Turkish

Myanmar

Exodus

14

1RAB Musaya, ‹‹İsraillilere söyle, dönsünler›› dedi, ‹‹Pi- Hahirot yakınlarında, Migdol ile deniz arasında, Baal-Sefonun karşısında deniz kıyısında konaklasınlar.
1ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့သည် လည်၍၊ ပိဟဟိရုတ်မြို့နား၊
3Firavun şöyle düşünecek: ‹İsrailliler ülkede şaşkın şaşkın dolaşıyorlardır, çöl onları kuşatmıştır.›
2မိဂဒေါလမြို့နှင့် ပင်လယ်စပ်ကြား၊ ဗာလဇေဖုန်မြို့ရှေ့မှာ တပ်ချစေခြင်းငှာ မှာလိုက်လော့။ ထိုမြို့ရှေ့၊ ပင်လယ်ကမ်းနားမှာ တပ်ချရကြမည်။
4Firavunu inatçı yapacağım. Onların peşine düşecek. Böylece firavunla ordusunu yenerek yücelik kazanacağım. Mısırlılar bilecek ki, ben RABbim.›› İsrailliler söyleneni yaptılar.
3အကြောင်းမူကား၊ ဖာရောဘုရင်က၊ ဣသရေလအမျိုးသားတို့သည် ကျဉ်းကျုပ်ရာသို့ ရောက်ကြပြီ။ တောလမ်းပိတ်လျက်ရှိ၏ဟု ဆိုလိမ့်မည်။
5Halkın kaçtığı Mısır Firavununa bildirilince, firavunla görevlileri onlara ilişkin düşüncelerini değiştirdiler: ‹‹Biz ne yaptık?›› dediler, ‹‹İsraillileri salıvermekle kölelerimizi kaybetmiş olduk!››
4ငါသည်လည်း၊ ဖာရောဘုရင်၏ နှလုံးကို ခိုင်မာစေ၍၊ သူသည် ဣသရေလတို့ကို လိုက်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တုလူတို့သည် သိစေခြင်းငှာ၊ ထိုမင်းနှင့် သူ၏စစ်သူရဲအလုံးအရင်း အားဖြင့် ငါ့ဘုန်းပွင့်လိမ့်မည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊ ထိုသူတို့သည် ပြုကြ၏။
6Firavun savaş arabasını hazırlattı, ordusunu yanına aldı.
5ထိုလူတို့ထွက်ပြေးကြောင်းကို၊ အဲဂုတ္တုရှင်ဘုရင်အား ကြားရှောက်သဖြင့်၊ သူမှစ၍ ကျွန်များတို့သည် မနာလိုသောစိတ် ဖောက်ပြန်လျှင်၊ ငါတို့သည် ဤသို့ပြု၍ ဣသရေလလူတို့ကို ငါတို့စေခိုင်းရာမှ အဘယ်ကြောင့် လွှတ်ရသနည်းဟု ပြောဆိုကြ၏။
7Seçme altı yüz savaş arabasının yanısıra, Mısırın bütün savaş arabalarını sorumlu sürücüleriyle birlikte yanına aldı.
6ထိုအခါ ဖာရောဘုရင်သည်၊ ရထားတော်ကို ပြင်၍၊ မိမိလူအပေါင်းတို့ကို ခေါ်လေ၏။
8RAB Mısır Firavununu inatçı yaptı. Firavun zafer havası içinde ilerleyen İsraillilerin peşine düştü.
7ရွေးသော ရထားခြောက်ရာ၊ အဲဂုတ္တုမြင်းစီးသူရဲအပေါင်းနှင့်တကွ၊ ဗိုလ်မင်းအသီးအသီးတို့ကို ခေါ်ယူလေ၏။
9Mısırlılar firavunun bütün atları, savaş arabaları, atlıları, askerleriyle onların ardına düştüler ve deniz kıyısında, Pi-Hahirot yakınlarında, Baal-Sefonun karşısında konaklarken onlara yetiştiler.
8ထာဝရဘုရားသည်၊ ဖာရောဘုရင်၏ နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ သူသည် ဣသရေလအမျိုးသား တို့ကို လိုက်လေ၏။ သို့သော်လည်း၊ ဣသရေလလူတို့သည် ဝါကြွားသောအခြင်းအရာနှင့် ထွက်သွားကြ၏။
10Firavun yaklaşırken, İsrailliler Mısırlıların arkalarından geldiğini görünce dehşete kapılarak RABbe feryat ettiler.
9ထိုသို့ ဖာရောဘုရင်၏ မြင်းတော်၊ ရထားတော်၊ မြင်းစီးသူရဲဗိုလ်ပါ၊ အဲဂုတ္တုလူအပေါင်းတို့သည် လိုက်၍ ပိဟဟိရုတ်မြို့နား၊ ဗာလဇေဖုန်မြို့ရှေ့၌ ပင်လယ်ကမ်းနားမှာ တပ်ချလျက်နေသော ဣသရေလလူတို့ကို မှီကြ၏။
11Musaya, ‹‹Mısırda mezar mı yoktu da bizi çöle ölmeye getirdin?›› dediler, ‹‹Bak, Mısırdan çıkarmakla bize ne yaptın!
10ဖာရောဘုရင်သည် ချဉ်းလာသောအခါ၊ ဣသရေလအမျိုးသားတို့သည် မြော်ကြည့်၍၊ အဲဂုတ္တုလူတို့ စစ်ချီလာကြောင်းကို မြင်လျှင်၊ အလွန်ကြောက်လန့်၍ ထာဝရဘုရားအား အော်ဟစ်ကြ၏။
12Mısırdayken sana, ‹Bırak bizi, Mısırlılara kulluk edelim› demedik mi? Çölde ölmektense Mısırlılara kulluk etsek bizim için daha iyi olurdu.››
11မောရှေကိုလည်း၊ အဲဂုတ္တုပြည်၌ သင်္ချိုင်းမရှိသောကြောင့်၊ ဤတော၌ သေစေခြင်းငှာ ငါတို့ကို ဆောင်ခဲ့သလော။ ငါတို့ကို ဤသို့ပြု၍၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။
13Musa, ‹‹Korkmayın!›› dedi, ‹‹Yerinizde durup bekleyin, RAB bugün sizi nasıl kurtaracak görün. Bugün gördüğünüz Mısırlıları bir daha hiç görmeyeceksiniz.
12ငါတို့သည် အဲဂုတ္တုလူတို့ထံ၌ အစေကျွန်ခံနေလျက် ရှိကြပါစေဟု အဲဂုတ္တုပြည်၌ ငါတို့ပြောရာတွင်၊ ဤအမှုကို ရည်ဆောင်၍ ပြောသည်မဟုတ်လော။ ငါတို့သည် ဤတော၌ သေရသည်ထက်၊ အဲဂုတ္တုလူတို့ထံ၌ အစေကျွန်ခံလျှင် သာ၍ကောင်းသည်ဟု ဆိုကြ၏။
14RAB sizin için savaşacak, siz sakin olun yeter.››
13မောရှေကလည်း မစိုးရိမ်ကြနှင့်။ ငြိမ်ဝပ်စွာရပ်နေကြ။ ထာဝရဘုရားသည်၊ ယနေ့ပြတော်မူသော ကယ်တင်ခြင်းကို ကြည့်ရှုကြလော့။ သင်တို့သည် ယနေ့မြင်သော အဲဂုတ္တုလူတို့ကို၊ နောက်တဖန် အလျှင်းမမြင်ရကြ။
15RAB Musaya, ‹‹Niçin bana feryat ediyorsun?›› dedi, ‹‹İsraillilere söyle, ilerlesinler.
14သင်တို့ဘက်၌ ထာဝရဘုရားသည် စစ်တိုက်တော်မူလိမ့်မည်။ သင်တို့သည် ငြိမ်ဝပ်စွာနေရကြမည်ဟု လူများတို့အား ဆို၏။
16Sen değneğini kaldır, elini denizin üzerine uzat. Sular yarılacak ve İsrailliler kuru toprak üzerinde yürüyerek denizi geçecekler.
15ထာဝရဘုရားကလည်း၊ အဘယ်ကြောင့် ငါ့ကို အော်ဟစ်သနည်း။ ဣသရေလအမျိုးသားတို့သည် တက်သွားစေခြင်းငှာ မှာလိုက်လော့။
17Ben Mısırlıları inatçı yapacağım ki, artlarına düşsünler. Firavunu, bütün ordusunu, savaş arabalarını, atlılarını yenerek yücelik kazanacağım.
16သင်မူကား၊ လှံတံကို ချီပြီးလျှင်၊ ပင်လယ်ပေါ်မှာ လက်ကိုဆန့်၍ ပင်လယ်ရေကို ခွဲလော့။ ဣသရေလ အမျိုးသားတို့သည် ပင်လယ်အလယ်၌ မြေပေါ်မှာ ရှောက်သွားရကြမည်။
18Firavun, savaş arabaları ve atlılarından ötürü yücelik kazandığım zaman, Mısırlılar bilecek ki, ben RABbim.››
17ငါသည်လည်း အဲဂုတ္တုလူတို့၏ နှလုံးကို ခိုင်မာစေသဖြင့်၊ သူတို့သည် လိုက်ကြလိမ့်မည်။ ဖာရောဘုရင်နှင့် သူ၏ဗိုလ်ခြေ၊ ရထား၊ မြင်းစီးသူရဲများအားဖြင့် ငါ့ဘုန်းပွင့်လိမ့်မည်။
19İsrail ordusunun önünde yürüyen Tanrının meleği yerini değiştirip arkaya geçti. Önlerindeki bulut sütunu da yerini değiştirip arkalarına, Mısır ve İsrail ordularının arasına geldi. Gece boyunca bulut bir yanı karartıyor, öbür yanı aydınlatıyordu. Bu yüzden, bütün gece iki taraf birbirine yaklaşamadı.
18ထိုသို့ ဖာရောဘုရင်နှင့် သူ၏ရထားများ၊ မြင်းစီးသူရဲများအားဖြင့် ငါ့ဘုန်းပွင့်သောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို၊ အဲဂုတ္တုလူတို့သည် သိရကြလိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။
21Musa elini denizin üzerine uzattı. RAB bütün gece güçlü doğu rüzgarıyla suları geri itti, denizi karaya çevirdi. Sular ikiye bölündü,
19ထိုအခါ ဣသရေလတပ်ရှေ့မှာသွားသော ဘုရားသခင်၏ ကောင်းကင်တမန်သည် နောက်၌ လိုက်သဖြင့်၊ မိုဃ်းတိမ်တိုင်သည် သူတို့ရှေ့ကရွှေ့၍ နောက်၌ ရပ်နေလေ၏။
22İsrailliler kuru toprak üzerinde yürüyerek denizi geçtiler. Sular sağlarında, sollarında onlara duvar oluşturdu.
20ထိုသို့ အဲဂုတ္တုတပ်နှင့် ဣသရေလတပ်စပ်ကြားသို့ ရောက်လျှင်၊ အဲဂုတ္တုလူတို့၌ မိုက်သော မိုဃ်းတိမ် ဖြစ်၍၊ ဣသရေလလူတို့အား အလင်းကို ပေးလျက်နေသဖြင့်၊ တညဉ့်လုံး တပ်တဦးနှင့်တဦး မချဉ်းနိုင်ရာ။
23Mısırlılar artlarından geliyordu. Firavunun bütün atları, savaş arabaları, atlıları denizde onları izliyordu.
21မောရှေသည် ပင်လယ်ပေါ်မှာ လက်ကိုဆန့်၍၊ ထာဝရဘုရားသည် တညဉ့်လုံး၌ အားကြီးသော အရှေ့လေအားဖြင့် ပင်လယ်ရေကို လှန်ပြန်၍၊ မြေကို ပေါ်စေတော်မူသည်နှင့်၊ ရေသည် ကွဲပြတ်လျက်ရှိ၏။
24Sabah nöbetinde RAB ateş ve bulut sütunundan Mısır ordusuna baktı ve onları şaşkına çevirdi.
22ဣသရေလအမျိုးသားတို့သည် ပင်လယ်အလယ်၌ မြေပေါ်မှာ ရှောက်သွားကြ၍၊ ရေသည် သူတို့ လက်ျာဘက်၊ လက်ဝဲဘက်မှာ ကျောက်ထရံကဲ့သို့ ရှိနေ၏။
25Arabalarının tekerleklerini çıkardı; öyle ki, arabalarını zorlukla sürdüler. Mısırlılar, ‹‹İsraillilerden kaçalım!›› dediler, ‹‹Çünkü RAB onlar için bizimle savaşıyor.›› ‹‹Çamura saplanmasını sağladı›› anlamına da gelebilir.
23အဲဂုတ္တုလူများ၊ ဖာရောဘုရင်၌ပါသော မြင်း၊ ရထား၊ မြင်းစီးသူရဲအပေါင်းတို့သည်၊ ပင်လယ်အလယ်သို့ လိုက်ဝင်ကြ၏။
26RAB Musaya, ‹‹Elini denizin üzerine uzat›› dedi, ‹‹Sular Mısırlıların, savaş arabalarının, atlılarının üzerine dönsün.››
24နံနက်ယံ၌ ထာဝရဘုရားသည် မီးမိုဃ်းတိမ်တိုင်အားဖြင့် အဲဂုတ္တုတပ်ကို ကြည့်ရှု၍ နှောင့်ရှက်တော်မူ၏။
27Musa elini denizin üzerine uzattı. Sabaha karşı deniz olağan haline döndü. Mısırlılar sulardan kaçarken RAB onları denizin ortasında silkip attı.
25သူတို့ရထား အသွားခက်စေခြင်းငှာ ရထားဘီးများကို ချို့တဲ့စေတော်မူ၏။ အဲဂုတ္တုလူတို့ကလည်း၊ ဣသရေလလူတို့ထံမှ ပြေးကြစို့။ ထာဝရဘုရားသည် သူတို့ဘက်၊ အဲဂုတ္တုလူတို့တဘက်၌ စစ်တိုက်သည်ဟု ပြောဆိုကြ၏။
28Geri dönen sular savaş arabalarını, atlıları, İsraillilerin peşinden denize dalan firavunun bütün ordusunu yuttu. Onlardan bir kişi bile sağ kalmadı.
26ထာဝရဘုရားကလည်း၊ ပင်လယ်ရေသည် အဲဂုတ္တုလူများ၊ ရထားများ၊ မြင်းစီးသူရဲများတို့အပေါ်သို့ ပြန်စေခြင်းငှာ၊ ပင်လယ်အပေါ်မှာ လက်ကိုဆန့်လော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
29Ama İsrailliler denizi kuru toprakta yürüyerek geçmişlerdi. Sular sağlarında, sollarında onlara duvar oluşturmuştu.
27မိုဃ်းလင်းသောအခါ၊ မောရှေသည် လက်ကို ပင်လယ်ပေါ်မှာ ဆန့်သဖြင့်၊ ပင်လယ်ရေသည် အားကြီး၍ ပြန်လာသည်ကို၊ အဲဂုတ္တုလူတို့သည် ပြေးကြသော်လည်း၊ ထာဝရဘုရားသည် သူတို့ကို ပင်လယ် အလယ်၌ လှဲတော်မူ၏။
30RAB o gün İsraillileri Mısırlıların elinden kurtardı. İsrailliler deniz kıyısında Mısırlıların ölülerini gördüler.
28ထိုသို့ ပင်လယ်ရေသည် ပြန်လာ၍၊ ပင်လယ်ထဲသို့ လိုက်ဝင်သော ဖာရောဘုရင်၏ ရထား၊ မြင်းစီးသူရဲ၊ ဗိုလ်ခြေအပေါင်းတို့ကို လွှမ်းမိုးသဖြင့်၊ တစုံတယောက်မျှ မကျန်ရစ်ရ၊
31RAB'bin Mısırlılar'a gösterdiği büyük gücü gören İsrail halkı RAB'den korkup O'na ve kulu Musa'ya güvendi.
29ဣသရေလအမျိုးသားတို့မူကား၊ ပင်လယ်အလယ်၌ မြေပေါ်မှာရှောက်သွား၍၊ ရေသည် သူတို့လက်ျာ ဘက်၊ လက်ဝဲဘက်မှာ ကျောက်ထရံကဲ့သို့ ရှိနေ၏။
30ထိုသို့ ထာဝရဘုရားသည် ထိုနေ့၌ ဣသရေလလူတို့ကို၊ အဲဂုတ္တုလူတို့လက်မှ ကယ်လွှတ်တော်မူသဖြင့်၊ ပင်လယ်ကမ်းနားမှာ အဲဂုတ္တုလူ အသေကောင်တို့ကို မြင်ရကြ၏။
31ထိုသို့ အဲဂုတ္တုလူတို့၌ ထာဝရဘုရားပြုတော်မူသောအမှုကြီးကို၊ ဣသရေလလူတို့သည် မြင်၍၊ ထာဝရဘုရားကို ကြောက်ရွံ့ကြ၏။ ထာဝရဘုရားနှင့် ကိုယ်တော်၏ ကျွန်မောရှေကို ယုံကြည်ကြ၏။