1Musa bütün İsrail topluluğunu çağırarak, ‹‹RABbin yapmanızı buyurduğu işler şunlardır›› dedi,
1မောရှေသည်၊ ဣသရေလအမျိုးပရိသတ်အပေါင်းကို စည်းဝေးစေ၍၊ ထာဝရဘုရား မိန့်တော်မူသော သင်တို့ကျင့်ဝတ်တရားဟူမူကား၊
2‹‹Altı gün çalışacaksınız. Ama yedinci gün sizin için kutsal Şabat, RABbe adanmış dinlenme günü olacaktır. O gün çalışan herkes öldürülecektir.
2ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်သည် သင်တို့၌ သန့်ရှင်းသောနေ့၊ ထာဝရဘုရားအဘို့ ငြိမ်ဝပ်စွာ နေရသော ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ အလုပ်လုပ်သော သူမည်သည်ကား အသေခံရမည်။
3Şabat Günü konutlarınızda ateş yakmayacaksınız.››
3သင်တို့နေရာအရပ်၌ ဥပုသ်နေ့မှာ မီးကို မမွေးရဟု ဆင့်ဆို၏။
4Musa bütün İsrail topluluğuna seslenerek şöyle dedi: ‹‹RABbin buyruğu şudur:
4တဖန် မောရှေသည်၊ ဣသရေလအမျိုးသားပရိသတ်အလယ်၌ ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုသည်ကား၊
5Aranızda armağanlar toplayıp RABbe sunacaksınız. İstekli olan herkes RABbe altın, gümüş, tunç; lacivert, mor, kırmızı iplik; ince keten, keçi kılı, deri, kırmızı boyalı koç derisi, akasya ağacı armağan etsin.
5သင်တို့တွင် ထာဝရဘုရားအား လှူသော အလှူကို ပြင်ဆင်ကြလော့။ ကြည်ညိုသော စေတနာစိတ် ရှိသမျှသော သူတို့သည်၊ ရွှေ၊ ငွေ၊ ကြေးဝါ၊
8Kandil için zeytinyağı; mesh yağı ve güzel kokulu buhur için baharat;
6ပြာသော အထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချော၊ ဆိတ်မွေး၊
9başkâhinin efoduyla göğüslüğü için oniks ve öbür kakma taşları getirsin.
7အနီဆုံးသောသိုးရေ၊ တဟာရှသားရေ၊ အကာရှသစ်သား၊
10‹‹Aranızdaki bütün becerikli kişiler gelip RABbin buyurduğu her şeyi yapsın.
8လိမ်းရန် ဆီဘော်ဘို့၊ မီးရှို့ရာနံ့သာပေါင်း မွှေးဘော်ဘို့ရာ နံ့သာမျိုး၊ မီးထွန်းစရာဆီ၊
11Konutu, çadırın iç ve dış örtüsünü, kopçalarını, çerçevelerini, kirişlerini, direklerini, tabanlarını;
9ရဟံကျောက်၊ ယဇ်ပုရောဟိတ်သင်တိုင်းနှင့် ရင်ဖွဲ့၌ စီစရာကျောက်မြတ်တည်းဟူသော ထာဝရဘုရား အား လှူသောအလှူကို ဆောင်ခဲ့ကြလော့။
12sandığı ve sırıklarını, Bağışlanma Kapağını, bölme perdesini,
10သင်တို့တွင် လိမ္မာသော သူရှိသမျှတို့သည်လာ၍၊
13masayla sırıklarını, bütün masa takımlarını, huzura konan ekmekleri;
11တဲတော်နှင့်အပေါ်တဲ၊ အပေါ်တဲအဖုံး၊ ရွှေချောင်း၊ ပျဉ်ပြား၊ ကန့်လန့်ကျင်၊ တိုင်၊ ခြေစွပ်တို့ကို၎င်း၊
14ışık için kandilliği ve takımlarını, kandilleri, kandiller için zeytinyağını;
12သေတ္တာနှင့် သူ၏ထမ်းဘိုး၊ သေတ္တာအဖုံး၊ ကာရသော ကုလားကာကို၎င်း၊
15buhur sunağını ve sırıklarını, mesh yağını, güzel kokulu buhuru; konutun giriş bölümündeki perdeyi;
13စားပွဲနှင့် သူ၏ထမင်းဘိုး၊ သူ၏တန်ဆာရှိသမျှနှင့် ရှေ့တော်မုန့်ကို၎င်း၊
16yakmalık sunu sunağını ve tunç ızgarasını, sırıklarını, bütün takımlarını, kazanı ve kazan ayaklığını;
14မီးထွန်းစရာဘို့ မီးခုံနှင့် သူ၏တန်ဆာ၊ မီးခွက်များ၊ မီးထွန်းစရာဆီကို၎င်း၊
17avlunun çevresindeki perdeleri, direkleri, direk tabanlarını, avlu kapısındaki perdeyi,
15နံ့သာပေါင်းရှို့သော ပလ္လင်နှင့် သူ၏ထမ်းဘိုး၊ လိမ်းရန်ဆီ၊ မွှေးသော နံ့သာပေါင်း၊ တဲတော်တံခါးဝ ကာရန် ကုလားကာကို၎င်း၊
18konutun ve avlunun kazıklarıyla iplerini;
16မီးရှို့ရာယဇ်ပူဇော်သော ပလ္လင်နှင့် ကြေးဝါဆန်ခါ၊ ထမ်းဘိုး၊ တန်ဆာရှိသမျှ၊ အင်တုံနှင့် ခြေထောက်ကို၎င်း၊
19kutsal yerde hizmet etmek için dokunmuş giysileri -Kâhin Harunun giysileriyle oğullarının kâhin giysilerini- yapsınlar.››
17တဲတော်ဝင်းကုလားကာ၊ တိုင်၊ ခြေစွပ်၊ ဝင်းတံခါးဝကာစရာ ကုလားကာကို၎င်း၊
20İsrail topluluğu Musanın yanından ayrıldı.
18တဲတော်တံသင်၊ ဝင်းတံသင် ကြိုးများကို၎င်း၊
21Her istekli, hevesli kişi Buluşma Çadırının yapımı, hizmeti ve kutsal giysiler için RABbe armağan getirdi.
19သန့်ရှင်းရာဌာန၌ အမှုတော်ကို ထမ်းစရာအဝတ် ယဇ်ပုရောဟိတ်အမှုကို ဆောင်သောအခါ ယဇ်ပုရောဟိတ်အာရုန်နျင့် သူ၏သား ဝတ်၍ သန့်ရှင်းသော အဝတ်ကို၎င်း၊ ထာဝရဘုရားမှာထားတော်မူသမျှ အတိုင်း လုပ်ရကြမည်ဟု ဆင့်ဆို၏။
22Kadın erkek herkes istekle geldi, RABbe her çeşit altın takı, broş, küpe, yüzük, kolye getirdi. RABbe armağan ettikleri bütün takılar altındı.
20ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည်၊ မောရှေထံမှ ထွက်သွားကြ၍၊
23Ayrıca kimde lacivert, mor, kırmızı iplik; ince keten, keçi kılı, deri, kırmızı boyalı koç derisi varsa getirdi.
21မိမိစိတ်နှလုံးနှိုးဆော်သောသူ၊ ကြည်ညိုသောစေတနာစိတ်သဘောရှိသော သူအပေါင်းတို့သည် ပရိသတ်စည်းဝေးရာ တဲတော်လုပ်ဘို့၎င်း၊ အမှုတော်ထမ်းစရာဘို့၎င်း၊ သန့်ရှင်းသောအဝတ်ကို၎င်း၊ ထာဝရဘုရားအား လှူသောအလှူကို ဆော်လျက် လာကြ၏။
24Gümüş ve tunç armağanlar sunan herkes onları RABbe adadı. Herhangi bir işte kullanılmak üzere kimde akasya ağacı varsa getirdi.
22ကြည်ညိုသော စေတနာစိတ်ရှိသော ယောက်ျားမိန်းမတို့သည်၊ လက်ကောက်၊ နားတောင်း၊ လက်စွပ်၊ နှာခေါင်းဘူး၊ ရွှေတန်ဆာရှိသမျှကို ဆောင်ခဲ့သဖြင့်၊ လှူသောသူ အသီးအသီးတို့သည်၊ ထာဝရဘုရားအား ရွှေကို လှူကြ၏။
25Bütün becerikli kadınlar elleriyle eğirdikleri lacivert, mor, kırmızı ipliği, ince keteni getirdiler.
23ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချော၊ ဆိတ်မွေး၊ အနီဆိုးသောသိုးရေ၊ တဟာရှသားရေရှိသော သူတိုင်းဆောင်ခဲ့၏။
26İstekli, becerikli kadınlar da keçi kılı eğirdiler.
24ငွေနှင့် ကြေးဝါကို လှူသောသူတိုင်း ထာဝရဘုရားအား လှူလေ၏။ အမှုတော်နှင့်ယှဉ်သော အလုပ်လုပ်စရာဘို့ အကာရှသစ်သားရှိသော သူတိုင်းလည်း ဆောင်ခဲ့လေ၏။
27Önderler efod ve göğüslük için oniks, kakma taşlar,
25ရက်ကန်းတတ်သော မိန်းမအပေါင်းတို့လည်း၊ ကိုယ်လက်နှင့်ရက်၍၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောရက်သမျှကို ဆောင်ခဲ့ကြ၏။
28kandil, mesh yağı ve güzel kokulu buhur için baharat ve zeytinyağı getirdiler.
26မိမိဥာဏ်နှိုးဆော်သော မိန်းမအပေါင်းတို့သည် ဆိတ်မွေးကို ရက်ကြ၏။
29Kadın erkek bütün istekli İsrailliler RABbin Musa aracılığıyla yapmalarını buyurduğu işler için RABbe gönülden verilen sunu sundular.
27သူကြီးတို့သည်လည်း၊ ရှဟံကျောက်၊ ယဇ်ပုရောဟိတ်သင်တိုင်းနှင့် ရင်ဖွဲ့၌ စီစရာကျောက်ကို၎င်း၊
30Musa İsraillilere, ‹‹Bakın!›› dedi, ‹‹RAB Yahuda oymağından özellikle Hur oğlu Uri oğlu Besaleli seçti.
28မီးထွန်းစရာဘို့ လိမ်းရန် ဆီဘော်ဘို့ မီးရှို့ရာ နံ့သာပေါင်းမွှေးဘော်ဘို့ရာ နံ့သာမျိုးနှင့် ဆီကို၎င်း ဆောင်ခဲ့ကြ၏။
31Beceri, anlayış, bilgi ve her türlü ustalık vermek için onu kendi Ruhuyla doldurdu.
29ထိုသို့ ထာဝရဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသော အလုပ်အမျိုးမျိုးရှိသမျှအဘို့၊ ဣသရေလအမျိုးသားတို့တွင် ကြည်ညိုသော စေတနာစိတ်နှိုးဆော်သော ယောက်ျားမိန်းမအပေါင်းတို့သည်၊ ထာဝရဘုရားအား ကြည်ညိုသော စိတ်နှင့် လှူကြ၏။
32Öyle ki, altın, gümüş, tunç işleyerek ustaca yapıtlar üretsin;
30တဖန် မောရှေက၊ နားထောင်ကြလော့။ ထာဝရဘုရားသည် ယုဒအမျိုးသားဟုရ၏သားဖြစ်သော ဥရိ၏သားဗေဇလေလကို အမည်ဖြင့် ခန့်ထားတော်မူပြီ။
33taş kesme ve kakmada, ağaç oymacılığında, her türlü sanat dalında çalışsın.
31သူသည် ရွှေငွေကြေးဝါကို လုပ်သောအတတ်။
34RAB ona ve Dan oymağından Ahisamak oğlu Oholiava öğretme yeteneği de verdi.
32ကျောက်ကို သွေး၍ စီသော အတတ်၊ သစ်သားကို ထုလုပ်သော အတတ်နှင့် အမျိုးမျိုးသောအလုပ်ကို ထူးဆန်းစွာ လုပ်တတ်မည်အကြောင်း၊
35Onlara üstün beceri verdi. Öyle ki, ustalık isteyen her türlü işte, oymacılıkta, lacivert, mor, kırmızı iplik ve ince keten yapmada, dokuma ve nakış işlerinde, her sanat dalında yaratıcı olsunlar.
33ဥာဏ်ပညာနှင့်တကွ သိပ္ပံအတတ်အမျိုးမျိုးကို ပေး၍၊ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံစေတော်မူပြီ။
34သူနှင့် ဒန်အမျိုးသား အဟိသမက်၏သား အဟောလျဘသည်၊ သူတပါးအား အတတ်သင်ပေးနိုင် မည်အကြောင်း၊ ဥာဏ်ကို ပေးတော်မူပြီ။
35ထိုသူတို့သည် ထုလုပ်တတ်သောသူ၏ အလုပ်၊ ဆန်းပြားသောလက်သမား၏ အလုပ်၊ ပြာသော အထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောကို ချယ်လှယ်တတ်သော သူ၏အလုပ်၊ ရက်တတ်သောသူ၏အလုပ်၊ အနည်းနည်း လုပ်တတ်သောသူ၏အလုပ် အမျိုးမျိုးရှိသမျှတို့ကို လုပ်တတ်မည် အကြောင်း၊ ဥာဏ်ပညာနှင့် ပြည့်စုံတော်မူပြီ။