1Kutsal yerde hizmet için lacivert, mor, kırmızı iplikten özenle dokunmuş giysiler yaptılar. Ayrıca RABbin Musaya buyurduğu gibi Haruna kutsal giysiler yapıldı.
1သန့်ရှင်းရာဌာန၌ အမှုတော်ကို ဆောင်သောအခါ၊ ဝတ်ရသောအဝတ်ကို၎င်း၊ အာရုန်ဝတ်ဘို့ သန့်ရှင်းသော အဝတ်ကို၎င်း၊ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်နှင့် လုပ်လေ၏။
2Efodu altın sırmayla lacivert, mor, kırmızı iplikle, özenle dokunmuş ince ketenden yaptılar.
2ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့် ယဇ်ပုရောဟိတ် သင်တိုင်းကို လုပ်ရာတွင်၊
3Altını ince tabakalar halinde dövüp lacivert, mor, kırmızı iplik ve ince keten arasına ustaca işlemek için tel tel kestiler.
3ရွှေကို အပြားခတ်၍ ရွှေကြိုးကို လှီးပြီးမှ၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့ကို ထူးဆန်းစွာ အပြောက်ထိုးလေ၏။
4Efodun iki köşesine tutturulmuş omuzluklar yaparak birleştirdiler.
4သိုင်းကြိုးနှစ်ပင်ကို လုပ်၍ သင်တိုင်းအပေါ် နားချင်းတွဲမိစေခြင်းငှာ၊ တဘက်တချက်ကို ဆွဲချုပ်လေ၏။
5Efodun üzerindeki ustaca dokunmuş şerit efodun bir parçası gibi altın sırmayla lacivert, mor, kırmızı iplikle, özenle dokunmuş ince ketendendi; tıpkı RABbin Musaya buyurduğu gibiydi.
5ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ သင်တိုင်းအပေါ်နား၌ ထူးဆန်းသော ရင်စည်းကိုလည်း သင်တိုင်းကိုယ်ကဲ့သို့ ရွှေနှင့်၎င်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့နှင့်၎င်း လုပ်လေ၏။
6Altın yuvalar içine kakılmış, üzerine İsrailoğullarının adları mühür gibi oyulmuş oniksi işleyip
6ရှဟံကျောက်နှစ်လုံးကို သွေး၍ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ဣသရေလအမျိုး၏ နာမတို့ကို အက္ခရာတင်ပြီးမှ၊ ရွှေကျောက်အိုး၌ ထည့်လေ၏။
7İsraillilerin anılması için efodun omuzluklarına taktılar. Tıpkı RABbin Musaya buyurduğu gibi yaptılar.
7ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့ကို အောက်မေ့ဘို့ရာ၊ ထိုကျောက်နှစ်လုံးကို သင်တိုင်းသိုင်းကြိုးအပေါ်မှာ တပ်လေ၏။
8Efod gibi altın sırmayla lacivert, mor, kırmızı iplikle, özenle dokunmuş ince ketenden usta işi bir göğüslük yaptılar.
8ရွှေနှင့်၎င်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့်၎င်း၊ သင်တိုင်းကို လုပ်သည်နည်းတူ၊ ရင်ဖုံးကို ထူးဆန်းစွာ လုပ်လေ၏။
9Dört köşe, eni ve boyu birer karıştı, ikiye katlanmıştı.
9ရင်ဖုံးနှစ်ထပ်ခေါက်လျက်၊ အလျားတထွာ၊ အနံတထွာ၊ စတုရန်းလေးထောင့်ဖြစ်၏။
10Üzerine dört sıra taş yuvası kaktılar. Birinci sırada yakut, topaz, zümrüt;
10ထိုရင်ဖုံး၌ ကျောက်မြတ်ကို လေးတန်း စီလေ၏။ ပဌမ အတန်းကား ကျောက်နီ၊ ဥဿဘယား၊ ပတ္တမြား။
11ikinci sırada firuze, laciverttaşı, aytaşı;
11ဒုတိယအတန်းကား မြ၊ နီလာ၊ စိန်။
12üçüncü sırada gökyakut, agat, ametist;
12တတိယအတန်းကား ဝှါကိနသု၊ မဟူရာ၊ ဂေါမိတ်။
13dördüncü sırada sarı yakut, oniks, yeşim vardı. Taşlar altın yuvalara kakılmıştı.
13စတုတ္ထအတန်းကား မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့ဖြစ်၍၊ အသီးအသီးတို့ကို ရွှေအိုး၌ စီလေ၏။
14On iki taş vardı. Üzerlerine mühür oyar gibi İsrailoğullarının adları bir bir oyulmuştu. Bu taşlar İsrailin on iki oymağını simgeliyordu.
14ဣသရေလအမျိုး တဆယ်နှစ်မျိုးရှိသည်အတိုင်း တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ထိုကျောက်တို့၌ ထိုတဆယ်နှစ်ပါးသော နာမည်အသီးအသီးတို့ကို တင်လျက် ကျောက်တလုံးလျှင် နာမည် တပါးစီပါ၏။
15Göğüslük için saf altından örme zincirler yaptılar.
15ရင်ဖုံးအပေါ်ထောင့်နှစ်ခု၌၊ ရွှေနှစ်ကွင်းကို၎င်း၊ ရွှေကျောက်အိုး နှစ်လုံးကို၎င်း ကျစ်သော ရွှေကြိုး နှစ်ပင်ကို၎င်း လုပ်ပြီးမှ၊ ထိုရွှေကွင်း၌ တပ်၍ သင်တိုင်းသိုင်းကြိုးအပေါ်မှာရှိသော ကျောက်အိုးတို့၌ တွဲလေ၏။
16İkişer tane altın yuva ve halka yaptılar. Göğüslüğün üst iki köşesine birer halka koydular.
19တဖန် ရွှေနှစ်ကွင်းကို လုပ်၍ သင်တိုင်းအောက်နားမှာရှိသော ရင်ဖုံးအောက်ထောင့်နှစ်ခု၌ တပ်လေ၏။
17İki örme altın zinciri göğüslüğün köşelerindeki halkalara taktılar.
20အခြားသောရွှေနှစ်ကွင်းကိုလည်း လုပ်၍ သင်တိုင်းအရှေ့ဘက်အောက်နားနှင့် ထူးဆန်းသော ရင်စည်းအပေါ်နားဆက်မှီရာတွင် သင်တိုင်းကို တဘက်တချက်၌ တပ်လေ၏။
18Zincirlerin öteki iki ucunu iki yuvanın üzerinden geçirerek efodun ön tarafına, omuzlukların üzerine bağladılar.
21ရင်ဖုံးရွှေနှစ်ကွင်းကို၊ သင်တိုင်းရွှေနှစ်ကွင်းနှင့် တွဲ၍၊ ပြာသောကြိုးဖြင့် ပြီးစေ၏။ ထိုသို့ ထာဝရဘုရား သည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ ရင်ဖုံးသည် ထူးဆန်းသော ရင်စည်းအပေါ်မှာ ဆွဲ၍ သင်တိုင်းနှင့် မကွာဘဲ အမြဲနေလေ၏။
19İki altın halka yaparak göğüslüğün alt iki köşesine, efoda bitişik iç kenarına taktılar.
22ထိုမှတပါး၊ ပြာသောအထည်ကို ရက်ပြီးမှ၊ သင်တိုင်းနှင့်ဆိုင်သော ဝတ်လုံကို ထိုအထည်နှင့်သာ လုပ်လေ၏။
20İki altın halka daha yaparak efodun önündeki omuzluklara alttan, dikişe yakın, ustaca dokunmuş şeridin yukarısına taktılar.
23ဝတ်လုံ၌ လည်စွပ်ပါ၍ လည်စွပ်ကို မစုတ်စေခြင်းငှာ၊ သံချပ်လည်စွပ် ကွပ်သကဲ့သို့ ကွပ်လေ၏။
21Göğüslüğün halkalarıyla efodun halkalarını lacivert kordonla birbirine bağladılar. Öyle ki, göğüslük efodun ustaca dokunmuş şeridinin yukarısında kalsın ve efoddan ayrılmasın. Tıpkı RABbin Musaya buyurduğu gibi yaptılar.
24ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့်လုပ်သော သလဲသီးများကို၎င်း၊
22Efodun altına giyilen kaftanı ustaca dokunmuş salt lacivert iplikten yaptılar.
25ရွှေစင်ဆည်းလည်းများကို၎င်း၊ ဝတ်လုံအောက်စွန်းနားပတ်လည်၌၊
23Ortasında baş geçecek kadar bir boşluk bıraktılar. Yırtılmaması için boşluğun kenarlarını yaka gibi dokuyarak çevirdiler.
26သလဲသီးတလုံး၊ ဆည်းလည်းတလုံးစီခြားလျက် အစဉ်အတိုင်း ဆွဲထားသဖြင့်၊ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ အမှုတော်ကို ဆောင်ရသော ဝတ်လုံးကို လုပ်၍ပြီးလေ၏။
24Kaftanın kenarını lacivert, mor, kırmızı iplikle, özenle dokunmuş ince ketenden nar motifleriyle bezediler.
27တဖန် ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ အာရုန်နှင့် သူ၏သားတို့အဘို့ ရက်သော ပိတ်ချောအင်္ကျီများကို၎င်း၊
25Saf altından çıngıraklar yaptılar ve hizmet için kullanılan kaftanın eteğinin ucundaki narların arasına, bir çıngırak bir nar, bir çıngırak bir nar olmak üzere çepeçevre koydular. Tıpkı RABbin Musaya buyurduğu gibi yaptılar.
28ပိတ်ချောဗေါင်းကို၎င်း၊ တင့်တယ်သောပိတ်ချောဦးထုပ်များကို၎င်း၊ ပိတ်ချောပေါင်းဘီများကို၎င်း၊
27Harunla oğulları için ince ketenden ustaca dokunmuş mintanlar, sarıklar, süslü başlıklar, ince keten donlar, lacivert, mor, kırmızı iplikle, özenle dokunmuş ince ketenden nakışlı kuşak yaptılar; tıpkı RABbin Musaya buyurduğu gibi.
29ချယ်လှယ်သော ပိတ်ချော၊ အထည်ပြာ၊ အထည်မောင်း၊ အထည်နီဖြင့်ပြီးသော ခါးပန်းကို၎င်း လုပ်လေ၏။
30Kutsal tacın levhasını saf altından yaparak üzerine mühür oyar gibi ‹RABbe adanmıştır› sözünü yazdılar.
30မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ သန့်ရှင်းသော သင်းကျစ်ပြားကိုလည်း ရွှေစင်နှင့်လုပ်၍ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ထာဝရဘုရားအား သန့်ရှင်းခြင်းဟု အက္ခရာတင်၍၊
31Üstüne bağlanmak üzere sarığa lacivert bir kordon taktılar; tıpkı RABbin Musaya buyurduğu gibi.
31ပြာသောကြိုးနှင့် ဗေါင်းအပေါ်နား၌ ချည်ထားလေ၏။
32Böylece konutun, yani Buluşma Çadırının bütün işleri tamamlandı. İsrailliler her şeyi tıpkı RABbin Musaya buyurduğu gibi yaptılar.
32ထိုသို့ မောရှေအား ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် ပြု၍ ပရိသတ်စည်းဝေးရာ တဲတော်အလုပ်ရှိသမျှကို ပြီးစီးကြ၏။
33Konutu, çadırla bütün takımlarını, kopçalarını, çerçevelerini, kirişlerini, direklerini, tabanlarını; kırmızı boyalı koç derisinden örtüyü, deri örtüyü, bölme perdesini; Levha Sandığıyla sırıklarını, Bağışlanma Kapağını; masayla takımlarını, Tanrının huzuruna konan ekmekleri; saf altın kandilliği, üstüne dizilecek kandillerle takımlarını, kandil için zeytinyağını; altın sunağı, mesh yağını, güzel kokulu buhuru, çadırın giriş bölümünün perdesini; tunç sunakla ızgarasını, sırıklarını, bütün takımlarını, kazanı, kazan ayaklığını; avlunun perdelerini, direklerini, direk tabanlarını, avlu girişinin perdesini, iplerini, kazıklarını, konutta, yani Buluşma Çadırındaki hizmet için gerekli bütün aletleri; kutsal yerdeki hizmet için dokunmuş giysileri, Kâhin Harunun kutsal giysilerini, oğullarının kâhin giysilerini Musaya gösterdiler.
33ထိုအခါ ဣသရေလအမျိုးသားတို့သည်၊ တဲတော်နှင့် အပေါ်တဲမှစ၍၊ ရွှေချောင်း၊ ပျဉ်ပြား၊ ကန့်လန့်ကျင်၊ တိုင်၊ ခြေစွပ်တည်းဟူသော တဲတော်တန်ဆာရှိသမျှကို၎င်း၊
42Her şeyi tıpkı RABbin Musaya buyurduğu gibi yaptılar.
34အနီဆိုးသော သိုးရေအမိုး၊ တဟာရှသားရေအမိုး၊ ကွယ်ကာရာအတွင်းကုလားကာကို၎င်း၊
43Musa baktı, bütün işlerin RAB'bin buyurduğu gibi yapılmış olduğunu görünce onları kutsadı.
35သက်သေခံချက်သေတ္တာနှင့် သူ၏ထမ်းဘိုး၊ သူ၏အဖုံးကို၎င်း၊
36စားပွဲမှစ၍ စားပွဲတန်ဆာနှင့် ရှေ့တော်မုန့်ကို၎င်း၊
37စင်ကြယ်သော မီးခုံမှစ၍၊ ပြင်ဆင်ရသော မီးခွက်များ၊ မီးခုံတန်ဆာ ရှိသမျှနှင့် မီးထွန်းစရာ ဆီကို၎င်း၊
38ရွှေယဇ်ပလ္လင်၊ လိမ်းရန်ဆီ၊ မီးရှို့ရာနံ့သာပေါင်းမွှေး၊ တဲတော်တံခါးဝ ကာစရာ ကုလားကာကို၎င်း၊
39ကြေးဝါယဇ်ပလ္လင်၊ ကြေးဝါဆန်ခါ၊ ပလ္လင်ထမ်းဘိုး အစရှိသော တန်ဆာရှိသမျှကို၎င်း၊ အင်တုံနှင့် သူ၏ခြေထောက်ကို၎င်း၊
40ဝင်းကုလားကာ၊ ဝင်းတိုင်၊ ခြေစွပ်၊ ဝင်းတံခါးဝကာစရာ ကုလားကာကြိုးများ၊ တံသင်များကို၎င်း၊ တဲတော်အတွင်း၌ အမှုတော်ကို ဆောင်စရာတန်ဆာ၊ ပရိသတ်စည်းဝေးရာ တဲတော်တန်ဆာရှိသမျှကို၎င်း၊
41သန့်ရှင်းရာဌာန၌ အမှုတော်ကို ဆောင်သောအခါ ဝတ်ရသောအဝတ်၊ ယဇ်ပုရောဟိတ်အမှုကို ဆောင်သောအခါ၊ ယဇ်ပုရောဟိတ် အာရုန်ဝတ်ဘို့ သန့်ရှင်းသော အဝတ်၊ သူ၏သားဝတ်ရသော အဝတ်ကို၎င်း
42ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း ပြီးစီးအောင် လုပ်ပြီးမှ မောရှေထံသို့ ဆောင်ခဲ့ကြ၏။
43ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ အလုပ်ရှိသမျှကို ပြီးစီးစေခြင်းငှါ၊ လုပ်ကြောင်းကို မောရှေ သိမြင်သောအခါ၊ သူတို့ကို ကောင်းကြီးပေးလေ၏။