Turkish

Myanmar

Deuteronomy

8

1‹‹Bugün size bildirdiğim buyruklara tam tamına uyun ki, yaşayasınız, çoğalasınız ve gidip RABbin atalarınıza ant içerek söz verdiği ülkeyi mülk edinesiniz.
1သင်သည် အသက်ရှင်၍ များပြားမည်အကြောင်း၊ ထာဝရ ဘုရားသည် သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော် မူသောပြည်သို့ သွား၍ ဝင်စားမည်အကြောင်း၊ ယနေ့ ငါမှာထားသော ပညတ်အလုံးစုံတို့ကို ကျင့်ဆောင်အံ့ သောငှာ သတိပြုရမည်။
2Tanrınız RABbin sizi kırk yıl boyunca çölde dolaştırdığı uzun yolculuğu anımsayın! Buyruklarına uyup uymayacağınızı, amacınızın ne olduğunu öğrenmek için sizi sıkıntılara sokarak sınadı.
2သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို နှိမ့်ချစုံစမ်း၍၊ ပညတ်တော်တို့ကို ကျင့်ချင်သော စိတ်ရှိသည် မရှိသည်ကို သိမည်အကြောင်း၊ လွန်ခဲ့ပြီး သော အနှစ်လေးဆယ်ပတ်လုံး တော၌ ပို့ဆောင်တော်မူ သော လမ်းခရီးတရှောက်လုံးကို အောက်မေ့ရမည်။
3Sizi aç bırakarak sıkıntıya soktu. Sonra sizin de atalarınızın da bilmediği man ile sizi doyurdu. İnsanın yalnız ekmekle yaşamadığını, RABbin ağzından çıkan her sözle yaşadığını size öğretmek için yaptı bunu.
3ထိုသို့ သင့်ကိုနှိမ့်ချ၍ အငတ်အမွတ်ခံစေတော် မူသောအခါ၊ သင်သည် ကိုယ်တိုင်မသိ၊ သင်၏ဘိုးဘေး မသိဘူးသော မန္နနှင့် ကျွေးမွေးတော်မူသဖြင့်၊ လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရသည်မဟုတ်။ ဘုရား သခင် မိန့်တော်မူသမျှအားဖြင့် အသက်မွေးရသည်ကို သိစေတော်မူ၏။
4Kırk yıl ne giysileriniz eskidi, ne de ayaklarınız şişti.
4လွန်ခဲ့ပြီးသော အနှစ်လေးဆယ်ပတ်လုံး သင် ဝတ်သောအဝတ် မဟောင်းမနွမ်း၊ သင့်ခြေလည်း မပွန်းမရောင်။
5Tanrınız RABbin, çocuğunu eğiten bir baba gibi, sizi nasıl eğittiğini anlayın.
5အဘသည် သားကိုဆုံးမသကဲ့သို့၊ သင်၏ ဘုရား သခင် ထာဝရဘုရားသည် သင့်အား ဆုံးမတော်မူသည် ကို စိတ်ထဲမှာ အောက်မေ့ရမည်။
6‹‹Onun için, Tanrınız RABbin buyruklarına uyun. Yollarında yürüyün, Ondan korkun.
6သို့ဖြစ်၍ သင်၏ ဘုရားသခင် ထာဝရဘုရား စီရင်တော်မူသောလမ်းသို့ လိုက်၍၊ ကိုယ်တော်ကို ကြောက်ရွံ့သဖြင့် ပညတ်တော်တို့ကို စောင့်ရှောက်ရမည်။
7Tanrınız RAB sizi verimli bir ülkeye götürüyor. Öyle bir ülke ki, ırmakları, pınarları, derelerden tepelerden çıkan su kaynakları vardır;
7အကြောင်းမူကား၊ သင်၏ ဘုရားသခင် ထာဝရ ဘုရားသည် ကောင်းသောပြည်၊ ချိုင့်ထဲ၊ တောင်ထဲက ပေါက်သောမြစ်၊ ချောင်း၊ စမ်းရေတွင်း၊ ရေကန်များနှင့် ပြည့်စုံ သောပြည်၊
8buğdayı, arpası, üzümü, inciri, narı, zeytinyağı, balı vardır.
8ဂျုံ၊ မုယော၊ စပျစ်ပင်၊ သင်္ဘောသဖန်းပင်၊ သလဲပင်နှင့် ပြည့်စုံသောပြည်၊ သံလွင်ဆီ၊ ပျားရည်နှင့် ပြည့်စုံသောပြည်၊
9Sıkıntısız ekmek yiyebileceğiniz, hiçbir şeye gereksinim duymayacağınız bir ülkedir. Öyle bir ülke ki, kayaları demirdir, dağlarından bakır çıkarabilirsiniz.
9ဘာမျှမလိုဘဲဝစွာ စားရသောပြည်၊ သံကျောက် နှင့် ပြည့်စုံ၍၊ တောင်ထဲကကြေးနီကို တူးရသောပြည်သို့ သင့်ကို ဆောင်သွားတော်မူ၏။
10‹‹Yiyip doyunca, size verdiği verimli ülke için Tanrınız RABbe övgüler sunun.
10ထိုကောင်းမွန်သော ပြည်ကို ပေးသနားတော်မူ သည်ဖြစ်၍၊ သင်သည် ဝစွာစားရသောအခါ၊ သင်၏ ဘုရားသခင် ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းရမည်။
11Tanrınız RABbi unutmamaya dikkat edin. Bugün size bildirdiğim buyruklarını, ilkelerini, kurallarını savsaklamayın.
11ယနေ့ ငါဆင့်ဆိုသော စီရင်ထုံးဖွဲ့ချက်၊ ပညတ် တရားတော်တို့ကို သင်သည် မစောင့်၊ သင်၏ ဘုရား သခင် ထာဝရဘုရားကို မေ့လျော့သောအပြစ်ကို သတိ နှင့်ရှောင်လော့။
12Yiyip doyduğunuzda, güzel evler yapıp yerleştiğinizde,
12သင်သည် ဝစွာစား၍ ကောင်းသောအိမ်ကို ဆောက်လျက်နေရစဉ်၊
13sığırlarınız, davarlarınız çoğaldığında, altınınız, gümüşünüz ve her şeyiniz arttığında,
13သင်၏ သိုးနွား၊ ရွှေငွေအစရှိသော ဥစ္စာမျိုး များပြားစဉ်အခါ၊
14böbürlenmemeye ve sizi Mısırdan, köle olduğunuz ülkeden çıkaran Tanrınız RABbi unutmamaya dikkat edin.
14သင်သည် မာနထောင်လွှားခြင်းသို့ ရောက်၍၊ အထက်ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူ ခဲ့တော်မူထသော၊
15RAB o büyük ve korkunç çölde, zehirli yılanlarla, akreplerle dolu o kurak, susuz toprakta sizi yürüttü. Size sert kayadan su çıkardı.
15မီးမြွေ၊ ကင်းမြီးကောက်များ၍၊ ရေမရှိ၊ အငတ် ခံရာအရပ်၊ ကြောက်မက်ဘွယ်သော တောကြီးအလယ်၌ သင့်ကို ပို့ဆောင်၍ မီးပါကျောက်ထဲက ရေကို ထွက်စေ တော်မူထသော၊
16Atalarınızın bilmediği man ile sizi çölde doyurdu. Sizi sıkıntıya soktu, sınadı. Öyle ki, sonunda üzerinize iyilik gelsin.
16သင့်ကို နှိမ့်ချစုံစမ်း၍၊ နောက်ဆုံး၌ ကျေးဇူးပြု လိုသောငှာ၊ သင်၏ ဘိုးဘေးမသိဘူးသောမန္နနှင့် တော၌ ကျွေးမွေးတော်မူသော သင်၏ဘုရားသခင် ထာဝရ ဘုရားကို မေ့လျော့၍၊
17‹Bu serveti toplayan kendi yeteneğimiz, güçlü elimizdir› diye düşünebilirsiniz.
17ငါ့တန်ခိုး၊ ငါ့လက်သတ္တိအားဖြင့် ဤစည်းစိမ်ကို ငါရတတ်သည်ဟု စိတ်ထဲမှာ အောက်မေ့ခြင်းအပြစ်ကို သတိနှင့် ကြဉ်ရှောင်လော့။
18Ancak bu serveti toplama yeteneğini size verenin Tanrınız RAB olduğunu anımsayın. Atalarınıza ant içerek yaptığı antlaşmayı sürdürmek amacıyla bugün de bunu yapıyor.
18သင်၏ဘုရားသခင် ထာဝရဘုရားကိုသာ အောက်မေ့ရမည်။ အကြောင်းမူကား၊ သင်၏ ဘိုးဘေးတို့ အား ကျိန်ဆိုတော်မူသော ပဋိညာဉ်တရားတော်ကို ယနေ့ကဲ့သို့ တည်စေလိုသောငှာ၊ စည်းစိမ်ရတတ်သော အစွမ်းသတ္တိကို ဘုရားသခင်ပေးတော်မူ၏။
19‹‹Tanrınız RABbi unutur, başka ilahların ardınca giderseniz, onlara tapar, önlerinde yere kapanırsanız, bugün size açıkça belirtirim ki, tamamen yok olacaksınız.
19သင်၏ ဘုရားသခင် ထာဝရဘုရားကို သင် သည် မေ့လျော့သဖြင့်၊ အခြားတပါးသော ဘုရားတို့ကို ဆည်းကပ်၍ ဝတ်ပြုကိုးကွယ်လျှင်၊ ပျက်စီးခြင်းသို့ အမှန်ရောက်လိမ့်မည်ဟု ယနေ့ ငါသည် သင့်တဘက်၌ သက်သေခံ၏။
20Tanrınız RAB önünüzden ulusları yok ettiği gibi, sözüne kulak vermediğiniz için sizi de yok edecek.
20သင်၏ဘုရားသခင် ထာဝရဘုရား၏ စကား တော်ကို နားမထောင်သောကြောင့်၊ ထာဝရဘုရားသည် သင့်ရှေ့မှာ ဖျက်ဆီးတော်မူသော လူမျိုးများကဲ့သို့၊ ထိုနည်းတူ သင်သည် ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည်။