Turkish

Myanmar

Acts

28

1Kurtulduktan sonra adanın Malta adını taşıdığını öğrendik.
1ကုန်းပေါ်သို့ ရောက်သောအခါ၊ ထိုကျွန်းကား မေလိတေကျွန်းဖြစ်သည်ကို သိကြ၏။
2Yerliler bize olağanüstü bir yakınlık gösterdiler. Hava yağışlı ve soğuk olduğu için ateş yakıp hepimizi dostça karşıladılar.
2မိုဃ်းရွာ၍ ချမ်းသောကြောင့်လူရိုင်းတို့သည် မီးမွေးပြီးလျှင်၊ ငါတို့အပေါင်းကို လက်ခံ၍ အထူးသဖြင့် ကျေးဇူးပြုကြ၏။
3Pavlus bir yığın çalı çırpı toplayıp ateşin üzerine attı. O anda ısıdan kaçan bir engerek onun eline yapıştı.
3ပေါလုသည် ထင်းကိုစုသိမ်း၍ မီးပေါ်မှာ ထည့်စဉ်တွင်၊ မြွေဆိုးသည်မီးငွေ့ထဲကထွက်၍ ပေါလု၏ လက်ကို တွယ်လျက်နေ၏။
4Yerliler Pavlusun eline asılan yılanı görünce birbirlerine, ‹‹Bu adam kuşkusuz bir katil›› dediler. ‹‹Denizden kurtuldu, ama adalet onu yaşatmadı.››
4ထိုလူရိုင်းတို့သည်မြင်လျှင်၊ ဤလူကား၊ လူ အသက်ကို သတ်သောသူ အမှန်ဖြစ်၏။ ပင်လယ်ဘေးမှ လွတ်သော်လည်း၊ အသက်ရှင်စေခြင်းငှါ တရားသည် အခွင့်မပေးဟု အချင်းချင်းဆိုကြ၏။
5Ne var ki, elini silkip yılanı ateşin içine fırlatan Pavlus hiçbir zarar görmedi.
5ပေါလုသည်မြွေကို မီးထဲသို့ခါချ၍ အဘယ် ဘေးမျှမသင့်။
6Halk, Pavlusun bedeninin şişmesini ya da birdenbire düşüp ölmesini bekliyordu. Ama uzun süre bekleyip de ona bir şey olmadığını görünce fikirlerini değiştirdiler. ‹‹Bu bir ilahtır!›› dediler.
6သူသည်တကိုယ်လုံးရောင်မည်၊ တခဏခြင်း တွင်လဲ၍သေမည်ဟု ထိုသူတို့သည်ကြာမြင့်စွာ ငံ့လင့် သော်လည်း၊ သူ၌မကောင်းသော အပြစ်တစုံတခုကိုမျှ မမြင်လျှင် သဘောပြောင်းလဲ၍ ဤသူကားနတ် ဘုရား ဖြစ်သည်ဟု ဆိုကြ၏။
7Bulunduğumuz yerin yakınında adanın baş yetkilisi olan Publius adlı birinin toprakları vardı. Bu adam bizi evine kabul ederek üç gün dostça ağırladı.
7ထိုအရပ်နှင့်မနီးမဝေးပုဗလိ အမည်ရှိသော ကျွန်းသူကြီး၏ နေရာရှိ၏။ ထိုသူကြီးသည် ငါတို့ကိုလက်ခံ ၍၊ သုံးရက်ပတ်လုံး ကောင်းမွန်စွာ လုပ်ကျွေးပြုစုလေ၏။
8O sırada Publiusun babası kanlı ishale yakalanmış ateşler içinde yatıyordu. Hastanın yanına giren Pavlus dua etti, ellerini üzerine koyup onu iyileştirdi.
8ပုဗလိမင်း၏အဘသည်ဖျားနာနှင့် ဝမ်းကျသွေးသွန်နာစွဲ၍၊ တုံးလုံးနေသည်ကို ပေါလုဝင်၍ ဆုတောင်း ပြီးမှ၊ သူ့အပေါ်၌ လက်တင်၍ အနာကို ငြိမ်းစေ၏။
9Bu olay üzerine adadaki öbür hastalar da gelip iyileştirildiler.
9ဤသို့ပြုသောကြောင့်၊ ထိုကျွန်း၌ အနာရောဂါစွဲသော အခြားသူရှိသမျှတို့သည် လာ၍ ချမ်းသာခြင်းကို ရကြ၏။
10Bizi bir sürü armağanla onurlandırdılar; denize açılacağımız zaman gereksindiğimiz malzemeleri gemiye yüklediler.
10ထိုသူတို့သည် များစွာသော လက်ဆောင်တို့ကို ပေး၍ ၊ ငါတို့သည် လွှင့်ပြန်သောအခါ၊ ရိက္ခာများကို လည်း သင်္ဘောပေါ်သို့ တင်ကြ၏။
11Üç ay sonra, kışı adada geçiren ve ikiz tanrılar simgesini taşıyan bir İskenderiye gemisiyle denize açıldık.
11သုံးလလွန်လျှင်၊ နတ်သားအမြွှာတို့၏ ရုပ်တု ပါသော ထိုကျွန်း၌ ဆောင်းကာလပတ်လုံးနေခဲ့ဘူးသော အာလေဇန္ဒြိသင်္ဘောကို ငါတို့သည် စီးပြန်၍၊
12Sirakuza Kentine uğrayıp üç gün kaldık.
12သုရကုတ်မြို့သို့ဆိုက်လျှင် သုံးရက်နေကြ၏။
13Oradan da yolumuza devam ederek Regiuma geldik. Ertesi gün güneyden esmeye başlayan rüzgarın yardımıyla iki günde Puteoliye vardık.
13ထိုမြို့မှလွှင့်ပြန်၍ ဝိုက်သွားသဖြင့်၊ ရေဂျုန်မြို့ သို့ရောက်၍ တရက်နေပြီးမှ တောင်လေလာသော ကြောင့်၊ နှစ်ရက်တွင်ပေါတယောလိ မြို့သို့ရောက်ကြ၏။
14Orada bulduğumuz kardeşler, bizi yanlarında bir hafta kalmaya çağırdılar. Sonunda Romaya vardık.
14ထိုမြို့၌ ညီအစ်ကိုအချို့တို့ကိုတွေ့၍ ခုနစ်ရက် နေကြပါဟု သူတို့သည်တောင်းပန်သည် အတိုင်းနေပြီးမှ၊ ရောမမြို့သို့ ခရီးသွားကြ၏။
15Haberimizi alan Romadaki kardeşler, bizi karşılamak için Appius Çarşısına ve Üç Hanlara kadar geldiler. Pavlus onları görünce Tanrıya şükretti, yüreklendi.
15ရောမမြို့သားညီအစ်ကိုတို့သည် ငါတို့လာကြောင်းကို ကြားသိလျှင်၊ ခရီးဦးကြိုပြုအံ့သောငှါ အချို့တို့ သည် အပ္ပိဈေးတိုင်အောင်၎င်း၊ အချို့တို့သည် သုံးစရပ်တိုင်အောင်၎င်းလာကြ၏။ ပေါလုသည် ထိုသူတို့ကို မြင်လျှင်၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်း၍ စိတ်သက်သာခြင်းသို့ ရောက်လေ၏။
16Romaya girdiğimizde Pavlusun, bir asker gözetiminde yalnız başına kalmasına izin verildi.
16ရောမမြို့သို့ရောက်ကြသောအခါ တပ်မှူးသည် အကျဉ်းခံသောသူတို့ကို ကိုယ်ရံတော်မှူး၌ အပ်လေသော်၊ ပေါလုသည်မိမိကို စောင့်သောစစ်သူရဲတယောက်နှင့် အတူမိမိအလိုအလျောက်နေရသော အခွင့်ကိုရ၏။
17Üç gün sonra Pavlus, Yahudilerin ileri gelenlerini bir araya çağırdı. Bunlar toplandıkları zaman Pavlus kendilerine şöyle dedi: ‹‹Kardeşler, halkımıza ya da atalarımızın törelerine karşı hiçbir şey yapmadığım halde, Yeruşalimde tutuklanıp Romalıların eline teslim edildim.
17သုံးရက်လွန်သောအခါ၊ ပေါလုသည် ယုဒလူ အကြီးအကဲတို့ကို ခေါ်၍စုဝေးစေပြီးလျှင်၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည်ယုဒလူမျိုးကို မပြစ်မှား၊ မိစဉ်ဘဆက် ကျင့်သောထုံးတမ်းကို မပယ်သောသူဖြစ်လျက်ပင်၊ ယေရှုရှလင်မြို့သားတို့သည် အကျွန်ုပ်ကို အကျဉ်းထား၍ ရောမလူတို့ လက်သို့ အပ်လိုက်ကြ၏။
18Onlar beni sorguya çektikten sonra serbest bırakmak istediler. Çünkü ölüm cezasını gerektiren hiçbir suç işlememiştim.
18ရောမလူတို့သည် အကျွန်ုပ်ကိုစစ်ကြောပြီးမှ၊ သေထိုက်သော အပြစ်တစုံတခုကိုမျှ မတွေ့သဖြင့် လွှတ်ခြင်းငှါအလိုရှိကြ၏။
19Ama Yahudiler buna karşı çıkınca, davamı Sezara iletmek zorunda kaldım. Bunu, kendi ulusumdan herhangi bir şikâyetim olduğu için yapmadım.
19ထိုအလိုကိုယုဒလူတို့သည် ဆီးတားသောအခါ၊ ကဲသာဘုရင်၏ အယူတော်ခံပါမည်ဟုအကျွန်ုပ် ဆိုရ၏။ ထိုသို့ဆိုသော် အမျိုးသားချင်းတို့ကို အပြစ်တင်စရာ တစုံတခုရှိသောကြောင့်ဆိုသည်မဟုတ်။ ထိုကြောင့် သင်တို့ကိုမြင်၍ နှုတ်ဆက်ခြင်းငှါ အကျွန်ုပ်ခေါ်ပါပြီ။
20Ben İsrailin umudu uğruna bu zincire vurulmuş bulunuyorum. Sizi buraya, işte bu konuyu görüşmek ve konuşmak için çağırdım.››
20ဣသရေလအမျိုး၏မြောက်လင့်ရာ အတွက်ကြောင့်၊ အကျွန်ုပ်သည် ဤသံကြိုးနှင့်ချည်နှောင်ခြင်းကို ခံရပါ၏ဟု ပြောဆိုလျှင်၊
21Onlar Pavlusa, ‹‹Yahudiyeden seninle ilgili mektup almadık, oradan gelen kardeşlerden hiçbiri de senin hakkında kötü bir haber getirmedi, kötü bir şey söylemedi›› dediler.
21ထိုသူတို့က၊ သင်၏အကြောင်းကို ကြားလိုက်သောစာကို ယုဒပြည်မှအကျွန်ုပ်တို့မရကြ။ ထိုပြည်မှ လာသော ညီအစ်ကိုတို့တွင် အဘယ်သူမျှ သင်၌ အပြစ် ရှိကြောင်းကို မကြားမပြောပါ။
22‹‹Biz senin fikirlerini senden duymak isteriz. Çünkü her yerde bu mezhebe karşı çıkıldığını biliyoruz.››
22သို့သော်လည်း ဤဘာသာသည် အရပ်ရပ်တို့၌ ကဲ့ရဲ့အပြစ်တင်ခြင်းကို ခံရသော ဘာသာဖြစ်သည်ကို အကျွန်ုပ်တို့သိကြသည်ဖြစ်၍ သင်၏အယူဝါဒကို သင်သည် ကိုယ်တိုင်တော်ပြသောစကားကို အကျွန်ုပ် တို့သည် နားထောင်သင့်သည်ထင်ပါ၏ဟု ဆိုကြလျှင်၊
23Pavlusla bir gün kararlaştırdılar ve o gün, daha büyük bir kalabalıkla onun kaldığı yere geldiler. Pavlus sabahtan akşama dek onlara Tanrının Egemenliğine ilişkin açıklamalarda bulundu ve bu konuda tanıklık etti. Gerek Musanın Yasasına, gerek peygamberlerin yazılarına dayanarak onları İsa hakkında ikna etmeye çalıştı.
23နေ့ရက်ကိုချိန်းချက်၍ လူများတို့သည်ပေါလု တည်းခိုရာ အရပ်သို့ လာကြသည်ရှိသော်၊ ပေါလုသည် ဘုရားသခင်၏ နိုင်ငံတော် အကြောင်းကိုသက်သေခံ သဖြင့်၎င်း၊ ထိုသူတို့သည် ယေရှု၏အကြောင်းများကို ယုံကြည်စေခြင်းငှါ၊ မောရှေ၏ပညတ္တိကျမ်းနှင့် အနာဂတ္တိ ကျမ်းတို့ကို အမှီပြု၍ ဖြားယောင်းသွေးဆောင် သဖြင့်၎င်း၊ နံနက်အချိန်မှစ၍ ညအချိန်တိုင်အောင်ထုတ်သော် ဟောပြောလေ၏။
24Bazıları onun sözlerine inandı, bazıları ise inanmadı.
24အချို့တို့သည် ပေါလု၏စကားကို ယုံကြ၏။ အချို့တို့သည် မယုံဘဲနေကြ၏။
25Birbirleriyle anlaşamayınca, Pavlusun şu son sözünden sonra ayrıldılar: ‹‹Peygamber Yeşaya aracılığıyla atalarınıza seslenen Kutsal Ruh doğru söyledi.
25ထိုသို့အချင်းချင်းသဘောကွဲပြား၍ သွားကြ၏။ သွားကြစဉ်တွင် ပေါလုသည် စကားတခွန်းကို ပြောလိုက် သည်မှာ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ပရောဖက် ဟေရှာယအားဖြင့် မိန့်တော်မူချက်ဟူမူကား၊
26Ruh dedi ki, ‹Bu halka gidip şunu söyle: Duyacak duyacak, ama hiç anlamayacaksınız, Bakacak bakacak, ama hiç görmeyeceksiniz.
26သင်တို့သည် ကြားလျက်ပင်အနက်ကို နား မလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲ မြင်ကြလိမ့် မည်ဟု ထိုလူမျိုးရှိရာသို့ သွား၍ပြောလော့။
27Çünkü bu halkın yüreği duygusuzlaştı, Kulakları ağırlaştı. Gözlerini de kapadılar. Öyle ki, gözleri görmesin, Kulakları duymasın, yürekleri anlamasın, Ve bana dönmesinler. Dönselerdi, onları iyileştirirdim.›
27အကြောင်းမူကား၊ သူတို့မျက်စိမမြင်၊ နား မကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ သူတို့အနာ ရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင် သူတို့၏ စိတ်နှလုံးသည် မိုက်လျက်၊ နားသည်ထိုင်းလျက်၊ ကိုယ်မျက်စိကိုပိတ်လျက် ရှိကြ၏ဟုငါတို့ဘိုးဘေးများအား လျောက်ပတ်စွာ မိန့်တော်မူ၏။
28‹‹Şunu bilin ki, Tanrının sağladığı bu kurtuluşun haberi öteki uluslara gönderilmiştir. Ve onlar buna kulak vereceklerdir.››
28ထိုကြောင့် ဘုရားသခင်၏ ကယ်တင်တော်မူ ခြင်း ကျေးဇူးတော်ကို တပါးအမျိုးသားတို့အား ပေးလိုက် သည်ဖြစ်၍၊ သူတို့သည်နားထောင်မည်အရာကို သင်တို့ သိမှတ်ကြလော့ဟု၊
30Pavlus tam iki yıl kendi kiraladığı evde kaldı ve ziyaretine gelen herkesi kabul etti.
29ပေါလုပြောဆိုပြီးမှ၊ ယုဒလူတို့သည် သွား၍ အချင်းချင်းများစွာသော ဆွေးနွေးနှီးနှောခြင်းရှိကြ၏။
31Hiçbir engelle karşılaşmadan Tanrı'nın Egemenliği'ni tam bir cesaretle duyuruyor, Rab İsa Mesih'le ilgili gerçekleri öğretiyordu.
30ထိုနောက်မှပေါလုသည် နှစ်နှစ်ပတ်လုံး မိမိငှါးသော အိမ်၌နေသဖြင့်၊ မိမိထံသို့လာသော သူအပေါင်း တို့ကို ဧည့်ခံ၍၊
31အဘယ်သူမျှမမြစ်တားဘဲ၊ ဘုရားသခင်၏ နိုင်ငံတော် အကြောင်းကိုအတည့်အလင်းဟောပြော၍၊ သခင်ယေရှုခရစ်၏ အကြောင်းများကို သွန်သင်ပြသလျက်နေ၏။