Turkish

Myanmar

Jeremiah

17

1‹‹Yahudanın günahı demir kalemle yazıldı;Yüreklerinin levhaları,Sunaklarının boynuzları üzerineElmas uçlu aletle oyuldu.
1ယုဒအမျိုး၏ အပြစ်သည် သံကညစ်၊ စိန်ချွန်နှင့် သူတို့နှလုံးပြား၌၎င်း၊ ယဇ်ပလ္လင် ဦးချို၌၎င်း အက္ခရာ တင်၍ မှတ်သားလျက်ရှိ၏။
2Bol yapraklı her ağacın yanında,Her yüksek tepedeki sunaklarla,Aşera putlarıylaÇocuklarıymış gibi ilgileniyorlar.
2သူငယ်တို့ပင် မြင့်သောတောင်ပေါ်၊ စိမ်းသော သစ်ပင်နားမှာရှိသော ယဇ်ပလ္လင်များ၊ အာရှရပင်များကို အောက်မေ့တတ်ကြ၏။
3Ey kırdaki dağım, ülkende işlenen günahlar yüzündenServetini, bütün hazineleriniVe puta tapılan yerlerini bırakacağım, yağmalansın.
3အချင်းငါ၏တောင်၊ လယ်၌ရှိသော သင်၏ဥစ္စာ နှင့်သိုထားသမျှသော ဥစ္စာကို၎င်း၊ ပြည်တရှောက်လုံး၌ သင်ပြစ်မှားရာ၊ မြင့်သောအရပ်တို့ကို၎င်း၊ လုယူသော သူတို့လက်သို့ ငါအပ်မည်။
4Sana verdiğim mülkü kendi suçunla yitireceksin.Bilmediğin bir ülkedeDüşmanlarına köle edeceğim seni.Çünkü öfkemi alevlendirdiniz,Tutuşup sonsuza dek yanacak.››
4သင့်ကိုယ်တိုင်လည်း ငါပေးသောအမွေမှ ရွေ့ သွားရလိမ့်မည်။ သင်မသိသော ပြည်တွင်၊ ရန်သူလက်၌ သင့်ကို ငါကျွန်ခံစေမည်။ အကြောင်းမူကား၊ အစဉ် အလာသောငါ၏ အမျက်မီးကို သင်တို့သည် မွေးကြပြီ။
5RAB diyor ki,‹‹İnsana güvenen,İnsanın gücüne dayanan,Yüreği RABden uzaklaşan kişi lanetlidir.
5ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူကို ကိုးစား၍ လူသတ္တဝါကို အမှီပြုသဖြင့်၊ စိတ်နှလုံးထဲ၌ ထာဝရဘုရားထံတော်မှ ထွက်သွားသော သူသည် ကျိန်အပ်သောသူဖြစ်၏။
6Böylesi bozkırdaki çalı gibidir,İyilik geldiği zaman görmeyecek;Kurak çöle,Kimsenin yaşamadığı tuzlaya yerleşecek.
6ထိုသူသည် လွင်ပြင်၌ရှိသော သစ်ပင်ခြောက် ကဲ့သို့ဖြစ်၍၊ ကောင်းကျိုးရောက်ကြောင်းကို မသိရ။ အဘယ်သူမျှမနေသော ဆားမြေ၊ သွေ့ခြောက်သော လွင်ပြင်၌ နေရလိမ့်မည်။
7‹‹Ne mutlu RABbe güvenen insana,Güveni yalnız RAB olana!
7ထာဝရဘုရားကို ကိုးစားသောသူ၊ ထာဝရ ဘုရားကို မိမိကိုးစားရာ အကြောင်းဖြစ် စေသော သူသည် ကောင်းကြီးမင်္ဂလာကို ခံအပ်သော သူဖြစ်၏။
8Böylesi su kıyılarına dikilmiş ağaca benzer,Köklerini akarsulara salar.Sıcak gelince korkmaz,Yaprakları hep yeşildir.Kuraklık yılında kaygılanmaz,Meyve vermekten geri durmaz.››
8ထိုသူသည်ကား၊ ရေရှိသော အရပ်၌စိုက်၍ မြစ်နားမှာ အမြစ်ဖြာသဖြင့်၊ ပူသောအရှိန် ရောက် ကြောင်းကို မသိ၊ အရွက်မညှိုးနွမ်း၊ မိုဃ်းခေါင်သော ကာလ၌ စိုးရိမ်စရာမရှိဘဲ၊ အစဉ်အမြဲ အသီးကို သီးတတ် သော အပင်နှင့်အတူ၏။
9Yürek her şeyden daha aldatıcıdır, iyileşmez,Onu kim anlayabilir?
9စိတ်နှလုံးသည် ခပ်သိမ်းသော အရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသော သဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း။
10‹‹Ben RAB, herkesi davranışlarına,Yaptıklarının sonucuna göre ödüllendirmek içinYüreği yoklar, düşünceyi denerim.››
10ငါထာဝရဘုရားသည် လူအသီးအသီးတို့အား မိမိတို့အကျင့်အတိုင်း၊ မိမိတို့ခံထိုက်သော အကျိုးအပြစ် ကို ပေးခြင်းငှါ၊ နှလုံးကျောက်ကပ်တို့ကို စေ့စေ့စစ်ကြော တတ်၏။
11Yumurtlamadığı yumurtaların üzerinde oturan keklik nasılsa,Haksız servet edinen kişi de öyledir.Yaşamının ortasında serveti onu bırakır,Yaşamının sonunda kendisi aptal çıkar.
11ကောရငှာက်သည် မိမိမဥသော ဥကို ဝပ်သကဲ့ သို့၊ မတရားသဖြင့် ဥစ္စာဆည်းဖူးသော သူသည် အသက် ပျိုစဉ်ကပင်၊ ဆင်းရဲခြင်းသို့ ရောက်၍ အဆုံး၌ကား၊ လူမိုက်ဖြစ်လိမ့်မည်။
12Tapınağımızın yeriBaşlangıçtan yüceltilmiş görkemli bir tahttır.
12ရှေ့ဦးစွာမှစ၍ မြင့်သော အရပ်၌ ဘုန်းကြီး တော်မူသော ရာဇပလ္လင်သည် ငါတို့သန့်ရှင်းရာ ဌာန တော် အရပ်ဖြစ်၏။
13Ey İsrailin umudu RAB,Seni bırakanların hepsiUtanılacak duruma düşecek.Sana sırtını dönenler toprağa yazılacak,Çünkü RABbi, diri su pınarını bıraktılar.
13အိုဣသရေလအမျိုး၏ မြော်လင့်စရာ အကြောင်းဖြစ်သော ထာဝရဘုရား၊ ကိုယ်တော်ကို စွန့်ပစ်သော သူအပေါင်းတို့သည် အရှက်ကွဲ ရကြပါလိမ့် မည်။ ငါ့ထံမှ ထွက်သွားသော သူတို့သည် မြေစာရင်းသို့ ဝင်ရကြပါလိမ့်မည်။ အကြောင်းမူကား၊ အသက်စမ်းရေ တွင်းတည်းဟူသော ထာဝရဘုရားကို စွန့်ပစ်ကြ သတည်း။
14Şifa ver bana, ya RAB,O zaman iyi olurum;Kurtar beni, kurtuluş bulurum,Çünkü övgüm sensin.
14အို ထာဝရဘုရား၊ အကျွန်ုပ်၏ အနာကို ငြိမ်း စေတော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် အနာငြိမ်းပါလိမ့် မည်။ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် ကယ်တင်ခြင်းသို့ ရောက်ပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ် ချီးမွမ်းရာဖြစ်တော်မူ၏။
15Bana, ‹‹Hani, RABbin sözü nerede?Haydi, gelsin yerine bakalım›› deyip duruyorlar.
15ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အဘယ်မှာရှိသနည်း။ ယခုလာပါစေတော့ဟု ဤသူတို့ သည် အကျွန်ုပ်အား ဆိုတတ်ကြပါ၏။
16Senin hizmetinde çoban olmaktan kaçınmadım,Felaket gününü de ben istemedim.Dudaklarımdan çıkan her sözü bilirsin, ya RAB.O söz zaten senin ağzındaydı.
16အကျွန်ုပ်သည် နောက်တော်သို့ လိုက်သော ဆရာ၏အရာကို မရှောင်ပါ။ အမင်္ဂလာနေ့ကို မတောင့် တပါ။ အကျွန်ုပ်ဟောပြောချက်ကို ကိုယ်တော်သိတော် မူ၏။ ကိုယ်တော်မျက်မှောက်၌ ရှိပါ၏။
17Dehşet verme bana,Felaket gününde sığınağım sensin.
17အကျွန်ုပ်ကို ထိတ်လန့်စေတော်မမူပါနှင့်။ ဘေး ရောက်သော ကာလ၌ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏။
18Bana eziyet edenler utandırılsın,Ama beni utandırma;Onları yılgınlığa düşür,Ama beni düşürme.Felaket gününü getir üzerlerine,Onları iki kat yıkımla ez.
18အကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့သည် အရှက်ကွဲ ကြပါစေသော။ အကျွန်ုပ်မူကား၊ အရှက်မကွဲပါစေနှင့်။ သူတို့သည် စိတ်ပျက်ကြပါစေသော။ အကျွန်ုပ်မူကား၊ စိတ်မပျက်ပါစေနှင့်။ သူတို့အပေါ်မှာ ဘေးအန္တရာယ် ကာလကို ရောက်စေတော်မူပါ။ အထပ်ထပ်ဖျက်ဆီးတော် မူပါ။
19RAB bana şöyle dedi: ‹‹Yahuda krallarının girip çıktığı Halk Kapısına ve Yeruşalimin öbür kapılarına git, orada dur.
19ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည် ကား၊ ယုဒရှင်ဘုရင် ထွက်ဝင်သော အမျိုးသားချင်း မြို့တံခါးမှစ၍၊ ခပ်သိမ်းသော ယေရုရှလင် မြို့တံခါးဝ၌ သွား၍ရပ်လျက်၊
20Halka de ki, ‹Ey Yahuda kralları, Yahuda halkı, Yeruşalimde oturup bu kapılardan girenler, RABbin sözünü dinleyin!
20လူများတို့အား ပြောဆိုရမည်မှာ၊ ဤတံခါးတို့ဖြင့် ထွက်ဝင်သော ယုဒရှင်ဘုရင်များနှင့် ယုဒပြည်သူ ယေရု ရှလင်မြို့သားများအပေါင်းတို့၊ ထာဝရဘုရား၏ နှုတ် ကပတ်တော်ကို နားထောင်ကြလော့။
21RAB diyor ki, Şabat Günü yük taşımamaya, Yeruşalim kapılarından içeri bir şey sokmamaya dikkat edin.
21ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဥပုသ်နေ့ ၌ ဝန်ကိုမထမ်းမရွက်၊ ယေရုရှလင်မြို့တံခါးဖြင့် မဆောင် မသွင်းမည်အကြောင်း၊ သတိပြုကြလော့။
22Şabat Günü evinizden yük çıkarmayın, hiç iş yapmayın. Atalarınıza buyurduğum gibi Şabat Gününü kutsal sayacaksınız.
22ဥပုသ်နေ့၌ သင်တို့အိမ်ထဲက ဝန်ကို မထုတ် မဆောင်ကြနှင့်။ အဘယ်အလုပ်ကိုမျှ မလုပ်ကြနှင့်။ သင်တို့ဘိုးဘေးများကို ငါမှာထားသည်အတိုင်း၊ ဥပုသ်နေ့ ကို သန့်ရှင်းစေကြလော့။
23Ne var ki, onlar sözümü dinlemediler, kulak asmadılar. Dikbaşlılık ederek beni dinlemediler, yola gelmek istemediler.
23ဘိုးဘေးတို့သည် နားမထောင်၊ နားကိုမလှည့်ဘဲ နေကြ၏။ နားမကြား၊ ဆုံးမခြင်းကို မခံမည်အကြောင်း၊ မိမိတို့လည်ပင်းကို ခိုင်မာစေကြ၏။
24Beni iyi dinlerseniz, diyor RAB, Şabat Günü bu kentin kapılarından yük taşımayıp hiç iş yapmayarak Şabat Gününü kutsal sayarsanız,
24ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ သည် ဥပုသ်နေ့၌ ဤမြို့တံခါးဖြင့် ဝန်ကို မသွင်းမဆောင်၊ အဘယ်အလုပ်ကိုမျှမလုပ်၊ ဥပုသ်နေ့ကို သန့်ရှင်းစေသည် တိုင်အောင်၊ ငါ့စကားကို စေ့စေ့နားထောင်လျှင်၊
25Davutun tahtında oturan krallarla önderler savaş arabalarına, atlara binip Yahuda halkı ve Yeruşalimde yaşayanlarla birlikte bu kentin kapılarından girecekler. Bu kentte sonsuza dek insanlar yaşayacak.
25ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာ ထိုင်သော ရထားစီး၊ မြင်းစီးရှင်ဘုရင်၊ မင်းသားမှစ၍ သူတို့မှူးမတ်၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့သည် ဤမြို့တံခါးများ သို့ ဝင်လျက်ရှိကြလိမ့်မည်။ ဤမြို့သည်လည်း အစဉ်အမြဲ တည်လိမ့်မည်။
26Yahuda kentlerinden, Yeruşalim çevresinden, Benyamin topraklarından, Şefeladan, dağlık bölgeden, Negevden gelip RABbin Tapınağına yakmalık sunular, kurbanlar, tahıl sunuları, günnük ve şükran sunuları getirecekler.
26မီးရှို့ရာယဇ်မှစ၍ အခြားသော ယဇ်များ၊ ပူဇော်သက္ကာများ၊ မီးရှို့ ရာနံ့သာပေါင်း၊ ချီးမွမ်းရာ ယဇ်တို့ကို ထာဝရဘုရား၏ အိမ်တော်သို့ ဆောင်ခဲ့သော သူတို့သည် ယုဒမြို့များ၊ ယေရုရှလင်မြို့ပတ်ဝန်းကျင် အရပ်များ၊ ဗင်္ယာမိန်ပြည်၊ မြေညီခရိုင်၊ တောင်ရိုးခရိုင်၊ တောင်မျက်နှာ ခရိုင်မှလာကြလိမ့်မည်။
27Ancak beni dinlemez, Şabat Günü Yeruşalim kapılarından yük taşıyarak girer, o günü kutsal saymazsanız, kentin kapılarını ateşe vereceğim. Yeruşalim saraylarını yakıp yok edecek, hiç sönmeyecek ateş.› ››
27သို့မဟုတ်၊ ဥပုသ်နေ့၌ဝန်ကို ထမ်းရွက်၍၊ ယေရု ရှလင်မြို့တံခါးများသို့မဝင်၊ ဥပုသ်နေပကို သန့်ရှင်းစေ သည်တိုင်အောင်၊ သင်တို့သည် ငါ့စကားကို နားမထောင် လျှင်၊ ငါသည် ထိုမြို့တံခါးတို့ကို မီးရှို့၍၊ ထိုမီးသည် မငြိမ်းမသေဘဲ ယေရုရှလင်မြို့ဘုံဗိမာန်တို့ကို လောင်ရ လိမ့်မည်။