1Kral Nebukadnessar dünyadaki bütün halklara, uluslara ve her dilden insanlara şu bildiriyi gönderdi: ‹‹Esenliğiniz bol olsun!
1ငါ နေဗုခဒ်နေဇာ မင်းကြီး ကြားမှာလိုက်သည်။ မြေကြီးတပြင်လုံး၌ အရပ်ရပ်နေ၍ အသီးသီး အခြားခြား သော ဘာသာစကားကို ပြောသောလူမျိုးတကာတို့၊ သင်တို့၌ ငြိမ်ဝပ်ချမ်းသာခြင်းများပြားစေသော။
2Yüce Tanrının benim için gerçekleştirdiği belirtileri ve şaşılası işleri size bildirmeyi uygun gördüm.
2မြင့်မြတ်တော်မူသော ဘုရားသခင်သည် ငါ၌ ပြုတော်မူသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ပြခြင်းငှါ ငါအလိုရှိ၏။
3‹‹Belirtileri ne büyük!Şaşılası işleri ne yüce!Krallığı ebedi krallıktır,Egemenliği kuşaklar boyu sürecek.
3နိမိတ်လက္ခဏာတော်သည် အလွန်ကြီးပေ၏။ အံ့ဘွယ်သော အမှုတော်လည်း တန်ခိုးနှင့်ပြည်စုံပေ၏။ ဘုရားသခင်၏နိုင်ငံတော်သည် ထာဝရနိုင်ငံဖြစ်၏။ အာဏာစက်တော်လည်း ကမ္ဘာအဆက်ဆက် တည်တော် မူ၏။
4‹‹Ben, Nebukadnessar, evimde huzur, sarayımda gönenç içindeydim.
4ငါနေဗုခဒ်နေဇာသည် နန်းတော်၌ ငြိမ်ဝပ်စွာ နေ၍ စည်းစိမ်ကြီးစဉ်အခါ၊
5Beni korkutan bir düş gördüm. Yatağımda yatarken düşüncelerimle görümlerim beni ürküttü.
5ကြောက်မက်ဘွယ်သော အိပ်မက်ကို မြင်၍၊ သာလွန်ပေါ်မှာ အိပ်လျက် စိတ်ထဲ၌ အာရုံပြုသော ရူပါရုံ အားဖြင့် တုန်လှုပ်ခြင်းသို့ ငါရောက်လေ၏။
6Düşün ne anlama geldiğini açıklamaları için Babilin bütün bilgelerinin yanıma getirilmesini buyurdum.
6ထိုကြောင့်၊ အိပ်မက်အနက်ကို ငါ့အားဘော်ပြ စေခြင်းငှါ၊ ဗာဗုလုန်ပညာရှိအပေါင်းတို့ကို အထံတော်သို့ သွင်းစေဟု ငါအမိန့်တော်ရှိသည်အတိုင်း၊
7Sihirbazlar, yıldızbilimciler, falcılar yanıma gelince, gördüğüm düşü onlara anlattımsa da ne anlama geldiğini açıklayamadılar.
7မာဂုပညာရှိ၊ ဗေဒင်တတ်၊ ခါလဒဲဆရာ၊ အနာ ဂတ္တိဆရာတို့သည် ဝင်ကြလျှင်၊ ငါမြင်မက်သော အိပ်မက် ကို သူတို့အား ပြပြောသော်လည်း၊ သူတို့သည် အနက်ကို မဘော်မပြနိုင်ကြ။
8Sonunda ilahımın adından gelen Belteşassar adıyla çağrılan ve kendisinde kutsal ilahların ruhu bulunan Daniel yanıma geldi. Gördüğüm düşü ona anlattım.
8နောက်မှ ငါကိုးကွယ်သောဘုရား၏ နာမအား ဖြင့် ဗေလတရှာဇာဟုခေါ်သမုတ်၍၊ သန့်ရှင်းသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံသော ဒံယေလ သည် ငါ့ထံသို့ဝင်လာလျှင်၊
9‹‹Ona şöyle dedim: Ey sihirbazların başkanı Belteşassar, sende kutsal ilahların ruhu olduğunu, her gizi açıklayabileceğini biliyorum. İşte gördüğüm düş: Ne anlama geldiğini bana açıkla.
9အချင်းမာဂုဆရာချုပ် ဗေလတရှာဇာ၊ သင် သည် သန့်ရှင်းသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံသည်ကို၎င်း၊ နက်နဲသောအရာရှိသမျှတို့ကို ဖွင့်ပြနိုင်သည်ကို၎င်း ငါသိ၏။ သို့ဖြစ်၍၊ ငါမြင်မက်သော အိပ်မက်၏ အနက်ကိုဘော်ပြလော့။
10Yatarken gördüğüm görümler şunlar: Dünyanın ortasında çok yüksek bir ağaç gördüm.
10ငါအိပ်ပျော်စဉ်တွင် မြင်မက်သည်ကား၊ ငါကြည့်ရှု၍ မြေကြီးအ လယ်၌ အရပ်မြင့်လှသော သစ်ပင်တပင်ရှိ၏။
11Ağaç büyüdü, güçlendi, boyu göklere erişti. Dünyanın dört bucağından görülüyordu.
11ထိုအပင်သည် ကြီးပွား၍ ခိုင်မာခြင်းသို့ ရောက်၏။ မိုဃ်းကောင်းကင်သို့ထိ၍ မြေကြီးစွန်း တိုင်အောင် ထင်ရှား၏။
12Yaprakları güzeldi, herkese yetecek kadar bol meyvesi vardı. Yabanıl hayvanlar gölgesinde barınıyor, gökte uçan kuşlar dallarına tünüyordu. Her canlı ondan besleniyordu.
12အရွက်လည်းလှ၏။ သတ္တဝါအပေါင်းတို့စား၍ ဝလောက်သော အသီးနှင့်ပြည့်စုံ၏။ မြေတိရစ္ဆာန်တို့သည် ထိုသစ်ပင်အရိပ်၌ ခိုကြ၏။ အခက်အလက်တို့၌ ကောင်း ကင်ငှက်တို့သည် နားနေကြ၏။
13‹‹Yatağımda yatarken gördüğüm görümlerde gökten inen bir gözcü, kutsal bir varlık gördüm.
13အိပ်ပျော်၍ မြင်မက်စဉ်၊ တဖန်ငါကြည့်ရှုပြန် လျှင်၊ သစ်ပင်စောင့်တည်းဟူသော သန့်ရှင်းသူတယောက် သည် ကောင်းကင်မှ ဆင်းလာ၍၊
14Yüksek sesle, ‹Ağacı ve dallarını kesin, yapraklarını yolun, meyvesini atın› diye bağırdı, ‹Altında barınan hayvanlarla dallarına tüneyen kuşlar kaçsın.
14သစ်ပင်ကိုလှဲလော့။ အခက်တို့ကို ခုတ်လော့။ အသီးအရွက်တို့ကို လှုပ်ချွေလော့။ တိရစ္ဆာန်တို့သည် သစ်ပင်အောက်ကထွက်၍၊ ငှက်တို့သည်လည်း အကိုင်း အခက်ထဲက သွားကြစေ။
15Ama köklerin bulunduğu kütüğü demirle, tunçla çevreleyip yerde, otların içinde bırakın. ‹‹ ‹Göğün çiyiyle ıslansın, hayvanlarla birlikte yerdeki otlardan pay alsın.
15သို့သော်လည်း၊ မြေ၌စွဲသော အမြစ်နှင့်တကွ သစ်ငုတ်တိုခြွင်းထား၍၊ သံကြိုး၊ ကြေးဝါကြိုးနှင့် ချည်နှောင်သကဲ့သို့ နုသောမြက်ပင်ထဲ၌ ရှိစေလော့။ ခုနစ်နှစ်ပတ်လုံး မိုဃ်းစွတ်ခြင်းကိုခံ၍၊ တိရစ္ဆာန်တို့နှင့် အတူ ဆက်ဆံလျက် မြက်ပင်ကို စားစေလော့။
16Ondaki insan yüreği değiştirilsin, yerine hayvan yüreği verilsin. Üzerinden yedi vakit geçsin.
16လူစိတ်သဘောပျောက်၍ တိရစ္ဆာန်စိတ် သဘောနှင့် ပြည့်စုံစေလော့။
17Bu yargıyı gözcüler, kararı kutsallar verdi. Öyle ki, her canlı Yüce Olanın insan krallıkları üzerinde egemenlik sürdüğünü ve onları dilediği kişiye, en hor görülen birine bile verebileceğini bilsin.›
17အကြောင်းမူကား၊ အမြင့်ဆုံးသောဘုရားသည် လောကီနိုင်ငံကို အုပ်စိုးတော်မူသည်ကို၎င်း၊ ပေးလိုသော သူတို့အား ပေးတော်မူသည်ကို၎င်း၊ ယုတ်မာသော သူတို့ကို ချီးမြှောက်၍ နိုင်ငံကို အပ်ပေးတော်မူသည်ကို၎င်း သတ္တဝါတို့ သိနားလည်ရသော အခွင့်ရှိစေခြင်းငှါ၊ သစ်ပင်စောင့်တို့သည် ဤသို့စီရင်ကြပြီ။ သန့်ရှင်းသူတို့ သည် အမိန့်တော်ကို ပေးကြပြီဟု ဟစ်ကြော်လေ၏။
18‹‹İşte ben Kral Nebukadnessarın gördüğü düş! Şimdi, ey Belteşassar, bunun ne anlama geldiğini söyle. Çünkü krallığımdaki bilgelerin hiçbiri bu düşün ne anlama geldiğini bana açıklayamadı. Ama sen açıklayabilirsin, çünkü kutsal ilahların ruhu var sende.››
18ထိုသို့ ငါနေဗုခဒ်နေဇာမင်းကြီးသည် မြင်မက် ရပြီ။ ယခုတွင် အချင်းဗေလတရှာဇာ၊ ငါမြင်သော အိပ်မက်အနက်ကိုဘော်ပြလော့။ ငါ့နိုင်ငံတွင် ပညာရှိ အပေါင်းတို့သည် အနက်ကို ငါ့အား မဘော်မပြနိုင်သော် လည်း၊ သင်သည် သန့်ရှင်းသော ဘုရားသခင်၏ ဝိညာဉ် နှင့်ပြည့်စုံ၍ ဘော်ပြနိုင်သည်ဟု ငါသည် ကိုယ်မြင်သော အိပ်မက်ကို ဒံယေလအား ပြန်ပြော၏။
19O zaman öbür adı Belteşassar olan Daniel bir süre şaşkın şaşkın durdu, düşünceleri onu ürküttü. Bunun üzerine kral, ‹‹Ey Belteşassar, bu düş de yorumu da seni ürkütmesin›› dedi. Belteşassar, ‹‹Ey efendim, keşke bu düş senden nefret edenlerin, yorumu da düşmanlarının başına gelseydi!›› diye karşılık verdi,
19ထိုအခါ ဗေလတရှာဇာ အမည်ရှိသော ဒံယေ လသည် တနာရီလောက် မိန်းမောတွေဝေ၍ စိတ်ပူပန်လျက် နေ၏။ ရှင်ဘုရင်က၊ အချင်းဗေလ တရှာဇာ၊ အိပ်မက် အနက် အဓိပ္ပါယ်ကြောင့် ပူပန်သောစိတ်မရှိပါနှင့်ဟု မိန့်တော်မူ၏။ ဗေလတရှာဇာကလည်း၊ အရှင်စော၊ ကိုယ်တော်ကို မုန်းသော ရန်သူတို့အပေါ်၌ အိပ်မက် အနက် ရောက်ပါစေသော။
20‹‹Büyüyen, güçlenen, boyu göklere erişen, dünyadaki herkesçe görülebilen bir ağaç gördün.
20မြင်မက်တော်မူစဉ်တွင် ကြီးပွား၍ ခိုင်မာ ထသော၊ မိုဃ်းကောင်း ကင်သို့ထိ၍ မြေကြီးတပြင်လုံး၌ ထင်ရှားထသော၊
21Yaprakları güzeldi, meyvesi herkese yetecek kadar boldu. Yabanıl hayvanlar altında barınır, gökte uçan kuşlar dallarına tünerdi.
21အရွက်လှလျက်၊ သတ္တဝါ အပေါင်းတို့ စား၍ ဝလောက်သော အသီးနှင့် ပြည့်စုံထသော၊ မြေတိရစ္ဆာန် တို့သည် အောက်၌နေကြသဖြင့်၊ အခက်အလက်တို့၌ ကောင်းကင်ငှက်များ မှီခိုနားနေရာဖြစ်သော သစ်ပင် သည်၊
22Ey kral, o ağaç sensin! Sen büyüdün, güçlendin. Büyüklüğün giderek göklere erişti, egemenliğin dünyanın dört bucağına yayıldı.
22အရှင်မင်းကြီး၊ ကိုယ်တော်ပင် ဖြစ်ပါ၏။ ကိုယ်တော်သည် ကြီးပွား၍ ခွန်အားနှင့်ပြည့်စုံတော်မူ၏။ ဘုန်းစည်းစိမ်တော်ကြီးမြင့်၍ မိုဃ်း ကောင်းကင်သို့ထိ၏။ အာဏာစက်တော်လည်း၊ မြေကြီးစွန်းတိုင်အောင် ရောက် တော်မူ၏။
23‹‹Sen, ey kral, bir gözcünün, kutsal bir varlığın gökten indiğini gördün. ‹Ağacı kesip yok edin, ama köklerin bulunduğu kütüğü demirle, tunçla çevreleyip yerde, otların içinde bırakın. Göğün çiyiyle ıslansın; üzerinden yedi vakit geçinceye dek yabanıl hayvanlarla birlikte pay alsın› diyordu.
23သစ်ပင်စောင့်၊ သန့်ရှင်းသူတယောက်သည် ကောင်းကင်မှ ဆင်းလာ၍၊ သစ်ပင်ကို ခုတ်လှဲဖျက် ဆီးလော့။ သို့သော်လည်း၊ မြေ၌စွဲသော အမြစ်နှင့်တကွ သစ်ငုတ်ကို ခြွင်းထား၍ သံကြိုး၊ ကြေးဝါကြိုးနှင့် ချည်နှောင်သကဲ့သို့ နုသောမြက်ပင်ထဲ၌ရှိစေလော့။ ခုနစ် နှစ်ပတ်လုံး မိုဃ်းစွတ်ခြင်းကို ခံ၍၊ မြေတိရစ္ဆာန်တို့နှင့် ဆက်ဆံစေဟုဆိုသည်မှာ၊
24‹‹Ey efendim kral, düşün anlamı ve Yüce Olanın senin başına getireceği yargı şudur:
24အမြင့်ဆုံးသော ဘုရားသခင်စီရင်တော်မူ၍၊ အရှင်မင်းကြီးအပေါ်၌ ရောက်ရသော မြင်မက်တော် မူချက်၏ အနက်ဟူမူကား၊
25İnsanlar arasından kovulacak, yabanıl hayvanlarla yaşayacaksın; öküz gibi otla beslenecek, göğün çiyiyle ıslanacaksın. Yüce Olanın insan krallıkları üzerinde egemenlik sürdüğünü ve krallığı dilediği kişiye verdiğini anlayıncaya dek yedi vakit geçecek.
25ကိုယ်တော်ကို လူစုထဲက နှင်ထုတ်၍၊ မြေ တိရစ္ဆာန်တို့နှင့်အတူ နေရာချကြလိမ့်မည်။ အမြင့်ဆုံး သောဘုရားသည် လောကီနိုင်ငံကို အုပ်စိုး၍၊ ပေးလို သော သူတို့အား ပေးတော်မူသည်ကို ကိုယ်တော်မသိ မမှတ်မှီကာလ၊ ခုနစ်နှစ်ပတ်လုံးနွားကဲ့သို့ မြက်ကိုစား၍၊ မိုဃ်းစွတ်ခြင်းကို ခံလျက်နေရမည်။
26Köklerin bulunduğu kütüğün bırakılması için buyruk verildi. Bunun anlamı şu: Sen göklerin egemenlik sürdüğünü anlayınca krallığın sana geri verilecek.
26သစ်မြစ်၊ သစ်ငုတ်ကိုခြွင်းထားစေခြင်းငှါ စီရင် ကြသည်အရာမှာ၊ ကောင်းကင်ဘုံသည် အုပ်စိုးကြောင်း ကို ကိုယ်တော်သိပြီးသောနောက်၊ နိုင်ငံတော်သည် လက်တော်မှ မရွေ့ဘဲ တည်လိမ့်မည်။
27Bu yüzden, ey kral, öğüdümü benimse: Doğru olanı yaparak günahından, düşkünlere iyilik ederek suçlarından vazgeç. Olur ya, gönencin uzun sürer.››
27သို့ဖြစ်၍၊ အရှင်မင်းကြီး၊ အကျွန်ုပ်စကားကို နာယူတော်မူပါ။ တရားသော အမှုကိုပြုခြင်း၊ ဆင်းရဲ သောသူတို့ကို သနားခြင်းအားဖြင့် ဒုစရိုက်အပြစ်တို့ကို ပယ်ဖြတ်တော်မူပါ။ ထိုသို့ပြုလျှင်၊ ချမ်းသာရကောင်း ရတော်မူလိမ့်မည်ဟု ဒံယေလလျှောက်ထား၏။
28Bunların hepsi Kral Nebukadnessarın başına geldi.
28ထိုအမှုအရာအလုံးစုံတို့သည် နေဗုခဒ်နေဇာ မင်းကြီး အပေါ်သို့ ရောက်သည်အကြောင်းကား၊
29On iki ay sonra kral Babil Sarayının damında geziniyordu.
29တဆယ်နှစ်လလွန်ပြီးသော်၊ ဗာဗုလုန်နန်းတော် ပေါ်မှာ စင်္ကြံသွားလျက်၊
30Kral, ‹‹İşte onurum ve yüceliğim için üstün gücümle krallığımın başkenti olarak kurduğum büyük Babil!›› dedi.
30ဤမြို့ကား၊ ငါ့နိုင်ငံတည်ရာ၊ ငါ့ရွှေဘုန်းတော်ကို ချီးမြှောက်ရာဘို့၊ ငါ့တန်ခိုး အာနုဘော်အားဖြင့် ငါတည် လုပ်သော ဗာဗုလုန်မြို့ကြီး မဟုတ်လောဟု မြွက်ဆို၏။
31Daha sözünü bitirmeden gökten bir ses duyuldu: ‹‹Ey Kral Nebukadnessar, krallık senden alındı.
31ထိုစကားကို မြွက်ဆိုစဉ်ပင်၊ ကောင်းကင်မှ သက်ရောက်သော အသံဟူမူကား၊ အိုနေဗုခဒ်နေဇာ မင်းကြီး၊ နားထောင်လော့။ နိုင်ငံတော်သည် သင့်လက်မှ ရွေ့သွားပြီ။
32İnsanlar arasından kovulacak, yabanıl hayvanlarla yaşayacaksın. Öküz gibi otla besleneceksin. Yüce Olanın insan krallıkları üzerinde egemenlik sürdüğünü ve krallığı dilediği kişiye verdiğini anlayıncaya dek yedi vakit geçecek.››
32သင့်ကို လူစုထဲကနှင်ထုတ်၍၊ မြေတိရစ္ဆာန်တို့ နှင့်အတူ နေရာချကြလိမ့်မည်။ အမြင့်ဆုံးသောဘုရား သည် လောကီနိုင်ငံကိုအုပ်စိုး၍၊ ပေးလိုသောသူတို့အား ပေးတော်မူသည်ကို မင်းကြီးမသိမမှတ်မှီကာလ၊ ခုနစ်နှစ် ပတ်လုံးနွားကဲ့သို့ မြက်ကိုစားလျက်နေရမည်ဟု အသံ ဖြစ်လေ၏။
33Nebukadnessara ilişkin bu söz hemen yerine geldi. İnsanlar arasından kovuldu. Öküz gibi otla beslendi. Bedeni göğün çiyiyle ıslandı. Saçı kartal tüyü, tırnakları kuş pençesi gibi uzadı.
33ထိုစကားနှင့်အညီ နေဗုခဒ်နေဇာ၌ ချက်ခြင်း ဖြစ်၍၊ လူစုထဲက နှင်ထုတ်ကြလျက်၊ သူသည်နွားကဲ့သို့ မြက်ကိုစား၍ မိုဃ်းစွတ်ခြင်းကို ခံသဖြင့်၊ ကိုယ်အမွေး သည် ရွှေလင်းတအတောင်ကဲ့သို့၎င်း၊ လက်သည်း ခြေသည်းတို့သည် ငှက်ခြေသည်းကဲ့သို့၎င်းဖြစ်၏။
34Belirlenen sürenin sonunda ben Nebukadnessar gözlerimi göğe kaldırdım ve kendime geldim. Yüce Olanı övdüm. Sonsuza dek Diri Olanı onurlandırıp yücelttim. Onun egemenliği ebedi egemenliktir,Krallığı kuşaklar boyu sürecek.
34ကာလအချိန်စေ့သောအခါ၊ ငါနေဗုခဒ်နေဇာ သည် ကောင်းကင်သို့ မျှော်ကြည့်၍ သတိရပြန်လျှင်၊ အမြင့်ဆုံးသောဘုရားကို ကောင်းကြီးပေး၍၊ ထာဝရ အသက်ရှင်တော်မူသော ဘုရားကို ချီးမွမ်းထောမနာ ပြု၏။ အာဏာတော်သည် ထာဝရအာဏာဖြစ်၏။ နိုင်ငံတော်သည် ကမ္ဘာအဆက်ဆက်တည်၏။
35Dünyada yaşayanlar bir hiç sayılır.O gökteki güçlere de dünyada yaşayanlara daDilediğini yapar.Onun elini durduracak,Ona, ‹‹Ne yapıyorsun?›› diyecek kimse yoktur.
35မြေကြီးသားအပေါင်းတို့သည် ရှေ့တော်၌ အဘယ်မျှမဟုတ်သကဲ့သို့ဖြစ်ကြ၏။ ကောင်းကင်ဗိုလ်ခြေ တို့၌၎င်း၊ မြေကြီးသားတို့၌၎င်း အလိုတော်ရှိသည်အတိုင်း စီရင်ပြုပြင်တော်မူ၏။ လက်တော်ကို အဘယ်သူမျှ မဆီးတားနိုင်။ အဘယ်သို့ ပြုသနည်းဟု ကိုယ်တော်ကို ဆိုနိုင်သောသူ မရှိ။
36O anda aklım başıma geldi. Krallığımın yüceliği için onurum ve görkemim bana geri verildi. Danışmanlarımla soylu adamlarım beni aradılar. Krallığıma kavuştum, bana daha büyük yücelik verildi.
36ထိုအခါ ငါ့စိတ်ပကတိဖြစ်ပြန်၍၊ ငါ့နိုင်ငံ၏ အသရေဘို့ ယမန်ကဲ့သို့ တင့်တယ်ခြင်း အရောင်အဆင်း နှင့် ပြည့်စုံ၍၊ တိုင်ပင်သော မှူးတော် မတ်တော်တို့သည် ညီလာခံဝင်ကြလျှင်၊ ငါ၏အာဏာတည်မြဲတည်၏။ ငါ့ဘုန်းအာနုဘော်လည်း ယခင်ထက် တိုးပွါး၏။
37Ben Nebukadnessar Göklerin Kralı'na şükrederim. O'nu över, yüceltirim. Çünkü bütün yaptıkları gerçek, yolları doğrudur; kendini beğenmişleri alçaltmaya gücü yeter.
37ယခုတွင် ငါ့နေဗုခဒ်နေဇာသည် ကောင်းကင် ဘုံ၏ အရှင်ဘုရားသခင်ကို ချီးမွမ်းထောပနာပြု၏။ စီရင်ဖန် ဆင်းတော်မူသမျှသော အရာတို့သည် သစ္စာနှင့် ပြည့်စုံ၍တရားနှင့် ညီလျော်ကြ၏။ မာနထောင် လွှားသော သူတို့ကို နှိမ်ချခြင်းငှါ တတ်နိုင်တော်မူ၏ဟု အမိန့်တော်ကို အရပ်ရပ်သို့ ပြန့်စေတော်မူ၏။