Turkish

Myanmar

2 Samuel

7

1Kral sarayına yerleşmişti. RAB de onu çevresindeki bütün düşmanlarından koruyarak rahata kavuşturdu.
1ထာဝရဘုရားသည် အရပ်ရပ်တို့၌ရှိသော ရန်သူအပေါင်းတို့လက်မှ ကယ်လွှတ်တော်မူသော ကျေးဇူးကို ရှင်ဘုရင်သည် ခံရ၍၊ နန်းတော်၌ငြိမ်ဝပ်စွာ နေရသောအခါ။
2O sırada kral, Peygamber Natana, ‹‹Bak, ben sedir ağacından yapılmış bir sarayda oturuyorum. Oysa Tanrının Sandığı bir çadırda duruyor!›› dedi.
2ပရောဖက်နာသန်ကို ခေါ်၍၊ ကြည့်ရှုလော့။ ငါသည် အာရဇ်သစ်သားအိမ်နှင့်နေ၏။ ဘုရားသခင်၏ သေတ္တာတော်မူကား၊ ကုလားကာဖြင့်သာ ကွယ်ကာလျက် နေရသည်ဟုဆိုသော်၊
3Natan, ‹‹Git, tasarladığın her şeyi yap, çünkü RAB seninledir›› diye karşılık verdi.
3နာသန်က၊ အကြံတော်ရှိသမျှ အတွင်းပြုတော် မူပါ။ ထာဝရဘုရားသည် ကိုယ်တော်နှင့် အတူရှိတော်မူ သည်ဟု ပြန်လျှောက်၏။
4O gece RAB Natana şöyle seslendi:
4ထိုညဉ့်တွင် ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် နာသန်သို့ ရောက်၍၊
5‹‹Git, kulum Davuta şöyle de: ‹RAB diyor ki, oturmam için bana sen mi tapınak yapacaksın?
5ငါ့ကျွန်ဒါဝိဒ်ထံသို့ သွားလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ငါနေစရာဘို့ အိမ်ကို ဆောက်ရမည်လော။
6İsrail halkını Mısırdan çıkardığım günden bu yana konutta oturmadım. Bir çadırda orada burada konaklayarak dolaşıyordum.
6ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သောနေ့ကစ၍ယနေ့တိုင်အောင် အိမ်နှင့်ငါ မနေ။ တဲအမျိုးမျိုးနှင့်ငါလှည့်လည်ပြီ။
7İsraillilerle birlikte dolaştığım yerlerin herhangi birinde, halkım İsraili gütmesini buyurduğum İsrail önderlerinden birine, neden bana sedir ağacından bir konut yapmadınız diye hiç sordum mu?› ayetlerinde geçen İbranice ‹‹Beyt›› sözcüğü, ‹‹tapınak››, ‹‹konut›› ve ‹‹soy›› olarak çevrildi.
7ဣသရေလအမျိုးသားတို့နှင့် ငါလှည့်လည်ရာ အရပ်ရပ်တို့၌၊ ငါ၏လူဣသရေလအမျိုးကို ကျွေးမွေးစေ ခြင်းငှါ၊ ငါစေခိုင်းသော ဣသရေလတရားသူကြီး တစုံတယောက်အား၊ သင်သည် ငါ့အဘို့အာရဇ် သစ်သားအိမ် ကို အဘယ်ကြောင့် မဆောက်သနည်းဟု ငါဆိုဘူးသလော။
8‹‹Şimdi kulum Davuta şöyle diyeceksin: ‹Her Şeye Egemen RAB diyor ki, halkım İsraile önder olasın diye seni otlaklardan ve koyun gütmekten aldım.
8ယခုမှာ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိုးထိန်းရာသိုးခြံထဲက သင့်ကိုငါနှုတ်ယူ၍၊ ငါ၏လူဣသရေလအမျိုးသားတို့ကို အုပ်စိုးသောမင်းအရာ၌ ငါခန့်ထားပြီ။
9Her nereye gittiysen seninleydim. Önünden bütün düşmanlarını yok ettim. Adını dünyadaki büyük adamların adı gibi büyük kılacağım.
9သင်သွားလေရာရာ၌ ငါလိုက်၍သင်၏ ရန်သူအပေါင်းတို့ကို သင့်ရှေ့မှ ပယ်ရှားသဖြင့်၊ မြေကြီးသား တို့တွင် လူကြီး၏ဂုဏ်အသရေကဲ့သို့ သင်၌ကြီးစွာသော ဂုဏ်အသရေကို ငါပေးပြီ။
10Halkım İsrail için bir yurt sağlayıp onları oraya yerleştireceğim. Bundan böyle kendi yurtlarında otursunlar, bir daha rahatsız edilmesinler. Kötü kişiler de halkım İsraile hakimler atadığım günden bu yana yaptıkları gibi, bir daha onlara baskı yapmasınlar. Seni bütün düşmanlarından kurtarıp rahata kavuşturacağım. ‹‹ ‹RAB senin için bir soy yetiştireceğini belirtiyor:
10ထိုမှတပါး ငါ၏လူ ဣသရေလအမျိုးနေရာ အရပ်ကို ငါပြင်ဆင်ပြီ။ သူတို့သည် နောက်တဖန် မပြောင်းမလဲ မိမိတို့နေရာ၌ နေစေခြင်းငှါ ငါမြဲမြံစေမည်။ မတရားသောသူတို့သည် ရှေးကာလ၌၎င်း၊
12Sen ölüp atalarına kavuşunca, senden sonra soyundan birini ortaya çıkarıp krallığını pekiştireceğim.
11ငါ၏လူဣသရေလအမျိုးတွင် တရားသူကြီး တို့ကို ခန့်ထားသောကာလ၌၎င်း၊ ညှဉ်းဆဲသကဲ့သို့ နောက် တဖန်မညှဉ်းဆဲရ။ သင့်ကိုလည်း ရန်သူအပေါင်းတို့ လက်မှ ကယ်လွှတ်၍ ချမ်းသာပေးပြီ။ သင်၏အမျိုး အနွယ်ကိုလည်း ငါတည်စေမည်ဟု ထာဝရဘုရား မိန့်တော်မူပြီ။
13Adıma bir tapınak kuracak olan odur. Ben de onun krallığının tahtını sonsuza dek sürdüreceğim.
12သင်သည် အသက်ကာလစေ့၍ ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်သောအခါ သင်၏ရင်သွေး၊ သင်မှ ဆင်းသက်သော သားကိုငါချီးမြှောက်၍ သူ၏နိုင်ငံကို တည်ထောင်မည်။
14Ben ona baba olacağım, o da bana oğul olacak. Kötülük yapınca, onu insanların değneğiyle, insanların vuruşlarıyla yola getireceğim.
13ထိုသားသည် ငါ၏နာမအဘို့ အိမ်ကို ဆောက်လိမ့်မည်။ သူထိုင်သော ရာဇပလ္လင်ကို အစဉ်အမြဲ ငါတည်စေမည်။
15Ama senin önünden kaldırdığım Sauldan esirgediğim sevgiyi hiçbir zaman esirgemeyeceğim.
14ငါသည် သူ၏အဘဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။ သူသည် ဒုစရိုက်ကိုပြုလျှင် လူသုံးတတ်သော ကြိမ်လုံးနှင့် ငါဆုံးမမည်။
16Soyun ve krallığın sonsuza dek önümde duracak; tahtın sonsuza dek sürecektir.› ››
15သို့ရာတွင် သင့်ရှေ့မှာ ငါပယ်ရှားသော ရှောလု၌ ငါ၏ကရုဏာကို နှုတ်သကဲ့သို့ သင်၏သား၌ ငါမနှုတ်။
17Böylece Natan bütün bu sözleri ve görümleri Davuta aktardı.
16သင်၏အမျိုးအနွယ်နှင့်၊ သင်၏နိုင်ငံသည် ငါ့ရှေ့မှာ အစဉ်အမြဲတည်လိမ့်မည်။ သင်၏ရာဇပလ္လင် သည်လည်း အစဉ်အမြဲတည်လိမ့်မည်ဟု ငါ့ကျွန်ဒါဝိဒ်အား ပြောလော့ဟု မိန့်တော်မူ၏။
18Bunun üzerine Kral Davut gelip RABbin önünde oturdu ve şöyle dedi: ‹‹Ey Egemen RAB, ben kimim, ailem nedir ki, beni bu duruma getirdin?
17ထိုဗျာဒိတ်တော်စကားအလုံးစုံတို့ကို နာသန် သည် ဒါဝိဒ်အား ပြန်ပြောလေ၏။
19Ey Egemen RAB, sanki bu yetmezmiş gibi, kulunun soyunun geleceği hakkında da söz verdin. Ey Egemen RAB, insanlarla hep böyle mi ilgilenirsin?
18ထိုအခါဒါဝိဒ်မင်းကြီးသည် အထဲသို့ဝင်၍ ထာဝရဘုရားရှေ့တော်၌ ထိုင်နေလျက်၊ အိုအရှင် ထာဝရဘုရား၊ အကျွန်ုပ်ကို ဤမျှလောက်ချီးမြှောက်တော် မူမည်အကြောင်း၊ အကျွန်ုပ်သည် အဘယ်သို့သော သူဖြစ်ပါသနည်း။ အကျွန်ုပ်အမျိုးသည် အဘယ်သို့သော အမျိုး ဖြစ်ပါသနည်း။
20Ben sana başka ne diyebilirim ki! Çünkü, ey Egemen RAB, kulunu tanıyorsun.
19သို့ရာတွင် အိုအရှင်ထာဝရဘုရား၊ ထိုကျေးဇူးတော်ကို သာမညကျေးဇူးဟု ထင်မှတ်တော်မူသော ကြောင့်၊ ကိုယ်တော်ကျွန်၏ အမျိုးအနွယ်ကို ကြာမြင့်စွာသောကာလနှင့် ယှဉ်လျက်မိန့်တော်မူပါသည်တကား။ အိုအရှင်ထာဝရဘုရား၊ လူတို့သည် ထိုသို့စီရင်လေ့ရှိပါ သလော။
21Sözünün hatırı için ve isteğin uyarınca bu büyüklüğü gösterdin ve kuluna bildirdin.
20ဒါဝိဒ်သည် အဘယ်သို့တိုးတက်၍ လျှောက်ရပါမည်နည်း။ အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော်၏ ကျွန်ကို သိတော်မူ၏။
22‹‹Yücesin, ey Egemen RAB! Bir benzerin yok, senden başka Tanrı da yok! Bunu kendi kulaklarımızla duyduk.
21နှုတ်ကပတ်တော်ကို ထောက်၍၊ အလိုတော်ရှိသည်အတိုင်း ကိုယ်တော်၏ ကျွန်သိရမည်အကြောင်း၊ ဤကြီးစွာသော အမှုအလုံးစုံတို့ ကိုပြုတော်မူပြီ။
23Halkın İsraile benzer tek bir ulus yok dünyada. Kendi halkın olsun diye onları kurtarmaya gittin. Çünkü onlar için de, ülken için de büyük ve görkemli işler yapmakla ün saldın. Mısırdan kendin için kurtardığın halkın önünden ulusları ve tanrılarını kovdun.
22သို့ဖြစ်၍ အိုထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်သည် ကြီးမြတ်တော်မူ၏။ အကျွန်ုပ်တို့ ကြားသမျှအတိုင်း ကိုယ်တော်နှင့်တူသောဘုရား၊ ကိုယ်တော်မှတပါး အခြားသော ဘုရားမည်မျှမရှိပါ။
24Halkın İsraili sonsuza dek kendi halkın olarak benimsedin ve sen de, ya RAB, onların Tanrısı oldun.
23နာမတော်ကို ထင်ရှားစေ၍ အဲဂုတ္တုပြည်အစ ရှိသော အခြားသောပြည်များ၊ သူတို့ဘုရားများတို့မှ ရွေးနှုတ်တော်မူသော ကိုယ်တော်၏ လူမျိုးရှေ့တွင် လူမျိုးတော်အဘို့နှင့်ပြည်တော်အဘို့ ကြောက်မက်ဘွယ် သော အမှုကြီးတို့ကို ပြုခြင်းငှါ၊ ဘုရားသခင်ကြွ၍ ကိုယ်တော်အဘို့ရွေး နှုတ်တော်မူသော ကိုယ်တော်၏လူ ဣသရေလအမျိုးနှင့်တူသော လူမျိုးတစုံတမျိုးသည် မြေကြီးပေါ်မှာ ရှိပါသလော။
25‹‹Şimdi, ya RAB Tanrı, kuluna ve onun soyuna ilişkin verdiğin sözü sonsuza dek tut, sözünü yerine getir.
24အကြောင်းမူကား၊ ကိုယ်တော်၏ လူဣသရေလအမျိုးကို အစဉ်အမြဲ ကိုယ်တော်၏လူ ဖြစ်စေခြင်းငှါ၊ သူတို့ကို ကိုယ်တော်အဘို့ ခိုင်ခံ့မြဲမြံစေ၍၊ ကိုယ်တော် ထာဝရဘုရားသည် သူတို့၏ဘုရားသခင်ဖြစ်တော်မူ၏။
26Öyle ki, insanlar, ‹Her Şeye Egemen RAB İsrailin Tanrısıdır!› diyerek adını sonsuza dek yüceltsinler ve kulun Davutun soyu da önünde sürsün.
25ယခုမှာအိုထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ကျွန်၌၎င်း၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ်၌၎င်း၊ မိန့်တော်မူသော စကားတော်ကို အစဉ်အမြဲ တည်စေတော်မူပါ။ မိန့်တော်မူသည်အတိုင်း ပြုတော်မူပါ။
27‹‹Ey Her Şeye Egemen RAB, İsrailin Tanrısı! ‹Senin için bir soy çıkaracağım› diye kuluna açıkladın. Bundan dolayı kulun sana bu duayı etme yürekliliğini buldu.
26ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဣသရေလအမျိုးကို အစိုးရသောဘုရားသခင် ဖြစ်တော်မူ သည်ဟူ၍ နာမတော်သည် အစဉ်အမြဲချီးမြှောက်ခြင်းရှိပါစေသော။ ကိုယ်တော်ကျွန်ဒါဝိဒ်၏ အမျိုးအနွယ် သည် ရှေ့တော်၌တည်ပါစေသော။
28Ey Egemen RAB, sen Tanrısın! Sözlerin gerçektir ve kuluna bu iyi sözü verdin.
27အကြောင်းမူကား၊ ဣသရေလအမျိုး၏ ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော်က၊ သင်၏အမျိုးအနွယ်ကို ငါတည်စေမည်ဟု ကိုယ်တော်ကျွန်အား ဗျာဒိတ်ပေးတော်မူသောကြောင့်၊ ကိုယ်တော်ကျွန်သည် ဤပဌနာကို ရှေ့တော်၌ ပြုချင် သောစိတ်ရှိပါ၏။
29Şimdi önünde sonsuza dek sürmesi için kulunun soyunu kutsamanı diliyorum. Çünkü, ey Egemen RAB, sen böyle söz verdin ve kulunun soyu kutsamanla sonsuza dek kutlu kılınacak.››
28ယခုလည်းအိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဘုရားသခင် မှန်တော်မူ၏။ စကားတော်လည်း မှန်ပါ၏။ ဤကျေးဇူးကိုကိုယ်တော်ကျွန်၌ ဂတိထားတော်မူပြီ။
29သို့ဖြစ်၍ ကိုယ်တော်ကျွန်၏အမျိုးအနွယ်သည် ရှေ့တော်၌ အစဉ်အမြဲတည်ပါမည်အကြောင်း၊ ကောင်း ကြီးပေးခြင်းငှါ နူးညွတ်သောစိတ်ရှိတော်မူပါ။ အိုအရှင် ထာဝရဘုရား၊အမိန့်တော်ရှိသည်အတိုင်းကောင်းကြီးပေး တော်မူသောမင်္ဂလာကို၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ်သည် အစဉ်အမြဲခံရပါစေသောဟု ဆုတောင်းသတည်း။