Turkish

Myanmar

2 Samuel

5

1İsrailin bütün oymakları Hevronda bulunan Davuta gelip şöyle dediler: ‹‹Biz senin etin, kemiğiniz.
1ထိုအခါ ဣသရေလအမျိုးအနွယ်အပေါင်းတို့ သည် ဒါဝိဒ်ရှာရာ ဟေဗြုန်မြို့သို့လာ၍၊ ကျွန်တော်တို့ သည် ကိုယ်တော်အရိုး၊ ကိုယ်တော်အသားဖြစ်ကြပါ၏။
2Geçmişte Saul kralımızken, savaşta İsraile komuta eden sendin. RAB sana, ‹Halkım İsraili sen güdecek, onlara sen önder olacaksın› diye söz verdi.››
2အထက်က ရှောလုသည် ကျွန်တော်တို့၌ ရှင်ဘုရင်ဖြစ်သောအခါ၊ ကိုယ်တော်သည် ဣသရေလ အမျိုးကို ဆောင်သွားလျက်၊ သွင်းပြန်လျက်နေတော်မူပြီ။ ထာဝရဘုရားကလည်း၊ သင်သည်ငါ၏လူ ဣသရေလအမျိုး ကို လုပ်ကျွေးအုပ်စိုးရမည်ဟု ကိုယ်တော်အား မိန့်တော် မူပြီဟု လျှောက်ဆိုကြ၏။
3İsrailin bütün ileri gelenleri Hevrona, Kral Davutun yanına gelince, kral RABbin önünde orada onlarla bir antlaşma yaptı. Onlar da Davutu İsrail Kralı olarak meshettiler.
3ထိုသို့ ဣသရေလအမျိုးအသက်ကြီးသူအပေါင်း တို့သည် ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ ရောက်လာလျှင်၊ ဒါဝိဒ်မင်းကြီးသည် ဟေဗြုန်မြို့၌ ထာဝရဘုရားရှေ့တော်မှာ သူတို့နှင့် မိဿဟာယဖွဲ့ခြင်း၊ သူတို့သည် ဒါဝိဒ်ကို ဘိတ်သိတ်ပေး၍ ဣသရေလရှင်ဘုရင်အရာ၌ ချီးမြှောက် ကြ၏။
4Davut otuz yaşında kral oldu ve kırk yıl krallık yaptı.
4ဒါဝိဒ်သည် နန်းထိုင်သည့်အခါ အသက်သုံးဆယ်ရှိ၏။ အနှစ်လေးဆယ်စိုးစံလေ၏။
5Hevronda yedi yıl altı ay Yahudaya, Yeruşalimde otuz üç yıl bütün İsraile ve Yahudaya krallık yaptı.
5ဟေဗြုန်မြို့၌နေ၍ ယုဒပြည်ကို ခုနစ်နှစ်နှင့် ခြောက်လမင်းပြု၏။ ယေရုရှလင်မြို့၌နေ၍ ယုဒပြည်နှင့် ဣသရေလပြည်တရှောက်လုံးကို အနှစ်သုံးဆယ်သုံးနှစ် မင်းပြု၏။
6Kral Davutla adamları Yeruşalimde yaşayan Yevuslulara saldırmak için yola çıktılar. Yevuslular Davuta, ‹‹Sen buraya giremezsin, körlerle topallar bile seni geri püskürtebilir›› dediler. ‹‹Davut buraya giremez›› diye düşünüyorlardı.
6တဖန်ရှင်ဘုရင်သည် မိမိလူတို့ကိုခေါ်၍၊ ပြည်သားရင်းယေဗုသိလူတို့ရှိရာ ယေရုရှလင်မြို့သို့ ချီသွားလျှင်၊ ဒါဝိဒ်သည်ဤမြို့ထဲသို့မဝင်ရ။ မျက်စိကန်းသောသူနှင့် ခြေဆွံ့သောသူတို့ကလည်း၊ ဒါဝိဒ်သည်ဤ မြို့ထဲသို့ မဝင်ရဟု ဆိုကာမျှနှင့် သင့်ကို ဆီးတားလိမ့်မည်ဟု ဆိုကြ၏။
7Ne var ki, Davut Siyon Kalesini ele geçirdi. Daha sonra bu kaleye ‹‹Davut Kenti›› adı verildi.
7သို့ရာတွင် ဒါဝိဒ်သည် ဒါဝိဒ်မြို့တည်းဟူသော ဇိအုန်ရဲတိုက်ကို တိုက်ယူလေ၏။
8Davut o gün adamlarına şöyle demişti: ‹‹Yevusluları kim yenilgiye uğratırsa Davutun nefret ettiği şu ‹Topallarla körlere› su kanalından ulaşmalı!›› ‹‹Körlerle topallar saraya giremeyecek›› denmesinin nedeni işte budur.
8ထိုနေ့၌ ဒါဝိဒ်က၊ အကြင်သူသည် ယေဗုသိ လူတို့ကို တိုက်ဖျက်ပြီးမှ ကျုံးကိုလွန်၍၊ ဒါဝိဒ်သည် ဤနေရာသို့မဝင်ရဟု ဒါဝိဒ်အသက်ကို မုန်းလျက်ပြောဆိုသောမျက်စိကန်းနှင့် ခြေဆွံ့သောသူတို့ကို လုပ်ကြံ၏။ ထိုသူသည် ဗိုလ်ချုပ်ဖြစ်စေဟု အမိန့်တော်ရှိသည်အတိုင်း၊ ဇေရုယာသားယွာဘသည် အဦးတက်၍ ဗိုလ်ချုပ်အရာကိုခံရ၏။
9Bundan sonra Davut ‹‹Davut Kenti›› adını verdiği kalede oturmaya başladı. Çevredeki bölgeyi, Millodan içeriye doğru uzanan bölümü inşa etti.
9ထိုနောက် ဒါဝိဒ်သည် ရဲတိုက်၌နေ၍ ဒါဝိဒ်မြို့ ဟူသောအမည်ဖြင့် သမုတ်လေ၏။ မိလ္လောအရပ် ပတ်လည်၌၎င်း၊ အတွင်းဘက်၌၎င်း တည်ဆောက်လေ၏။
10Davut giderek güçleniyordu. Çünkü Her Şeye Egemen Tanrı RAB onunlaydı.
10ဒါဝိဒ်တိုးပွား၍ အားကြီးသဖြင့် ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရားသည် သူနှင့် အတူ ရှိတော်မူ၏။
11Sur Kralı Hiram Davuta ulaklar, sedir kütükleri, marangozlar ve taşçılar gönderdi. Bu adamlar Davut için bir saray yaptılar.
11တုရုမင်းကြီးဟိရံသည် သံတမန်နှင့်တကွ အာရဇ်သစ်သား၊ လက်သမား၊ ပန်းရန်သမားတို့ကို ဒါဝိဒ် ထံသို့စေလွှတ်၍ သူတို့သည် နန်းတော်ကိုတည်ဆောက်ကြ၏။
12Böylece Davut RABbin kendisini İsrail Kralı atadığını ve halkı İsrailin hatırı için krallığını yücelttiğini anladı.
12ထာဝရဘုရားသည် ဒါဝဒ်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားတော်မူကြောင်းနှင့် မိမိလူ ဣသရေလအမျိုးအဘို့ အလိုငှါ၊ နိုင်ငံကို ချီးမြှောက်တော်မူကြောင်းကို ဒါဝိဒ်သိမြင်၏။
13Davut Hevrondan ayrıldıktan sonra Yeruşalimde kendine daha birçok cariye ve karı aldı. Davutun erkek ve kız çocukları oldu.
13ဒါဝိဒ်သည် ဟေဗြုန်မြို့မှပြောင်းသောနောက်၊ ယေရုရှလင်မြို့သူ မယားကြီးမယားငယ်တို့ကို ထပ်၍ သိမ်းယူသဖြင့် သားသမီးများတို့ကို မြင်လေ၏။
14Davutun Yeruşalimde doğan çocuklarının adları şunlardı: Şammua, Şovav, Natan, Süleyman,
14ယေရုရှလင်မြို့၌ ဒါဝိဒ်မြင်သော သားတို့ အမည်ကား၊ ရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန်၊
15Yivhar, Elişua, Nefek, Yafia,
15ဣဗဟာ၊ ဧလိရွှ၊ နေဖက်၊ ယာဖျာ၊
16Elişama, Elyada ve Elifelet.
16ဧလျာဒ၊ ဧလိဖလက်တည်း။
17Filistliler Davutun İsrail Kralı olarak meshedildiğini duyunca, bütün Filist ordusu onu aramak için yola çıktı. Bunu duyan Davut kaleye sığındı.
17ဒါဝိဒ်ကို ဘိသိက်ပေး၍ ဣသရေလရှင်ဘုရင် အရာ၌ခန့်ထား ကြောင်းကို ဖိလိတ္တိလူတို့သည် ကြားလျှင်၊ ထိုလူအပေါင်းတို့သည် ဒါဝိဒ်ကို ရှာ၍လာကြ၏။ ထိုသိတင်းကိုဒါဝိဒ်သည် ကြားသောအခါ ရဲတိုက်သို့ သွား၏။
18Filistliler gelip Refaim Vadisine yayılmışlardı.
18ဖိလိတ္တိလူတို့သည် လာ၍ရေဖိမ်ချိုင့်၌ အနှံ့အပြားနေကြ၏။
19Davut RABbe danıştı: ‹‹Filistlilere saldırayım mı? Onları elime teslim edecek misin?›› RAB Davuta, ‹‹Saldır›› dedi, ‹‹Onları kesinlikle eline teslim edeceğim.››
19ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ဖိလိတ္တိလူတို့ ရှိရာသို့ သွားရပါမည်လော။ အကျွန်ုပ်လက်၌ အပ်တော် မူမည်လောဟု ထာဝရဘုရားကို မေးလျှောက်လျှင်၊ ထာဝရဘုရားကသွားလော့။ ငါသည် ဖိလိတ္တိလူတို့ကို သင့်လက်သို့ ဆက်ဆက်အပ်မည်ဟု မိန့်တော်မူသည်အတိုင်း၊
20Bunun üzerine Davut Baal-Perasime gidip orada Filistlileri bozguna uğrattı. Sonra, ‹‹Her şeyi yarıp geçen sular gibi, RAB düşmanlarımı önümden yarıp geçti›› dedi. Bundan ötürü oraya Baal-Perasim adı verildi.
20ဒါဝိဒ်သည် ဗာလပေရဇိမ်မြို့သို့ သွား၍ သူတို့ကိုလုပ်ကြံပြီးမှ၊ ထာဝရဘုရားသည် ရေထ၍ ဖြိုဖျက်သကဲ့သို့၊ ငါ့ရန်သူတို့ကို ငါ့ရှေ့မှာ ဖြိုဖျက်တော်မူပြီဟုဆိုလျက်၊ ထိုအရပ်ကို ဗာလပေရဇိမ်အမည်ဖြင့် တွင်စေသတည်း။
21Davutla adamları, Filistlilerin orada bıraktığı putları alıp götürdüler.
21ထိုအရပ်၌ ဖိလိတ္တိလူများ ပစ်ထားသောရုပ်တုများကို၊ ဒါဝိဒ်နှင့်သူ၏လူတို့သည် ရှင်းရှင်းဖျက်ဆီးကြ၏။
22Filistliler bir kez daha gelip Refaim Vadisine yayıldılar.
22တဖန်ဖိလိတ္တိလူတို့သည် လာ၍ရေဖိမ်ချိုင့်၌ အနှံ့အပြားနေကြ၏။
23Davut RABbe danıştı. RAB şöyle karşılık verdi: ‹‹Buradan saldırma! Onları arkadan çevirip pelesenk ağaçlarının önünden saldır.
23ဒါဝိဒ်သည်လည်း မေးလျှောက်သော်၊ ထာဝရဘုရားက၊ တည့်တည့်မတက်ရ။ သူတို့နောက်သို့ဝိုင်း၍ ပိုးစာတောတဘက်၌ ချီရမည်။
24Pelesenk ağaçlarının tepesinden yürüyüş sesi duyar duymaz, acele et. Çünkü ben Filist ordusunu bozguna uğratmak için önünsıra gitmişim demektir.››
24ပိုးစာပင်ဖျား၌ စစ်ချီသံကိုကြားသောအခါ ကြိုးစားလော့။ ထိုအခါ ထာဝရဘုရားသည် ဖိလိတ္တိတပ် ကို လုပ်ကြံခြင်းငှါ သင့်ရှေ့မှာ ကြွသွားလိမ့်မည်ဟု မိန့်တော်မူသည်အတိုင်း၊
25Davut RAB'bin kendisine buyurduğu gibi yaptı ve Filistliler'i Geva'dan Gezer'e kadar bozguna uğrattı.
25ဒါဝိဒ်သည်ပြု၍ဖိလိတ္တိလူတို့ကိုဂေဗမြို့မှသည် ဂါဇေရမြို့တိုင်အောင် လုပ်ကြံလေ၏။