1Bundan sonra adam beni tapınağın doğuya bakan dış kapısına geri getirdi. Kapı kapalıydı.
1ထိုနောက်၊ သန့်ရှင်းရာအရပ်အရှေ့သို့ မျက်နှာ ပြုသော ပြင်တံခါးသို့ ဆောင်သွား၍၊ ထိုတံခါးသည် ပိတ်လျက်ရှိ၏။
2RAB bana, ‹‹Bu kapı kapalı kalacak, açılmayacak, buradan kimse girmeyecek!›› dedi, ‹‹İsrailin Tanrısı RAB bu kapıdan girdi, bu yüzden kapalı kalacak.
2ထာဝရဘုရားကလည်း၊ ဤတံခါးကိုမဖွင့်ဘဲ ပိတ်ထားလျက်ရှိရမည်။ လူများမဝင်ရကြ။ အကြောင်းမူ ကား၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား ဝင်တော်မူသောကြောင့် ပိတ်ထားလျက်ရှိရမည်။
3Yalnız önder -önder olduğu için- RABbin önünde oturup ekmek yemek üzere eyvandan girebilir, aynı yoldan da çıkabilir.››
3မင်းသားအဘို့ဖြစ်၏။ မင်းသားသည် ထာဝရ ဘုရားရှေ့တော်၌ စားသောက်၍ထိုတံခါးဝမှာ ထိုင်ရ လိမ့်မည် မင်းသားသည် ထိုတံခါးမုတ်ဖြင့် ထွက်ဝင် ရလိမ့်မည်ဟု မိန့်တော်မူ၏။
4Adam Kuzey Kapısı yolundan tapınağın önüne getirdi beni. Baktım, RABbin görkeminin tapınağı doldurduğunu gördüm. Yüzüstü yere düştüm.
4ထိုအခါ အိမ်တော်ရှေ့၊ မြောက်တံခါးလမ်းဖြင့် ငါ့ကိုဆောင်သွား၍။ ထာဝရဘုရား၏ဘုန်းတော်သည် ထာဝရဘုရား၏အိမ်တော်ကို ဖြည့်တော်မူသဖြင့်၊ ငါသည် ပြပ်ဝပ်လျက်နေ၏။
5RAB bana şöyle seslendi: ‹‹İnsanoğlu, RABbin Tapınağının bütün kuralları ve yasalarıyla ilgili söyleyeceklerimi iyi dinle, her şeye iyi bak, kulak ver. Tapınağa kimin girip çıkacağına dikkat et.
5ထာဝရဘုရားကလည်း၊ အချင်းလူသား၊ စေ့စေ့ ကြည့်ရှု၍ မှတ်လော့။ ထာဝရဘုရား၏ အိမ်တော်အဘို့ ငါစီရင်ထုံးဖွဲ့ချက် ပညတ်တရားရှိသမျှတို့ကို နားထောင် လော့။ အိမ်တော်ဝင်ရာတံခါးဝနှင့် သန့်ရှင်းရာဌာနမှ ထွက်ရာတံခါးဝရှိသမျှတို့ကို စေ့စေ့မှတ်လော့။
6Asi İsrail halkına de ki, ‹Egemen RAB şöyle diyor: Ey İsrail halkı, yaptığınız iğrençliklere bir son verin artık!
6ပုန်ကန်တတ်သောသူ ဣသရေလအမျိုးသားတို့ အား အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည် မှာ၊ အိုဣသရေလအမျိုးသားတို့၊
7Yüreği ve bedeni sünnet edilmemiş yabancıları tapınağıma aldınız, bana yiyecek olarak yağ, kan sunmakla tapınağımı kirlettiniz. Böylece iğrenç uygulamalarınızla antlaşmamı bozdunuz.
7သင်တို့သည် ငါ့ဘောဇဉ်တည်းဟူသော ဆီဥနှင့် အသွေးကို ပူဇော်သောအခါ၊ ငါ့ဗိမာန်ကိုညစ်ညူးစေခြင်း ငှါ၊ အရေဖျားလှီးခြင်းကို မခံသောစိတ်နှင့် အရေဖျားလှီးခြင်းကို မခံ သောကိုယ်ရှိသော တပါးအမျိုးသားတို့ကို ငါ၏သန့်ရှင်း ရာဌာနထဲသို့ သွင်း၍နေရာချသဖြင့်၊ စက်ဆုပ်ရွံရှာ ဘွယ်သော အမှုများကို ပြုမိသည်ဖြစ်၍၊ ရောင့်ရဲသော စိတ်ရှိကြလော့။ စက်ဆုပ်ရွံရှာဘွယ်သောအမှုများ အားဖြင့် ငါ့ပဋိညာဉ်ကို ဖျက်ကြပြီ။
8Kutsal eşyalarıma ilişkin sorumluluğunuzu yerine getirmediniz. Tapınağımda bu eşyalara bakmaları için başkalarını görevlendirdiniz.
8ငါ၏သန့်ရှင်းရာဌာနကို မစောင့်။ ထိုဌာန၌ စောင့်သောသူတို့ကို ကိုယ်အလိုအလျောက်ခန့်ထားကြပြီ။
9Egemen RAB şöyle diyor: Yüreği ve bedeni sünnet edilmemişlerden, İsrail halkı arasında yaşayan yabancılardan hiçbiri tapınağıma girmeyecek.
9အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့တွင်နေ၍၊ အရေဖျားလှီးခြင်းကို မခံသောစိတ်နှင့် အရေဖျားလှီးခြင်းကိုမခံသော ကိုယ်ရှိ သောတပါးအမျိုးသားသည် ငါ၏သန့်ရှင်းရာဌာနထဲသို့ မဝင်ရ။
10‹‹ ‹İsrail kötü yola saptığı zaman beni bırakan, yoldan sapıp putlarına bağlanan Levililerse günahlarının cezasını çekecekler.
10ဣသရေလအမျိုးသားတို့သည် ငါ့ထံမှထွက်၍ လမ်းလွှဲပြီးလျှင်၊ မိမိတို့ရုပ်တုများနောက်သို့ လိုက်သွား သောအခါ၊ ငါ့ထံမှထွက်၍လမ်းလွှဲသော လေဝိသားတို့ သည်လည်း ကိုယ်အပြစ်ကို ခံရကြမည်။
11Ama tapınağımda onlar hizmet edecek: Tapınağın kapılarından sorumlu olacaklar; tapınağın hizmetini yapacak, yakmalık sunu ve kurbanlık hayvanları halk için kesecek, halkın önünde duracak, halka hizmet edecekler.
11သို့ရာတွင်၊ ငါ၏သန့်ရှင်းရာဌာနနှင့်ဆိုင်သော အမှုစောင့်ဖြစ်၍၊ ဗိမာန်တော်၌တံခါးတို့ကို စောင့်လျက်၊ အမှုတော်ကို ဆောင်ရွက်လျက်နေရကြမည်။ မီးရှို့ရာယဇ် နှင့် လူများပူဇော်သော ယဇ်ကောင်တို့ကို သတ်၍၊ လူများ ကိုယ်စား အမှုတော်ကို ဆောင်ရွက်ရကြမည်။
12Putlarının önünde İsrail halkına hizmet ederek halkı günaha soktular. Bu nedenle ben RAB onları günahları yüzünden cezalandıracağıma ant içtim. Egemen RAB böyle diyor.
12သူတို့သည် ရုပ်တုတို့ရှေ့မှာ လူများအမှုကို ဆောင်ရွက်သဖြင့်၊ ဣသရေလအမျိုးထိမိ၍ ဒုစရိုက် အပြစ်ထဲသို့ လဲစရာအကြောင်းဖြစ်ဘူးသောကြောင့်၊ သူတို့ တဘက်၌ငါကျိန်ဆို၍၊ သူတို့သည် ကိုယ်အပြစ်ကို ခံရ ကြမည်။
13Kâhin olarak hizmet etmek üzere bana yaklaşmayacaklar. Kutsal eşyalarıma, en kutsal sunularıma dokunmayacaklar. İğrenç uygulamalarının utancını yüklenecekler.
13ယဇ်ပုရောဟိတ်လုပ်၍ ငါ့ထံသို့မချဉ်းကပ်ရကြ။ အလွန်သန့်ရှင်းသော ငါ့ဌာန၌ သန့်ရှင်းသောအရာတို့ကို မချဉ်းကပ်ရကြ။ ကိုယ်အရှက်ကွဲခြင်း၊ ကိုယ်ပြုမိသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့ကို ခံရကြမည်။
14Yine de tapınağın hizmeti ve orada yapılacak bütün işler için onları görevlendireceğim.
14အိမ်တော်ကိုစောင့်၍၊ အိမ်တော်၌ ခပ်သိမ်း သောအမှုတို့ကို ဆောင်ရွက်စေခြင်းငှါ ငါခန့်ထားမည်။
15‹‹ ‹Ancak İsrail beni bırakıp kötü yola saptığında tapınağımın hizmetini sadakatle yapan Sadok soyundan Levili kâhinler önümde hizmet etmek üzere bana yaklaşacak. Yağ ve kan sunularını sunmak için önümde onlar duracak. Böyle diyor Egemen RAB.
15ဣသရေလ အမျိုးသားတို့သည် ငါ့ထံမှထွက်၍ လမ်းလွဲသောအခါ၊ ငါ၏သန့်ရှင်းရာဌာနကို စောင့်နေ သော လေဝိအမျိုးဖြစ်သော ဇာဒုတ်သား၊ ယဇ်ပုရော ဟိတ်တို့သည် ငါ့အမှုကိုဆောင်ခြင်းငှါ ငါ့ထံသို့ ချဉ်းကပ် ကြ၏။ ငါ့အားဆီဥနှင့်အသွေးကို ပူဇော်ခြင်းငှါ အရှေ့မှာ ရပ်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
16Yalnız onlar girecek tapınağıma; önümde hizmet etmek için yalnız onlar soframa yaklaşacak, görev yapacaklar.
16ထိုသူတို့သည် ငါ၏သန့်ရှင်းရာဌာနထဲသို့ဝင်၍ ငါ့အမှုကိုဆောင်ခြင်းငှါ၊ ငါ့စားပွဲအနားသို့ ချဉ်းကပ်၍ ငါ့အမှုစောင့်ဖြစ်ရကြမည်။
17‹‹ ‹Kâhinler iç avlunun kapılarından girecekleri zaman keten giysi giyecek; iç avlunun kapılarında ya da tapınakta hizmet ederken yünlü giysi giymeyecekler.
17သူတို့သည် အတွင်းတန်တိုင်းတံခါး အတွင်းသို့ ဝင်သောအခါ၊ ပိတ်အဝတ်ကိုသာ ဝတ်ရကြမည်။ အတွင်း တန်တိုင်းတံခါးအတွင်း၌ အမှုတော်ကိုဆောင်ရွက်စဉ်၊ သိုးမွေးအဝတ်ကို မဝတ်ရကြ။
18Başlarına keten sarık saracak, keten don giyecekler. Kendilerini terletecek bir şey giymeyecekler.
18ခေါင်းပေါ်မှာ ပိတ်ဦးထုပ်ကို ဆောင်း၍၊ ခါး၌ ပိတ်ပေါင်းဘီကိုဝတ်ရကြမည်။ ချွေးထွက်စေသော အဝတ်ကို မဝတ်ရကြ။
19Dış avluya halkın yanına çıkmadan önce, hizmet ederken giydikleri giysileri çıkarıp kutsal odalara koyacak, başka giysiler giyecekler. Öyle ki, o giysilerin kutsallığını halka geçirmesinler.
19လူများရှိရာ ပြင်တန်တိုင်းသို့ ထွက်သွားသော အခါ၊ အမှုတော်ကို ဆောင်စဉ်တွင် ဝတ်သောအဝတ်ကို ချွတ်၍၊ သန့်ရှင်းသောအခန်းတို့၌ ထားပြီးလျှင်၊ အခြား သောအဝတ်ကိုဝတ်ရကြမည်။ အရင်အဝတ်ကိုဝတ်လျက် လူများတို့ကို မသန့်ရှင်းစေရကြ။
20‹‹ ‹Kâhinler başlarını tıraş etmeyecek, saçlarını uzatmayacaklar. Ancak saçlarını kesip düzeltecekler.
20မိမိတို့ဆံပင်ကိုလည်း မရိတ်ရ၊ မရှည်စေခြင်းငှါ ဖြတ်ရမည်။
21İç avluya gireceği zaman hiçbir kâhin içki içmeyecek.
21ယဇ်ပုရောဟိတ်သည် အတွင်းတန်တိုင်းထဲသို့ ဝင်သောအခါ စပျစ်ရည်ကိုမသောက်ရ။
22Kâhinler dul ya da boşanmış kadınla evlenmeyecek. İsrail soyundan erden bir kızla ya da başka bir kâhinden dul kalmış bir kadınla evlenebilirler.
22မုတ်ဆိုးမနှင့် မစုံဘက်ရ။ လင်ကွာသောမိန်းမ နှင့် မစုံဘက်ရ။ ဣသရေလအမျိုး အပျိုကညာနှင့် သော်၎င်း၊ ယဇ်ပုရောဟိတ်၏မယားဖြစ်ဘူးသော မုတ်ဆိုးမ နှင့်သော်၎င်း စုံဘက်ရမည်။
23Kutsalla bayağı arasındaki ayrımı halkıma onlar öğretecek, kirliyle temizi ayırt etmeyi onlar gösterecekler.
23ငါ၏လူတို့သည် သန့်ရှင်းသောအရာ၊ မသန့်ရှင်း သောအရာတို့ကို၎င်း၊ စင်ကြယ်သောအရာ၊ မစင်ကြယ် သောအရာတို့ကို၎င်း ပိုင်းခြား၍သိစေခြင်းငှါ သွန်သင် ရကြမည်။
24‹‹ ‹Davalarda yargıç olarak kâhinler görev yapacak, ilkelerim uyarınca karar verecekler. Bayramlarımla ilgili yasalarıma, kurallarıma uyacak, Şabat günlerimi kutsal tutacaklar.
24တရားတွေ့မှုကိုစီရင်လျှင်၊ ငါ၏ဓမ္မသတ် အတိုင်း စီရင်ရကြမည်။ ငါ၏ဓမ္မပွဲတို့ကို ဆောင်ရွက်လျှင်၊ ငါစီရင်ထုံးဖွဲ့ချက်တို့ကို၎င်း၊ ငါ၏ဥပုသ်နေ့တို့ကို၎င်း စောင့်ရှောက်ရကြမည်။
25‹‹ ‹Kâhin bir ölünün yanına giderek kendini kirletmeyecek; ölü annesi, babası, oğlu, kızı, kardeşi ya da evlenmemiş kızkardeşiyse kendini kirletebilir.
25အသေကောင်ကိုချဉ်း၍ ကိုယ်ကို မညစ်ညူး စေရ။ သို့ရာတွင်၊ ကိုယ်မိဘ၊ သားသမီး၊ ညီအစ်ကို၊ လင်မနေသောနှမအတွက် ကိုယ်ကို ညစ်ညူးစေရသော အခွင့်ရှိ၏။
26Arındıktan sonra yedi gün bekleyecek.
26သန့်ရှင်းခြင်းကိုပြုပြီးမှ ခုနစ်ရက်နေရမည်။
27Tapınakta hizmet etmek üzere iç avluya gireceği gün, kendisi için bir günah sunusu sunacak. Egemen RAB böyle diyor.
27သန့်ရှင်းရာဌာန၌ အမှုတော်ကိုဆောင်ခြင်းငှါ အတွင်းတန်တိုင်း သန့်ရှင်းရာဌာနထဲသို့ ဝင်သောနေ့တွင်၊ အပြစ်ဖြေရာယဇ်ကို ပူဇော်ရမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
28‹‹ ‹Kâhinlerin payı vardır, onların mirası benim. İsrailde onlara mülk vermeyeceksiniz. Onların mirası benim.
28ထိုအရာသည် ယဇ်ပုရောဟိတ်တို့၏ အမွေဥစ္စာ ဖြစ်ရမည်။ ငါသည်သူတို့အမွေဥစ္စာဖြစ်၏။ ဣသရေလ ပြည်၌ သူတို့အားအမွေမြေကို မပေးရ။ ငါသည်သူတို့၏ အမွေမြေဖြစ်၏။
29Kâhinler tahıl, günah ve suç sunularını yiyecekler. İsrailde RABbe adanan her şey onların olacak.
29ပူဇော်သောမုန့်ညက်နှင့်အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်ကို စားရကြမည်။ ဣသရေလအမျိုး သား ကျိန်ဆို၍ ပူဇော်သမျှတို့ကိုလည်း သိမ်းယူရကြမည်။
30İlk ürünlerin en iyileri ve bütün özel armağanlarınız kâhinlerin olacak. Evinize bereket yağsın diye tahılınızın ilkini onlara vereceksiniz.
30အဦးသီးသောအသီးအမျိုးမျိုးနှင့်၊ ချီးမြှောက်ရာ ပူဇော်သက္ကာအလုံးစုံတို့ကို ယဇ်ပုရောဟိတ်သည် သိမ်းယူ ရမည်။ သူသည်သင့်အိမ်၌ ကောင်းကြီးမင်္ဂလာကို သက် ရောက်စေခြင်းငှါ၊ အဦးနယ်သော မုန့်စိမ်းကို သူ၌ လှူရမည်။
31Kâhinler ölü bulunmuş ya da yabanıl hayvan tarafından parçalanmış hiçbir kuş ya da hayvan yemeyecek.› ››
31ငှက်ဖြစ်စေ၊ သားဖြစ်စေ၊ အလိုလိုသေသော အကောင်၊ သားရဲကိုက်၍ သေသောအကောင်ကို ယဇ်ပုရောဟိတ်မစားရ။