Turkish

Myanmar

Exodus

23

1‹‹Yalan haber taşımayacaksınız. Haksız yere tanıklık ederek kötü kişiye yan çıkmayacaksınız.
1သင်သည် မှားသော သိတင်းစကားကို မကြားမပြောရ။ မတရားသောသူတို့နှင့် ဝိုင်းညီ၍ မမှန်သော သက်သေကို မခံရ။
2‹‹Kötülük yapan kalabalığı izlemeyeceksiniz. Bir davada çoğunluktan yana konuşarak adaleti saptırmayacaksınız.
2လူများနောက်သို့ လိုက်၍ မတရားသဖြင့် မပြုရ။ တရားတွေ့သည်အမှုမှာ ကြီးသောသူဘက်၌ နေ၍၊ တရားလမ်းမှ လွဲစေခြင်းငှါ မပြောရ။
3Duruşmada yoksulu kayırmayacaksınız.
3ဆင်းရဲသောသူဘက်၌လည်း မငဲ့ကွက်ရ။
4‹‹Düşmanınızın yolunu şaşırmış öküzüne ya da eşeğine rastlarsanız, onu kendisine geri götüreceksiniz.
4သင်သည် ရန်သူ၏မြင်းနွား လမ်းလွဲသည်ကို တွေ့မြင်လျှင်၊ အမှန်ပြန်ပို့ရမည်။
5Sizden nefret eden kişinin eşeğini yük altında çökmüş görürseniz, kendi haline bırakıp gitmeyecek, ona yardımcı olacaksınız.
5သင့်ကို မုန်းသော သူ၏မြည်းသည်၊ မိမိဆောင်ရွက်သော ဝန်အောက်မှာ လဲနေသည်ကို တွေ့မြင်လျှင်၊ မ မစဘဲ နေနိုင်သလော။ အမှန်ဝိုင်းညီ၍ မစရမည်။
6‹‹Duruşmada yoksula karşı adaleti saptırmayacaksınız.
6သင်၌ ဆင်းရဲသော သူသည် တရားတွေ့သောအခါ၊ သူ့ကို မတရားသဖြင့် မစီရင်ရ။
7Yalandan uzak duracak, suçsuz ve doğru kişiyi öldürmeyeceksiniz. Çünkü ben kötü kişiyi aklamam.
7မဟုတ်မမှန်သော အမှုကို ရှောင်ရမည်။ အပြစ်မရှိသောသူ၊ ဖြောင့်မတ်သောသူကို မကွပ်မျက်ရ။ အကြောင်းမူကား၊ ငါသည် မတရားသော သူကို အပြစ်မလွှတ်။
8‹‹Rüşvet almayacaksınız. Çünkü rüşvet göreni kör eder, haklıyı haksız çıkarır.
8သင်သည် တံစိုးမစားရ။ တံစိုးသည် ပညာရှိတို့၏မျက်စိကို ကွယ်စေ၍၊ ဖြောင့်မတ်သောသူတို့၏ စကားကို လွဲစေတတ်၏။
9‹‹Yabancıya baskı yapmayacaksınız. Yabancılığın ne olduğunu bilirsiniz. Çünkü siz de Mısırda yabancıydınız.
9တကျွန်းတနိုင်ငံသားဖြစ်သော ဧည့်သည်ကို မညှဉ်းဆဲရ။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ခဲ့ ဘူးသောကြောင့်၊ ဧည့်သည်၏စိတ်သဘောကို သိကြ၏။
10‹‹Toprağınızı altı yıl ekecek, ürününü toplayacaksınız.
10ခြောက်နှစ်ပတ်လုံး လယ်လုပ်၍ အသီးကို သိမ်းရမည်။
11Ama yedinci yıl nadasa bırakacaksınız; öyle ki, halkınızın arasındaki yoksullar yiyecek bulabilsin, onlardan artakalanı da yabanıl hayvanlar yesin. Bağınıza ve zeytinliğinize de aynı şeyi yapın.
11သတ္တမနှစ်တွင် လယ်ကို မလုပ်ဘဲ အလွတ်ထားရမည်။ သို့ပြုလျှင် ဆင်းရဲသောအမျိုးသားချင်းတို့သည်၊ စားရသောအခွင့် ရှိလိမ့်မည်။ ကြွင်းသောအရာကိုလည်း၊ မြေတိရစ္ဆာန်တို့သည် စားရကြလိမ့်မည်။ ထိုနည်းတူ၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်ကိုလည်း ပြုရမည်။
12‹‹Altı gün çalışacak, yedinci gün dinleneceksiniz. Böylece hem öküzünüz, eşeğiniz dinlenir, hem de kadın kölenizin oğulları ve yabancılar rahat eder.
12ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေရမည်။ သို့ပြုလျှင် သင်၏နွား မြည်းတို့သည် ငြိမ်ဝပ်စွာ နေရသောအခွင့် ရှိလိမ့်မည်။ သင်၏ ငယ်သားများ၊ ဧည့်သည်များတို့လည်း သက်သာရ ကြလိမ့်မည်။
13‹‹Söylediğim her şeyi yerine getirin. Başka ilahların adını anmayın, ağzınıza almayın.››
13ငါပညတ်သမျှတို့၌ သတိပြုကြလော့။ အခြားသောဘုရား၏ နာမကို မမြွက်မဆိုနှင့်။ သင်၏နှုတ်ထဲက မြွက်သံကို သူတပါးမကြားစေနှင့်။
14‹‹Yılda üç kez bana bayram yapacaksınız.
14တနှစ်တွင် သုံးကြိမ် ငါ့အဘို့ ပွဲခံရမည်။ ငါမှာထားခဲ့ပြီးသည်အတိုင်း၊ အဗိဗလချိန်းချက်သော နေ့ရက်အချိန်၌ အဇုမပွဲကိုခံ၍၊ ခုနစ်ရက် ပတ်လုံး တဆေးမဲ့သောမုန့်ကို စားရမည်။
15Size buyurduğum gibi, Aviv ayının belirli günlerinde yedi gün mayasız ekmek yiyerek Mayasız Ekmek Bayramını kutlayacaksınız. Çünkü Mısırdan o ay çıktınız. ‹‹Kimse huzuruma eli boş çıkmasın.
15ငါမှာထားခဲ့ပြီးသည်အတိုင်း၊ အဗိဗလ ချိန်းချက်သော နေ့ရက်အချိန၌ အဇုမပွဲကိုခံ၍၊ ခုနစ်ရက်ပတ်လုံး တဆေးမဲ့သော မုန့်ကို စားရမည်။ အကြောင်းမူကား၊ ထိုလတွင် သင်သည် အဲဂုတ္တုပြည်က ထွက်လာသတည်း။ ထိုပွဲကို ခံစဉ် ငါ့ထံသို့ အဘယ်သူမျှ လက်ချည်းမပေါ်မလာရ။
16‹‹Tarlaya ektiğiniz ürünleri biçtiğinizde ilk ürünlerle Hasat Bayramını kutlayacaksınız. ‹‹Yıl sonunda tarladan ürünlerinizi topladığınızda Ürün Devşirme Bayramını kutlayacaksınız.
16လယ်လုပ်၍ အသီးအနှံကို သိမ်းစရှိသည်ကာလ၊ သိမ်းပွဲကို၎င်း၊ လယ်လုပ်၍ အသီးအနှံကို သိုထားသည်ကာလ၊ နှစ်လဲသောအခါ၊ သိုထားပွဲကို၎င်း ခံရမည်။
17‹‹Bütün erkekleriniz yılda üç kez ben Egemen RABbin huzuruna çıkacaklar.
17သင်တို့တွင် ယောက်ျားအပေါင်းတို့သည်၊ တနှစ်လျှင်သုံးကြိမ် ထာဝရအရှင်ဘုရားသခင့် ရှေ့တော်၌ မျက်နှာပြရကြမည်။
18‹‹Evinizde maya bulunduğu sürece bana kurban kesmeyeceksiniz. ‹‹Bayramda bana kurban edilen hayvanın yağı sabaha bırakılmamalı.
18ငါ့ယဇ်ကောင်၏ အသွေးကို၊ တဆေးပါသောမုန့်နှင့် ရော၍ မပူဇော်ရ။ ငါ့ယဇ်ကောင် ဆီဥကို နံနက်တိုင်အောင် မကြွင်းစေရ။
19‹‹Toprağınızın seçme ilk ürünlerini Tanrınız RABbin Tapınağına getireceksiniz. ‹‹Oğlağı anasının sütünde haşlamayacaksınız.››
19သင်၏မြေ၌ အဦးသီးသော အသီးအနှံ အကောင်းဆုံးကို၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ထဲသို့ ဆောင်သွင်းရမည်။ ဆိတ်သငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ။
20‹‹Yolda sizi koruması, hazırladığım yere götürmesi için önünüzden bir melek gönderiyorum.
20ကြည့်ရှုလော့။ လမ်းခရီး၌ သင့်ကို စောင့်ရှောက်၍၊ ငါပြင်ဆင်နှင့်သောအရပ်သို့ ပို့စေခြင်းငှာ၊ ကောင်းကင်တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏။
21Ona dikkat edin, sözünü dinleyin, başkaldırmayın. Çünkü beni temsil ettiği için başkaldırınızı bağışlamaz.
21ထိုတမန်ကို ရိုသေစွာပြုလော့။ စကားတော်ကို နားထောင်လော့။ အာဏာတော်ကို မဆန်နှင့်။ သင်တို့ပြစ်မှားသောအပြစ်ကို သူသည် မလွှတ်။ ငါ့နာမသည် သူ၌တည်ရှိ၏။
22Ama onun sözünü dikkatle dinler, bütün söylediklerimi yerine getirirseniz, düşmanlarınıza düşman, hasımlarınıza hasım olacağım.
22အကယ်စင်စစ် သင်သည် သူ့စကားကို နားထောင်၍ ငါပညတ်သမျှအတိုင်းပြုလျှင်၊ သင်၏ ရန်သူတို့ကို ငါသည် ရန်ဘက်ပြုမည်။ သင့်ကို ဆီးတားသောသူတို့ကိုလည်း ငါဆီးတားမည်။
23Meleğim önünüzden gidecek, sizi Amor, Hitit, Periz, Kenan, Hiv ve Yevus topraklarına götürecek. Onları yok edeceğim.
23ငါ့တမန်သည် သင့်ရှေ့၌သွား၍ သင့်ကို အာမောရိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ခါနနိလူ၊ ဂိရဂါရှိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ရှိရာသို့ ဆောင်သွင်း၍၊ သူတို့ကို ပယ်ရှင်းမည်။
24Onların ilahları önünde eğilmeyecek, tapınmayacaksınız; törelerini izlemeyeceksiniz. Tersine, ilahlarını yok edecek, dikili taşlarını büsbütün parçalayacaksınız.
24သူတို့ဘုရားများကို ဦးမချဝတ်မပြုရ။ သူတို့ဘာသာအတိုင်း မကျင့်ရ။ သူတို့ကို အကုန်အစင် မှောက်လှဲ၍၊ ရုပ်တုဆင်းတုများကိုလည်း ရှင်းရှင်းဖြိုဖျက်ရမည်။
25Tanrınız RABbe tapacaksınız. Ekmeğinizi, suyunuzu bereketli kılacak, aranızdaki hastalıkları yok edeceğim.
25သင်တို့၏ဘုရားသခင် ထာဝရဘုရားကို ဝတ်ပြုရမည်။ သင်၏မုန့်ကို၎င်း၊ ရေကို၎င်း၊ ကောင်းကြီးပေး တော်မူမည်။ အနာရောဂါကိုလည်း သင်၏အထဲက နှုတ်ယူပယ်ရှားတော်မူမည်။
26Ülkenizde kısır ve çocuk düşüren kadın olmayacak. Size uzun ömür vereceğim.
26သင်၏ပြည်တွင် ကိုယ်ဝန်ပျက်သော သတ္တဝါ၊ မြုံသောသတ္တဝါနှင့် ကင်းလွတ်လိမ့်မည်။ သင်၏အသက်တန်းကို ငါစုံလင်စေမည်။
27‹‹Dehşetimi önünüzden gönderecek, karşılaşacağınız bütün halkları şaşkına çevireceğim. Düşmanlarınız önünüzden kaçacak.
27ငါ့ကိုကြောက်တတ်သော သဘောကို သင့်ရှေ့သို့ ငါစေလွှတ်၍၊ သင်ရောက်လေရာရာအရပ်၌ ခပ်သိမ်းသောလူမျိုးကို ငါဖျက်ဆီးမည်။ သင်၏ရန်သူအပေါင်းတို့ကို နောက်သို့ လှည့်စေမည်။
28Hivlileri, Kenanlıları, Hititleri önünüzden kovmaları için önünüzsıra eşekarısıfü göndereceğim.
28ပျားတူများကိုလည်း သင့်ရှေ့သို့ ငါစေလွှတ်၍၊ သူတို့သည် ဟိဝိလူ၊ ခါနနိလူ၊ ဟိတ္တိလူတို့ကို သင့်ရှေ့မှာ နှင်ထုတ်ကြလိမ့်မည်။
29Ama onları bir yıl içinde kovmayacağım. Yoksa ülke viran olur, yabanıl hayvanlar çoğaldıkça çoğalır, sayıları sizi aşar.
29ထိုလူများကို တနှစ်ခြင်းတွင် သင့်ရှေ့မှာ ငါမနှင်ထုတ်။ သို့ပြုလျှင် ပြည်သည် လူဆိတ်ညံ၍ သားရဲသည် သင့်တဘက်၌ များပြားလိမ့်မည်။
30Siz çoğalıncaya, toprağı yurt edininceye dek onları azar azar kovacağım. bilinmiyor. Dehşet ya da bir çeşit hastalık anlamına da gelebilir.
30သင်သည် တိုးပွား၍ တပြည်လုံးကို ဝင်စားသည်တိုင်အောင်၊ သူတို့ကို သင့်ရှေ့မှာ ဖြည်းဖြည်းငါနှင် ထုတ်မည်။
31‹‹Sınırlarınızı Kızıldenizden Filist Denizine, çölden Fırat Irmağına kadar genişleteceğim. Ülke halkını elinize teslim edeceğim. Onları önünüzden kovacaksınız.
31သင့်နေရာ နယ်အပိုင်းအခြားကို၊ ဧဒုံပင်လယ်မှသည် ဖိလိတ္တိပင်လယ်တိုင်အောင်၎င်း၊ တောမှသည် မြစ်တိုင်အောင်၎င်း ငါမှတ်သားမည်။ ထိုအရပ်သားများကို သင့်လက်သို့ ငါအပ်၍၊ သင်သည် နှင်ထုတ်ရလိမ့် မည်။
32Onlarla ya da ilahlarıyla antlaşma yapmayacaksınız.
32သူတို့နှင့်၎င်း၊ သူတို့ဘုရားများနှင့်၎င်း၊ သင်သည် မိဿဟာယမဖွဲ့ရ။
33Onları ülkenizde barındırmayacaksınız. Yoksa bana karşı günah işlemenize neden olurlar. İlahlarına taparsanız, size tuzak olur.››
33သင်သည် ငါ့ကို ပြစ်မှားစေခြင်းငှာ၊ သူတို့သည် ပြုမည်ကို စိုးရိမ်စရာရှိသောကြောင့်၊ သူတို့သည် သင့်ပြည်၌ မနေရကြ။ သင်သည် သူတို့ဘုရားကို ဝတ်ပြုလျှင်၊ ထိမိ၍ လဲစရာအကြောင်းအမှန် ဖြစ်လိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။