1‹‹Kardeşlerinizi ‹Halkım›, kızkardeşlerinizi ‹Merhamete ermişler› diye çağırın.››
1သင်တို့ ညီအစ်ကိုများကို ငါ၏လူဟူ၍၎င်း၊ သင်တို့နှမများကို သနားစုံမက်အပ်သောသမီးဟူ၍၎င်း တဖန်ခေါ်ကြလော့။
2‹‹Azarlayın annenizi, azarlayın,Çünkü o benim karım değil artık,Ben de onun kocası değilim.Yüzünden akan fahişeliği,Koynundan zinaları atsın.
2သင်တို့အမိနှင့် ဆွေးနွှေးကြလော့။ သူသည် ငါ့မယားမဟုတ်၊ ငါသည်လည်း သူ့လင်မဟုတ်ကြောင်းကို ဆွေးနွှေးကြလော့။ ပြည်တန်ဆာမျက်နှာကို ပယ်၍ မှားယွင်းခြင်းအမှုကို ရှောင်စေ။
3Yoksa onu çırılçıplak soyacak,Anneden doğma edeceğim,Çöle, çorak toprağa çevirecek,Susuzluktan öldüreceğim.
3မရှောင်လျှင် သူ၏အဝတ်ရှိသမျှကို ငါချွတ်၍၊ သူဘွားသောနေ့၌ အဝတ်မရှိသကဲ့သို့ အဝတ်မပါ၊ ပြင်၌ ထုတ်ထားမည်။ လွင်ပြင်ကဲ့သို့ သုတ်သင်မည်။ သွေ့ ခြောက်သော မြေကဲ့သို့ ဖြစ်စေလျက် ရေအငတ်ထား၍ သေစေမည်။
4Acımayacağım çocuklarına,Çünkü onlar zina çocuklarıdır.
4သူ၏သားသမီးတို့သည် သူမျောက်မထား၍ ရသော သားသမီးဖြစ်သောကြောင့် သူတို့ကို ငါမသနား မစုံမက်ဘဲ နေမည်။
5Anneleri zina etti,Onlara gebe kaldı, rezillik etti.‹Oynaşlarımın ardından gideceğim› dedi,‹Ekmeğimi, suyumu, yapağımı, ketenimi, zeytinyağımı, içkimi onlar veriyor.›
5သူတို့အမိသည် ပြည်တန်ဆာဖြစ်၏။ သူတို့ကို ပဋိသန္ဓေယူ သောသူသည် ရှက်ဘွယ်သောအမှုကိုပြုပြီ။ သူကလည်း၊ ငါ့မုန့်၊ ငါ့ရေ၊ ငါ့သိုးမွှေး၊ ငါ့ပိုက်ဆန်၊ ငါ့ဆီ၊ ငါသောက်သောအရည်တို့ကို ပေးတတ်သော ငါ့ရည်းစား များ နောက်သို့ ငါလိုက်မည်ဟုဆိုပြီ။
6İşte bu yüzden onun yoluna dikenli çit çekeceğim,Yolunu bulamasın diyeÖnüne duvar öreceğim.
6သို့ဖြစ်၍၊ သူ့ကိုဆူးစောင်ရန်းနှင့် ကာထားမည်။ ထွက်စရာမရှိစေခြင်းငှါ သူ့ပတ်လည်၌ ကျောက်ရိုးကို လည်း တည်မည်။
7Oynaşlarının ardına düşecek,Ama onlara erişemeyecek,Onları arayacak,Ama bulamayacak.O zaman, ‹İlk kocama döneyim› diyecek,‹Çünkü o zamanki halim şimdikinden iyiydi!›
7သူသည် ရည်းစားတို့ကို လိုက်သော်လည်း မမှီ၊ ရှာသော်လည်း မတွေ့ဘဲ နေရသောအခါ၊ လင်ဟောင်းထံ သို့ ငါပြန်သွားမည်။ ယခုနေရာထက် အရင်နေရာသာ၍ ကောင်းသည်ဟု ဆိုလိမ့်မည်။
8Ama kendisine tahıl, yeni şarap, zeytinyağı verenin,Baal için harcadığı altınla gümüşü bol bol sağlayanınBen olduğumu bilmedi.
8ဆန်စပါး၊ စပျစ်ရည်၊ ဆီတို့ကို ငါပေးသနား သည်ဟူ၍၎င်း၊ ဗာလဘုရားအား ပူဇော်သောရွှေနှင့် ငွေကို သူ၌ ငါများပြားစေသည်ဟူ၍၎င်း သူသည် မအောက်မေ့ပါတကား။
9Bu yüzden zamanında tahılımı,Mevsiminde yeni şarabımı geri alacağım;Çıplak bedenini örten yapağımı, ketenimi çekip alacağım.
9သို့ဖြစ်၍၊ စပါးရိတ်ရာကာလ၌ ငါ့စပါးကို၎င်း၊ စပျစ်ရည်လုပ်ကာ ကာလ၌ ငါ့စပျစ်ရည်ကို၎င်း၊ သူ၏ ကိုယ် ကို ဖုံးလွှမ်းစေရာ ငါ့သိုးမွှေးနှင့် ပိုက်ဆန်ကို၎င်း ငါသိမ်း ယူမည်။
10Evet, oynaşlarının önünde ayıbını ortaya çıkaracağım,Kimse elimden kurtaramayacak onu.
10ယခုပင် သူ၏ ရည်းစားများရှေ့၌ သူ့အဝတ်ကို ငါလှစ်လှန်၍ အရှက်ခွဲမည်။ ငါ့လက်မှ အဘယ်သူမျှ သူ့ကိုမနှုတ်ရ။
11Bütün sevincine, bayramlarına,Yeni Ay törenlerine, Şabat günlerine,Dinsel bayramlarının tümüne son vereceğim.
11သူရွှင်လန်းစရာအကြောင်းရှိသမျှနှင့် ပွဲခံခြင်း၊ လဆန်းနေ့၊ ဥပုသ်နေ့စောင့်ခြင်း၊ ပရိသတ်စည်းဝေးခြင်း အလုံးစုံတို့ကို ငါပြတ်စေမည်။
12Viran edeceğim asmalarını, incir ağaçlarını,Hani, ‹Bunlar oynaşlarımın bana verdiği ücrettir› dediği;Çalılığa çevireceğim onları,Yem olacaklar yabanıl hayvanlara.
12ဤသည်ကား၊ ငါ့ရည်းစားပေးသော ဆုလက် ဆောင်ဖြစ်သည်ဟု သူဆိုရာ စပျစ်ဥယျာဉ်၊ သင်္ဘော သဖန်းဥယျာဉ်တို့ကို ငါသုတ်သင်ပယ်ရှင်း၍၊ လွင်ပြင် ဖြစ်စေသဖြင့် တောသားရဲတို့သည် ကိုက်စားကြလိမ့်မည်။
13Cezalandıracağım onu,Baallara buhur yaktığı günler için;Halkalarla, takılarla süslenmiş,Oynaşlarının ardınca gitmiş,Beni unutmuştu››Diyor RAB.
13ဗာလဘုရားတို့အားနံ့သားပေါင်းကို မီးရှို့၍ နှခေါင်းဆွဲနှင့် လည်ဆွဲတန်ဆာကို ဆင်လျက် ရည်စား များ နောက်သို့လိုက်သဖြင့် ငါ့ကို မေ့လျော့၍ ဗာလဘုရား တို့ လက်ထက်၌ ပြုမိသောအပြစ်နှင့်အလျောက် စီရင် မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
14‹‹İşte bu yüzden onu ikna edip çöle götürecek,Onunla dostça konuşacağım.
14သို့ရာတွင်၊ သူ့ကို တဖန်ငါဖြားယောင်းမည်။ တောလမ်းဖြင့် ပို့ဆောင်သော်လည်း၊ နှစ်သိမ့်စေသော စကားကိုပြောမည်။
15Kendisine orada bağlar vereceğim,Akorfç Vadisini ona umut kapısı yapacağım.Gençlik günlerinde olduğu gibi,Mısırdan çıktığı günlerde olduğu gibi,Ezgiler söyleyecek.
15တောတဘက်၌ စပျစ်ဥယျာဉ်တို့ကို၎င်း၊ အာ ခေါ်ချိုင့်၌မြော်လင့်ရာတံခါးကို၎င်း၊ အာခေါ်ချိုင့်၌ မြော်လင့်ရာတံခါးကို၎င်း ငါပေးမည်။ သူသည် အသက် ငယ်စဉ်ကာလ၊ အဲဂုတ္တုပြည်မှ ထွက်လာသောအခါ၊ သီချင်းဆိုသကဲ့သို့၊ တောတဘက်သို့ ရောက်သောအခါ သီချင်းဆိုရလိမ့်မည်။
16Ve o gün gelecek›› diyor RAB,‹‹Bana, ‹Kocam› diyeceksin;Artık, ‹Efendim› demeyeceksin. var. Baal hem bir ilahın adı hem de ‹‹Koca››, ‹‹Efendi›› anlamlarına gelir.
16ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ သင်သည်ငါ့ကို သခင်ဟူ၍ မခေါ်ရ၊ ခင်ပွန်းဟူ၍ ခေါ် ရမည်။
17Ağzından Baalların adını sileceğim,Adları bir daha anılmayacak.
17အခြားတပါးသော သခင်တို့၏ ဘွဲ့နာမများကို သူ၏ နှုတ်မှ ငါပယ်၍၊ ထိုဘွဲ့နာမများကို နောက် တဖန် မမှတ်မိမမြွက်ဆိုရ။
18Kırdaki hayvanlarla, gökteki kuşlarla,Toprakta yaşayan canlılarla,Halkım için o gün antlaşma yapacağım;Ülkeden yayı, kılıcı, savaşı kaldıracağım,Güvenlik içinde yatıracağım onları.
18ထိုကာလ၌ငါသည် သူတို့အတွက်၊ တောသားရဲ၊ မိုဃ်းကောင်းကင်ငှက်၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်များနှင့် မိဿဟာယဖွဲ့၍၊ လေး၊ ထား၊ စစ်တိုက် လက်နက်တို့ကို မြေပေါ်က ပယ်ရှားသဖြင့် သူတို့သည် စိုးရိမ်ခြင်းမရှိဘဲ အိပ်ရကြလိမ့်မည်။
19Seni sonsuza dek kendime eş alacağım,Doğruluk, adalet, sevgi, merhamet temelindeSeninle evleneceğim.
19ငါသည် ကိုယ်အဘို့သင့်ကို အစဉ်အမြဲ သိမ်းယူ မည်။ ဖြောင့်မတ်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ချစ် သနားစုံမက်ခြင်းနှင့်အညီ ကိုယ်အဘို့သင့်ကို သိမ်းယူမည်။
20Sadakatle seninle evleneceğim,RABbi tanıyacaksın.
20သစ္စာစောင့်ခြင်းနှင့်အညီ သိမ်းယူ၍၊ သင်သည် ထာဝရဘုရားကို သိရလိမ့်မည်။
21‹‹Ve o gün yanıt vereceğim›› diyor RAB,‹‹Göklere yanıt vereceğim;Onlar da yere yanıt verecek;
21ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ ငါသည် နားထောင်မည်။ မိုဃ်းကောင်းကင်စကားကို နားထောင်၍၊ သူသည် မြေကြီးစကားကို နားထောင်မည်။
22Yerse, tahıla, yeni şaraba,Zeytinyağına yanıt verecek,Onlar da Yizreele yanıt verecekler.
22မြေကြီးသည်လည်း ဆန်စပါး၊ စပျစ်ရည်၊ ဆီတို့ ၏ စကားကို နားထောင်၍၊ သူတို့သည်လည်း ယေဇရေလ စကားကို နားထောင်ကြလိမ့်မည်။
23Onu ülkede kendim için ekeceğim,Merhamete ermemiş olana acıyacağım,Halkım olmayana, ‹Halkımsın› diyeceğim;Onlar da bana, ‹Tanrım› diyecekler.››
23ထိုသတို့သမီးကိုမျိုးစေ့ကဲ့သို့ မြေ၌ ကိုယ်အဘို့ ငါကြဲမည်။ မသနားမစုံမက်အပ်သော သတို့သမီးကို ငါသနားစုံမက်မည်။ ငါ၏ လူမဟုတ်သော သူကိုလည်း သင်သည်ငါ၏လူဖြစ်သည်ဟု ငါဆိုမည်။ သူကလည်း ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော် မူသည်ဟု လျှောက်လိမ့်မည်ဟုမိန့်တော်မူ၏။