေးပါစေသောဟု တောင့်တသော စိတ်နှင့် ဆိုသော်၊
16Bu Üçler Filist ordugahının ortasından geçerek Beytlehemde kapının yanındaki kuyudan su çekip Davuta getirdiler. Ama Davut içmek istemedi; suyu yere dökerek RABbe sundu.
16ထိုသူရဲသုံးယောက်တို့သည် ဖိလိတ္တိတပ်ကို ဖျက်၍ ဗက်လင်မြို့ တံခါးနားမှာရှိသော ရေတွင်းထဲက ရေကို ခပ်ယူပြီးလျှင် ဒါဝိဒ်ထံတော်သို့ ဆောင်ခဲ့ကြ၏။ သို့သော်လည်း၊ ဒါဝိဒ်သည်မသောက်ဘဲ ထာဝရဘုရား ရှေ့တော်၌သွန်းလျက်၊
17‹‹Ya RAB, bunu yapmak benden uzak olsun!›› dedi, ‹‹Canlarını tehlikeye atıp giden bu üç kişinin kanını mı içeyim?›› Bu yüzden suyu içmek istemedi. Bu üç kişinin yiğitliği işte böyleydi.
17အိုထာဝရဘုရား၊ ဤရေကို သောက်သောအမှု သည် အကျွန်ုပ်နှင့်ဝေးပါစေသော။ ဤရေသည် ကိုယ် အသက်ကိုမနှမြောဘဲသွားသော သူတို့၏အသွေးဖြစ်ပါ သည်မဟုတ်ပါလောဟု လျှောက်၍ မသောက်ဘဲနေ၏။ ထိုသူရဲသုံးယောက်တို့သည် ထိုသို့သောအမှုတို့ကိုပြုကြ၏။
18Yoavın kardeşi, Seruya oğlu Avişay Üçlerin önderiydi. Mızrağını kaldırıp üç yüz kişiyi öldürdü. Bu yüzden Üçler kadar ünlendi.
18ဇေရုယာသားယွာဘညီအဘိရှဲသည်လည်း သူရဲ သုံးယောက်တွင် အကြီးဖြစ်၏။ သူသည်လှံကိုကိုင်၍ လူသုံးရာတို့ကို တိုက်ဖျက်လုပ်ကြံသောကြောင့်၊ သူရဲ သုံးယောက်အဝင်နေရာရသတည်း။
19Üçlerin en saygın kişisiydi ve onların önderi oldu. Ama Üçlerden sayılmadı.
19သူရဲသုံးယောက်တွင် အမြတ်ဆုံးဖြစ်သည် မဟုတ်လော။ ထိုကြောင့် ဗိုလ်ချုပ်အရာကိုရ၏။ သို့သော် လည်း ပဌမသူရဲသုံးယောက်တို့ကိုမမှီ။
20Yehoyada oğlu Kavseelli Benaya yürekli bir savaşçıydı. Büyük işler başardı. Aslan yürekli iki Moavlıyı öldürdü. Ayrıca karlı bir gün çukura inip bir aslan öldürdü.
20အထူးသဖြင့် ပြုဘူးသောကပ်ဇေလမြို့သား သူရဲယောယဒ၏ သားဗေနာယသည်လည်း ခြင်္သေ့နှင့် တူသော မောဘလူနှစ်ယောက်ကို သတ်၏။ ဆောင်း ကာလ၌လည်း အခြားသို့သွား၍ မြေတွင်း၌ရှိသော ခြင်္သေ့ကို သတ်၏။
21İri yarı bir Mısırlıyı da öldürdü. Mısırlının elinde mızrak vardı. Benaya sopayla onun üzerine yürüdü. Mızrağı elinden kaptığı gibi onu kendi mızrağıyla öldürdü.
21ထူးခြားသောအဲဂုတ္တုလူကိုလည်း သတ်၏။ အဲဂုတ္တုလူသည်လှံကို ကိုင်သော်လည်း၊ ဗေနာယသည် တောင်ဝေးကိုသာ ကိုင်လျက်သွား၍ အဲဂုတ္တုလူလက်မှ လှံကိုလုယူပြီးလျှင်၊ ထိုလှံနှင့်သူ့ကို သတ်၏။
22Yehoyada oğlu Benayanın yaptıkları bunlardır. Bu sayede o da üç yiğitler kadar ünlendi.
22ထိုသို့သောအမှုတို့ကို ယောယဒသားဗေနာယပြု၍ သူရဲသုံးယောက်အဝင်နေရာကို ရ၏။
23Benaya Otuzlar arasında saygın bir yer edindiyse de, Üçlerden sayılmadı. Davut onu muhafız birliği komutanlığına atadı.
23ဗိုလ်များထက်သာ၍ မြတ်သော်လည်း၊ ပဌမ သူရဲသုံးယောက်တို့ကို မမှီ။ ဒါဝိဒ်သည် အတွင်းဝန်ချုပ် အရာကိုလည်းပေး၏။
24Otuzların arasında sayılan ötekiler şunlardır: Yoavın kardeşi Asahel,Beytlehemli Dodo oğlu Elhanan,
24ယွာဘညီအာသဟေလသည်လည်း ဗိုလ်စုအဝင်ဖြစ်၏။ ထိုအတူဗက်လင်မြို့နေ၊ ဒေါဒေါ၏သား ဧလဟာနန်၊
25İkisi de Harotlu olan Şamma ve Elika,
25ဟရောဒိအမျိုးရှမ္မ၊ ဟရောဒိအမျိုးဧလိက၊
26Paletli Heles, Tekoalı İkkeş oğlu İra,
26ဖာလတိအမျိုးဟေလက်၊ တေကောအမျိုး ဣကေရှ၏သား ဣရ၊
27Anatotlu Aviezer, Huşalı Mevunnay,
27အနေသောသိအမျိုးအဗျေဇာ၊ ဟုရှသိအမျိုး မေဗုန္နဲ၊
28Ahohlu Salmon, Netofalı Mahray,
28အဟောဟိအမျိုးဇာလမုန်၊ နေတော ဖာသိအမျိုး မဟာရဲ၊
29Netofalı Baana oğlu Helev,Benyaminoğullarından Givalı Rivay oğlu İttay,
29နေတာဖာသိအမျိုးဗာနာသားဟေလက်၊ ဗင်္ယာမိန်အမျိုးဂိဗာမြို့နေ၊ ရိဘဲ၏ သားအိတ္တဲ၊
30Piratonlu Benaya, Gaaş vadilerinden Hidday,
30ပိရသောနိအမျိုးဗေနာယ၊ ဂါရှချိုင့် သားဟိဒ္ဒဲ၊
31Arvalı Avialvon, Barhumlu Azmavet,
31အာဗသိအမျိုး အဗျာလဗုန်၊ ဗာဟုမိအမျိုး အာဇမာဝက်၊
32Şaalbonlu Elyahba, Yaşanın oğulları ve Yonatan,
32ရှာလဗောနိ အမျိုးဧလျာဘ၊ ယာရှင်၏သား တို့တွင် ယောနသန်၊
33Hararlı Şamma, Hararlı Şarar oğlu Ahiam,
33ဟာရရိအမျိုးရှမ္မ၊ ဟာရရိအမျိုးရှာရ၏ သား အဟိအံ၊
34Maakalı Ahasbay oğlu Elifelet,Gilolu Ahitofel oğlu Eliam,
34မာခါသိအမျိုးအဟသဘဲ၏သား ဧလိဖလက်၊ ဂိလောနိအမျိုး အဟိသောဖေလ၏သားဧလျံ၊
35Karmelli Hesray, Aravlı Paaray,
35ကရမေလ အမျိုးဟေဇရဲ၊ အာဘိအမျိုးဖာရဲ၊
36Sovalı Natan oğlu Yigal, Gatlı Bani,
36ဇောဘအမျိုးနာသန်၏သား ဣဂါလ၊ ဂဒ်အမျိုး ဗာနိ၊
37Ammonlu Selek, Seruya oğlu Yoavın silah taşıyıcısı Beerotlu Nahray,
37အမ္မုန်အမျိုးဇေလက်၊ ဇေရုယာ၏သားယွာဘ ၏ လက်နက်ဆောင်လုလင် ဗေရောသိအမျိုးနဟာရဲ၊
38Yattirli İra ve Garev,
38ဣသရိ အမျိုးဣရ၊ ဣသရိအမျိုးဂါရက်၊
39Hititli Uriya.Tümü otuz yedi kişiydi.
39ဟိတ္တိအမျိုးဥရိယ၊ ပေါင်းသုံးဆယ်ခုနစ်ယောက် တည်း။