Turkish

Myanmar

Genesis

21

1RAB verdiği söz uyarınca Saraya iyilik etti ve sözünü yerine getirdi.
1ထာဝရဘုရားသည်၊ အမိန့်တော်ရှိသည်အတိုင်း၊ စာရာကို အကြည့်အရှုကြွတော်မူ၍၊ ဂတိတော် ရှိသည်နှင့် လျော်စွာ သူ၌ပြုတော်မူသဖြင့်၊
2Sara hamile kaldı; İbrahimin yaşlılık döneminde, tam Tanrının belirttiği zamanda ona bir erkek çocuk doğurdu.
2စာရာသည် ပဋိသန္ဓေစွဲယူ၍၊ ဘုရားသခင် အမိန့်တော်နှင့် ချိန်းချက်သောအချိန်၌၊ အာဗြဟံအသက် ကြီးသောအခါ၊ သူ့အားသားကို ဘွားလေ၏။
3İbrahim Saranın doğurduğu çocuğa İshakfı adını verdi.
3အာဗြဟံသည်လည်း၊ မိမိရသောသားတည်း ဟူသော၊ စာရာဘွားသောသားကို ဣဇာက်အမည်ဖြင့် မှည့်လေ၏။
4Tanrının kendisine buyurduğu gibi oğlu İshakı sekiz günlükken sünnet etti.
4ဘုရားသခင်မှာထားတော်မူသည်အတိုင်း၊ အာဗြဟံသည်ရှစ်ရက်မြောက်သောနေ့၌၊ သားဣဇာက် ကို အရေဖျားလှီးမင်္ဂလာပေးလေ၏။
5İshak doğduğunda İbrahim yüz yaşındaydı.
5သားဣဇာက်ကိုမြင်ရသောအခါ အာဗြဟံသည် အသက်တရာ ရှိသတည်း။
6Sara, ‹‹Tanrı yüzümü güldürdü›› dedi, ‹‹Bunu duyan herkes benimle birlikte gülecek.
6စာရာကလည်း၊ ငါရယ်ရသော အခွင့်ကို ဘုရား သခင်ပေးတော်မူပြီ။ ဤသီတင်းကို ကြားသောသူ အပေါင်းတို့သည်လည်း၊ ငါနှင့်အတူ ရယ်ကြလိမ့်မည်ဟူ၍ ၎င်း၊
7Kim İbrahime Sara çocuk emzirecek derdi? Bu yaşında ona bir oğul doğurdum.››
7စာရာသည် သားကိုနို့တိုက်လိမ့်မည်ဟု အာဗြဟံ အား အဘယ်သူပြောနှင့်ရသနည်း။ သူသည် အသက်ကြီး သောအခါ၊ ငါသည် သားကို ဘွားပြီးဟူ၍၎င်း ဆိုလေ၏။
8Çocuk büyüdü. Sütten kesildiği gün İbrahim büyük bir şölen verdi.
8ထိုသူငယ်ဣဇာတ်သည် ကြီးပွား၍ နို့နှင့် ကွာလေ၏။ နို့ကွာသောနေ့၌ အာဗြံဟံသည် ပွဲကြီး လုပ်လေ၏။
9Ne var ki Sara, Mısırlı Hacerin İbrahimden olma oğlu İsmailin alay ettiğini görünce,
9အဲဂုတ္တအမျိုးသားဟာဂရတွင် အာဗြဟံရသော သားသည် ဆဲရေးသည်ကို စာရာသိမြင်လျှင်၊
10İbrahime, ‹‹Bu cariyeyle oğlunu kov›› dedi, ‹‹Bu cariyenin oğlu, oğlum İshakın mirasına ortak olmasın.››
10ဤကျွန်မ၏သားသည် အကျွန်ုပ်၏သာဣဇာက် နှင့်အတူ အမွေမခံရဟု အာဗြံဟံအား ဆိုလေ၏။
11Bu İbrahimi çok üzdü, çünkü İsmail de öz oğluydu.
11အာဗြဟံလည်း၊ မိမိသားဖြစ်သောကြောင့်၊ ထိုအမှု အလွန်ခက်သည်ဟု ထင်လေ၏။
12Ancak Tanrı İbrahime, ‹‹Oğlunla cariyen için üzülme›› dedi, ‹‹Sara ne derse, onu yap. Çünkü senin soyun İshakla sürecektir.
12သို့ရာတွင် ဘုရားသခင်က၊ ထိုသူငယ်နှင့် သင်၏ ကျွန်မကြောင့်၊ ဤအမှုခက်သည်ဟု မထင်နှင့်။ စာရာ ပြောလေရာရာ၌ သူ၏စကားကို နားထောင်လော့။ အကြောင်းမူကား၊ ဣဇာက်၌သာ သင်၏ အမျိုးတည်လိမ့်မည်။
13Cariyenin oğlundan da bir ulus yaratacağım, çünkü o da senin soyun.››
13ကျွန်မ၏သားသည် သင်၏အမျိုးဖြစ်သောကြောင့်၊ သူ့ကိုလည်း လူမျိုးဖြစ်စေမည်ဟု အာဗြံဟံအား မိန့်တော်မူ၏။
14İbrahim sabah erkenden kalktı, biraz yiyecek, bir tulum da su hazırlayıp Hacerin omuzuna attı, çocuğunu da verip onu gönderdi. Hacer Beer-Şeva Çölüne gitti, orada bir süre dolaştı.
14အာဗြဟံသည် နံနက်စောစောထ၍၊ မုန့်နှင့် ရေဘူးကိုယူသဖြင့်၊ ဟာဂရပခုံး၌တင်ပြီးလျှင်၊ သူငယ်ကို အပ်၍ ကျွန်မကို လွှတ်လိုက်လေ၏။ သူသည်လည်း သွား၍ ဗေရရှေဘ တော၌ လှည့်လည်လျက် နေ၏။
15Tulumdaki su tükenince, oğlunu bir çalının altına bıraktı.
15ဘူး၌ရေကုန်သောအခါ၊ သူငယ်ကို ချုံဖုတ် အောက်၌ ထား၍၊
16Yaklaşık bir ok atımı uzaklaşıp, ‹‹Oğlumun ölümünü görmeyeyim›› diyerek onun karşısına oturup hıçkıra hıçkıra ağladı.
16ငါသည်သူငယ်သေသည်ကို မမြင် လိုဟုဆိုလျက်၊ ခပ်ဝေးဝေးလေးတပစ်ခန့်လောက် သွားပြီးလျှင်၊ သူငယ်ရှေ့မှာ ထိုင်၍နေလေ၏။ ထိုသို့တိုင်၍နေစဉ် သူသည်အသံ ကို လွှင့်၍ ငိုကြွေးလေ၏။
17Tanrı çocuğun sesini duydu. Tanrının meleği göklerden Hacere, ‹‹Nen var, Hacer?›› diye seslendi, ‹‹Korkma! Çünkü Tanrı çocuğun sesini duydu.
17ဘုရားသခင်သည် လုလင်၏အသံကို ကြားတော် မူ၍ ဘုရားသခင်၏၊ ကောင်းကင်တမန်က၊ ဟာဂရ၊ သင်၌အဘယ်အမှုရှိသနည်း။ မစိုးရိမ်နှင့်။ လုလင် နေသော အရပ်ထဲက သူ၏အသံကို ဘုရားသခင် ကြား တော်မူပြီ။
18Kalk, oğlunu kaldır, elini tut. Onu büyük bir ulus yapacağım.››
18ထလော့။ လုလင်ကိုကြွ၍ လက်နှင့်မလော့။ ငါသည်သူ့ကို လူမျိုးကြီးဖြစ်စေမည်ဟု ကောင်းကင်ထဲက ခေါ်၍ ဟာဂရအား မြွက်ဆို၏။
19Sonra Tanrı Hacerin gözlerini açtı, Hacer bir kuyu gördü. Gidip tulumunu doldurdu, oğluna içirdi.
19ထိုအခါ ဘုရားသခင်သည် ဟာဂရ၏ မျက်စိကို ဖွင့်တော်မူသဖြင့်၊ သူသည်ရေတွင်းကို မြင်လေသော်၊ သွား၍ဘူးကို ရေဖြည့်ပြီးလျှင်၊ လုလင်အား ရေကို တိုက်လေ၏။
20Çocuk büyürken Tanrı onunlaydı. Çocuk çölde yaşadı ve okçu oldu.
20ထိုလုလင်ဘက်၌လည်း၊ ဘုရားသခင် ရှိတော် မူ၏။ သူသည် ကြီးပွား၍ တော၌နေသဖြင့်၊ လေးသမား ဖြစ်လေ၏။
21Paran Çölünde yaşarken annesi ona Mısırlı bir kadın aldı.
21ပါရန်တော၌ နေသည်ဖြစ်၍ သူ့အမိသည် အဲဂုတ္တုပြည်မှ မိန်းမတယောက်ကိုခေါ်၍ သူနှင့်စုံဘက် စေ၏။
22O sırada Avimelekle ordusunun komutanı Fikol İbrahime, ‹‹Yaptığın her şeyde Tanrı seninle›› dediler,
22ထိုရောအခါ၊ အဘိမလက်မင်းနှင့် ဗိုလ်ချုပ် မင်းဖိကောလတို့သည် အာဗြဟံကို ခေါ်၍၊ သင်သည် ပြုလေရာရာ၌ သင့်ဘက်မှာ ဘုရားသခင်ရှိတော်မူ၏။
23‹‹Onun için, Tanrının önünde bana, oğluma ve soyuma haksız davranmayacağına ant iç. Bana ve konuk olarak yaşadığın bu ülkeye, benim sana yaptığım gibi iyi davran.››
23သို့ဖြစ်၍ သင်သည်ငါ့ကို၎င်း၊ ငါ့သားကို၎င်း၊ ငါ့မြေးကို၎င်း၊ မလှည့်စား၊ ငါသည် သင်၌ကျေးဇူးပြု သကဲ့သို့ ငါ၌၎င်း၊ သင်တည်းနေရာ ငါ့ပြည်၌၎င်း၊ ကျေးဇူးပြုမည်ဟု ဘုရားသခင်ကို တိုင်တည်၍ ငါ့အား ကျိန်ဆိုပါလော့ဟုပြောဆို၏။
24İbrahim, ‹‹Ant içerim›› dedi.
24အာဗြဟံကလည်း၊ ထိုအတိုင်းငါကျိန်ဆိုပါမည်ဟု ပြန်ပြောလေ၏။
25İbrahim Avimeleke bir kuyuyu zorla ele geçiren adamlarından yakındı.
25အဘိမလက်မင်း၏ ကျွန်တို့သည် အနိုင်အထက် လုယူသော ရေတွင်းအကြောင်းကြောင့်၊ အာဗြဟံသည် လည်း အဘိမလက်မင်းကို အပြစ်တင်လေ၏။
26Avimelek, ‹‹Bunu kimin yaptığını bilmiyorum›› diye yanıtladı, ‹‹Sen de bana söylemedin, ilk kez duyuyorum.››
26အဘိမလက်မင်းကလည်း၊ ဤအမှုကို အဘယ် သူပြုသည်ကို ငါမသိ။ သင်သည့်ငါ့ကိုမပြော။ ငါလည်း ယနေ့တိုင်အောင် မကြားရဟု ဆို၏။
27Daha sonra İbrahim Avimeleke davar ve sığır verdi. Böylece ikisi bir antlaşma yaptılar.
27အာဗြဟံသည်လည်း သိုး၊ နွားတို့ကို ယူပြီးလျှင်၊ အဘိမလက်အား ပေး၍ထိုနှစ်ပါးတို့သည် ပဋိညာဉ်ပြုကြ ၏။
28İbrahim sürüsünden yedi dişi kuzu ayırdı.
28အာဗြဟံသည်လည်းသိုးသငယ်မ ခုနစ်ကောင် တို့ကို သိုးစုနှင့်ခွဲထားလေ၏။
29Avimelek, ‹‹Bunun anlamı ne, niçin bu yedi dişi kuzuyu ayırdın?›› diye sordu.
29အဘိမလက်ကလည်း၊ ခွဲထားသော ဤသိုး သငယ်မခုနစ်ကောင်တို့သည်၊ အဘယ်သို့နည်းဟု မေးသော်၊
30İbrahim, ‹‹Bu yedi dişi kuzuyu benim elimden almalısın›› diye yanıtladı, ‹‹Kuyuyu benim açtığımın kanıtı olsun.››
30အာဗြဟံက၊ ဤရေတွင်းကို ငါတူးပြီးဟု ဤသိုး သငယ်မခုနစ်ကောင်တို့သည် ငါ့ဘက်၌ သက်သေဖြစ်မည် အကြောင်းသူတို့ကို သင်သည်ငါ့လက်မှ ခံယူရမည်ဟု ဆိုလေ၏။
31Bu yüzden oraya Beer-Şeva adı verildi. Çünkü ikisi orada ant içmişlerdi.
31သို့ဖြစ်၍ထိုအရပ်၌ ထိုနှစ်ပါးတို့သည် ကျိန်ဆို သောကြောင့်၊ ထိုအရပ်ကို ဗေရရှေဘဟု တွင်ကြ၏။
32Beer-Şevada yapılan bu antlaşmadan sonra Avimelek, ordusunun komutanı Fikolla birlikte Filist yöresine geri döndü.
32ထိုသို့ဗေရရှေဘအရပ်၌ ပဋိညာဉ်တို့သည်ထ၍ ဖိလိတ္တပြည်သို့ ပြန်ကြ၏။
33İbrahim Beer-Şevada bir ılgın ağacı dikti; orada RABbi, ölümsüz Tanrıyı adıyla çağırdı.
33အာဗြဟံသည် ဗေရရှဘ အရပ်၌ မန်ကျည်း ပင်ကိုစိုက်၍၊ အစဉ်အမြဲတည်တော်မူသော ဘုရားသခင် တည်းဟူသော၊ ထာဝရဘုရား၏ နာမတော်ကို ပဌနာ ပြုလေ၏။
34Filist yöresinde konuk olarak uzun süre yaşadı.
34ဖိလိတ္တပြည်မှာ ကာလရှည်ကြာစွာ တည်းနေ သတည်း။