Turkish

Myanmar

Exodus

26

1‹‹Tanrının Konutunu on perdeden yap. Perdeler lacivert, mor, kırmızı iplikle özenle dokunmuş ince ketenden olsun, üzeri Keruvlarla ustaca süslensin.
1တနည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်ဖြင့် ပြီးသော ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော၊ ပိတ်ချောကုလားကာဆယ်ထည်ဖြင့် တဲတော်ကို လုပ်ရမည်။
2Her perdenin boyu yirmi sekiz, eni dört arşın olmalı. Bütün perdeler aynı ölçüde olacak.
2ကုလားကာသည် အလျားနှစ်ဆယ်ရှစ်တောင်၊ အနံလေးတောင်ရှိ၍၊ ကုလားကာချင်း အလျားအနံ တူရမည်။
3Perdeler beşer beşer birbirine eklenerek iki takım perde yapılacak.
3ကုလားကာငါးထည်စီ တစပ်တည်းချုပ်ရမည်။
4Birinci takımın kenarına lacivert ilmekler aç. Öbür takımın kenarına da aynı şeyi yap.
4ကုလားကာတထည်ပြင်ဘက်မှာ၊ ကုလားကာနားချင်းဆက်မှီရာ၌ ကွင်းများကို ပြာသောအထည်နှင့် လုပ်ရမည်။ အခြားသော ကုလားကာ ပြင်ဘက်မှာ၊ ကုလားကာနားချင်း ဆက်မှီရာ၌လည်း ထိုအတူလုပ်ရမည်။
5Birinci takımın ilk perdesiyle ikinci takımın son perdesine ellişer ilmek aç. İlmekler birbirine karşı olmalı.
5ကုလားကာတထည်၌ ကွင်းငါးဆယ်ကို၎င်း၊ အခြားသောကုလားကာ အနားဆက်မှီရာ၌ ကွင်းငါးဆယ် ကို၎င်း၊ ကွင်းချင်းဆိုင်မိအောင် လုပ်ရမည်။
6Elli altın kopça yap, perdeleri kopçalayarak çadırı birleştir. Böylece konut tek parça haline gelecek.
6ရွှေချောင်းငါးဆယ်ကိုလည်း လုပ်၍၊ ထိုရွှေချောင်းဖြင့် ကုလားကာများကို ပူးတွဲသဖြင့်၊ တဲတော် တဆောင်တည်း ဖြစ်ရမည်။
7‹‹Konutun üstünü kaplayacak çadır için keçi kılından on bir perde yap.
7တဲတော်ဖုံးအုပ်ဘို့ အခြားသော ကုလားကာဆယ်တထည်ကို ဆိတ်မွေးနှင့် လုပ်ရမည်။
8Her perdenin boyu otuzfı, eni dört arşın olacak. On bir perde de aynı ölçüde olmalı.
8ကုလားကာသည် အလျားအတောင်သုံးဆယ်၊ အနံလေးတောင်ရှိ၍၊ ကုလားကာ ဆယ်တထည်တို့သည် အလျားအနံချင်းတူရမည်။
9Beş perde birbirine, altı perde birbirine birleştirilecek. Altıncı perdeyi çadırın önünde katla.
9ကုလားကာငါးထည် တစပ်၊ ခြောက်ထည် တစပ်တည်း ချုပ်၍၊ ဆဌမကုလားကာကို တဲတော်ဦး၌ ခေါက်ထားရမည်။
10Her iki perde takımının kenarlarına ellişer ilmek aç.
10ကုလားကာများ ဆက်မှီရာ၌၊ ပြင်ဘက်ကနေသော ကုလားကာတထည်အနားမှာ၊ ကွင်းငါးဆယ်ကို ၎င်း၊ ဆက်မှီသော အခြားကုလားကာအနားမှာ၊ ကွင်းငါးဆယ်ကို၎င်း လုပ်ရမည်။
11Elli tunç kopça yap, kopçaları ilmeklere geçir ki, çadır tek parça haline gelsin.
11ကြေးဝါချောင်း ငါးဆယ်ကိုလည်း လုပ်၍၊ ကွင်းတို့၌ လျှိုပြီးလျှင်၊ အပေါ်တဲတပိုင်းနှင့် တပိုင်း ပူးတွဲသဖြင့်၊ တဲတဆောင်တည်း ဖြစ်ရမည်။
12Çadırın perdelerinden artan yarım perde konutun arkasından sarkacak.
12ထိုအပေါ်တဲ၌ ပိုသော ကုလားကာ တဝက်ကိုကား၊ တဲတော်နောက်ဖေးမှာ တွဲလွဲဆွဲထားရမည်။
13Perdelerin uzun kenarlarından artan kumaş çadırın yanlarından birer arşın sarkarak konutu örtecek.
13အပေါ်တဲ၌ပိုသော ကုလားကာ အလျားနှစ်တောင်တွင်၊ တဲတော်ဖုံးအုပ်ဘို့ တဘက်တချက် တတောင်စီ တွဲလွဲဆွဲထားရမည်။
14Çadır için kırmızı boyalı koç derilerinden bir örtü, onun üstüne de deriden başka bir örtü yap.
14အပေါ်တဲဖုံးအုပ်ဘို့ အနီးဆုံးသောသိုးရေကို၎င်း၊ ထိုသိုးရေအပေါ်၌ တဟာရှသားရေကို၎င်း လုပ်ရမည်။
15‹‹Konut için akasya ağacından dikine çerçeveler yap.
15တဲတော်ကာရန်ထောင်ထားရသော အကာရှပျဉ်ပြားတို့ကိုလည်း လုပ်ရမည်။
16Her çerçevenin boyu on, eni bir buçuk arşın olacak.
16ပျဉ်ပြားသည် အလျားဆယ်တောင်၊ အနံတတောင်ထွာ ရှိရမည်။
17Çerçevelerin birbirine uyan iki paralel çıkıntısı olacak. Konutun bütün çerçevelerini aynı biçimde yapacaksın.
17ထိုပျဉ်ပြားရှိသမျှတို့၌ ခြေထောက်နှစ်ခုစီ တတန်းတည်းရှိစေခြင်းငှာ လုပ်ရမည်။
18Konutun güneyi için yirmi çerçeve yap.
18တဲတော်တောင်ဘက်၌ ကာရန်ပျဉ်ပြား နှစ်ဆယ်ကို လုပ်ရမည်။
19Her çerçevenin altında iki çıkıntı için birer taban olmak üzere, yirmi çerçevenin altında kırk gümüş taban yap.
19ထိုပျဉ်ပြားနှစ်ဆယ်တွင်၊ တပြားတပြားအောက်၌ ခြေထောက်နှစ်ခုစီစွပ်စရာဘို့ ငွေခြေစွပ် လေးဆယ်ကို လုပ်ရမည်။
20Konutun öbür yanı, yani kuzeyi için de yirmi çerçeve ve her çerçevenin altında iki taban olmak üzere kırk gümüş taban yap.
20ထိုအတူ တဲတော်မြောက်ဘက်၌ ကာရန်ပျဉ်ပြား နှစ်ဆယ်ရှိရမည်။
22Konutun batıya bakacak arka tarafı için altı çerçeve yap.
21ထိုပျဉ်ပြား၌လည်း ငွေခြေစွပ်လေးဆယ်၊ တပြားနှစ်ခုစီရှိရမည်။
23Arkada konutun köşeleri için iki çerçeve yap.
22တဲတော်အနောက်ဘက်၌ ကာရန် ပျဉ်ပြားခြောက်ပြားကို၎င်း၊
24Bu köşe çerçevelerinin alt tarafı ayrı kalacak, üst tarafı ise birinci halkayla birleştirilecek. İki köşeyi oluşturan iki çerçeve aynı biçimde olacak.
23ထောင့်တဘက်တချက်၌ ကာရန် ပျဉ်ပြားနှစ်ပြားကို၎င်း လုပ်ရမည်။
25Böylece sekiz çerçeve ve her çerçevenin altında iki taban olmak üzere on altı gümüş taban olacak.
24အထက်၌၎င်း၊ အောက်၌၎င်း၊ ကွင်းကိုတပ်၍ စေ့စပ်လျက် ထောင့်နှစ်ခုကို ပြီးစေရမည်။
26‹‹Konutun bir yanındaki çerçeveler için beş, öbür yanındaki çerçeveler için beş, batıya bakan arka tarafındaki çerçeveler için de beş olmak üzere akasya ağacından kirişler yap.
25ပျဉ်ပြားရှစ်ပြား၊ ငွေခြေစွပ်ဆယ်ခြောက်ခု၊ တပြားနှစ်ခုစီ ရှိရမည်။
28Çerçevelerin ortasındaki kiriş çadırın bir ucundan öbür ucuna geçecek.
26တဲတော်၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့ အကာရှသား ကန့်လန့်ကျင်တို့ကို တဘက်ငါးချောင်းစီ လုပ်ရမည်။
29Çerçeveleri ve kirişleri altınla kapla, kirişlerin geçeceği halkaları da altından yap.
27တဲတော်နောက်ဖေး၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့ ကန့်လန့်ကျင်ငါးချောင်းကိုလည်း လုပ်ရမည်။
30‹‹Konutu dağda sana gösterilen plana göre yap.
28အလယ်ကန့်လန့်ကျင်ကို၊ ထောင့်တဘက်တချက်၌ ဆုံးစေရမည်။
31‹‹Lacivert, mor, kırmızı iplikle özenle dokunmuş ince ketenden bir perde yap; üzerini Keruvlarla ustaca süsle.
29ပျဉ်ပြားတို့ကို ရွှေနှင့်မွမ်းမံရမည်။ ကန့်လန့်ကျင်လျှိုဘို့ရာ ရွှေကွင်းကိုလည်း လုပ်၍၊ ကန့်လန့်ကျင်တို့ကို ရွှေနှင့်မွမ်းမံရမည်။
32Dört gümüş taban üstünde duran akasya ağacından altın kaplı dört direk üzerine as. Çengelleri altın olacak.
30တောင်ပေါ်မှာ သင့်အားပြသောပုံနှင့်အညီ၊ တဲတော်ကို တည်ဆောက်ရမည်။
33Perdeyi kopçaların altına asıp Levha Sandığını perdenin arkasına koy. Perde Kutsal Yerle En Kutsal Yeri birbirinden ayıracak.
31တနည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော ကုလားကာတထည်ကို ချုပ်ရမည်။
34Bağışlanma Kapağını En Kutsal Yerde bulunan Levha Sandığının üzerine koy.
32ရွှေချသော အကာရှသား တိုင်လေးတိုင်အပေါ်မှာ၊ ထိုကုလားကာကို ဆွဲထားရမည်။ ထိုတိုင်တို့သည် ရွှေတံစို့နှင့်၎င်း၊ ငွေခြေစွပ်လေးခုနှင့်၎င်း ပြည့်စုံရမည်။
35Masayı perdenin öbür tarafına, konutun kuzeye bakan yanına yerleştir; kandilliği masanın karşısına, konutun güney tarafına koy.
33သက်သေခံချက်ထားသော သေတ္တာကို၊ ကုလားကာအတွင်းသို့ သွင်းစရာဘို့ ထိုကုလားကာကို ရွှေချောင်းဖြင့် ဆွဲကာ၍၊ ဟဂျာအရပ်၊ ဟဂျာဟဂျုံအရပ် နှစ်ပါးစပ်ကြား၌ အပိုင်းအခြား ဖြစ်ရမည်။
36‹‹Çadırın giriş bölümüne lacivert, mor, kırmızı iplikle özenle dokunmuş ince ketenden nakışlı bir perde yap.
34ဟဂျာဟဂျုံ အရပ်၌ သက်သေခံချက်သေတ္တာအပေါ်မှာ၊ သေတ္တာအဖုံးကို တင်ထားရမည်။
37Perdeyi asmak için akasya ağacından beş direk yap, altınla kapla. Çengelleri de altın olacak. Direkler için tunçtan beş taban dök.››
35ကုလားကာပြင်မှာ စားပွဲကို ထားရမည်။ တဲတောင်တောင်ဘက်နားမှာ မီးခုံကို၎င်း၊ မြောက်ဘက်နားမှာ စားပွဲကို၎င်း၊ တဘက်နှင့်တဘက် ဆိုင်မိအောင် ထားရမည်။
36တဲတော်တံခါးဝ၌ ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့် ပြီး၍၊ ချယ်လှယ်သော ကုလားကာတထည်ကို လုပ်ရမည်။
37ထိုကုလားကာဘိုပ ရွှေတံစို့နှင့်ပြည့်စုံသော အကာရှတိုင်ငါးတိုင်ကို လုပ်၍ ရွှေနှင့်မွမ်းမံရမည်။ ကြေးဝါခြေစွပ်ငါးခုကိုလည်း သွန်းရမည်။