1Esavın, yani Edomun öyküsü:
1ဧဒုံအမည်ရှိသော ဧသော အမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများဟူမူကား၊
2Esav şu Kenanlı kızlarla evlendi: Hititli Elonun kızı Âda; Hivli Sivonun torunu, Ânanın kızı Oholivama;
2ဧသောသည် ဟိတ္တိအမျိုးဇိဘောင်သား အာန၏ သမီး အဟောလိဗာမတယောက်၊ ခါနာန်အမျိုးသမီး နှစ်ယောက်နှင့်၎င်း၊
3Nevayotun kızkardeşi, İsmailin kızı Basemat.
3ဣရှမေလသမီးတည်းဟူသော နဗာယုတ်နှမ ဗာရှမတ်တယောက်နှင့်၎င်း အိမ်ထောင်လေ၏။
4Âda Esava Elifazı, Basemat Reueli,
4ဧသောမယား အာဒဘွားသော သားကား၊ ဧလိဖတ်၊ ဗာရှမတ် ဘွားသောသားရွေလတည်း။
5Oholivama Yeuş, Yalam ve Korahı doğurdu. Esavın Kenan ülkesinde doğan oğulları bunlardı.
5အဟောလိဗာမဘွားသော သားကား၊ယုရှ၊ ယာလံ၊ ကောရတည်း။ဤသူတို့ကား၊ ခါနာန်ပြည်၌ ဧသောမြင်သောသားတည်း။
6Esav karılarını, oğullarını, kızlarını, evindeki bütün adamlarını, hayvanlarının hepsini, Kenan ülkesinde kazandığı malların tümünü alıp kardeşi Yakuptan ayrıldı, başka bir ülkeye gitti.
6ဧသောသည် မယားသားသမီးနှင့်တကွ၊ အိမ်သူအိမ်သားအပေါင်းတို့ကို၎င်း၊ သိုးနွား စသည်တို့နှင့် တိရစ္ဆာန် ရှိသမျှတို့ကို၎င်း၊ ခါနာန်ပြည်၌ ရတတ်သော ဥစ္စာရှိသမျှတို့ကို၎င်း ယူ၍၊ ညီယာကုပ်ထံမှ ပြောင်းသွား လေ၏။
7Birlikte yaşayamayacak kadar çok malları vardı. Yabancı olarak yaşadıkları bu topraklar davarlarına yetmiyordu.
7အကြောင်းမူကား၊ ထိုသူနှစ်ပါးတို့သည် ဥစ္စာ များလွန်းသောကြောင့် တရပ်တည်းမနေနိုင်ကြ။ သူတို့ နေရာမြေသည်၊ သူတို့တိရစ္ဆာန်များကြောင့် မဆံ့နိုင်ရာ။
8Esav -Edom- Seir dağlık bölgesine yerleşti.
8သို့ဖြစ်၍ ဧဒုံအမည်ရှိသော ဧသောသည် စိရတောင်ပေါ်မှာ နေလေ၏။
9Seir dağlık bölgesine yerleşen Edomluların atası Esavın soyu:
9စိရတောင်ပေါ်မှာ ဧဒုံအမျိုးသားတို့၏ အဘ ဧသော၏ သားစဉ်မြေးဆက်တို့ကို ဆိုပေအံ့။
10Esavın oğullarının adları şunlardır: Esavın karılarından Âdanın oğlu Elifaz, Basematın oğlu Reuel.
10ဧသော၏ သားတို့အမည်ကား၊ မယားအာဒ ဘွားသောသား ဧလိဖတ်၊ မယားဗာရှမတ် ဘွားသော သားရွေလတည်း။
11Elifazın oğulları: Teman, Omar, Sefo, Gatam, Kenaz.
11ဧလိဖတ် သားကား၊ တေမန်၊ ဩမရ၊ ဇေဖေါ၊ ဂါတံ၊ ကေနတ်တည်း။
12Timna Esavın oğlu Elifazın cariyesiydi. Elifaza Amaleki doğurdu. Bunlar Esavın karısı Âdanın torunlarıdır.
12ဧသောသား ဧလိဖတ်၏မယားငယ်၊ တိမန ဘွားသောသားကား၊ အာမလက်တည်း။ ဤသူတို့သည် ဧသောမယား အာဒ၏အနွှယ်ဖြစ်သတည်း။
13Reuelin oğulları: Nahat, Zerah, Şamma, Mizza. Bunlar Esavın karısı Basematın torunlarıdır.
13ရွေလသားကား၊ နာဟတ်၊ ဇေရ၊ ရှမ္မ၊ မိဇ္ဇတည်း။ဤသူတို့သည် ဧသောမယား ဗာရှမတ်၏အနွှယ်ဖြစ် သတည်း။
14Sivonun torunu ve Ânanın kızı olan Esavın karısı Oholivamanın Esava doğurduğu oğullar şunlardır: Yeuş, Yalam, Korah.
14ဇိဘောင်သား အာန၏သမီး၊ ဧသောမယား အဟောလိဗာမ ဘွားသောသားကား၊ ယုရှ၊ ယာလံ၊ ကောရတည်း။
15Esavoğullarının boy beyleri şunlardır: Esavın ilk oğlu Elifazın oğulları: Teman, Omar, Sefo, Kenaz,
15ဧသောသားတို့တွင် ဗိုလ်လုပ်သောသူဟူမူ ကား၊သားဦး ဧလိဖတ်၏သား ဗိုလ်တေမန်၊ ဗိုလ်ဩမရ၊ ဗိုလ်ဇေဖေါ၊ ဗိုလ်ကေနတ်၊
16Korah, Gatam, Amalek. Bunlar Edom ülkesinde Elifazın soyundan beylerdi ve Âdanın torunlarıydı.
16ဗိုလ်ဂါတံ၊ ဗိုလ်အာမလက်တည်း။ ဤဗိုလ်တို့ သည် အာဒ၏အနွှယ်၊ ဧဒုံပြည်၌ ဧလိဖတ်ရသော သားဖြစ်သတည်း။
17Esav oğlu Reuelin oğulları şunlardır: Nahat, Zerah, Şamma, Mizza. Bunlar Edom ülkesinde Reuelin soyundan gelen beylerdi ve Esavın karısı Basematın torunlarıydı.
17ဧသောသား ရွေလ၏ သားကား၊ ဗိုလ်နာဟတ်၊ ဗိုလ်ဇေရ၊ ဗိုလ်ရှမ္မ၊ ဗိုလ်မိဇ္ဇတည်း။ ဤဗိုလ်တို့သည် ဧသောမယား ဗာရှမတ်၏အနွှယ်၊ ဧဒုံပြည်၌ ရွေလ ရသောသားဖြစ်သတည်း။
18Esavın karısı Oholivamanın oğulları şunlardır: Yeuş, Yalam, Korah. Bunlar Ânanın kızı olan Esavın karısı Oholivamanın soyundan gelen beylerdi.
18ဧသောမယား အဟောလိဗာမ၏ သားကား၊ ဗိုလ်ယုရှ၊ ဗိုလ်ယာလံ၊ ဗိုလ်ကောရတည်း။ ဤဗိုလ်တို့သည် အာန၏သမီး၊ ဧသောမယား အဟောလိဗာမသား ဖြစ်သတည်း။
19Bunların hepsi Esavın -Edomun- oğullarıdır. Yukardakiler de onların beyleridir.
19ဧဒုံအမည်ရှိသော ဧသော၏ သားမြေးများ၊ သူတို့တွင် ဗိုလ်လုပ်သောသူများ၊ ဤသို့တည်း။
20Ülkede yaşayan Horlu Seirin oğulları şunlardı: Lotan, Şoval, Sivon, Âna,
20ထိုပြည်၌နေသော ဟောရိအမျိုး၊ စိရ၏သား ကား၊ လောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊
21Dişon, Eser, Dişan. Seirin Edomda beylik eden Horlu oğulları bunlardı.
21ဒိရှုန်၊ ဧဇာ၊ ဒိရှန်တည်း။ ဤသူတို့သည် ဧဒုံပြည် ၌ဟောရိအမျိုး၊ စိရ၏သားတို့တွင် ဗိုလ်လုပ်သောသူ ဖြစ်သတည်း။
22Lotanın oğulları: Hori, Hemam. Timna Lotanın kızkardeşiydi.
22လောတန်သားကား၊ ဟောရိနှင့် ဟေမံတည်း။
23Şovalın oğulları: Alvan, Manahat, Eval, Şefo, Onam.
23ရှောဗလ သားကား၊ အာလဝန်၊ မနာဟတ်၊ ဧဗလ၊ ရှေဖေါ၊ ဩနံတည်း။
24Sivonun oğulları: Aya ve Âna. Babası Sivonun eşeklerini güderken çölde sıcak su kaynakları bulan Ânadır bu.
24ဇိဘောင်သားကား၊ အာယနှင့်အာနတည်း။ ထိုအာနကား၊ အဘဇိဘောင်၏ မြည်းတို့ကို ထိန်းသော အခါ၊ တော၌နွေးသော စမ်းရေတွင်းတို့ကို တွေ့သော သူပေတည်း။
25Ânanın çocukları şunlardı: Dişon ve Ânanın kızı Oholivama.
25အာနသားကား၊ ဒိရှုန်နှင့်သမီးအဟောလိဗာမ တည်း။
26Dişonun oğulları şunlardı: Hemdan, Eşban, Yitran, Keran.
26ဒိရှုန်သားကား၊ ဟင်္ဒန်၊ ဧရှဗန်၊ ဣသရန်၊ ခေရန်တည်း။
27Eserin oğulları şunlardı: Bilhan, Zaavan, Akan.
27ဧဇာသားကား၊ ဗိလဟန်၊ ဇာဝန်၊ အာကန် တည်း။
28Dişanın oğulları şunlardı: Ûs, Aran.
28ဒိရှန် သားကား၊ ဥဇနှင့်အာရန်တည်း။
29Horlu boy beyleri şunlardı: Lotan, Şoval, Sivon, Âna,
29ဟောရိ အမျိုးဗိုလ်များကား၊ ဗိုလ်လောတန်၊ ဗိုလ်ရှောဗလ၊ ဗိုလ်ဇိဘောင်၊ ဗိုလ်အာန၊
30Dişon, Eser, Dişan. Seir ülkesindeki Horlu boy beyleri bunlardı.
30ဗိုလ်ဒိရှုန်၊ ဗိုလ်ဧဇာ၊ ဗိုလ်ဒိရှန်တည်း။ ဤသူတို့ သည် စိရပြည်၌ ဗိုလ်လုပ်သော သူတို့တွင်၊ ဟောရိအမျိုး ဗိုလ်ဖြစ်သတည်း။
31İsraillileri yöneten bir kralın olmadığı dönemde, Edomu şu krallar yönetti:
31ဣသရေလအမျိုး၌ အစိုးရသောမင်းကြီး မရှိမှီ၊ ဧဒုံပြည်၌ အစိုးရသော မင်းကြီးဟူမူကား၊
32Beor oğlu Bala Edom Kralı oldu. Kentinin adı Dinhavaydı.
32ဗောရသား ဗေလာသည် ဧဒုံပြည်၌မင်းပြု၏။ မြို့တော်ကား၊ ဒိန္နာဗာမြို့တည်း။
33Bala ölünce, yerine Bosralı Zerah oğlu Yovav geçti.
33ဗေလာမင်းသေ၍ သူ၏အရာ၌ ဗောဇရအရပ် သား၊ ဇေရ၏သား ယောဗပ်သည် မင်းပြုလေ၏။
34Yovav ölünce, Temanlılar ülkesinden Huşam kral oldu.
34ယောဗပ်မင်းသေ၍၊ သူ၏အရာ၌ တေမနိ အရပ်သား ဟုရှံသည် မင်းပြုလေ၏။
35Huşam ölünce, Midyanı Moav kırlarında bozguna uğratan Bedat oğlu Hadat kral oldu. Kentinin adı Avitti.
35ဟုရှံမင်းသေ၍၊ မောဘ လွင်ပြင်၌ မိဒျန်လူ တို့ကို လုပ်ကြံသောသူ၊ ဗေဒဒ်သား ဟာဒဒ်သည်၊ ဟုရှံ အရာ၌ မင်းပြုလေ၏။ မြို့တော်ကား၊ အာဝိတ်မြို့တည်း။
36Hadat ölünce, yerine Masrekalı Samla geçti.
36ဟာဒဒ်မင်းသေ၍၊ သူ၏အရာ၌ မာသရက် အရပ်သား စာမလသည် မင်းပြုလေ၏။
37Samla ölünce, yerine Rehovot-Hannaharlı Şaul geçti.
37စာမလမင်းသေ၍၊ သူ၏အရာ၌ မြစ်နားမှာ နေသော ရဟောဘုတ်အရပ်သား ရှောလသည် မင်းပြု လေ၏။
38Şaul ölünce, yerine Akbor oğlu Baal-Hanan geçti.
38ရှောလမင်းသေ၍ သူ၏အရာ၌၊ အာခဗော် သား ဗာလဟာနန်သည် မင်းပြုလေ၏။
39Akbor oğlu Baal-Hanan ölünce, yerine Hadat geçti. Kentinin adı Pauydu. Karısı, Me-Zahav kızı Matretin kızı Mehetaveldi.
39အာခဗော်သား ဗာလဟာနန်မင်းသေ၍ သူ၏ အရာ၌ဟာဒါသည် မင်းပြုလေ၏။ မြို့တော်ကား၊ ပေါမြို့ တည်း။ မျောက်သားတော်ကား၊ မေဇဟပ်သမီး မာတရက်၏သမီး မဟေတဗေလတည်း။
40Boylarına ve bölgelerine göre Esavın soyundan gelen beylerin adları şunlardı: Timna, Alva, Yetet,
40ဧသောမှ ဆင်းသက်၍ မိမိအမျိုးအနွယ်၊ နေရာအရပ်၊ခံရသော ဘွဲ့နာမအလိုက်၊ ဗိုလ်လုပ်သောသူ ဟူမူကား၊ ဗိုလ်တိမနာ၊ ဗိုလ်အာလဝ၊ ဗိုလ်ယေသက်၊
41Oholivama, Ela, Pinon,
41ဗိုလ်အဟောလိဗာမ၊ ဗိုလ်ဧလာ၊ ဗိုလ်ပိနုန်၊
42Kenaz, Teman, Mivsar,
42ဗိုလ်ကေနတ်၊ ဗိုလ်တေမန်၊ ဗိုလ်မိဗဇာ၊
43Magdiel, İram. Sahip oldukları ülkede yaşadıkları yerlere adlarını veren Edom beyleri bunlardı. Edomlular'ın atası Esav'dı.
43ဗိုလ်မာဂဒျေလ၊ ဗိုလ်ဣရံတည်း။ ဤသူတို့သည် မိမိနေရာအရပ်၊ မိမိပိုင်သော ပြည်၌၊ ဧဒုံဗိုလ်များ ဖြစ်သတည်း။ ဧသောသည် ဧဒုံအမျိုးသားတို့၏ အဘ ဖြစ်သတည်း။