Turkish

Myanmar

Ezekiel

22

1RAB bana şöyle seslendi:
1တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
2‹‹İnsanoğlu, Yeruşalimi yargılayacak mısın? Kan döken bu kenti yargılayacak mısın? Öyleyse bütün iğrenç uygulamalarını ona bildir.
2အချင်းလူသား၊ လူအသက်ကို သတ်တတ်သော မြို့ကို သင်သည် စစ်ကြောလော့။ စစ်ကြောလော့။ သူ၌ ပြုသမျှသော စက်ဆုပ်ရွံရှာဘွယ် အမှုတို့ကိုပြလော့။
3Şöyle diyeceksin: ‹Egemen RAB diyor ki: Ey kendi içinde kan dökerek yıkımını hazırlayan, putlar yaparak kendini kirleten kent!
3အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆို ရမည်မှာ၊ မိမိအချိန်ရောက်စေခြင်းငှါ၊ မိမိအလယ်၌ လူအသက်ကိုသတ်၍၊ မိမိကိုညစ်ညူးစေဘို့ မိမိတဘက်၌ ရုပ်တုတို့ကိုလုပ်တတ်သောမြို့၊
4Döktüğün kan yüzünden suçlu bulundun, yaptığın putlarla kirlendin. Böylece günlerin yaklaştı, yıllarının sonuna ulaştın. Bu yüzden seni uluslara alay konusu edeceğim, bütün ülkelerin gözünde seni gülünç duruma düşüreceğim.
4သင်သည် လူအသက်ကို သတ်သောအားဖြင့် အပြစ်ရောက်၏။ လုပ်သောရုပ်တုအားဖြင့် ညစ်ညူးခြင်း ရှိ၏။ သင်၏နေ့ရက်ကာလအချိန်ကို ကိုယ်တိုင်ရောက်စေ ပြီ။ ထိုကြောင့်၊ ငါသည် သင့်ကို အတိုင်းတိုင်းအပြည်ပြည် တို့တွင် ကဲ့ရဲ့ရာ၊ ပျက်ချော်ရာဖြစ်စေမည်။
5Ey adı kötüye çıkmış, kargaşa dolu kent, yakındakiler de uzaktakiler de seninle alay edecekler.
5အိုအသရေပျက်၍ နှောင့်ရှက်ခြင်းကို ခံရသောသင်ကို၊ အဝေးအနီး၌နေသော သူတို့သည် ပျက်ချော်ကြလိမ့်မည်။
6‹‹ ‹İşte içindeki her İsrail önderi yetkisini kullanarak kan döküyor.
6ဣသရေလမင်းသားတို့သည် အသီးအသီးအခွင့် တန်ခိုးရှိသည်အတိုင်း၊ သင့်အလယ်၌ လူအသက်ကို သတ်တတ်ကြ၏။
7Senin içinde anneye, babaya kötü davrandılar, yabancıya baskı yaptılar, öksüze, dul kadına haksızlık ettiler.
7သင့်အလယ်၌ မိဘတို့ကိုမထီမဲ့မြင်ပြုကြ၏။ တပါး အမျိုးသားတို့ကို အနိုင်အထက်ပြုကြ၏။ မိဘမရှိသောသူ နှင့် မုတ်ဆိုးမတို့ကို ညှဉ်းဆဲကြ၏။
8Benim kutsal eşyalarıma saygısızlık ettin, Şabat günlerimi hiçe saydın.
8သင်သည် ငါ၏သန့်ရှင်းသောအရာတို့ကို မထီမဲ့ မြင်ပြုပြီ။ ငါ၏ ဥပုသ်နေ့တို့ကို ရှုတ်ချပြီ။
9Kan dökmek için iftira edenler, dağlarda putlara kurban edilen hayvanları yiyenler, kendilerini şehvete kaptıranlar senin içinde yaşıyor.
9သင့်အလယ်၌ လူအသက်ကို သတ်လို၍ ကုန်းတိုက်သောသူ၊ တောင်ပေါ်မှာစားသောသူ၊ အဓမ္မ အမှုကိုပြုသောသူရှိကြ၏။
10Babalarının karılarıyla yatanlar, âdet gören dinsel açıdan kirli kadınlarla cinsel ilişki kuranlar senin içinde yaşıyor.
10သင့်အလယ်၌ အဘ၏မယားကို ပြစ်မှားကြ၏။ ဥတုရောက်သော မိန်းမနှင့်မှားယွင်းကြ၏။
11Senin içinde kimi komşusunun karısıyla iğrenç şeyler yaptı; kimi utanmadan gelinini kirletti; kimi öz kızkardeşiyle ilişki kurdu.
11သင့်အလယ်၌ အချို့တို့သည် အိမ်နီးချင်းမယား ကို ပြစ်မှားကြ၏။ အချို့တို့သည် မိမိချွေးမနှင့် ဆိုးညစ် သောအဓမ္မအမှုကို ပြုကြ၏။ အချို့တို့သည် မိမိနှမ၊ မိမိအဘ၏သမီးကို ရှုတ်ချကြ၏။
12Senin içinde kan dökmek için rüşvet aldılar. Faiz aldın, tefecilik yaptın, zorbalıkla komşularından haksız kazanç sağladın. Beni unuttun. Egemen RAB böyle diyor.
12သင့်အလယ်၌လည်း လူအသက်သတ်ခကို ခံကြ ၏။ အတိုးစား၍ ငွေကိုချေးကြ၏။ အိမ်နီးချင်း၏ ဥစ္စာကို လုယူကြ၏။ ငါ့ကိုလည်း မေ့လျော့ကြ၏။
13‹‹ ‹Edindiğiniz haksız kazançtan, içinizde döktüğünüz kandan ötürü ellerimi birbirine vuracağım.
13သို့ဖြစ်၍၊ သင်ဆည်းဖူးသောဥစ္စာ၊ သင့်အလယ် ၌သွန်းသော အသွေးကြောင့် ငါလက်ခုပ်တီး၏။
14Sizinle uğraşacağım gün cesaretiniz kalacak mı? Elleriniz güçlü olabilecek mi? Bunu ben RAB söylüyorum ve dediğimi yapacağım.
14သင့်ကိုငါစီရင်သောအခါ၊ သင်၏နှလုံးသည် ခိုင်ခံ့နိုင်သလော။ သင်၏လက်သည်လည်း အားကြီးနိုင် သလော။ ငါထာဝရဘုရားသည် အမိန့်တော်ရှိသည် အတိုင်း ပြုမည်။
15Sizi uluslar arasına dağıtıp ülkelere süreceğim. Sizdeki ruhsal kirliliğe son vereceğim.
15သင့်ကိုလည်း အတိုင်းတိုင်းအပြည်ပြည်တို့တွင်၊ အရပ်ရပ်သို့ ကွဲပြားစေမည်။ သင်၏အညစ်အကြေးကို လည်း ပယ်ရှင်းမည်။
16Ulusların gözünde aşağılanacak ve benim RAB olduğumu anlayacaksınız.› ››
16လူအမျိုးမျိုးတို့ရှေ့မှာ၊ သင်သည် ကိုယ်တိုင် အသရေရှုတ်ချခြင်းကို ခံရ၍၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကိုသိရလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
17RAB bana şöyle seslendi:
17တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
18‹‹İnsanoğlu, İsrail halkı benim için cüruf gibi oldu. Hepsi potada tunç, kalay, demir, kurşundur; gümüşün cürufudur.
18အချင်းလူသား၊ ဣသရေလအမျိုးသည် ငါ့ရှေ့ မှာ ချော်ဖြစ်လေပြီ။ ထိုသူအပေါင်းတို့သည် မိုက်ထဲ၌ ထည့်သော ကြေးနီ၊ ကြေးဖြူ၊ သံ၊ ခဲကဲ့သို့ငွေနှင့် ကွာသော ချော်ဖြစ်ကြ၏။
19Bundan ötürü Egemen RAB şöyle diyor: ‹Hepiniz cüruf gibi olduğunuz için sizi Yeruşalimin ortasına toplayacağım.
19ထိုကြောင့် အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ သင်တို့အပေါင်းသည် ချော်ဖြစ်သောကြောင့်၊ ယေရုရှလင်မြို့ထဲ၌ ငါစုဝေးစေမည်။
20Eritmek için ateşi üfleyerek gümüşü, tuncu, demiri, kurşunu, kalayı nasıl potaya atıyorlarsa, ben de öfkemle, kızgınlığımla sizi toplayacak, kentin ortasına koyup eriteceğim.
20ငွေ၊ ကြေးနီ၊ ကြေးဖြူ၊ သံ၊ ခဲတို့ကို မီးမှုတ်၍ အရည်ကျိုခြင်းငှါ မိုက်ထဲ၌စုထားသကဲ့သို့၊ ထိုအတူ ငါသည် ပြင်းစွာအမျက်ထွက်လျက်၊ သင်တို့ကို ထိုမြို့ထဲ၌ စုထား၍အရည်ကျိုမည်။
21Sizi toplayacak, öfkemin ateşini üzerinize üfleyeceğim; siz de kentin içinde eriyip yok olacaksınız.
21အကယ်စင်စစ် စုထားပြီးမှ ငါ့အမျက်မီးကို မှုတ်၍၊ သင်တို့သည် မြို့ထဲမှာ အရည်ကျိုခြင်းကို ခံရကြ လိမ့်မည်။
22Gümüş potada nasıl erirse, siz de kentin içinde öyle eriyeceksiniz. O zaman üzerinize kızgınlığını dökenin ben, RAB olduğumu anlayacaksınız.› ››
22ငွေကိုမိုက်ထဲ၌ အရည်ကျိုသကဲ့သို့၊ သင်တို့သည် မြို့ထဲမှာ အရည်ကျိုခြင်းကိုခံရသဖြင့်၊ ငါထာဝရဘုရား သည် သင်တို့အပေါ်သို့၊ ငါ၏ဒေါသအရှိန်ကို သွန်း လောင်းသည်ကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
23RAB bana şöyle seslendi:
23တဖန် အရှင်ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ငါ့ဆီသို့ ရောက်လာ၍၊
24‹‹İnsanoğlu, ülkeye de ki, ‹Sen öfke günü temizlenmemiş, üzerine yağmur yağmamış bir ülkesin.›
24အချင်းလူသား၊ သင်ဆင့်ဆိုရမည်မှာ၊ အမျက် ထွက်သောနေ့၌ မိုဃ်းမရွာ၊ သင်သည် မိုဃ်းရေကို မခံရ သောပြည်ဖြစ်၏။
25Önderleri kükreyen, avını parçalayan aslan gibi orada düzen kurdular. Canlara kıydılar, hazineler, değerli nesneler aldılar, birçok kadını dul bıraktılar.
25ထိုပြည်အလယ်၌ ပရောဖက်တို့သည် သင်ဖွဲ့ ခြင်းကို ပြုကြပြီ။ ဟောက်၍အကောင်ကို ကိုက်ဖြတ် သော ခြင်္သေ့ကဲ့သို့ လူတို့ကို ကိုက်စားကြ၏။ ဘဏ္ဍများနှင့် အဘိုးထိုက်လော ဥစ္စာများကို လုယူကြ၏။ ပြည်အလယ် ၌ မုတ်ဆိုးမတို့ကို များပြားစေကြ၏။
26Kâhinleri yasamı hiçe saydılar, kutsal eşyalarımı kirlettiler, kutsalla bayağı arasındaki ayrımı yapmadılar, kirliyle temiz arasındaki farkı öğretmediler, Şabat günlerimden gözlerini çevirdiler. Kutsallığımı önemsemediler.
26ယဇ်ပုရောဟိတ်တို့သည်လည်း ငါ၏တရားကို ဖျက်၍၊ ငါ၏သန့်ရှင်းရာဌာနကိုလည်း ညစ်ညူးစေကြ ၏။ သန့်ရှင်းသောအရာ၊ မသန့်ရှင်းသောအရာတို့ကို မပိုင်းခြား၊ စင်ကြယ်သောအရာ၊ မစင်ကြယ်သောအရာ တို့ကို ရောနှောကြ၏။ ငါ၏ဥပုသ်နေ့တို့မှလည်း မျက်နှာ လွှဲကြ၏။ သူတို့ အလယ်၌ ငါသည်ရှုတ်ချခြင်းကို ခံရ၏။
27Yöneticileri avını parçalayan kurt gibidir. Haksız kazanç elde etmek için kan döküyor, canlara kıyıyorlar.
27မင်းတို့သည်လည်း အကောင်ကို ကိုက်ဖြတ် သော တောခွေးကဲ့သို့ ပြည်အလယ်၌ဖြစ်၍၊ မတရားသော စီးပွားကို ရှာလိုသောငှါ လူအသက်ကို သတ်၍၊ သူတပါး တို့ကို သုတ်သင်ပယ်ရှင်းတတ်ကြ၏။
28Peygamberleri uydurma görümlerle, yalan fal açarak bu suçları gizlediler; ben RAB konuşmadığım halde, ‹Egemen RAB şöyle diyor› diyorlar.
28ပရောဖက်တို့ကလည်း၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ဟု ထာဝရဘုရားမိန့်တော်မမူဘဲ၊ အချည်းနှီးသောအရာကို မြင်၍၊ မုသားစကားကို ဟောပြောလျက်၊ သူတို့ကို အင်္ဂတေနှင့် မွမ်းမံကြ၏။
29Ülke halkı baskı uyguladı, soygunculuk etti. Düşküne, yoksula baskı yaptı, yabancıya haksız yere kötü davrandı. ‹‹Peygamberleri››.
29ပြည်သူပြည်သားတို့သည်လည်း ညှဉ်းဆဲခြင်း၊ ထားပြတိုက်ခြင်း၊ ဆင်းရဲငတ်မွတ်သောသူတို့ကို နှိပ်စက် ခြင်း၊ တပါးအမျိုးသားတို့အား မတရားသဖြင့် ညှဉ်းဆဲ ခြင်းကို ပြုကြ၏။
30‹‹İçlerinde duvarı örecek, gedikte durup önümde ülkeyi savunacak, onu yerle bir etmemi engelleyecek bir adam aradım, ama hiç kimseyi bulmadım.
30ထိုပြည်ကို ငါမဖျက်ဆီးစေခြင်းငှါ ကွယ်ကာ သောသူ၊ မြို့ရိုးပျက် ပေါ်မှာရပ်၍ ဆီးတားသောသူ တယောက်ကိုမျှ ငါရှာ၍မတွေ့။
31Bunun için öfkemi üzerlerine boşaltacak, kızgınlığımla onları yakıp yok edeceğim. Yaptıklarını kendi başlarına getireceğim.›› Egemen RAB böyle diyor.
31ထိုကြောင့်၊ ငါအမျက်ကို ငါသွန်းလောင်းလျက်၊ ငါ့ဒေါသမီးဖြင့် သူတို့ကိုရှို့၍၊ သူတို့အပြစ်ကို သူတို့ ခေါင်းပေါ်သို့ ရောက်စေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။