Turkish

Myanmar

Esther

9

1Kralın buyruğu ve fermanı, on ikinci ay olan Adar ayının on üçüncü günü yerine getirilecekti. Yahudi düşmanları o gün Yahudileri alt etmeyi ummuşlardı, ama tam tersi oldu; Yahudiler kendilerinden nefret edenleri alt ettiler.
1ရှင်ဘုရင်အမိန့်တော်အတိုင်း စီရင်ရသော အချိန်နီး၍၊ ယုဒအမျိုး၏ ရန်သူတို့က၊ ငါတို့နိုင်မည်ဟု မြော်လင့်သောနေ့၊ အမှုပြောင်းလဲ၍ ယုဒလူတို့သည် မနာလိုသော သူတို့ကိုနိုင်သော နေ့ရက်တည်းဟူသော အာဒါမည်သော ဒွါဒသမလတဆယ်သုံးရက်နေ့တွင်၊
2Yahudiler kendilerini yok etmeyi tasarlayanlara saldırmak üzere Kral Ahaşveroşun bütün illerindeki kentlerde bir araya geldiler. Hiç kimse onlara karşı koyamadı. Çünkü Yahudi korkusu bütün halkları sarmıştı.
2ရှင်ဘုရင်အာရွှေရု၏ နိုင်ငံတော် အပြည်ပြည် အမြို့မြို့၌နေသော ယုဒလူတို့သည်၊ ညှဉ်းဆဲလိုသော သူတို့ကို ဆီးတားခြင်းငှါ စုဝေးကြ၏။ ပြည်သူပြည်သား အပေါင်းတို့သည် ကြောက်ရွံ့သောကြောင့်၊ အဘယ်သူမျှ ရန်မပြုဝံ့ဘဲနေကြ၏။
3İl önderleri, satraplar, valiler ve kralın memurları, Mordekaydan korktukları için Yahudileri desteklediler.
3အပြည်ပြည်ကို အုပ်စိုးသောမင်း၊ ကိုယ်စားတော် မင်း၊ မြို့ဝန်မင်း၊ အမှုတော်စောင့် အရာရှိအပေါင်းတို့ သည် မော်ဒကဲကို ကြောက်ရွံ့သောကြောင့်၊ ယုဒလူတို့ကို မစကြ၏။
4Mordekay sarayda güçlü biriydi artık; ünü bütün illere ulaşmıştı. Gücü gittikçe artıyordu.
4အကြောင်းမူကား၊ မော်ဒကဲသည် နန်းတော် တွင် ဘုန်းကြီးလျက်၊ အတိုင်းတိုင်းအပြည်ပြည်၌ သိတင်း နှံ့ပြား၍၊ တနေ့ထက် တနေ့ကြီးမြင့်ရာသို့ ရောက် သတည်း။
5Yahudiler bütün düşmanlarını kılıçtan geçirdiler, öldürdüler, yok ettiler. Kendilerinden nefret edenlere dilediklerini yaptılar.
5ထိုနေ့တွင် ယုဒလူတို့သည် ရန်သူအပေါင်းတို့ကို ထားနှင့်လုပ်ကြံသတ်ဖြတ်ဖျက်ဆီး၍၊ မနာလိုသော သူတို့၌ ပြုချင်သမျှပြုကြ၏။
6Sus Kalesinde beş yüz kişiyi öldürüp yok ettiler.
6ရှုရှန်မြို့တော်၌လူငါးရာတို့ကို လုပ်ကြံသတ်ဖြတ် ကြ၏။
7Yahudi düşmanı Hammedata oğlu Hamanın on oğlunu -Parşandata, Dalfon, Aspata, Porata, Adalya, Aridata, Parmaşta, Arisay, Ariday ve Vayzatayı- öldürdüler. Ama yağmaya girişmediler.
7ယုဒအမျိုး၏ ရန်သူဟမ္မေဒါသသားဖြစ်သော ဟာမန်၏သား တကျိပ်တည်းဟူသော ပါရှန္ဒာသ၊ ဒါလဖုန်၊ အာသပါသ၊ ပေါရသ၊ အာဒလိ၊ အာရိဒါသ၊ ပါမရှာတ၊ အရိသဲ၊ ဒရိဒဲ၊ ဝါဇေဇာသတို့ကိုလည်း သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်းမယူဘဲနေကြ၏။
11Sus Kalesinde öldürülenlerin sayısı aynı gün krala bildirildi.
11ထိုနေ့၌ ရှုရှန်မြို့တော်တွင် သေသောသူစာရင်း ကို ရှင်ဘုရင်ရှေ့တော်မှာ ပြကြ၏။
12O da Kraliçe Estere, ‹‹Yahudiler Sus Kalesinde Hamanın on oğlu dahil beş yüz kişiyi öldürüp yok etmişler›› dedi, ‹‹Kim bilir, öbür illerimde neler yapmışlardır? İstediğin nedir, sana vereyim; başka dileğin var mı, yerine getirilecektir.››
12ရှင်ဘုရင်သည် မိဖုရားဧသတာကို ခေါ်၍၊ ယုဒ လူတို့သည် ရှုရှန် မြို့တော်၌ ဟာမန်သားတကျိပ်နှင့်တကွ လူငါးရာတို့ကို လုပ်ကြံသတ်ဖြတ် ကြပြီ။ နိုင်ငံတော်တွင် အခြားသော အပြည်ပြည်တို့၌ အဘယ်သို့ ပြုကြပြီနည်း။ သင်သည် အဘယ်အလိုရှိသေးသနည်း။ အလိုရှိသည် အတိုင်း ငါပြုမည်။ အဘယ်ဆိုကို တောင်းချင်သေး သနည်း။ တောင်းသမျှကို ငါပေးမည်ဟု မိန့်တော်မူလျှင်၊
13Ester, ‹‹Eğer kral uygun görüyorsa, Sustaki Yahudiler bugünkü fermanını yarın da uygulasınlar›› dedi, ‹‹Hamanın on oğlunun cesetleri de darağacına asılsın.››
13ဧသတာက၊ အရှင်မင်းကြီးအလိုတော်ရှိလျှင်၊ ရှုရှန်မြို့၌ရှိသော ယုဒလူတို့သည် ယနေ့ အမိန့်တော် အတိုင်း နက်ဖြန်နေ့၌လည်း ပြုရမည်အကြောင်း၊ ဟာမန်သားတကျိပ်ကိုလည်း လည်ဆွဲချတိုင်၌ ဆွဲထားရမည် အကြောင်း အမိန့်ရှိတော်မူပါဟု လျှောက်သည်အတိုင်း၊
14Kral bu isteklerin yerine getirilmesini buyurdu. Susta ferman çıkarıldı ve Hamanın on oğlu asıldı.
14ရှင်ဘုရင်မိန့်တော်မူ၍ ရှုရှန်နန်းတော်၌ အမိန့် တော်ကို ထုတ်ပြီးမှ၊ ဟာမန်သား တကျိပ်ကို ဆွဲထား ကြ၏။
15Sustaki Yahudiler Adar ayının on dördüncü günü yeniden toplanarak kentte üç yüz kişi daha öldürdüler; ama yağmaya girişmediler.
15ရှုရှန်မြို့၌ရှိသော ယုဒလူတို့သည်လည်း၊ အာဒါလတဆယ်လေးရက်နေ့တွင် စုဝေး၍၊ ရှုရှန်မြို့သား သုံးရာတို့ကို သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်း မယူဘဲနေကြ၏။
16Krallığın illerinde yaşayan öbür Yahudiler de canlarını korumak ve düşmanlarından kurtulmak için bir araya geldiler. Kendilerinden nefret edenlerden yetmiş beş bin kişiyi öldürdüler, ama yağmaya girişmediler.
16နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည်၌ရှိသော ယုဒလူအခြားတို့သည် အာဒါလတဆယ်သုံးရက်နေ့တွင်၊ မိမိတို့အသက်ကို စောင့်လျက်၊ ရန်သူလက်သို့မရောက်ဘဲ ချမ်းသာရမည်အကြောင်း၊ စုဝေး၍ ရန်သူခုနစ်သောင်း ငါးထောင်တို့ကို သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်းမယူဘဲ နေကြ၏။
17Bütün bunlar Adar ayının on üçüncü günü oldu. Yahudiler on dördüncü gün dinlendiler ve o günü şölen ve eğlence günü ilan ettiler.
17ထိုလ တဆယ်လေးရက်နေ့တွင် ငြိမ်ဝပ်စွာနေ ၍ ပွဲခံရာနေ့၊ ပျော်မွေ့ရာနေ့ဖြစ်စေခြင်းငှါ စောင့်ရှောက် ကြ၏။
18Sustaki Yahudiler ise kendilerini savunmak için on üçüncü ve on dördüncü günler bir araya geldiler. On beşinci gün de dinlendiler. O günü şölen ve eğlence günü ilan ettiler.
18ရှုရှန်မြို့၌ရှိသော ယုဒလူများမူကား၊ တဆယ် သုံးရက်နေ့နှင့် တဆယ်လေးရက်နေ့တွင်း စုဝေးကြ၏။ တဆယ်ငါးရက်မြောက်သောအခါ ငြိမ်ဝပ်စွာနေ၍ ပွဲခံရာ နေ့၊ ပျော်မွေ့ရာနေ့ဖြစ်စေခြင်းငှါ စောင့်ရှောက်ကြ၏။
19Taşradaki kentlerde yaşayan Yahudiler işte bu nedenle Adar ayının on dördüncü gününü şölen ve eğlence günü olarak kutlarlar ve birbirlerine yemek sunarlar.
19မြို့ရိုးမရှိသောရွာတို့၌ နေသော ယုဒလူတို့သည် လည်း၊ အာဒါ လတဆယ်လေးရက်နေ့ကို ပျော်မွေ့စွာ ပွဲခံရာနေ့၊ မင်္ဂလာနေ့၊ တယောက်ကိုတယောက် လက်ဆောင်ပေးလိုက်ရာနေ့ဖြစ်စေကြ၏။
20Mordekay bu olayları kayda geçirdi. Ardından Kral Ahaşveroşun uzak, yakın bütün illerinde yaşayan Yahudilere mektuplar gönderdi.
20တဖန် မော်ဒကဲသည် ဤအမှုအရာတို့ကို ရေးထား၏။
21Her yıl Adar ayının on dördüncü ve on beşinci günlerini kutlamalarını buyurdu.
21ယုဒလူတို့သည် ရန်သူလက်မှ လွတ်၍ ချမ်းသာ ရသောနေ့၊
22Çünkü o günler, Yahudilerin düşmanlarından kurtulduğu günlerdir. O ay kederlerinin sevince, yaslarının mutluluğa dönüştüğü aydır. Mordekay o günlerde şölenler düzenleyip eğlenmelerini, birbirlerine yemek sunmalarını, yoksullara armağanlar vermelerini buyurdu.
22သူတို့ဝမ်းနည်းခြင်းနှင့် မြည်တမ်းခြင်းပျောက်၍ ဝမ်းမြောက်ခြင်းနှင့်ပျော်မွေကခြင်းသို့ ရောက်သော လတည်းဟူသော အာဒါလ တဆယ်လေးရက်နှင့် တဆယ်ငါးရက်နေ့တို့ကို နှစ်တိုင်းစောင့်၍ ပွဲခံရာနေ့၊ ပျော်မွေ့ရာနေ့၊ တယောက်ကိုတယောက် လက်ဆောင် ပေးလိုက်၍၊ ဆင်းရဲသောသူတို့အား စွန့်ကြဲရာနေ့ဖြစ်စေ သော ထုံးစံကို စီရင်ခြင်းငှါ၊ ရှင်ဘုရင် အာရွှေရု နိုင်ငံ တော်အပြည်ပြည်၌ အနီးအဝေးရှိသော ယုဒလူအပေါင်း တို့နေရာသို့ မှာစာကို ပေးလိုက်လေ၏။
23Böylece Yahudiler, Mordekayın buyruğunu kabul ederek başlattıkları kutlamaları sürdürdüler.
23ယုဒလူတို့ကလည်း၊ ပြုစရှိ၍ မော်ဒကဲမှာလိုက် သည်အတိုင်း အမြဲပြုပါမည်ဟု ဝန်ခံကြ၏။
24Çünkü bütün Yahudilerin düşmanı Agaklı Hammedata oğlu Haman onları yok etmek için düzen kurmuştu. Onları ezip yok etmek için pur, yani kura çekmişti.
24ယုဒလူအပေါင်းတို့၏ ရန်သူဖြစ်သော အာဂတ် အမျိုး၊ ဟမ္မေဒါသသား ဟာမန်သည် ယုဒအမျိုးကို ဖျက်ဆီးမည်အကြံရှိ၍၊ ဖျက်ဆီးပယ်ရှင်းခြင်းငှါ ပုရ စာရေးတံချသောကြောင့်၎င်း၊
25Ama kral durumu öğrenince, Hamanın Yahudilere karşı kurduğu düzen geri tepti; kral, Hamanın ve oğullarının darağacına asılmaları için yazılı buyruklar verdi.
25ဧသတာသည် ရှင်ဘုရင်ထံတော်သို့ဝင်၍ ယုဒ လူတို့တဘက်၌ ဟာမန်ကြံစည်သော အဓမ္မအကြံကို သူ၏ခေါင်းပေါ်သို့ ပြန်ရောက်စေမည်အကြောင်း၊ သူနှင့် သူ၏သားတို့ကိုလည်း လည်ဆွဲချတိုင်၌ ဆွဲထားစေမည် အကြောင်း၊ အမိန့်တော်စာကို ပေးတော်မူသည်ဖြစ်၍၎င်း၊
26Pur sözcüğünden ötürü bu günlere Purim adı verildi. Böylece Yahudiler, Mordekayın mektubunda yazılı olanlardan, görüp geçirdiklerinden ve başlarına gelenlerden ötürü bu iki günü buyrulduğu biçimde ve günlerde her yıl kutlamayı kabul ettiler. Bu gelenek kendileri için, soylarından olanlar ve onlara katılan herkes için geçerli olacaktı.
26ပုရဟူသောစကားကို အစွဲပြုသဖြင့်၊ ထိုနေ့ကို ပုရနေ့ဟူ၍ ခေါ်ဝေါ်ကြ၏။ ထိုအမိန့်တော်စာချက်နှင့် ကိုယ်တိုင်တွေ့မြင်သော အမှုကို ထောက်လျက်၊
28Böylece bu günler her ilde, her kentte ve her ailede kuşaktan kuşağa anımsanacak ve kutlanacaktı. Purim günleri Yahudiler için son bulmayacak ve bu günlerin anısı kuşaklar boyu sürecekti.
27ယုဒလူတို့သည် ကိုယ်တိုင်မှစ၍ သားမြေး၊ ဘာသာဝင်သူ အပေါင်းတို့နှင့်တကွ၊ မော်ဒကဲမှာစာ၌ စီရင်ထုံးဖွဲ့သည်အတိုင်း၊ ထိုနေ့ နှစ်ရက်ကိုနှစ်တိုင်း အစဉ်မပြတ်စောင့်မည်အကြောင်း၊
29Avihayilin kızı Kraliçe Ester ve Yahudi Mordekay Purimle ilgili bu ikinci mektubu tam yetkiyle yazıp uygulamaya koydular.
28ထိုပုရနေ့တို့သည် ယုဒအမျိုး၌မပျောက်၊ သားစဉ်မြေးဆက်တို့သည် မမေ့မလျော့၊ အပြည်ပြည် အမြို့မြို့၌ နေသောအဆွေအမျိုးအသီးအသီး အစဉ် အဆက်တို့သည်အောက်မေ့ စောင့်ရှောက်မည်အကြောင်း ဝန်ခံကြ၏။
30Mordekay, Ahaşveroşun egemenliği altındaki yüz yirmi yedi ilde yaşayan Yahudilere esenlik ve güvenlik dilekleriyle dolu mektuplar gönderdi.
29ထိုအခါ အဘိဟဲလသမီး မိဖုရားဧသတာနှင့် ယုဒအမျိုး မော်ဒကဲတို့သည်၊ ပုရနေ့တို့ကို မြဲမြံစွာ တည်စေခြင်းငှါ ကျပ်တည်းစွာ အာဏာထား၍ မှာစာကို တဖန်ရေးထားကြ၏။
31Kraliçe Esterle birlikte daha önce kararlaştırdıkları gibi, Purim günlerini belirlenen tarihte kutlamalarını buyuruyordu. Bu kutlamalara kendilerinin de, soylarından gelenlerin de katılmalarını, oruç tutmada ve ağıt yakmada belirlenen kurallara uymalarını istedi.
30ယုဒအမျိုးသား မော်ဒကဲနှင့် မိဖုရားဧသတာ မှာထား၍၊
32Purim'e ilişkin bu düzenlemeler Ester'in buyruğuyla onaylandı ve kayda geçirildi.
31ယုဒလူတို့သည် ကိုယ်အဘို့နှင့် သားစဉ် မြေးဆက်အဘို့ စီရင်သည်အတိုင်း၊ ချိန်းချက်သော အချိန်၌ အစာရှောင်ခြင်း၊ ဆုတောင်းခြင်းနှင့်တကွ ပုရနေ့တို့ကို အမြဲစောင့်စေခြင်းငှါ၊ အာရွှေရုနိုင်ငံတော် တွင် တိုင်းပြည်တရာနှစ်ဆယ်ခုနစ်ပြည်၌ရှိသော ယုဒလူ အပေါင်းတို့ နေရာသို့ ငြိမ်သက်စေသော သစ္စာစကားနှင့် ထိုမှာစာကို မော်ဒကဲပေးလိုက်လေ၏။
32ဧသတာစီရင်သောအားဖြင့်၊ ပုရနေ့တို့ကို စောင့်ရာ ထုံးစံသည် အမြဲတည်၍ ဤစာ၌ရေးထား လျက်ရှိသတည်း။