Turkish

Myanmar

Deuteronomy

28

1‹‹Eğer Tanrınız RABbin sözünü iyice dinler ve bugün size ilettiğim bütün buyruklarına uyarsanız, Tanrınız RAB sizi yeryüzündeki bütün uluslardan üstün kılacaktır.
1ယနေ့ ငါဆင့်ဆိုသမျှသော ပညတ်တော်တို့ကို သင်သည် ကျင့်စောင့်ခြင်းငှာ၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို စေ့စေ့နားထောင်လျှင်၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် လူမျိုးတကာတို့ ထက် သင့်ကို ချီးမြှောက်တော်မူမည်။
2Tanrınız RABbin sözünü dinlerseniz, şu bereketler üzerinize gelecek ve sizinle olacak:
2သင်၏ဘုရားသခင် ထာဝရဘုရား၏ စကား တော်ကို နားထောင်လျှင်၊ သင့်အပေါ်မှာ သက်ရောက် လတံ့သော ကောင်းကြီးမင်္ဂလာများ ဟူမူကား။
3‹‹Kentte de tarlada da kutsanacaksınız.
3သင်သည် မြို့၌ မင်္ဂလာရှိလိမ့်မည်၊ တော၌ မင်္ဂလာ ရှိလိမ့်မည်။
4‹‹Rahminizin meyvesi kutsanacak. Toprağınızın ürünü, hayvanlarınızın dölü -sığırlarınızın buzağıları, sürülerinizin kuzuları- bereketli olacak.
4သားသမီးအားဖြင့်၎င်း၊ မြေအသီးအနှံအားဖြင့် ၎င်း၊ တိရစ္ဆာန်ဘွားသော သားငယ်အားဖြင့်၎င်း၊ သိုးနွား အစီးအပွားအားဖြင့်၎င်း မင်္ဂလာရှိလိမ့်မည်။
5‹‹Sepetiniz ve hamur tekneniz bereketli olacak.
5ခြင်တောင်း၌၎င်း၊ မုန့်နယ်သော ခွက်၌၎င်း မင်္ဂလာရှိလိမ့်မည်။
6‹‹İçeri girdiğinizde de dışarı çıktığınızda da kutsanacaksınız.
6မိမိအိမ်ထဲသို့ ဝင်သောအခါ မင်္ဂလာ ရှိလိမ့် မည်၊ ပြင်သို့ထွက်သောအခါ မင်္ဂလာရှိလိမ့်မည်။
7‹‹RAB size saldıran düşmanlarınızı önünüzde bozguna uğratacak. Onlar size bir yoldan saldıracak, ama önünüzden yedi yoldan kaçacaklar.
7သင့်တဘက်၌ ထသော ရန်သူတို့ကို သင့်မျက် မှောက်၌ ထာဝရဘုရားသည် ဒဏ်ခံစေတော်မူမည်။ သူတို့သည် တလမ်းတည်းဖြင့် သင်ရှိရာသို့ လာသော် လည်း၊ လမ်းခုနှစ်သွယ်ဖြင့် သင့်ရှေ့မှ ပြေးကြလိမ့်မည်။
8‹‹RABbin buyruğuyla ambarlarınız dolu olacak. El attığınız her işte RAB sizi kutsayacak. Tanrınız RAB size vereceği ülkede sizi kutsayacak.
8သင်၏ ဘဏ္ဍာတိုက်၌၎င်း၊ သင်ပြုလေရာရာ၌ ၎င်း၊ ထာဝရဘုရားသည် သင့်အပေါ်မှာ မင်္ဂလာ ရောက် စေခြင်းငှာ မိန့်တော်မူမည်။ သင်၏ ဘုရားသခင် ထာဝရ ဘုရားပေးတော်မူသောပြည်၌ သင့်ကို ကောင်းကြီး မင်္ဂလာပေးတော်မူမည်။
9‹‹Tanrınız RABbin buyruklarına uyar, Onun yollarında yürürseniz, RAB size içtiği ant uyarınca sizi kendisi için kutsal bir halk olarak koruyacaktır.
9သင်သည် သင်၏ ဘုရားသခင် ထာဝရဘုရား၏
10Yeryüzündeki bütün uluslar RABbe ait olduğunuzu görecek, sizden korkacaklar.
10သင်သည် ထာဝရဘုရား၏ နာမတော်ဖြင့် ခေါ်ဝေါ်သမုတ်ခြင်းကို ခံရသည်ဟု လူမျိုးခပ်သိမ်းတို့ သည် သိမြင်၍ သင့်ကို ကြောက်ရွံ့ကြလိမ့်မည်။
11RAB atalarınıza ant içerek size söz verdiği ülkede bolluk içinde yaşamanızı sağlayacak: Rahminizin meyvesi kutsanacak; hayvanlarınızın yavruları, toprağınızın ürünü verimli olacak.
11ထာဝရဘုရားသည် သင့်အား ပေးခြင်းငှာ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်၌ ဥစ္စာပစ္စည်း၊ သားသမီး၊ တိရစ္ဆာန်အတိုးအပွား၊ မြေအသီးအနှံများကို ကြွယ်ဝစေတော်မူမည်။
12RAB ülkenize yağmuru zamanında yağdırmak ve bütün emeğinizi verimli kılmak için göklerdeki zengin hazinesini açacak. Birçok ulusa ödünç vereceksiniz; siz ödünç almayacaksınız.
12ထာဝရဘုရားသည် အချိန်တန်မှ သင်၏ပြည်၌ မိုဃ်းရွာစေခြင်းငှာ၎င်း၊ သင်ပြုလေရာရာ၌ ကောင်းကြီးပေးခြင်းငှာ၎င်း၊ ဘဏ္ဍာတော်တိုက် တည်းဟူ သော မိုဃ်းကောင်းကင်ကို ဖွင့်တော်မူမည်။ သင်သည် လူမျိုးများတို့အား ချေးငှားရသောအခွင့် ရှိလိမ့်မည်။ သူတို့သည် သင့်အား ချေးငှားရသောအခွင့် မရှိရ။
13RAB sizi kuyruk değil baş yapacak. Eğer bugün size ilettiğim Tanrınız RABbin buyruklarını dinler, onlara iyice uyarsanız, altta değil, her zaman üstte olacaksınız.
13ထာဝရဘုရားသည် သင့်ကို အမြီးမဖြစ်စေဘဲ ခေါင်းဖြစ်စေတော်မူသဖြင့်၊ သင်သည် အောက်၌မနေရ ဘဲ အပေါ်၌သာ နေရသောအခွင့် ရှိလိမ့်မည်။ ယနေ့ ငါဆင့်ဆိုသော၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်တို့ကို ကျင့်စောင့်ခြင်းငှာ နားထောင်လျှင်၎င်း၊
14Bugün size ilettiğim buyrukların dışına çıkmayacak, başka ilahların ardınca gitmeyecek, onlara tapmayacaksınız.››
14ယနေ့ ငါဆင့်ဆိုသော စကားတော်လမ်းမှထွက် ၍ လက်ျာဘက်၊ လက်ဝဲဘက်သို့မလွှဲ၊ အခြားတပါးသော ဘုရားနောက်သို့ လိုက်၍ ဝတ်မပြုဘဲနေလျှင်၎င်း၊ ထိုသို့ သော ကျေးဇူးတော်ကို ခံရလိမ့်မည်။
15‹‹Ama Tanrınız RABbin sözünü dinlemez, bugün size ilettiğim buyrukların, kuralların hepsine uymazsanız, şu lanetler üzerinize gelecek ve size ulaşacak:
15ယနေ့ ငါဆင့်ဆိုသော သင်၏ဘုရားသခင် ထာဝရဘုရား စီရင်ထုံးဖွဲ့တော်မူချက် အလုံးစုံတို့ ကို ကျင့်စောင့်ခြင်းငှာ စကားတော်ကို နားမထောင်လျှင်၊ သင့်အပေါ်မှာ သက်ရောက်လတံ့သော ကျိန်ခြင်း အမင်္ဂ လာများဟူမူကား၊
16‹‹Kentte de tarlada da lanetli olacaksınız.
16သင်သည် မြို့၌ အမင်္ဂလာရှိလိမ့်မည်၊ တော၌ အမင်္ဂလာရှိလိမ့်မည်။
17‹‹Sepetiniz ve hamur tekneniz lanetli olacak.
17ခြင်တောင်း၌၎င်း၊ မုန့်နယ်သော ခွက်၌၎င်း အမင်္ဂလာရှိလိမ့်မည်။
18‹‹Rahminizin meyvesi, toprağınızın ürünü, sığırlarınızın buzağıları, sürülerinizin kuzuları lanetli olacak.
18သားသမီးအားဖြင့်၎င်း၊ မြေအသီးအနှံအားဖြင့် ၎င်း၊ သိုးနွားအစီးအပွားအားဖြင့်၎င်း အမင်္ဂလာရှိလိမ့် မည်။
19‹‹İçeri girdiğinizde lanetli olacaksınız; dışarı çıktığınızda da lanetli olacaksınız.
19မိမိအိမ်ထဲသို့ ဝင်သောအခါ အမင်္ဂလာရှိလိမ့် မည်။ ပြင်သို့ ထွက်သောအခါ အမင်္ဂလာရှိလိမ့်မည်။
20‹‹RABbe sırt çevirmekle yaptığınız kötülükler yüzünden el attığınız her işte O sizi lanete uğratacak, şaşkına çevirecek, paylayacak. Sonunda üzerinize yıkım gelecek ve çabucak yok olacaksınız.
20ထာဝရဘုရားကို စွန့်၍ ပြုမိသော ဒုစရိုက် အပြစ်ကြောင့် အလျင်အမြန် ပျက်စီးဆုံးရှုံးခြင်းသို့ မရောက်မှီတိုင်အောင်၊ ပြုလေရာရာ၌ ကျိန်ဆဲခြင်း၊ နှောင့်ရှက်ခြင်း၊ ကဲ့ရဲ့ခြင်းတို့ကို သင့်အပေါ်မှာ သက် ရောက်စေတော်မူမည်။
21RAB, mülk edinmek için gideceğiniz ülkede sizi yok edinceye dek salgın hastalıkla cezalandıracak.
21သင်သွား၍ ဝင်စားလတံ့သောပြည်မှ သုတ် သင်ပယ်ရှင်းတော်မမူမှီ တိုင်အောင်၊ ကာလနာကို သင်၌ စွဲစေတော်မူမည်။
22Veremle, sıtmayla, iltihapla, yakıcı sıcaklıkla, kuraklıkla, samyeliyle, küfle cezalandıracak. Siz yok oluncaya dek bunlar sizi kovalayacak.
22ထာဝရဘုရားသည် သင့်ကို တူလာ၊ ဖျားနာ၊ ဒလခက်နာ၊ ခရခရနာဖြင့်၎င်း၊ ထားဘေး၊ လေထိ၍ အပင်သေဘေး၊ အရည်ယို၍ အပင်သေဘေးဖြင့်၎င်း ဒဏ်ခတ်တော်မူ၍၊ သင်သည် မပျက်စီးမှီတိုင်အောင် ထိုဘေးတို့သည် လိုက်ကြလိမ့်မည်။
23Başınızın üstündeki gök tunç, ayağınızın altındaki yer demir olacak.
23သင့်ခေါင်းပေါ်မှာ မိုဃ်းကောင်းကင်သည် ကြေးဝါကဲ့သို့၎င်း၊ သင့်အောက်၌ မြေသည် သံကဲ့သို့၎င်း ဖြစ်လိမ့်မည်။
24RAB siz yok oluncaya dek gökten yağmur yerine ülkenize toz ve kum yağdıracak.
24ထာဝရဘုရားသည် သင့်နေရာပြည်၌ ရွာသော မိုဃ်းရေကို မြေမှုန့်၊ ဖုံဖြစ်စေတော်မူသဖြင့်၊ သင်သည် မပျက်စီးမှီတိုင်အောင် သင့်အပေါ်မှာ ကျရလိမ့်မည်။
25‹‹RAB sizi düşmanlarınızın önünde bozguna uğratacak. Onlara bir yoldan saldıracak, ama önlerinden yedi yoldan kaçacaksınız. Yeryüzündeki bütün uluslar için dehşet verici bir örnek olacaksınız.
25သင်၏ရန်သူရှေ့မှာ ထာဝရဘုရားသည် သင့်ကို ဒဏ်ပေးတော်မူမည်။ သင်သည် တလမ်းတည်းဖြင့် သူတို့ ရှိရာသို့ သွားသော်လည်း၊ လမ်းခုနှစ်သွယ်ဖြင့် သူတို့ရှေ့မှ ပြေး၍ မြေပေါ်မှာရှိသော အတိုင်းတိုင်း အပြည်ပြည်သို့ ပြောင်းသွားရလိမ့်မည်။
26Ölüleriniz bütün kuşlara, yabanıl hayvanlara yem olacak; onları korkutup kaçıran kimse olmayacak.
26သင်၏အသေကောင်သည် မိုဃ်းကောင်းကင် ငှက်၊ တောသားရဲစားစရာ့ဘို့ ဖြစ်ရလိမ့်မည်။ ထိုတိရစ္ဆာန် တို့ကို အဘယ်သူမျှ မမောင်းရ။
27RAB sizi iyileşemeyeceğiniz Mısır çıbanıyla, urlarla, kaşıntıyla, uyuzla vuracak.
27ထာဝရဘုရားသည် သင့်ကို အဲဂုတ္တုအနာစိမ်း၊ မြင်းသရိုက်နာ၊ ဝဲနာ၊ မပျောက်နိုင်သော ယားနာဖြင့် ဒဏ်ခတ်တော်မူမည်။
28RAB sizi delilikle, körlükle, şaşkınlıkla cezalandıracak.
28ရူးသောအနာ၊ မျက်စိကန်းသောအနာ၊ မိန်းမောတွေဝေသောအနာဖြင့် ဒဏ်ခတ်တော်မူ၍၊
29Öğle vakti körlerin karanlıkta el yordamıyla yürüdüğü gibi yürüyeceksiniz. Yaptığınız her şeyde başarısız olacak, sürekli sıkıştırılacak, yağmalanacaksınız. Sizi kurtaran olmayacak.
29မျက်စိကန်းသောသူသည် မှောင်မိုက်၌ စမ်း သပ်ရသကဲ့သို့၊ သင်သည် မွန်းတည့်အချိန်၌ပင် စမ်းသပ် ရလိမ့်မည်။ သင်ပြုသောအမှု၌ မအောင်ဘဲ ညှဉ်းဆဲခြင်း၊ လုယူခြင်းကိုသာ ခံရလိမ့်မည်။ အဘယ်သူမျှ မကယ်တင် ရ။
30‹‹Bir kızla nişanlanacaksınız, ama başka biri onunla yatacak. Ev yapacak ama içinde oturmayacaksınız. Bağ dikecek ama üzümünü toplamayacaksınız.
30မိန်းမနှင့်လက်ထပ်ပြီးသော်လည်း အခြားသော သူသည် ပေါင်းဘော်ရလိမ့်မည်။ အိမ်ကို ဆောက်သော် လည်း ကိုယ်တိုင်မနေရ။ စပျစ်ဥယျာဉ်ကို စိုက်သော် လည်း စပျစ်သီးကို မဆွတ်မယူရ။
31Öküzünüz gözünüzün önünde kesilecek ama etini yemeyeceksiniz. Eşeğiniz zorla sizden alınacak, geri getirilmeyecek. Davarlarınız düşmanlarınıza verilecek. Sizi kurtaran olmayacak.
31သင့်နွားကို သင့်မျက်မှောက်၌ သတ်၍သေ သော်လည်း သင့်ကိုယ်တိုင်မစားရ။ သင့်မြည်းကို သင့်ရှေ့ မှောက်၌ အနိုင်အထက်ယူသွားပြီးမှ၊ နောက်တဖန်ပြန်၍ မပေးရ။ သင့်သိုးတို့ကို သင့်ရန်သူ၌ အပ်သောအခါ ကယ်နှုတ်သောသူမပေါ်မရှိရ။
32Oğullarınız, kızlarınız gözlerinizin önünde başka bir ulusa verilecek. Her gün onları gözlemekten gözlerinizin gücü tükenecek. Elinizden bir şey gelmeyecek.
32သင့်သားသမီးတို့သည် သူတပါးလက်သို့ရောက် ၍၊ သင့်မျက်စိသည် တနေ့လုံး မြော်ကြည့်လျက် အားကုန် လိမ့်မည်။ သင့်လက်သည်လည်း ခွန်အားမရှိရ။
33Tanımadığınız bir halk toprağınızın ürününü ve bütün emeğinizi yiyecek. Sürekli sıkıştırılacak, ezileceksiniz.
33သင် မသိမကျွမ်းသောလူမျိုးသည် သင့်နေရာ ပြည်၏ အသီးအနှံကို၎င်း၊ သင်လုပ်ဆောင်၍ရသော ဥစ္စာကို၎င်း စားလိမ့်မည်။ သင်သည် ညှဉ်းဆဲနှိပ်စက် ခြင်းကိုသာ အစဉ်မပြတ် ခံရလိမ့်မည်။
34Gözlerinizle gördükleriniz sizi çıldırtacak.
34ထိုသို့ ကိုယ်တိုင်တွေ့မြင်သော အမှုကြောင့် သင်သည် အရူးဖြစ်ရလိမ့်မည်။
35RAB dizlerinizi, bacaklarınızı tepeden tırnağa iyileşmeyen ağrılı çıbanlarla vuracak.
35ထာဝရဘုရားသည် သင့်ဒူးနှင့် ခြေထောက်မက၊ ခြေဘဝါးမှစ၍ ဦးခေါင်းထိပ်တိုင်အောင် မပျောက်နိုင် သော အနာစိမ်းဖြင့် ဒဏ်ခတ်တော်မူမည်။
36‹‹RAB sizi ve başınıza atayacağınız kralı sizin de atalarınızın da bilmediği bir ulusa sürecek. Orada ağaçtan, taştan yapılmış başka ilahlara tapacaksınız.
36ထာဝရဘုရားသည်၊ သင်ချီးမြှောက်သော ရှင် ဘုရင်ကို သင်နှင့်သင့်ဘိုးဘေးတို့ မသိမကျွမ်းဘူးသော လူမျိုးရှိရာသို့ ဆောင်သွားတော်မူသဖြင့်၊ သင်သည် အခြားတပါးသော ဘုရား၊ သစ်သားဘုရား၊ ကျောက်ဘု ရားတို့ကို ဝတ်ပြုရလိမ့်မည်။
37RABbin sizi süreceği bütün uluslar başınıza gelenlerden dehşete düşecek; sizi aşağılayacak, sizinle eğlenecekler.
37ထာဝရဘုရားသည် သင့်ကို ဆောင်သွားတော်မူ သော အပြည်ပြည်တို့၌ သင်သည် အံ့ဩရာ၊ ပုံခိုင်းရာ၊ ကဲ့ရဲ့ရာဖြစ်လိမ့်မည်။
38‹‹Çok tohum ekecek, ama az toplayacaksınız. Çünkü ürününüzü çekirge yiyecek.
38သင်သည် များစွာသော မျိုးစေ့ကို လယ်သို့ယူ သွား၍ ကျိုင်းကောင်တို့သည် ကိုက်စားသောကြောင့်၊ နည်းသောစပါးကို သိမ်းရလိမ့်မည်။
39Bağlar dikecek, bakımını yapacak, ama şarap içmeyecek, üzüm toplamayacaksınız. Onları kurt yiyecek.
39စပျစ်ဥယျာဉ်တို့ကို စိုက်၍ ပြုစုသော်လည်း၊ ပိုးများ ကိုက်စားသောကြောင့် ကိုယ်တိုင် စပျစ်သီးကို မဆွတ်ရ၊ စပျစ်ရည်ကိုလည်း မသောက်ရ။
40Ülkenizin her yerinde zeytinlikleriniz olacak, ama zeytinyağı sürünmeyeceksiniz. Zeytin ağaçlarınız ürününü yere dökecek.
40သင့်နေရာအရပ်ရပ်၌ သံလွင်ပင်ရှိသော်လည်း၊ အသီးမမှည့်မှီ ကြွေသောကြောင့် သင်သည် သံလွင်ဆီနှင့် ကိုယ်ကိုမလိမ်းရ။
41Oğullarınız, kızlarınız olacak, ama sizinle kalmayacaklar, sürgüne gönderilecekler.
41သားသမီးကို ဘွားမြင်သော်လည်း၊ သူတို့နှင့် မပျော်မမွေ့ရ။ ရန်သူတို့သည် သိမ်းသွားကြလိမ့်မည်။
42Bütün ağaçlarınızı, toprağınızın ürününü çekirgeler yiyecek.
42သင့်နေရာပြည်၌ သစ်ပင်ရှိသမျှ၊ မြေအသီးအနှံ ရှိသမျှကို ကျိုင်းကောင်တို့သည် ကိုက်စားကြလိမ့်မည်။
43‹‹Aranızdaki yabancılar yükseldikçe yükselecek, sizse alçaldıkça alçalacaksınız.
43သင်နှင့်အတူနေသော တပါးအမျိုးသားသည် မြင့်လျက်၊ သင့်အပေါ်သို့ တက်လိမ့်မည်။ သင်မူကား၊ အောက်သို့ဆင်း၍ နေရလိမ့်မည်။
44O sana ödünç verecek, ama sen ona ödünç vermeyeceksin. O baş, sen kuyruk olacaksın.
44သူသည် သင့်အား ချေးငှားသောအခွင့်ရှိလိမ့် မည်။ သင်မူကား၊ သူ့အားချေးငှားသော အခွင့်မရှိရ။ သူသည် ခေါင်းဖြစ်၍၊ သင်သည် အမြီးဖြစ်လိမ့်မည်။
45‹‹Bütün bu lanetler başınıza yağacak. Yok oluncaya dek sizi kovalayacak ve size erişecek. Çünkü Tanrınız RABbin sözünü dinlemediniz, size verdiği buyrukları, kuralları yerine getirmediniz.
45သင်၏ဘုရားသခင် ထာဝရဘုရား ထားတော်မူ သော စီရင်ထုံးဖွဲ့ချက်တရားကို စောင့်ရှောက်ခြင်းငှာ၊ သင်သည် စကားတော်ကို နားမထောင်သောကြောင့်၊ မပျက်စီးမှီတိုင်အောင် ဤကျိန်ခြင်းအမင်္ဂလာ ရှိသမျှတို့ သည် သင့်အပေါ်မှာ သက်ရောက်လျက်၊ သင့်ကိုလိုက်၍ မှီလျက် ရှိကြလိမ့်မည်။
46Bu lanetler siz ve soyunuz için sonsuza dek bir belirti, şaşılası bir olay olarak kalacak.
46သင့်အပေါ်၌၎င်း၊ သင့်အမျိုးအနွယ်အပေါ်၌ ၎င်း၊ အစဉ်မပြတ် နိမိတ်လက္ခဏာ အံ့ဘွယ်သောအမှု ဖြစ်ကြလိမ့်မည်။
47Madem bolluk zamanında Tanrınız RABbe sevinçle, hoşnutlukla kulluk etmediniz,
47သင်သည် ဥစ္စာကြွယ်ဝသောအခါ၊ ဝမ်းမြောက် ရွှင်လန်းသောစိတ်နှင့် သင်၏ဘုရားသခင် ထာဝရဘုရား ၏ အမှုတော်ကို မဆောင်မရွက်သောကြောင့်၊
48RABbin üzerinize göndereceği düşmanlara kölelik edeceksiniz. Aç, susuz, çıplak kalacaksınız; her şeye gereksinim duyacaksınız. RAB sizi yok edinceye dek boynunuza demir boyunduruk vuracak.
48ထာဝရဘုရားစေလွှတ်တော်မူသော ရန်သူ၏ အမှုကို သင်သည် မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အဝတ် အချည်းစည်းရှိခြင်းနှင့်တကွ၊ အရာရာ၌ ဆင်းရဲစွာ ဆောင်ရွက်ရလိမ့်မည်။ သင်သည် မပျက်စီးမှီတိုင်အောင် သင့်လည်ပင်း၌ သံထမ်းဘိုးကို တင်ထားတော်မူမည်။
49‹‹RAB uzaktan, dünyanın öbür ucundan bir ulusu -dilini bilmediğiniz bir ulusu, yaşlılara saygı, küçüklere sevgi beslemeyen acımasız bir ulusu- birden çullanan bir kartal gibi başınıza getirecek.
49ရွှေလင်းတပျံတတ်သကဲ့သို့ လျင်မြန်သောလူ မျိုး၊ ကြမ်းတမ်းသောမျက်နှာနှင့် ပြည့်စုံလျက်၊
51Siz yok oluncaya dek hayvanlarınızın yavrularını, toprağınızın ürününü yiyip bitirecekler. Size ne tahıl, ne şarap, ne zeytinyağı, ne sığırlarınızın buzağılarını, ne de sürülerinizin kuzularını bırakacaklar; ta ki, siz ortadan kalkıncaya dek.
50အသက်ကြီးသူကို မရိုသေ၊ အသက်ငယ်သူကို မသနားတတ်သော လူမျိုးကို၊ ဝေးသောအရပ်၊ မြေကြီး စွန်းမှ ထာဝရဘုရားသည် ခေါ်၍ သင့်ကို တိုက်စေတော် မူမည်။
52Güvendiğiniz yüksek, dayanıklı surlar yerle bir oluncaya dek ülkenizdeki bütün kentlerde sizi kuşatacaklar. Tanrınız RABbin size verdiği ülkedeki bütün kentleri kuşatacaklar.
51သင်သည် မပျက်စီးမှီတိုင်အောင်၊ ထိုရန်သူ သည် သင်၏သိုးသငယ်၊ နွားသငယ်၊ မြေအသီးအနှံကို စားရလိမ့်မည်။ သင့်ကို မဖျက်ဆီးမှီတိုင်အောင်၊ ဆန် စပါး၊ စပျစ်ရည်၊ ဆီ၊ သိုးနွားအစီးအပွားကို သင့်အဘို့ မချန်မထားရ။
53‹‹Kuşatma sırasında düşmanınızın vereceği sıkıntıdan rahminizin meyvesini, Tanrınız RABbin size verdiği oğulların, kızların etini yiyeceksiniz.
52သင့်နေရာပြည်အရပ်ရပ်တို့၌ သင်ကိုးစားသော မြို့ရိုး၊ မြင့်၍ ခိုင်ခံ့သော မြို့ရိုးတို့သည် မပြိုမကျမှီ တိုင် အောင်၊ သင့်နေရာမြို့ ရှိသမျှတို့ကို ဝိုင်းထားလိမ့်မည်။ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ပြည်အရပ်ရပ်တို့၌၊ မြို့ရှိသမျှတို့ကိုလည်း ဝိုင်းထားလိမ့် မည်။
54Aranızdaki en yumuşak, en duyarlı adam bile öz kardeşine, sevdiği karısına, sağ kalan çocuklarına acımayacak;
53ထိုသို့ ဝိုင်းထား၍ ရန်သူသည် ကျဉ်းကျပ်စေ သောအခါ၊ ကိုယ်ရင်သွေး တည်းဟူသော သင်၏ဘုရား သခင် ထာဝရဘုရားပေးတော်မူသော သားသမီးတို့၏ အသားကို သင်စားရလိမ့်မည်။
55yediği çocuklarının etini onların hiçbiriyle paylaşmayacak. Çünkü düşmanın kuşatma sırasında sizi sıkıştırması yüzünden kentlerinizde hiç yiyecek kalmayacak.
54သင့်နေရာမြို့တို့ကို ရန်သူဝိုင်းထား၍ ကျဉ်းကျပ် စေသောအခါ၊
56Aranızda en yumuşak, en duyarlı kadın -yumuşaklığından ve duyarlılığından ayağının tabanını yere basmak istemeyen kadın- bile sevdiği kocasından, öz oğlundan, kızından, plasentayı ve doğuracağı çocukları esirgeyecek. Çünkü kuşatma sırasında düşmanın kentlerinizde size vereceği sıkıntıdan, yokluktan onları gizlice yiyecek.
55အလွန်နူးညံ့သိမ်မွေ့သော ယောက်ျားသည် စားစရာ အလျှင်း မကျန်ကြွင်းသောကြောင့်၊ မိမိသား သမီး၏ အသားကို စားရသော်လည်း၊ မိမိညီအစ်ကို၊ မိမိ ရင်ခွင်၌ ရှိသော မယား ကျန်ကြွင်းသေးသော သားသမီး တို့ကို မနာလိုသောစိတ်ရှိ၍၊ ထိုအသားကို သူတို့အား မဝေမပေးဘဲ စားလိမ့်မည်။
58‹‹Bu kitapta yazılı yasanın bütün sözlerine uymaz, Tanrınız RABbin yüce ve heybetli adından korkmazsanız,
56သင့်နေရာမြို့တို့ကို ရန်သူဝိုင်းထား၍ ကျဉ်း ကျပ်စေသောအခါ၊
59RAB sizi ve soyunuzu korkunç belalarla, büyük ve sürekli belalarla, ağır, iyileşmez hastalıklarla vuracak.
57အလွန်နူးညံ့သိမ်မွေ့သဖြင့် မြေကို မနင်းဝံ့သော မိန်းမသည်လည်း၊ စားစရာအလျှင်း မရှိသောကြောင့်၊ မိမိရင်ခွင်၌ရှိသော လင်၊ မိမိသားသမီး၊ မိမိဝမ်းထဲက ထွက်သော အချင်း၊ မိမိဘွားမြင်သော သူငယ်တို့ကို မနာလိုသောစိတ်ရှိ၍၊ မိမိသူငယ်ကို တိတ်ဆိတ်စွာ စားရလိမ့်မည်။
60Sizi ürküten Mısırın bütün hastalıklarını yeniden başınıza getirecek; size yapışacaklar.
58သင်၏ဘုရားသခင် ထာဝရဘုရားသည် ဘုန်းကြီး၍ ကြောက်မက်ဘွယ်သော နာမတော်ကို ကြောက်စေခြင်းငှာ၊ ဤကျမ်းစာ၌ ရေးထားသော ဤတရားတော်ကို စကားအလုံးစုံတို့ကို သင်သည် မကျင့် မစောင့်ဘဲ နေလျှင်၊
61Siz yok oluncaya dek RAB bu Yasa Kitabında yazılmamış her türlü hastalığı ve belayı da başınıza getirecek.
59ထာဝရဘုရားသည် သင်ခံရသောဘေး၊ သင့်အ မျိုးအနွှယ် ခံရသော ဘေးတို့ကို အံ့ဩဘွယ်သော ဘေး၊ အလွန်ကြီး၍ မြဲမြံသောဘေး၊ အလွန်ပြင်း၍ မြဲမြံ သောရောဂါဝေဒနာ ဖြစ်စေတော်မူမည်။
62Gökteki yıldızlar kadar çok olan sizler, sayıca az bırakılacaksınız. Çünkü Tanrınız RABbin sözüne kulak vermediniz.
60ထိုမှတပါး၊ သင်ကြောက်တတ်သော အဲဂုတ္တု ပြည်၏ အနာရောဂါရှိသမျှတို့ကို သင့်အပေါ်မှာ သက် ရောက်စေတော်မူသဖြင့်၊ သင်၌ ထိုအနာရောဂါတို့သည် စွဲကပ်ကြလိမ့်မည်။
63Size iyilik yapmak, sizi çoğaltmak RABbi nasıl sevindirdiyse, sizi yıkmak ve yok etmek de öyle sevindirecektir. Mülk edinmek için gideceğiniz ülkeden sökülüp atılacaksınız.
61ထိုမှတပါး၊ ဤပညတ္တိကျမ်းစာ၌ ရေး၍မထား သော အနာရောဂါ ဘေးဥပဒ်ရှိသမျှတို့ကို သင်သည် မပျက်စီးမှီတိုင်အောင်၊ သင့်အပေါ်မှာ ထာဝရဘုရား သက်ရောက်စေတော်မူမည်။
64‹‹RAB sizi dünyanın bir ucundan öbür ucuna, bütün halklar arasına dağıtacak. Orada sizin de atalarınızın da tanımadığı, ağaçtan ve taştan yapılmış başka ilahlara tapacaksınız.
62သင်သည် အရေအတွက်အားဖြင့် မိုဃ်းကောင်း ကင် ကြယ်ကဲ့သို့များသော်လည်း၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားမထောင်သော ကြောင့် နည်းနည်းဖြစ်ရလိမ့်မည်။
65Bu uluslar arasında ne esenliğiniz ne de dinlenecek bir yeriniz olacak. Orada RAB size titreyen yürekler, umutsuzluk ve bakmaktan yorulmuş gözler verecek.
63သင့်ကို ကျေးဇူးပြု၍ များပြားစေသောအမှု၌ ထာဝရဘုရား ပျော်မွေ့တော်မူသည်နည်းတူ၊ တဖန် သင့်ကို ဖျက်ဆီး၍ အကျိုးနည်းစရာ အမှု၌ ပျော်မွေ့ တော်မူသဖြင့်၊ သင်သွား၍ ဝင်စားလတံ့သော ပြည်ထဲက သင်သည် သုတ်သင် ပယ်ရှင်းခြင်းသို့ ရောက်ရလိမ့်မည်။
66Sürekli can kaygısı içinde yaşayacaksınız. Gece gündüz dehşet içinde olacaksınız. Yaşamınızın güvenliği olmayacak.
64ထာဝရဘုရားသည်လည်း၊ မြေကြီးစွန်းတဘက် မှသည် တဘက်တိုင်အောင်၊ လူမျိုးအပေါင်းတို့တွင် သင့်ကို အရပ်ရပ် ကွဲပြားစေတော်မူသဖြင့်၊ သင်နှင့်သင့် ဘိုးဘေးတို့ မသိဘူးသော အခြားတပါးသောဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ဝတ်ပြုရလိမ့်မည်။
67Yüreğinizi kaplayan dehşet ve gözlerinizin gördüğü olaylar yüzünden, sabah, ‹Keşke akşam olsa!›, akşam, ‹Keşke sabah olsa!› diyeceksiniz.
65ထိုလူမျိုးတို့တွင် သင်သည် သက်သာခြင်းမရှိရာ၊ နေရာမကျရာ။ နှလုံးတုန်လှုပ်ခြင်း၊ မျက်စိမြော်၍ အား ကုန်ခြင်း၊ ဝမ်းနည်းခြင်းအကြောင်းကို ထာဝရဘုရား စီရင်တော်မူသဖြင့်၊
68Bir daha görmeyeceksiniz dediğim yoldan RAB sizi gemilerle Mısır'a geri gönderecek. Orada erkek ve kadın köle olarak kendinizi düşmanlarınıza satmaya kalkışacaksınız; ama satın alan olmayacak.››
66သင်သည် အသက်ဆုံးလုသည်ဖြစ်၍၊ နေ့ညဉ့် မပြတ်စိုးရိမ်လျက် သေဘေးနှင့် လွတ်မည်မလွတ်မည်ကို မသိဘဲလျက် နေရလိမ့်မည်။
67သင်၏စိတ်နှလုံးထဲမှာ ကြောက်ရွံ့ရသောအ ကြောင်း၊ သင့်မျက်စိနှင့် မြင်ရသောအရာကြောင့်၊ နံနက် အချိန်၌ သင်က၊ ညဉ့်ရောက်ပါစေဟူ၍၎င်း၊ ညဉ့်အချိန်၌ နံနက်ရောက်ပါစေဟူ၍၎င်း ဆုတောင်းရလိမ့်မည်။
68ထိုလမ်းကို နောက်တဖန် သင်မမြင်ရဟု မိန့် တော်မူသောလမ်းဖြင့် ထာဝရဘုရားသည် တဖန် သင့်ကို အဲဂုတ္တုပြည်သို့ သင်္ဘောနှင့် ပို့ဆောင်တော်မူသဖြင့်၊ ထို ပြည်တွင် ကျွန်ယောက်ျား၊ ကျွန်မိန်းမဖြစ်စေခြင်းငှာ ရန်သူတို့၌ ရောင်းကြလိမ့်မည်။ သို့ရာတွင် အဘယ်သူမျှ သင့်ကို မဝယ်လိုဟု ဣသရေလလူမျိုးတို့ကို ဟောပြော လေ၏။ ပညတ်တော်တို့ကို စောင့်၍ လမ်းတော်သို့ လိုက်လျှင်၊ ထာဝရဘုရား ကျိန်ဆိုသည်အတိုင်း၊ သင့်ကို ကိုယ်တော် အဘို့ သန့်ရှင်းသော အမျိုးအစဉ် အမြဲဖြစ်စေတော်မူ မည်။