1Ruh beni yine yukarıya kaldırıp RABbin Tapınağının Doğu Kapısına götürdü. Kapının giriş bölümünde yirmi beş adam vardı. Aralarında halkın önderlerinden Azzur oğlu Yaazanyayı, Benaya oğlu Pelatyayı gördüm.
1ထိုနောက် ဝိညာဉ်တော်သည် ငါ့ကိုချီ၍၊ အရှေ့ ဘက်သို့ မျက်နှာပြုသော ထာဝရဘုရား၏ အိမ်တော် အရှေ့တံခါးသို့ ဆောင်သွား၍၊ တံခါးဝ၌ လူနှစ်ကျိပ် ငါးယောက်ရှိ၏။ သူတို့တွင်မင်းပြုသောသူ၊ အဇုရသား ယာဇညာ၊ ဗေနာယသားပေလတိတို့ကို ငါမြင်၏။
2RAB bana, ‹‹İnsanoğlu, bunlar kötülük tasarlayan ve bu kentte kötü öğüt veren adamlardır›› dedi,
2ဗျာဒိတ်တော်အသံကား၊ အချင်းလူသား၊ ဤ သူတို့သည် မကောင်းသောအကြံကို ကြံစည်၍၊ ဤမြို့၌ မတရားသော တိုင်ပင်ခြင်းကို ပြုသောသူဖြစ်ကြ၏။
3‹‹Onlar, ‹Yıkım yakın değil, ev yapmanın zamanıdır. Bu kent kazan, biz de etiz› diyorlar.
3သူတို့က၊ အမှုမရောက်သေး။ အိမ်ဆောက်ကြ ကုန်အံ့။ ဤမြို့သည် အိုးကင်း၊ ငါတို့သည် အမဲသား ဖြစ်သည်ဟု ဆိုတတ်ကြ၏။
4Bundan ötürü onları uyar, ey insanoğlu, onları uyar.››
4သို့ဖြစ်၍ အိုလူသား၊ သူတို့တဘက်၌ ပရောဖက် ပြု၍ ဟောပြောလော့ဟု မိန့်တော်မူ၏။
5Sonra RABbin Ruhu üzerime inip şunları söylememi buyurdu: ‹‹RAB şöyle diyor: Ey İsrail halkı, neler söylediğinizi ve neler düşündüğünüzü bilirim.
5ထိုအခါ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်သို့ သက်ရောက်၍၊ သင်သည် ဟောပြောလော့။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အိုဣသရေလ အမျိုး၊ သင်တို့သည် ဤသို့ပြောဆိုကြပြီ။ သင်တို့ကြံစည် သမျှတို့ကို ငါသိ၏။
6Bu kentte birçok kişi öldürdünüz, kentin sokaklarını ölülerle doldurdunuz.
6သင်တို့သည် ဤမြို့၌သူရဲတို့ကို များပြားစေ၍၊ မြို့လမ်းတို့ကို သူရဲများနှင့်ပြည့်စေကြပြီ။
7‹‹Bundan ötürü Egemen RAB şöyle diyor: Oraya attığınız ölüler et, kent de kazandır. Ama sizi kentin dışına süreceğim.
7ထိုကြောင့် အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်တို့ထားသော သူရဲတို့သည် အမဲသား ဖြစ်၏။ ဤမြို့သည် အိုးကင်းဖြစ်၏။ သို့သော်လည်း၊ သင်တို့ကို မြို့ထဲက ငါထုတ်မည်။
8Kılıçtan korktunuz, ama ben üzerinize kılıç göndereceğim. Egemen RAB böyle diyor.
8သင်တို့သည် ထားကို ကြောက်သည်ဖြစ်၍၊ ငါသည် ထိုထားကို သင်တို့အပေါ်သို့ရောက်စေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
9Sizi kentten çıkarıp yabancıların eline teslim edeceğim. Sizi cezalandıracağım.
9ငါသည် သင်တို့ကိုမြို့ထဲက ထုတ်ပြီးလျှင်၊ တကျွန်းတနိုင်ငံသား တို့၏လက်သို့အပ်၍ အပြစ်ဒဏ်ကို စီရင်မည်။
10Kılıçla öldürüleceksiniz. Sizi İsrail sınırında cezalandıracağım. O zaman benim RAB olduğumu anlayacaksınız.
10သင်တို့သည် ထားဖြင့်ဆုံးရှုံးကြ၍၊ ဣသရေလ ပြည်စွန်းမှာ ငါ စစ်ကြောစီရင်သဖြင့်၊ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်။
11Bu kent sizin için kazan olmayacak, siz de onun içinde et olmayacaksınız. Sizi İsrail sınırında cezalandıracağım.
11ဤမြို့သည် သင်တို့၏ အိုးကင်းမဖြစ်ရ၊ သင်တို့ သည်လည်း၊ အိုးကင်း၌ အမဲသားမဖြစ်ရကြ။ ဣသရေလ ပြည်စွန်းမှာ ငါစစ်ကြောစီရင်သဖြင့်၊ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။
12O zaman benim RAB olduğumu anlayacaksınız. Kurallarımı izlemediniz, ilkelerime uymadınız; çevrenizdeki ulusların ilkelerine uydunuz.››
12အကြောင်းမူကား၊ သင်တို့သည် ငါ၏ဘုရား လမ်းသို့မလိုက်၊ ငါ့စီရင်ချက်တို့ကို မစောင့်၊ သင်တို့ ပတ်လည်၌နေသော လူမျိုးတို့၏ ထုံးစံဓလေ့တို့ကို လိုက်ကြပြီဟု မိန့်တော်မူ၏။
13Ben peygamberlikte bulunurken Benaya oğlu Pelatya öldü. Yüzüstü yere kapanıp, ‹‹Ah, ey Egemen RAB! Geri kalan İsraillileri büsbütün mü yok edeceksin?›› diye yüksek sesle haykırdım.
13ထိုဗျာဒိတ်တော်စကားကို ငါသည်ဆင့်ဆို၍ ဟောပြောစဉ်တွင်၊ ဗေနာယသားပေလတိသည် သေ၏။ ငါသည်လည်း ပြပ်ဝပ်၍၊ အိုအရှင် ထာဝရဘုရား၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားတို့ကို ဆုံးရှုံး စေတော်မူမည်လောဟု ကျယ်သောအသံနှင့် ကြွေးကြော် ၏။
14RAB bana şöyle seslendi:
14တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
15‹‹Ey insanoğlu, Yeruşalimde yaşayanlar senin kardeşlerin, akrabaların ve öbür İsrailliler için, ‹Onlar RABden uzaklar, bu ülke mülk olarak bize verildi› demişler.››
15အချင်းလူသား၊ ယေရုရှလင်မြို့သူမြို့သားတို့က၊ ထာဝရဘုရားထံတော်မှ ဝေးစွာထွက်သွားကြလော့။ ဤပြည်ကိုငါတို့အား အပိုင်ပေးတော်မူပြီဟု သင်၏ ညီအစ်ကို၊ သင်၏အမျိုးသားချင်း၊ ဣသရေလအမျိုး သားအပေါင်းတို့အား ဆိုတတ်ကြ၏။
16‹‹Bu yüzden de ki, ‹Egemen RAB şöyle diyor: Onları uzaktaki uluslar arasına gönderdim, ülkeler arasına dağıttım. Öyleyken gittikleri ülkelerde kısa süre için onlara barınak oldum.›
16ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်၏အမျိုးသားချင်းတို့ကို တပါးအမျိုးသား တို့ နေရာဝေးသောအရပ်သို့ ငါပြောင်းစေ၍၊ အတိုင်း တိုင်းအပြည်ပြည်တို့၌ ဖြန့်ကြဲသော်လည်း၊ သူတို့ ရောက် သောပြည်တို့၌ ငါသည်သူတို့အဘို့ သန့်ရှင်းရာဌာနကဲ့သို့ ခဏ ဖြစ်လိမ့်မည်။
17‹‹De ki, ‹Egemen RAB şöyle diyor: Sizi uluslar arasından toplayacak, dağılmış olduğunuz ülkelerden geri getirecek, İsrail ülkesini yeniden size vereceğim.›
17အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့ ကို ဖြန့်ကြဲသော လူအမျိုးမျိုး နေရာအတိုင်းတိုင်း အပြည်ပြည်တို့မှ ငါသိမ်းယူ၍၊ စုဝေးပြီးလျှင်၊ ဣသရေလ ပြည်ကိုပေးမည်။
18‹‹Ülkeye dönecek, tiksindirici, iğrenç putları oradan söküp atacaklar.
18သူတို့သည် ထိုပြည်သို့ရောက်၍၊ စက်ဆုပ်ရွံရှာ ဘွယ်သော အမှုအရာရှိသမျှတို့ကို ပယ်ရှားကြလိမ့်မည်။
19Onlara tek bir yürek vereceğim, içlerine yeni bir ruh koyacağım. İçlerindeki taş yüreği çıkarıp onlara etten bir yürek vereceğim.
19ငါသည်လည်း၊ ညီညွတ်သော စိတ်နှလုံးနှင့် အသစ်သောသဘောကို သွင်းပေးမည်။ သူတို့ကိုယ်ခန္ဓာ ထဲက ကျောက်နှလုံးကို နှုတ်၍၊ အသားနှလုံးကို ပေးသော ကြောင့်၊
20O zaman kurallarımı izleyecek, ilkelerime uymaya özen gösterecekler. Onlar halkım olacak, ben de onların Tanrısı olacağım.
20သူတို့သည် ငါစီရင်ထုံးဖွဲ့သော ပညတ်တရား လမ်းသို့လိုက်၍ စောင့်ရှောက်သဖြင့်၊ ငါ၏လူဖြစ်ကြ လိမ့်မည်။ ငါသည်လည်း သူတို့၏ ဘုရားသခင်ဖြစ်မည်။
21Tiksindirici, iğrenç putlara gönülden yönelenlere gelince, yaptıklarının aynısını başlarına getireceğim. Böyle diyor Egemen RAB.››
21သို့မဟုတ်လျှင်၊ စက်ဆုပ်ရွံ့ရှာဘွယ်သော အမူ အရာတို့၏ အလိုသို့ စိတ်နှလုံးအားဖြင့် လိုက်သော သူတို့၏ အပြစ်ကို၊ သူတို့၏ခေါင်းပေါ်သို့ ငါရောက်စေ မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
22Keruvlar kanatlarını açtı, tekerlekler yanlarında duruyordu. İsrail Tanrısının görkemi onların üzerindeydi.
22ထိုအခါ ခေရုဗိမ်တို့သည် အတောင်တို့ကို ဖြန့်၍၊ ဘီးတို့သည်လည်း လိုက်ကြ၏။ ဣသရေလအမျိုး၏ ဘုရားသခင့်ဘုန်းတော်သည်လည်း သူတို့အပေါ်၌ ရှိတော်မူ၏။
23RABbin görkemi kentin ortasından yükselip kentin doğusundaki dağa kondu.
23ထာဝရဘုရား၏ ဘုန်းတော်သည် မြို့ထဲက တက်၍၊ မြို့အရှေ့မှာ ရှိသောတောင်ပေါ်၌ ရပ်တော်မူ၏။
24Görümde Tanrının Ruhu beni yukarı kaldırıp Kildan ülkesindeki sürgünlerin yanına götürdü. Sonra gördüğüm görüm kayboldu.
24ဝိညာဉ်တော်သည်လည်း၊ ဘုရားသခင်၏ ဗျာဒိတ်ရူပါရုံအားဖြင့် ငါ့ကိုချီ၍ သိမ်းသွားသော သူတို့ နေရာ၊ ခါလဒဲပြည်သို့ ဆောင်သွားတော်မူ၏။ ငါမြင်ခဲ့ပြီး သော ဗျာဒိတ်ရုံသည်လည်း ငါနှင့်ကွာ၍ တက်သွား၏။
25Ben de RAB'bin bana gösterdiği her şeyi sürgündekilere anlattım.
25ထာဝရဘုရားပြတော်မူခဲ့ပြီးသော အမှုအရာ ရှိသမျှတို့ကို ငါသည်သိမ်းသွားခြင်းကိုခံရသော သူတို့အား ကြားပြောလေ၏။