Turkish

Myanmar

Genesis

29

1Yakup yoluna devam ederek doğu halklarının ülkesine vardı.
1တဖန်ယာကုပ်သည် ခရီးသွား၍၊ အရှေ့ ပြည်သားတို့နေရာအရပ်သို့ ရောက်ပြီးလျှင်၊
2Kırda bir kuyu gördü. Kuyunun yanıbaşında üç davar sürüsü yatıyordu. Sürülere o kuyudan su verilirdi. Kuyunun ağzında büyük bir taş vardı.
2မြော်ကြည့်၍ တောစ၌ ရေတွင်းတခုကို မြင်၏။ ထိုတွင်းရေဖြင့် သိုးစုများကို တိုက်တတ်သည်ဖြစ်၍၊ တွင်းနားမှာ သိုးစုသုံးစု အိပ်လျက်ရှိ၏။ ရေတွင်းဝပေါ် မှာ ကြီးစွာသော ကျောက်ရှိ၏။
3Bütün sürüler oraya toplanınca, çobanlar kuyunun ağzındaki taşı yuvarlar, davarlarını suvardıktan sonra taşı yine yerine, kuyunun ağzına koyarlardı.
3သိုးထိန်းအပေါင်းတို့သည် ထိုအရပ်၌ စုဝေး သောအခါ၊ ရေတွင်းဝ၌ ဖုံးအုပ်သော ကျောက်ကို လှိမ့်လှန်၍၊ သိုးများကို ရေတိုက်ပြီးလျှင်၊ ထိုကျောက်ကို မိမိနေရာရေတွင်းဝပေါ်မှာ တဖန်တင်ထားလေ့ရှိ၏။
4Yakup çobanlara, ‹‹Kardeşler, nerelisiniz?›› diye sordu. Çobanlar, ‹‹Harranlıyız›› diye yanıtladılar.
4ယာကုပ်ကလည်း၊ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အဘယ်အရပ်က လာကြသနည်းဟု မေးလျှင်၊ငါတို့သည် ခါရန်မြို့က လာကြသည်ဟုပြောဆိုလေ၏။
5Yakup, ‹‹Nahorun torunu Lavanı tanıyor musunuz?›› diye sordu. ‹‹Tanıyoruz›› dediler.
5တဖန်ယာကုပ်က၊ နာခေါ်သားလာဗန်ကို သိသလောဟု မေးလျှင်၊ သိ၏ဟု ပြန်ဆိုသော်၊
6Yakup, ‹‹İyi midir?›› diye sordu. ‹‹İyidir. İşte kızı Rahel davarlarla birlikte geliyor.››
6သူသည်မာပါ၏လောဟု တဖန်မေးပြန်လျှင်၊ မာပါ၏။ သူ၏သမီးရာခေလသည် သိုးများနှင့်တကွ လာလိမ့်မည်ဟု ဆိုကြလေ၏။
7Yakup, ‹‹Akşama daha çok var›› dedi, ‹‹Sürülerin toplanma vakti değil. Davarlarınızı suvarın, götürüp otlatın.››
7ယာကုပ်ကလည်း၊ နေ့အချိန် အလွန်များစွာ ရှိသေး၏။ သိုးတို့ကို စုဝေးရာအချိန်မဟုတ်သေး။ ရေတိုက်ပြီးလျှင်၊ သွား၍ထိန်းကြဦးလော့ဟု ဆိုလေ၏။
8Çobanlar, ‹‹Bütün sürüler toplanmadan, kuyunun ağzındaki taşı yuvarlamadan olmaz›› dediler, ‹‹Ancak o zaman davarları suvarabiliriz.››
8သူတို့ကလည်း၊ သိုးထိန်းအပေါင်းစုဝေး၍၊ ရေတွင်းဝ၌ ဖုံးအုပ် သော ကျောက်ကို လှိမ့်လှန်ပြီးမှသာ၊ သိုးတို့ကို ရေတိုက်ရ၏။ သို့မဟုတ်၊ မတိုက်ရဟု ပြန်ဆို ကြ၏။
9Yakup onlarla konuşurken Rahel babasının davarlarını getirdi. Rahel çobanlık yapıyordu.
9ထိုသို့တဦးနှင့်တဦး နှုတ်ဆက်ကြစဉ်တွင်၊ ရာခေလသည်၊ မိမိအဘ၏သိုးတို့ကို ထိန်းရသည် ဖြစ်၍၊ သိုးတို့ကို ဆောင်လျက်လာ၏။
10Yakup dayısı Lavanın kızı Raheli ve davarları görünce, gidip kuyunun ağzındaki taşı yuvarladı, dayısının davarlarını suvardı.
10ယာကုပ်သည်၊ မိမိဦးရီးလာဗန်၏သမီး ရာခေလနှင့် ဦးရီးလာဗန်၏သိုးတို့ကို မြင်သောအခါ၊ အနီးသို့ချဉ်း၍၊ ရေတွင်း၌ဖုံးအုပ်သော ကျောက်ကို လှိမ့်လှန်ပြီးလျှင်၊ ဦးရီးလာဗန်၏ သိုးတို့ကို ရေတိုက် လေ၏။
11Raheli öperek hıçkıra hıçkıra ağladı.
11ထိုနောက်၊ ယာကုပ်သည် ရာခေလကို နမ်း၍၊ ကျယ်သော အသံနှင့်ငိုလေ၏။
12Rahele baba tarafından akraba olduklarını, Rebekanın oğlu olduğunu anlattı. Rahel koşup babasına haber verdi.
12မိမိသည် ရာခေလအဘ၏တူ၊ ရေဗက္က၏သား ဖြစ်ကြောင်းကို ကြားပြောလျှင်၊ ရာခေလသည်ပြေး၍ မိမိအဘအား ပြန်ကြားလေ၏။
13Lavan, yeğeni Yakupun geldiğini duyunca, onu karşılamaya koştu. Ona sarılıp öptü, evine getirdi. Yakup bütün olanları Lavana anlattı.
13လာဗန်သည် မိမိတူယာကုပ်၏ သိတင်းစကား ကို ကြားသောအခါ၊ ကြိုဆိုခြင်းငှါ အလျင်အမြန်သွား၍၊ ပိုက်ဘက်နမ်းရှုတ်လျက်၊ မိမိအိမ်သို့ ဆောင်သွားလေ၏။ ယာကုပ်သည်လည်း မိမိအမှုအရာရှိသမျှကို ကြားပြော လျှင်၊
14Lavan, ‹‹Sen benim etim, kemiğimsin›› dedi. Yakup Lavanın yanında bir ay kaldıktan sonra,
14လာဗန်က၊ အကယ်စင်စစ် သင်သည် ငါ့အရိုး အသားပင်ဖြစ်၏ဟု ဆိုလေ၏။
15Lavan, ‹‹Akrabamsın diye benim için bedava mı çalışacaksın?›› dedi, ‹‹Söyle, ne kadar ücret istiyorsun?››
15ယာကုပ်သည် တလခန့်မျှ နေပြီးမှ၊ လာဗန်က၊ သင်သည် ငါ့တူဖြစ်သောကြောင့်၊ အကျိုးမဲ့ ကျွန်ခံရပါ မည်လော။ ခံလိုသောအခကို ငါ့အား ပြောလော့ဟု ဆိုလေ၏။
16Lavanın iki kızı vardı. Büyüğünün adı Lea, küçüğünün adı Raheldi.
16ထိုအခါ လာဗန်၌ သမီးနှစ်ယောက်ရှိ၏။ အကြီး ကား၊ လေအာအမည်ရှိ၏။ အငယ်ကား၊ ရာခေလအမည် ရှိ၏။
17Leanın gözleri alımlıydı, Rahel ise boyu bosu yerinde, güzel bir kızdı.
17လေအာကား၊ မျက်စိနုညံ့၏။ ရာခေလကား၊ ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်းလှ၏။
18Yakup Rahele aşıktı. Lavana, ‹‹Küçük kızın Rahel için sana yedi yıl hizmet ederim›› dedi.
18ယာကုပ်သည် ရာခေလကို ချစ်သောကြောင့်၊ လာဗန်အား၊ ဦးမင်းသမီးအငယ်ရာခေလကိုရခြင်းငှါ၊ ခုနစ်နှစ်အစေခံပါမည်ဟု ဆိုလျှင်၊
19Lavan, ‹‹Onu sana vermek başkasına vermekten daha iyidir›› dedi, ‹‹Yanımda kal.››
19လာဗန်က၊ အခြားသောသူအား ပေးစားသည် ထက်၊ သင့်အား ပေးစားသော် သာ၍ကောင်း၏။ ငါနှင့် အတူနေလော့ဟုဆို၏။
20Yakup Rahel için yedi yıl çalıştı. Raheli sevdiği için, yedi yıl ona birkaç gün gibi geldi.
20ယာကုပ်သည်လည်း၊ ရာခေလကို ရခြင်းငှါ ခုနစ်နှစ် အစေခံလေ၏။ ရာခေလကိုချစ်သောကြောင့်၊ ခုနစ်နှစ်ကို နည်းသောနေ့ရက်ကဲ့သို့ ထင်မှတ်သတည်း။
21Lavana, ‹‹Zaman doldu, kızını ver, evleneyim›› dedi.
21ယာကုပ်ကလည်း၊ ချိန်းချက်သော အချိန်စေ့ ပါပြီ။ ကျွန်ုပ်သည် မယားနှင့် ဆက်ဆံဘို့ရာ ပေးစားပါဟု လာဗန်အားဆိုလျှင်၊
22Lavan bütün yöre halkını toplayıp bir şölen verdi.
22လာဗန်သည် ထိုအရပ်၌နေသော သူအပေါင်း တို့ကို စည်းဝေးစေ၍ ပွဲလုပ်လေ၏။
23Gece kızı Leayı Yakupa götürdü. Yakup onunla yattı.
23ညဦးအချိန်ရောက်မှ၊ ဇိလပအမည်ရှိသော ကျွန်မကို သမီးလေအာ၌ လက်ဖွဲ့လျက်၊ ထိုသမီးကို ဆောင်သွင်း၍၊ ယာကုပ်သည် သူနှင့်ဆက်ဆံလေ၏။
24Lavan cariyesi Zilpayı kızı Leanın hizmetine verdi.
25နံနက်အချိန်ရောက်မှ ယာကုပ်သည် ကြည့်ရှုသောအခါ၊ လေအာဖြစ်ကြောင်းကို သိမြင်လျှင်၊ လာဗန် ထံသို့သွား၍ ကျွန်ုပ်၌ပြုသောအမှုကား၊ အဘယ်သို့နည်း။ ကျွန်ုပ်သည် ရာခေလကိုရခြင်းငှါ အစေခံရပြီ မဟုတ်လော။ ကျွန်ုပ်ကို အဘယ်ကြောင့် လှည့်စားရသနည်းဟု ဆိုသော်၊
25Sabah olunca Yakup bir de baktı ki, yanındaki Lea! Lavana, ‹‹Nedir bana bu yaptığın?›› dedi, ‹‹Ben Rahel için yanında çalışmadım mı? Niçin beni aldattın?››
26လာဗန်က၊ ငါတို့ပြည်၌ သမီးအကြီးကို မပေးစားမှီ၊ အငယ်ကို မပေးစားရ။
26Lavan, ‹‹Bizim buralarda adettir. Büyük kız dururken küçük kız evlendirilmez›› dedi,
27ခုနစ်ရက်စေ့အောင် ငံ့ဦးလော့။ နောက်တဖန် ခုနစ်နှစ် အစေခံရသည်အတွက်၊ ရာခေလကိုလည်း သင့်အား ပေးစားဦးမည်ဟု ဆိုသည်အတိုင်း၊
27‹‹Bu bir haftayı tamamla, Raheli de sana veririz. Yalnız ona karşılık yedi yıl daha yanımda çalışacaksın.››
28ယာကုပ်ဝန်ခံ၍ ခုနစ်ရက်စေ့ပြီးမှ၊ လာဗန်သည် ဗိလဟာအမည်ရှိသော ကျွန်မကို လက်ဖွဲ့လျက်၊ သမီးရာခေလကို ပေးစားလေ၏။
28Yakup kabul etti. Leayla bir hafta geçirdi. Sonra Lavan kızı Raheli de ona verdi.
30ယာကုပ်သည် ရာခေလနှင့် ဆက်ဆံ၍၊ လေအာကို ချစ်သည်ထက်သာ၍ ချစ်၏။ လာဗန်ထံမှာ တဖန် ခုနစ်နှစ်အစေခံလေ၏။
29Cariyesi Bilhayı Rahelin hizmetine verdi.
31လေအာသည် အမုန်းခံရသည်ကို ထာဝရဘုရားသိမြင်၍၊ သားဘွားရသောအခွင့်ကို ပေးတော်မူ ၏။ ရာခေလမူကား မြုံ၏။
30Yakup Rahelle de yattı. Onu Leadan çok sevdi. Lavana yedi yıl daha hizmet etti.
32လေအာသည် ပဋိသန္ဓေယူသဖြင့်၊ သားကို ဘွားမြင်၍ ရုဗင်အမည်ဖြင့် မှည့်လေ၏။ အကြောင်း မူကား၊ ထာဝရဘုရားသည် ငါ၏ဆင်းရဲခံခြင်းကို အမှန် ကြည့်မြင်တော်မူပြီ။ သို့ဖြစ်၍ ယခုငါ့လင်သည် ငါ့ကိုချစ် လိမ့်မည်ဟု ဆိုသတည်း။
31RAB Leanın sevilmediğini görünce, çocuk sahibi olmasını sağladı. Oysa Rahel kısırdı.
33တဖန် ပဋိသန္ဓေယူပြန်၍ သားကိုဘွားမြင်သော်၊ ငါသည် အမုန်းခံရကြောင်းကို ထာဝရဘုရား ကြားသော ကြောင့်၊ ဤသားကိုလည်း ပေးသနားတော်မူပြီဟု ဆိုပြီး လျှင်၊ ထိုသားကို ရှိမောင်အမည်ဖြင့် မှည့်လေ၏။
32Lea hamile kalıp bir erkek çocuk doğurdu. Adını Ruben koydu. ‹‹Çünkü RAB mutsuzluğumu gördü›› dedi, ‹‹Kuşkusuz artık kocam beni sever.››
34တဖန် ပဋိသန္ဓေယူပြန်၍ သားကိုဘွားမြင်သော်၊ ငါ့လင်အား သားသုံးယောက်ကို ငါဘွားမြင်သောကြောင့်၊ ယခုတခါသူသည် ငါနှင့်ပေါင်းဘော်လိမ့်မည်ဟု ဆို၍၊ ထိုသားကို လေဝိအမည်ဖြင့် မှည့်လေ၏။
33Yine hamile kaldı ve bir erkek çocuk daha doğurdu. ‹‹RAB sevilmediğimi duyduğu için bana bu çocuğu verdi›› diyerek adını Şimon koydu.
35တဖန် ပဋိသန္ဓေယူပြန်၍ သားကို ဘွားမြင် သော်၊ ထာဝရဘုရားကို ယခုငါချီးမွမ်းမည်ဟု ဆိုသည် ဖြစ်၍၊ ထိုသားကို ယုဒအမည်ဖြင့် မှည့်လေ၏။ ထိုနောက်၊ သားပြတ်၍ မဘွားဘဲနေ၏။
34Üçüncü kez hamile kalıp bir daha erkek çocuk doğurdu. ‹‹Artık kocam bana bağlanacak›› dedi, ‹‹Çünkü ona üç erkek çocuk doğurdum.›› Onun için çocuğa Levi adı verildi.
35Dördüncü kez hamile kaldı ve bir erkek çocuk daha doğurdu. ‹‹Bu kez RAB'be övgüler sunacağım›› dedi. Onun için çocuğa Yahuda adını verdi. Bir süre doğum yapmadı.