Turkish

Myanmar

Deuteronomy

4

1‹‹Şimdi, ey İsrail, size öğrettiğim kurallara, ilkelere kulak verin. Yaşamak, ülkeye girmek ve atalarınızın Tanrısı RABbin size vereceği toprakları mülk edinmek için bunlara uyun.
1အိုဣသရေလအမျိုးသားတို့၊ သင်တို့သည် အသက်ရှင်၍၊ သင်တို့ဘိုးဘေးကိုးကွယ်သော ဘုရား သခင် ထာဝရဘုရားပေးတော်မူသော ပြည်ကို ဝင်စား မည်အကြောင်း၊ သင်တို့ကျင့်စရာဘို့ ငါသွန်သင်သော စီရင်ထုံးဖွဲ့ချက်တို့ကို နားထောင်ကြလော့။
2Size verdiğim buyruklara hiçbir şey eklemeyin, hiçbir şey çıkarmayın. Ama size bildirdiğim Tanrınız RABbin buyruklarına uyun.
2ငါမှာထားသောစကား၌ သင်တို့သည် အသစ် မသွင်းရ။ အလျှင်းမနုတ်မပယ်ရ။ ငါမှာထားသည် အတိုင်း၊ သင်တို့ဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်တို့ကို စောင့်ရှောက်ရကြမည်။
3‹‹RABbin Baal-Peorda neler yaptığını kendi gözlerinizle gördünüz. Tanrınız RAB, Baal-Peora tapan herkesi aranızdan yok etti.
3ထာဝရဘုရားသည် ဗာလပေဂုရကြောင့် ပြု တော်မူသောအမှုကို သင်တို့သည် ကိုယ်တိုင်မြင်ရကြပြီ။ ဗာလပေဂုရ၌ ဆည်းကပ်သော သူအပေါင်းတို့ကို သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့အထဲက သုတ်သင်ပယ်ရှင်းတော်မူပြီ။
4RABbe bağlı kalan sizler ise hâlâ yaşamaktasınız.
4သင်တို့ဘုရားသခင် ထာဝရဘုရား၌ မှီဝဲသမျှ သော သင်တို့မူကား၊ ယနေ့တိုင်အောင် အသက်ရှင် ရကြ၏။
5‹‹İşte, Tanrım RABbin buyruğu uyarınca size kurallar, ilkeler verdim. Öyle ki, mülk edinmek için gideceğiniz ülkede bunlara uyasınız.
5သင်တို့သည် သွား၍ ဝင်စားသောပြည်၌ ကျင့်စရာဘို့၊ ငါ၏ဘုရားသခင် ထာဝရဘုရား မှာထား တော်မူသည်အတိုင်း၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို သင်တို့ အား ငါသွန်သင်ပြီ။
6Onlara sımsıkı bağlanın. Çünkü ne denli bilge ve anlayışlı olduğunuzu uluslara bunlar gösterecek. Bu kuralları duyunca, uluslar, ‹Bu büyük ulus gerçekten bilge ve anlayışlı bir halk!› diyecek.
6သို့ဖြစ်၍ ထိုပညတ်တရားတို့ကို ကျင့်စောင့် ကြလော့။ သို့ပြုလျှင်၊ ထိုပညတ်တရား ရှိသမျှတို့ကို ကြားရသော လူမျိုးများရှေ့မှာ၊ သင်တို့၏ ဥဏ်ပညာ သည် ထင်ရှားလိမ့်မည်။ သူတို့ကလည်း၊ ဤကြီးမြတ်သော လူမျိုးသည် အကယ်စင်စစ် ဥဏ်ပညာနှင့် ပြည့်စုံသော အမျိုးဖြစ်၏ဟု ဆိုကြလိမ့်မည်။
7Tanrımız RAB her çağırdığımızda bize yakın olur. Tanrısı kendisine böylesine yakın olan başka bir büyük ulus var mı?
7ငါတို့သည် ဆုတောင်းလေရာရာ၌၊ ငါတို့ဘုရား သခင် ထာဝရဘုရား ကြည့်ရှုပြုစုတော်မူခြင်း ကျေးဇူးကို ခံရသည်နည်းတူ၊ အခြားသောဘုရား ကြည့်ရှုပြုစုသော ကျေးဇူးကို အဘယ်မည်သော လူမျိုးကြီး ခံရသနည်း။
8Bugün size verdiğim bu yasa gibi adil kuralları, ilkeleri olan başka bir büyük ulus var mı?
8ငါသည် ယနေ့ သင်တို့၌ထားသော တရား အပေါင်းနှင့်အမျှ ဖြောင့်မတ်သော စီရင်ထုံးဖွဲ့ချက်တို့ကို ရသော အဘယ်လူမျိုးကြီး ရှိသနည်း။
9‹‹Ancak gördüklerinizi unutmamaya, yaşamınız boyunca aklınızdan çıkarmamaya dikkat edin ve uyanık olun. Bunları çocuklarınıza, torunlarınıza anlatın.
9သင်တို့သည်၊ ဟောရပ်အရပ်မှာ သင်တို့၏ ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ရပ်နေကြသော အခါ၊ ကိုယ်တိုင်မြင်သော အမှုအရာတို့ကို မမေ့မလျော့။ နောက်တသက်လုံး နှလုံးသွင်းနိုင်မည်အကြောင်း ကိုယ်ကို ကိုယ်သတိပြုကြလော့။ ကိုယ်စိတ်နှလုံးကို ကြိုးစား၍ စောင့်ရှောက်ကြလော့။ ထိုအရာတို့ကို သားမြေးတို့အားလည်း သွန်သင်ကြလော့။
10Horevde Tanrınız RABbin önünde durduğunuz günü anımsayın. RAB bana şöyle dedi: ‹Sözlerimi dinlemesi için halkı topla. Öyle ki, yaşamları boyunca benden korkmayı öğrensinler, çocuklarına da öğretsinler.›
10ထိုအခါ ထာဝရဘုရားက၊ လူများတို့ကို ငါ့ထံမှာ စုဝေးစေလော့။ သူတို့သည် မြေကြီးပေါ်မှာ အသက်ရှင် သမျှသော ကာလပတ်လုံး ငါ့ကို ကြောက်ရွံ့၍ သားမြေး တို့အား သွန်သင်စေခြင်းငှာ။ ငါ့စကားကို ကြားစေမည်ဟု ငါ့အား မိန့်တော်မူသည်အတိုင်း၊
11‹‹Yaklaşıp dağın eteğinde durdunuz. Dağ göklere dek yükselen alevle tutuşmuştu. Kara bulutlar ve koyu bir karanlık vardı.
11သင်တို့သည် အနီးတော်သို့ ချဉ်းကပ်၍၊ တောင်ခြေရင်း၌ ရပ်နေကြ၏။ တောင်ထိပ်သည် မိုဃ်းကောင်းကင်အလယ်၌ မီးလောင်လျက်၊ မည်းသော အဆင်း၊ မိုဃ်းတိမ်တိုက်၊ ထူထပ်သော မှောင်မိုက်နှင့် ပြည့်စုံလေ၏။
12RAB size ateşin içinden seslendi. Siz konuşulanı duydunuz, ama konuşanı görmediniz. Yalnız bir ses duydunuz.
12ထာဝရဘုရားသည်လည်း၊ မီးထဲက သင်တို့အား မိန့်မြွက်တော်မူ၏။ သင်တို့သည် သဏ္ဍာန်တော်ကို မမြင်ရဘဲ၊ စကားတော်အသံကိုသာ ကြားရကြ၏။
13RAB uymanızı buyurduğu antlaşmayı, yani On Buyruku size açıkladı. Onları iki taş levha üstüne yazdı.
13သင်တို့ကျင့်စရာဘို့ မှာထားတော်မူသော ပဋိ ညာဉ်တရားတည်းဟူသော ပညတ်တော်ဆယ်ပါးတို့ကို မိန့်မြွက်၍ ကျောက်ပြားနှစ်ပြားပေါ်၌ ရေးထားတော်မူ ၏။
14Mülk edinmek için gideceğiniz ülkede uymanız gereken kuralları, ilkeleri size öğretmemi buyurdu.››
14သင်တို့သည် သွား၍ ဝင်စားသောပြည်၌ သင်တို့အား ငါသွန်သင်ရသော စီရင်ထုံးဖွဲ့ ချက်တို့ကို လည်း၊ ထိုအခါ ထာဝရဘုရားသည် ငါ့အား မှာထား တော်မူ၏။
15‹‹RAB Horevde ateşin içinden size seslendiği gün hiçbir suret görmediniz. Bu nedenle kendinize çok dikkat edin.
15ဟောအရပ်အရပ်၌ ထာဝရဘုရားသည် မီးထဲက သင်တို့အား မိန့်မြွက်တော်မူသောအခါ၊ မည်သည့် အဆင်းသဏ္ဍာန်ကိုမျှ မမြင်ရသည်ဖြစ်၍၊
16Öyle ki, kendiniz için erkek ya da kadın, yerde yaşayan hayvan ya da gökte uçan kuş, küçük kara hayvanı ya da aşağıda suda yaşayan balık suretinde, heykel biçiminde put yaparak yoldan sapmayasınız.
16နောက်တဖန် သင်တို့သည် လူယောက်ျား၊ လူမိန်းမသဏ္ဍာန်၊
19Gözlerinizi göklere kaldırıp güneşi, ayı, yıldızları -gök cisimlerini- görünce sakın aldanmayın; eğilip onlara tapmayın. Tanrınız RAB bunları göğün altındaki halklara pay olarak vermiştir.
17မြေကြီးပေါ်မှာရှိသော တိရစ္ဆာန်သဏ္ဍာန်၊ မိုဃ်းကောင်းကင်၌ ပျံတတ်သော ငှက်သဏ္ဍာန်၊
20Size gelince, RAB, bugün olduğu gibi kendi halkı olmanız için, sizi alıp demir eritme ocağından, Mısırdan çıkardı.
18မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်သဏ္ဍာန်၊ မြေနိမ့်ရာရေ၌ နေသော ငါးသဏ္ဍာန်ရှိသော ရုပ်တုကို၊ သင်တို့သည် ဖောက်ပြန်၍ ကိုယ့်အဘို့ မလုပ်ရမည်အ ကြောင်း၊
21‹‹RAB sizin yüzünüzden bana öfkelendi. Şeria Irmağının karşı yakasına geçmemem ve Tanrınız RABbin size mülk olarak vereceği o verimli ülkeye girmemem için ant içti.
19မိုဃ်းကောင်းကင်ကို မြော်၍၊ နေ၊ လ၊ ကြယ်များ တည်းဟူသော မိုဃ်းကောင်းကင် တန်ဆာရှိသမျှတို့ကို မြင်သောအခါ၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ မိုဃ်းကောင်းကင်အောက်၌ ရှိသမျှသော လူမျိုးတို့ အား ဝေငှပေးကမ်းတော်မူသော ထိုတန်ဆာတို့ကို ဝတ်ပြုကိုးကွယ်စေခြင်းငှာ၊ သူတပါးတို့သည် သွေးဆောင် ၍ မရနိုင်မည်အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြု ကြလော့။
22Ben bu toprakta öleceğim. Şeria Irmağından geçmeyeceğim. Ama siz karşıya geçecek ve o verimli ülkeyi mülk edineceksiniz.
20သင်တို့သည် ယနေ့၌ ဖြစ်သကဲ့သို့၊ ထာဝရ ဘုရား အမွေခံတော်မူသော လူမျိုးဖြစ်စေခြင်းငှာ၊ သင်တို့ ကို အဲဂုတ္တုပြည် သံမီးဖိုထဲကနှုတ်၍ ယူဆောင်တော်မူပြီ။
23Tanrınız RABbin sizinle yaptığı antlaşmayı unutmamaya, kendinize Tanrınız RABbin yasakladığı herhangi bir şeyin suretinde put yapmamaya dikkat edin.
21ထိုမှတပါး၊ ထာဝရဘုရားသည် သင်တို့အတွက် ငါ့ကို အမျက်တော်ထွက်၍၊ ငါသည် ယော်ဒန်မြစ် တဘက်သို့ မကူးရမည်အကြောင်းနှင့် သင်တို့၏ ဘုရား သခင် ထာဝရဘုရားသည် သင်တို့အမွေခံစရာဘို့ ပေးတော်မူသော ထိုပြည်မြတ်သို့ မဝင်စားရမည် အကြောင်း ကျိန်ဆိုတော်မူပြီ။
24Çünkü Tanrınız RAB yakıp yok eden bir ateştir; kıskanç bir Tanrıdır.
22သို့ဖြစ်၍ ဤပြည်၌ ငါသေရမည်၊ ယော်ဒန်မြစ် ကို မကူးရ။ သင်တို့သည် ကူး၍ ထိုကောင်းမွန်သော ပြည်ကို ဝင်စားကြလိမ့်မည်။
25‹‹Ülkede uzun zaman oturduktan, çocuk ve torun sahibi olduktan sonra yoldan sapar, kendinize herhangi bir şeyin suretinde put yapar, Tanrınız RABbin gözünde kötü olanı yaparak onu öfkelendirirseniz,
23သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့၌ ထားတော်မူသော ပဋိညာဉ်တရားကို မေ့လျော့ ၍၊ သင်တို့ဘုရားသခင် ထာဝရဘုရား မြစ်တားတော်မူ သော အရာတို့၏ သဏ္ဍာန်ရှိသော ရုပ်တုကို မလုပ်မည် အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြုကြလော့။
26bugün size karşı yeri göğü tanık gösteririm ki, mülk edinmek için Şeria Irmağından geçip gideceğiniz ülkede kesinlikle ve çabucak öleceksiniz. Orada uzun süre yaşamayacak, büsbütün yok olacaksınız.
24အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် လောင်သောမီး၊ အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားဖြစ်တော်မူ၏။
27RAB sizi başka halkların arasına dağıtacak. RABbin sizi süreceği ulusların arasında sayıca az olacaksınız.
25သင်တို့သည် သားမြေးတို့ကို ဘွားမြင်၍၊ ထိုပြည်၌ ကြာမြင့်စွာ နေပြီးမှ၊ တဖန် ဖောက်ပြန်သဖြင့်၊ သဏ္ဍာန်တစုံတခုရှိသော ရုပ်တုကို လုပ်၍၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား အမျက်တော်ကို နှိုးဆော် ခြင်းငှာ ရှေ့တော်၌ ဒုစရိုက်ကို ပြုလျှင်၊
28Orada görmeyen, duymayan, yemeyen, koku almayan, insan eliyle yapılmış, ağaçtan, taştan tanrılara tapacaksınız.
26ကောင်းကင်မြေကြီးကို သင်တို့တဘက်၌ ယနေ့ ငါတိုင်တည်သည်ကား၊ သင်တို့သည် ယော်ဒန်မြစ်ကို ကူး၍ ဝင်စားသောပြည်၌၊ မကြာမမြင့်မှီ ဆက်ဆက် ပျောက်ပျက်ရ ကြလိမ့်မည်။ ထိုပြည်၌ တာရှည်စွာ အသက်မရှင်ရ။ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်ရ ကြလိမ့် မည်။
29Ama Tanrınız RABbi arayacaksınız. Bütün yüreğinizle, bütün canınızla ararsanız, Onu bulacaksınız.
27ထာဝရဘုရားသည်လည်း၊ သင်တို့ကို တပါး အမျိုးသားတို့တွင် အရပ်ရပ်ကွဲပြားစေ၍၊ နှင်ထုတ်တော် မူသော သာသနာပလူတို့တွင် သင်တို့သည် နည်းနည်း ကျန်ကြွင်းရကြလိမ့်မည်။
30Sıkıntıya düştüğünüzde ve bütün bu olaylar başınıza geldiğinde, sonunda Tanrınız RABbe dönecek, Onun sözüne kulak vereceksiniz.
28ထိုအရပ်တို့၌၊ လူလက်ဖြင့်လုပ်၍ မမြင်နိုင်၊ မကြားနိုင်၊ မစားနိုင်၊ မနမ်းနိုင်သော သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို သင်တို့သည် ဝတ်ပြုရကြလိမ့်မည်။
31Çünkü Tanrınız RAB acıyan bir Tanrıdır. Sizi bırakmaz, yok etmez ve atalarınıza ant içerek yaptığı antlaşmayı unutmaz.
29သို့သော်လည်း၊ ထိုအရပ်တို့၌ သင်တို့၏ဘုရား သခင် ထာဝရဘုရားကို တဖန်ရှာလိုသောအခါ၊ စိတ်နှလုံး အကြွင်းမဲ့ရှာလျှင် တွေ့ရကြလိမ့်မည်။
32‹‹Siz doğmadan önceki geçmiş günleri, Tanrının yeryüzünde insanı yarattığı günden bu yana geçen zamanı soruşturun. Göklerin bir ucundan öbür ucuna sorun. Bu kadar önemli bir olay hiç oldu mu, ya da buna benzer bir olay duyuldu mu?
30သင်တို့သည် နောင်ကာလ၌ ဒုက္ခဆင်းရဲကို ခံရ၍၊ ဤအမှုအလုံးစုံတို့နှင့် တွေ့ကြုံသောအခါ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လာ၍ စကား တော်ကို နားထောင်လျှင်၊
33Ateşin içinden seslenen Tanrının sesini sizin gibi duyup da sağ kalan başka bir ulus var mı?
31သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် သနားတတ်သောဘုရား ဖြစ်တော်မူသောကြောင့် သင်တို့ကို စွန့်ပစ်ဖျက်ဆီးတော်မမူ။ သင်တို့ဘိုးဘေးတို့ အား ကျိန်ဆိုတော်မူသော ပဋိညာဉ်တရားကို မေ့လျော့ တော်မမူ။
34Hiçbir tanrı Tanrınız RABbin Mısırda gözlerinizin önünde sizin için yaptığı gibi denemelerle, belirtilerle, şaşılası işlerle, savaşla, güçlü ve kudretli elle, büyük ve ürkütücü olaylarla gidip başka bir ulustan kendine bir ulus almaya kalkıştı mı?
32ဘုရားသခင်သည် မြေကြီးပေါ်မှာ လူကို ဖန်ဆင်းတော်မူသော နေ့မှစ၍၊ သင်တို့ မဖြစ်မှီ လွန်လေပြီးသော ကာလပတ်လုံး၊ မိုဃ်းကောင်းကင် တဘက်မှ တဘက်တိုင်အောင် မေးမြန်းကြလော့။ ဤမျှလောက် ကြီးသောအမှု ဖြစ်ဘူးသလော။ ဤကဲ့သို့ သော အမှု၏ သိတင်းကို ကြားဘူးသလော။
35‹‹Bu olaylar RABbin Tanrı olduğunu ve Ondan başkası olmadığını bilesiniz diye size gösterildi.
33ဘုရားသခင်သည် မီးထဲက မိန့်မြွက်တော်မူ သံကို သင်တို့သည် ကြားသကဲ့သို့၊ အခြားသောလူမျိုးသည် ကြား၍၊ အသက်ချမ်းသာ ရဘူးသလော။
36O sizi yola getirmek için gökten size sesini duyurdu. Yeryüzünde size büyük ateşini gösterdi. Ateşin içinden size sözlerini duyurdu.
34သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ အဲဂုတ္တုပြည်မှာ သင်တို့မျက်မှောက်၌ ပြုတော်မူသကဲ့သို့၊ စုံစမ်းခြင်းနိမိတ်လက္ခဏာနှင့် အံ့ဘွယ်သောအမှုတို့ကို ပြခြင်း၊ စစ်မှုကိုရောက်စေခြင်း၊ အားကြီးသော လက်ရုံး တော်ကို ဆန့်ခြင်း၊ ကြောက်မက်ဘွယ်သော ရူပါရုံတို့ကို ပြခြင်းအားဖြင့်၊ အခြားတပါးသော ဘုရားသည် သွား၍ လူတမျိုးထဲက တမျိုးကို မိမိအဘို့ နှုတ်ယူဘူးသလော။
37Atalarınızı sevdiği ve onların soyunu seçtiği için sizi büyük gücüyle Mısırdan kendisi çıkardı.
35ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ ကြောင်းကို၎င်း၊ ကိုယ်တော်မှတပါး အခြားသောဘုရား မရှိကြောင်းကို၎င်း၊ သင်တို့သိစေခြင်းငှာ၊ ထိုအခြင်းအရာ တို့ကို သင်တို့အား ပြတော်မူပြီ။
38Amacı sizden daha büyük, daha güçlü ulusları önünüzden kovmak, onların ülkelerine girmenizi sağlamak, bugün olduğu gibi mülk edinmeniz için ülkelerini size vermekti.
36သင်တို့ကို သွန်သင်၍ ကောင်းကင်ထဲက စကား တော်သံကို ကြားစေတော်မူပြီ။ မြေကြီးပေါ်မှာ ကြီးစွာ သော မီးတော်ကိုလည်း ပြတော်မူ၍၊ သင်တို့သည် မီးထဲက စကားတော်ကို ကြားရကြပြီ။
39‹‹Bunun için, bugün RABbin yukarıda göklerde, aşağıda yeryüzünde Tanrı olduğunu, Ondan başkası olmadığını bilin ve bunu aklınızdan çıkarmayın.
37သင်တို့ဘိုးဘေးများကို ချစ်တော်မူသောကြောင့်၊ သူတို့ အမျိုးအနွယ်ကို ရွေးကောက်တော်မူပြီ။
40Size ve sizden sonra gelen çocuklarınıza iyilik sağlaması ve Tanrınız RABbin sonsuza dek size vereceği bu topraklarda uzun yıllar yaşamanız için bugün size bildirdiğim RABbin kurallarına, buyruklarına uyun.››
38သင်တို့ထက် အားကြီး၍ များပြားသောလူမျိုး တို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူ၍၊ ယနေ့ပင် ဖြစ်သကဲ့သို့ သူတို့မြေထဲသို့ သင်တို့ကို သွင်း၍ အမွေခံ စေခြင်းငှာ၊ မဟာတန်ခိုးတော်အားဖြင့် အဲဂုတ္တုပြည်မှ ရှေ့တော်၌ နှုတ်ဆောင်တော်မူပြီ။
41Bundan sonra Musa Şeria Irmağının doğusunda üç kent ayırdı.
39သို့ဖြစ်၍ ထာဝရဘုရားသည် အထက်ကောင်း ကင်ပေါ်၊ အောက်အရပ် မြေကြီးပေါ်မှာ ဘုရားသခင် ဖြစ်တော်မူကြောင်းကို၎င်း၊ အခြားတပါးသောဘုရား မရှိ ကြောင်းကို၎င်း၊ ယနေ့သိမှတ်၍ နှလုံး၌ သွင်းမိကြလော့။
42Öyle ki, önceden kin beslemediği bir komşusunu istemeyerek öldüren biri bu kentlerden birine kaçıp canını kurtarabilsin.
40သင်တို့နှင့်တကွ သားမြေးတို့သည် ချမ်းသာရ ခြင်းငှာ၎င်း၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားပေး တော်မူသောပြည်၌ အသက်တာရှည်စေခြင်းငှာ၎င်း၊ ယနေ့ငါမှာထားသော ပညတ်တရားတော်တို့ကို စောင့် ရှောက်ရကြမည်ဟု မောရှေသည် ဟောပြောလေ၏။
43Bu kentler şunlardı: Rubenliler için ovadaki kırsal bölgede Beser, Gadlılar için Gilattaki Ramot, Manaşşeliler için Başandaki Golan.
41ထိုအခါ အိမ်နီးချင်းကို အငြိုးမထားဘဲ၊ အမှတ်တမဲ့ သတ်မိသောသူသည် ပြေး၍၊
44Musanın İsraillilere anlattığı yasa budur.
42အသက်ချမ်းသာရသော မြို့သုံးမြို့တို့ကို ယော်ဒန်မြစ်အရှေ့၊ နေထွက်ရာဘက်၌ မောရှေသည် ခွဲထားလေ၏။
45Mısırdan çıktıktan sonra Musanın İsraillilere bildirdiği yasalar, kurallar, ilkeler bunlardır.
43ထိုမြို့တို့၏ အမည်ကား၊ ရုဗင်အမျိုးသား နေရာတောလွင်ပြင်၌ ဗေဇာမြို့၊ ဂဒ်အမျိုး သားနေရာ ဂိလဒ်ပြည်၌ ရာမုတ်မြို့၊ မနာရှေအမျိုး သားနေရာ ဗာရှန်ပြည် ၌ ဂေါလန်မြို့တည်း။
46Musa bunları Şeria Irmağının doğu yakasında, Beytpeor karşısındaki vadide bildirdi. Burası daha önce Heşbonda oturan Amorluların Kralı Sihona ait topraklardı. Musa ile İsrailliler Mısırdan çıktıklarında Sihonu bozguna uğratmışlardı.
44ဤရွေ့ကား၊ မောရှေသည် ဣသရေလအမျိုး သားတို့၌ ထားသောတရား၊
47Onun ve Başan Kralı Ogun ülkesini, yani Şeria Irmağının doğusunda yaşayan iki Amorlu kralın ülkesini ele geçirmişlerdi.
45သူတို့သည် အဲဂုတ္တုပြည်မှ ထွက်သောနောက်၊ ဟေရှဘုန်မြို့နေ အာမောရိရှင်ဘုရင် ရှိဟုန်၏ နိုင်ငံ အတွင်း၊ ယော်ဒန်မြစ်အရှေ့ဘက်၊ ဗက်ပေဂုရမြို့ တဘက်၌ရှိသော ချိုင့်တွင်၊ မောရှေဟောပြောသော သက်သေစကား၊ စီရင်ထုံးဖွဲ့သော စကားတည်း။
48Bu topraklar, Arnon Vadisi kıyısındaki Aroer Kentinden Sion, yani Hermon Dağına kadar uzanıyor,
46မောရှေနှင့် ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်ကြသောနောက်၊ ထိုရှင်ဘုရင်နှင့်၊
49Pisga Dağı'nın eteğindeki Arava Gölü'ne dek uzanan, Şeria Irmağı'nın doğu yakasındaki bütün Arava'yı kapsıyordu.
47ဗာရှန်ရှင်ဘုရင် ဩဃတည်းဟူသော၊ ယော်ဒန် မြစ်အရှေ့၊ နေထွက်ရာဘက်၌ နေသော အာမောရိ ရှင်ဘုရင်နှစ်ပါးကို လုပ်ကြံ၍၊ သူတို့ပြည်ကို၊
48အာနုန်မြစ်နားမှာရှိသော အာရော်မြို့မှစ၍ ဟေရမုန်တောင်တည်းဟူသော ဇိအုန်တောင်တိုင် အောင်၎င်း၊
49ယော်ဒန်မြစ်အရှေ့ဘက် လွင်ပြင်နှင့်တကွ လွင်ပြင်နှင့်ဆိုင်သော အိုင်နား၊ အာဇုတ် ပိသဂါမြို့တိုင် အောင်၎င်း သိမ်းယူကြ၏။